အရမ္းကိုခ်စ္ၾကတဲ့ သမီးရည္းစားႏွစ္ေယာက္ရဲ႕ ေၾကကြဲစရာ ဇာတ္သိမ္း
မင္း အန္ကယ့္သမီးကို ေနာက္ဆိုမပတ္သက္ဖို႔ဘယ္ေလာက္ေပးရမလဲ ‘
အန္ကယ္က စားပြဲေပၚမွ ျပင္သစ္ေကာ္ဖီခြက္ကို ေကာက္ကိုင္လိုက္ရင္းဟန္ပါပါေမးလိုက္သည္။
‘ ေအာ္ မင္းလိုခ်င္တဲ့ေငြေျပာေနာ္ အားမနာနဲ႔အန္ကယ့္မွာ ဒီသမီးတေယာက္ပဲရွိတာေနာက္ဆို သူနဲ႔မပတ္သက္ရင္ပီးေရာ ‘သူကထပ္၍ေျပာသည္။
က်ေနာ္က သက္ျပင္းခ်လိုက္ရင္း ဖုန္းမွာလိုခ်င္ေသာ ဂဏန္းေတြ႐ိုက္ျပလိုက္သည္။
သူမအေဖက ဖုန္းကိုၾကည့္ရင္း ေကာ္ဖီတက်ိဳက္ေမာ့ေသာက္လိုက္သည္။
‘ မင္းေတာင္းတဲ့ေငြက မ်ားေတာ့မ်ားတယ္ အိုေကေလ အန္ကယ္ေပးပါမယ္
ေနာက္ဆို အန္ကယ့္သမီးေဘး လုံးဝမလာပါနဲ႔ ‘
သူမအေဖက ခ်က္ခ်င္းသူ႔တပည့္ကိုလွမ္းေခၚပီး အယ္လ္ဗြီအိတ္တလုံးနဲ႔အျပည့္ ပိုက္ဆံေတြထုတ္ေပးသည္။
ဧည္ခန္းေဘးရွိ ေလွကားရင္းက တ႐ုတ္ပန္းအိုးႀကီးကိုကြယ္၍ ၾကည့္ေနေသာ မ်က္ဝန္းထဲမွာ မ်က္ရည္စေတြနဲ႔သူမကိုလွမ္းျမင္ရသည္။
သူမကေတာ့ အေတာ္ဝမ္းနည္းေနရွာသည္။
‘ အန္ကယ္ က်ေနာ္ သူ႔ကိုစကားေလးတခြန္းေတာ့ေျပာခဲ့ခ်င္လို႔ပါ ‘
‘ ေအာ္ ေျပာေလ ေျပာပါ ေနာက္ဆို မင္းတို႔ကပတ္သက္ရေတာ့မွာမွ မဟုတ္တာ ေျပာပါ ‘သူမအေဖက လက္ဟန္ျပ၍ေျပာသည္။
က်ေနာ္က ပိုက္ဆံအိတ္ကို ေကာက္လြယ္လိုက္ရင္း ေလွကားရင္းမွသူမဆီသို႔လြန္စြာၾကည့္ေကာင္းေသာပုံစံျဖင့္ ေလွ်ာက္သြားလိုက္သည္။
သူမမ်က္ဝန္းကမ်က္ရည္စေတြကို လက္ဖဝါးနဲ႔သုတ္ေပးလိုက္ရင္း ‘ ခ်စ္ ကိုယ့္ကိုစိတ္နာေနတာလား
ဒီပိုက္ဆံေတြယူလို႔ အမွန္က ကိုယ့္အစြမ္းေတြျပခ်င္လို႔ပါ
မနက္ျဖန္မနက္ ဒီေငြေတြရဲ႕၂ဆ ယူလာပီးခ်စ္ဆီကိုယ္လာေခၚမယ္ ‘
‘ ဟင္ ကိုယ္ကဘာလုပ္မလို႔လဲဟင္ ‘သူမက ခ်စ္စဖြယ္အမူအရာနဲ႔ျပန္ေမးသည္။
‘ ဒီေန႔ည မန္ယူပြဲရွိတယ္ေလ ‘
က်ေနာ္က လြန္စြာနားေထာင္ေကာင္းေသာအသံျဖင့္ ေျပာလိုက္သည္။
သူမကက်ေနာ့္ကို ေၾကာင္၍ၾကည့္ေနသည္။
‘ ကိုယ္အေကာင္းဆုံးရလဒ္ေတြနဲ႔အတူျပန္လာခဲ့ပါမယ္ ‘
ထို႔ေနာက္ စီးကရင္တလိပ္ကို မီးညႇိပီး မခိုးမခန႔္ၿပဳံးကာ ခမ္းနားေသာ ထိုအိမ္ႀကီးအတြင္းမွေဒါက္ခနဲ ေဒါက္ခနဲ ေျခသံျဖင့္ တလွမ္းခ်င္းထြက္လာခဲ့သည္။
ထိုေန႔မွစ၍ သူမႏွင့္က်ေနာ္မေတြ႕ရေတာ့ပါ။
#ေက်ာ္ႀကီး
unicode
