ထီေပါက္ေစ တဲ့ နိမိတ္ၿပ အိမ္မက္
အိပ္မက္ကို လူတိုင္း ျမင္မက္ ပါတယ္။ အိပ္တာ နဲ႔ မက္တဲ့ အိပ္မက္မ်ိဳးက ေသြးေလ ေခ်ာက္ခ်ားၿပီး မက္တဲ့ အိပ္မက္၊
ေရွးယခင္က ခံစားဖူးတာ ကို အေၾကာင္းျပဳၿပီး မက္တဲ့ အိပ္မက္၊ နတ္ဆိုးနတ္ဝါးေတြ လွည့္စားလို႔ မက္တဲ့ အိပ္မက္ဆိုးရယ္ ဟူရယ္ အိပ္မက္ သုံးမ်ိဳးရွိပါတယ္။
မိမိတို႔ အိပ္မက္၏ ေကာင္းက်ိဳး ဆိုးက်ိဳးကို ႀကိဳတင္၍ သတိ မထားသည့္ အတြက္ အက်ိဳး ခံစားသင့္ေသာ အရာမ်ား လြဲေခ်ာ္ သြားသည္လည္း ရွိပါတယ္။
ဒါေၾကာင့္ အဘဆရာႀကီး မင္းသိခၤ ေျပာၾကားခဲ့တဲ့ ထီေပါက္ေစတဲ့ နိမိတ္ၿပ အိမ္မက္အခ်ိဳ႕ကို ေဗဒင္ခ်စ္ ပရိသတ္ႀကီး သိရွိေအာင္ ေဖာ္ျပေပးလိုက္ပါတယ္ခင္ဗ်ာ။
ႏြားကိုစီး၍ ၿမိဳ႕ရြာသို႔ လွည့္လည္ရသည္ဟု ျမင္မက္ေသာ္လည္းေကာင္း၊ လူစည္ကားေသာ အရပ္တြင္ မိမိက ႏြားကို စီး၍ လူအေပါင္းတို႔ႏွင့္ လွည့္လည္ရသည္ဟု ျမင္မက္ေသာ္လည္းေကာင္း၊
ႏြားကိုစီး၍ ထင္ရွားေက်ာ္ေစာ သည္ကို ျမင္မက္ခဲ့ေသာ္ အိပ္မက္သည္ ထီေပါက္ တတ္ေသာ အိပ္မက္ ျဖစ္သည္။
ေန၊ လ ၊ၾကယ္တို႔ကို မိမိ ကိုယ္တိုင္ ဆြတ္၍ လက္အတြင္း သို႔ ေရာက္သည္ဟု ျမင္မက္သည္ ျဖစ္ေစ၊ ဝတ္ျဖဴ စင္ၾကယ္ႏွင့္ ပုဂၢိဳလ္ တစ္ဦးဦးက ဆြတ္၍ ေပးသည္ဟု ျမင္မက္သည္ ျဖစ္ေစ၊
ေန၊ လ ၊ၾကယ္ နကၡတ္တို႔ သည္ ေႂကြ၍ မိမိ အိမ္သို႔ က်ေရာက္ သည္ဟု ျမင္မက္သည့္ အိပ္မက္ေတြကလည္း ထီေပါက္ေစတဲ့ အိမ္မက္ေတြလို႔လည္း ယူဆနိုင္ပါတယ္။
ေႁမြေပြး၊ ေႁမြေဟာက္ စေသာ တိရစၧာန္ မ်ားသည္ တစ္ခုေသာ ေတာင္ပို႔တြင္ ျဖစ္ေစ၊ ကုန္ေျမေပၚတြင္ ျဖစ္ေစ တည္ရွိေန၍
၎ေႁမြမ်ားကို ကိုယ္တိုင္ ႏွိမ္နင္း၍ အတြင္းရွိ ပစၥည္းမ်ားကို သုံးေဆာင္ ခံစားရသည္ဟု ျမင္မက္ခဲ့ေသာ္ ထိုအိပ္မက္သည္ ထီေပါက္မည့္ အိပ္မက္ ျဖစ္သည္။
ေဖာ္ျပပါ ထီေပါက္ေစတဲ့ အိပ္မက္ေတြ ကေတာ့ လူတိုင္း ျမင္မက္ျခင္းေတာ့ မတူညီနိုင္ပါဘူး ထီေပါက္ျခင္း ဆိုတာကလည္း ေရွ႕က ျပဳခဲ့တဲ့ ကုသိုလ္ကံ အေၾကာင္းတရားေတြ ေၾကာင့္လည္း ထီဆုႀကီးေတြ ဆုတ္ခူးနိုင္ တာပါ။
ပရိသတ္ႀကီးလည္း ကံတရားဆိုတာ ဆန္းၾကယ္တဲ့ အတြက္ ေရွ႕က မိမိျပဳခဲ့တဲ့ ကုသိုလ္ကံ ေစတနာ အက်ိဳးေၾကာင့္ လက္ရွိ ဘဝမွာ ကံေကာင္းေထာက္မ လို႔ ထီေပါက္ေစတဲ့ အိပ္မက္ေတြ မက္ခဲ့ ရင္လည္း ထီထိုးဖို႔ မေမ့ပါနဲ႔ ခင္ဗ်ာ။
ခရက္ဒစ္ ဆရာ မင္းသိခၤေဗဒင္
unicode
ထီပေါက်စေ တဲ့ နိမိတ်ပြ အိမ်မက်
