ၾကားသိရသမွ်

တိုင်းနှင့်ပြည်နယ် ၁၁ ခု၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်နိုင်

တိုင်ဖွန်းမုန်တိုင်း”နိုရူ”ကြောင့် ရန်ကုန်တိုင်းအပါ အဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခု၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်နိုင်

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်း“နိုရူ”အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခု၌ စက်တင် ဘာ ၂၈ ရက်(မနက်ဖြန်)မှစတင်၍ အောက်တိုဘာ ၂ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေ ပြင်းများတိုက်ခတ်မည်ဟု မြန်မာနိုင်ငံ မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း”နိုရူ”နှင့်ပတ်သက်၍ မိုးဇလက စက်တင်ဘာ ၂၇ ရက်(ယနေ့)နေ့လည် ၁ နာရီခွဲအ ချိန်က တိုင်းထွာရရှိချက်များအား အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုင်ဖွန်းမုန်တိုင်း“နိုရူ” အရှိန်ကြောင့် ရန်ကုန်တိုင်း၊နေပြည်တော်၊မကွေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီ တိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ရခိုင်ပြည် နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည် နယ်တို့တွင် နေရာအနှံ့အပြားမိုးသည်းထန်စွာရွာ သွန်း၍ လေပြင်းများတိုက်ခတ်နိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

အလားတူ မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊မွန်-တနင်္သာ ရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင် လယ်ပြင်တို့တွင်လည်း လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိရှိသည့် တစ်နာရီလျင် ၃၅ မိုင်အထိရှိသော မိုးသက်လေပြင်းများ ကျရောက်နိုင်သည်ဟု သိရသည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေ ပြင်းတိုက်ခတ်ခြင်း၊လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။

ထို့ကြောင့် ကုန်းမြင့်ဒေသအနီးနေထိုင်သူများအ နေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီး၊ရေလျှံမှုများကို ကြိုတင်သတိပြုနေထိုင်ကာ ပြည်တွင်းရေကြောင်းသွားလာရေးနှင့်လေကြောင်းပျံသန်းရေးတို့အနေဖြင့်လည်း ကြိုတင်သတိပြုကြရန်အသိပေးထုတ်ပြန်ခဲ့သည်။

Zawgyi

တိုင္ဖြန္းမုန္တိုင္း”ႏို႐ူ”ေၾကာင့္ ရန္ကုန္တိုင္းအပါ အဝင္ တိုင္းႏွင့္ျပည္နယ္ ၁၁ ခု၌ မိုးသည္းထန္စြာ႐ြာသြန္း၍ ေလျပင္းတိုက္ခတ္ႏိုင္

ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္ ျဖစ္ေပၚေနသည့္ တိုင္ဖြန္းမုန္တိုင္း“ႏို႐ူ”အရွိန္ေၾကာင့္ ရန္ကုန္တိုင္းအပါအဝင္ တိုင္းႏွင့္ျပည္နယ္ ၁၁ ခု၌ စက္တင္ ဘာ ၂၈ ရက္(မနက္ျဖန္)မွစတင္၍ ေအာက္တိုဘာ ၂ ရက္အတြင္း မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေလ ျပင္းမ်ားတိုက္ခတ္မည္ဟု ျမန္မာႏိုင္ငံ မိုးေလဝ သႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ခန႔္မွန္းထုတ္ျပန္ခဲ့သည္။

တိုင္ဖြန္းမုန္တိုင္း”ႏို႐ူ”ႏွင့္ပတ္သက္၍ မိုးဇလက စက္တင္ဘာ ၂၇ ရက္(ယေန႔)ေန႔လည္ ၁ နာရီခြဲအ ခ်ိန္က တိုင္းထြာရရွိခ်က္မ်ားအား အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

တိုင္ဖြန္းမုန္တိုင္း“ႏို႐ူ” အရွိန္ေၾကာင့္ ရန္ကုန္တိုင္း၊ေနျပည္ေတာ္၊မေကြးတိုင္း၊ပဲခူးတိုင္း၊ဧရာဝတီ တိုင္း၊တနသၤာရီတိုင္း၊ရွမ္းျပည္နယ္၊ရခိုင္ျပည္ နယ္၊ကယားျပည္နယ္၊ကရင္ျပည္နယ္ႏွင့္မြန္ျပည္ နယ္တို႔တြင္ ေနရာအႏွံ႔အျပားမိုးသည္းထန္စြာ႐ြာ သြန္း၍ ေလျပင္းမ်ားတိုက္ခတ္ႏိုင္သည္ဟု မိုးဇလကခန႔္မွန္းထားသည္။

အလားတူ ျမစ္ဝကြၽန္းေပၚ၊ မုတၱေကြ႕၊မြန္-တနသၤာ ရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ကမ္းလြန္ပင္ လယ္ျပင္တို႔တြင္လည္း လႈိင္းအျမင့္ ၈ ေပမွ ၁၀ ေပခန႔္အထိရွိသည့္ တစ္နာရီလ်င္ ၃၅ မိုင္အထိရွိေသာ မိုးသက္ေလျပင္းမ်ား က်ေရာက္ႏိုင္သည္ဟု သိရသည္။

ထို႔ျပင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ေလ ျပင္းတိုက္ခတ္ျခင္း၊လွ်ပ္တစ္ျပက္ေရႀကီးျခင္းႏွင့္ေျမၿပိဳျခင္းစသည့္ သဘာဝေဘးအႏၲရာယ္မ်ားလည္း ျဖစ္ေပၚႏိုင္သည္ဟု ခန႔္မွန္းထားသည္။

ထို႔ေၾကာင့္ ကုန္းျမင့္ေဒသအနီးေနထိုင္သူမ်ားအ ေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္၊ ျမစ္ငယ္၊ေခ်ာင္းငယ္မ်ားအနီး ေနထိုင္သူမ်ားအေနျဖင့္ ေရႀကီး၊ေရလွ်ံမႈမ်ားကို ႀကိဳတင္သတိျပဳေနထိုင္ကာ ျပည္တြင္းေရေၾကာင္းသြားလာေရးႏွင့္ေလေၾကာင္းပ်ံသန္းေရးတို႔အေနျဖင့္လည္း ႀကိဳတင္သတိျပဳၾကရန္အသိေပးထုတ္ျပန္ခဲ့သည္။