အရမ်းကိုချစ်ကြတဲ့ သမီးရည်းစားနှစ်ယောက်ရဲ့ ကြေကွဲစရာ ဇာတ်သိမ်း
မင်း အန်ကယ့်သမီးကို နောက်ဆိုမပတ်သက်ဖို့ဘယ်လောက်ပေးရမလဲ ‘
အန်ကယ်က စားပွဲပေါ်မှ ပြင်သစ်ကော်ဖီခွက်ကို ကောက်ကိုင်လိုက်ရင်းဟန်ပါပါမေးလိုက်သည်။
‘ အော် မင်းလိုချင်တဲ့ငွေပြောနော် အားမနာနဲ့အန်ကယ့်မှာ ဒီသမီးတယောက်ပဲရှိတာနောက်ဆို သူနဲ့မပတ်သက်ရင်ပီးရော ‘သူကထပ်၍ပြောသည်။
ကျနော်က သက်ပြင်းချလိုက်ရင်း ဖုန်းမှာလိုချင်သော ဂဏန်းတွေရိုက်ပြလိုက်သည်။
သူမအဖေက ဖုန်းကိုကြည့်ရင်း ကော်ဖီတကျိုက်မော့သောက်လိုက်သည်။
‘ မင်းတောင်းတဲ့ငွေက များတော့များတယ် အိုကေလေ အန်ကယ်ပေးပါမယ်
နောက်ဆို အန်ကယ့်သမီးဘေး လုံးဝမလာပါနဲ့ ‘
သူမအဖေက ချက်ချင်းသူ့တပည့်ကိုလှမ်းခေါ်ပီး အယ်လ်ဗွီအိတ်တလုံးနဲ့အပြည့် ပိုက်ဆံတွေထုတ်ပေးသည်။
ဧည်ခန်းဘေးရှိ လှေကားရင်းက တရုတ်ပန်းအိုးကြီးကိုကွယ်၍ ကြည့်နေသော မျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့သူမကိုလှမ်းမြင်ရသည်။
သူမကတော့ အတော်ဝမ်းနည်းနေရှာသည်။
‘ အန်ကယ် ကျနော် သူ့ကိုစကားလေးတခွန်းတော့ပြောခဲ့ချင်လို့ပါ ‘
‘ အော် ပြောလေ ပြောပါ နောက်ဆို မင်းတို့ကပတ်သက်ရတော့မှာမှ မဟုတ်တာ ပြောပါ ‘သူမအဖေက လက်ဟန်ပြ၍ပြောသည်။
ကျနော်က ပိုက်ဆံအိတ်ကို ကောက်လွယ်လိုက်ရင်း လှေကားရင်းမှသူမဆီသို့လွန်စွာကြည့်ကောင်းသောပုံစံဖြင့် လျှောက်သွားလိုက်သည်။
သူမမျက်ဝန်းကမျက်ရည်စတွေကို လက်ဖဝါးနဲ့သုတ်ပေးလိုက်ရင်း ‘ ချစ် ကိုယ့်ကိုစိတ်နာနေတာလား
ဒီပိုက်ဆံတွေယူလို့ အမှန်က ကိုယ့်အစွမ်းတွေပြချင်လို့ပါ
မနက်ဖြန်မနက် ဒီငွေတွေရဲ့၂ဆ ယူလာပီးချစ်ဆီကိုယ်လာခေါ်မယ် ‘
‘ ဟင် ကိုယ်ကဘာလုပ်မလို့လဲဟင် ‘သူမက ချစ်စဖွယ်အမူအရာနဲ့ပြန်မေးသည်။
‘ ဒီနေ့ည မန်ယူပွဲရှိတယ်လေ ‘
ကျနော်က လွန်စွာနားထောင်ကောင်းသောအသံဖြင့် ပြောလိုက်သည်။
သူမကကျနော့်ကို ကြောင်၍ကြည့်နေသည်။
‘ ကိုယ်အကောင်းဆုံးရလဒ်တွေနဲ့အတူပြန်လာခဲ့ပါမယ် ‘
ထို့နောက် စီးကရင်တလိပ်ကို မီးညှိပီး မခိုးမခန့်ပြုံးကာ ခမ်းနားသော ထိုအိမ်ကြီးအတွင်းမှဒေါက်ခနဲ ဒေါက်ခနဲ ခြေသံဖြင့် တလှမ်းချင်းထွက်လာခဲ့သည်။
ထိုနေ့မှစ၍ သူမနှင့်ကျနော်မတွေ့ရတော့ပါ။
#ကျော်ကြီး