အိပ်မက်ကို လူတိုင်း မြင်မက် ပါတယ်။ အိပ်တာ နဲ့ မက်တဲ့ အိပ်မက်မျိုးက သွေးလေ ချောက်ချားပြီး မက်တဲ့ အိပ်မက်၊
ရှေးယခင်က ခံစားဖူးတာ ကို အကြောင်းပြုပြီး မက်တဲ့ အိပ်မက်၊ နတ်ဆိုးနတ်ဝါးတွေ လှည့်စားလို့ မက်တဲ့ အိပ်မက်ဆိုးရယ် ဟူရယ် အိပ်မက် သုံးမျိုးရှိပါတယ်။
မိမိတို့ အိပ်မက်၏ ကောင်းကျိုး ဆိုးကျိုးကို ကြိုတင်၍ သတိ မထားသည့် အတွက် အကျိုး ခံစားသင့်သော အရာများ လွဲချော် သွားသည်လည်း ရှိပါတယ်။
ဒါကြောင့် အဘဆရာကြီး မင်းသိင်္ခ ပြောကြားခဲ့တဲ့ ထီပေါက်စေတဲ့ နိမိတ်ပြ အိမ်မက်အချို့ကို ဗေဒင်ချစ် ပရိသတ်ကြီး သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
နွားကိုစီး၍ မြို့ရွာသို့ လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း၊ လူစည်ကားသော အရပ်တွင် မိမိက နွားကို စီး၍ လူအပေါင်းတို့နှင့် လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း၊
နွားကိုစီး၍ ထင်ရှားကျော်စော သည်ကို မြင်မက်ခဲ့သော် အိပ်မက်သည် ထီပေါက် တတ်သော အိပ်မက် ဖြစ်သည်။
နေ၊ လ ၊ကြယ်တို့ကို မိမိ ကိုယ်တိုင် ဆွတ်၍ လက်အတွင်း သို့ ရောက်သည်ဟု မြင်မက်သည် ဖြစ်စေ၊ ဝတ်ဖြူ စင်ကြယ်နှင့် ပုဂ္ဂိုလ် တစ်ဦးဦးက ဆွတ်၍ ပေးသည်ဟု မြင်မက်သည် ဖြစ်စေ၊
နေ၊ လ ၊ကြယ် နက္ခတ်တို့ သည် ကြွေ၍ မိမိ အိမ်သို့ ကျရောက် သည်ဟု မြင်မက်သည့် အိပ်မက်တွေကလည်း ထီပေါက်စေတဲ့ အိမ်မက်တွေလို့လည်း ယူဆနိုင်ပါတယ်။
မြွေပွေး၊ မြွေဟောက် စသော တိရစ္ဆာန် များသည် တစ်ခုသော တောင်ပို့တွင် ဖြစ်စေ၊ ကုန်မြေပေါ်တွင် ဖြစ်စေ တည်ရှိနေ၍
၎င်းမြွေများကို ကိုယ်တိုင် နှိမ်နင်း၍ အတွင်းရှိ ပစ္စည်းများကို သုံးဆောင် ခံစားရသည်ဟု မြင်မက်ခဲ့သော် ထိုအိပ်မက်သည် ထီပေါက်မည့် အိပ်မက် ဖြစ်သည်။
ဖော်ပြပါ ထီပေါက်စေတဲ့ အိပ်မက်တွေ ကတော့ လူတိုင်း မြင်မက်ခြင်းတော့ မတူညီနိုင်ပါဘူး ထီပေါက်ခြင်း ဆိုတာကလည်း ရှေ့က ပြုခဲ့တဲ့ ကုသိုလ်ကံ အကြောင်းတရားတွေ ကြောင့်လည်း ထီဆုကြီးတွေ ဆုတ်ခူးနိုင် တာပါ။
ပရိသတ်ကြီးလည်း ကံတရားဆိုတာ ဆန်းကြယ်တဲ့ အတွက် ရှေ့က မိမိပြုခဲ့တဲ့ ကုသိုလ်ကံ စေတနာ အကျိုးကြောင့် လက်ရှိ ဘဝမှာ ကံကောင်းထောက်မ လို့ ထီပေါက်စေတဲ့ အိပ်မက်တွေ မက်ခဲ့ ရင်လည်း ထီထိုးဖို့ မမေ့ပါနဲ့ ခင်ဗျာ။
ခရက်ဒစ် ဆရာ မင်းသိင်္ခဗေဒင်