knewledge

ေ.သခါနီး လူတစ်ယောက်ကိုဖက်ပြီး မငိုကြပါနဲ့

သေခါနီး လူတစ်ယောက်ကိုဖက်ပြီး မငိုကြပါနဲ့

ဖတ်ကြည့်နော်

လူတစ်ယောက်ဟာသေခါနီးဖြစ်နေတဲ့ အချိန်မှာနှလုံးမခုန်တော့ပါဘူး။သွေးကြောလေးတွေအလုပ်မလုပ်တော့ပါဘူး။

ခြေ လက်တွေတကိုယ်လုံး ဘာမှမလှုပ်ရှားတော့ဘူး။အဲဒီအချိန်မှာလူတွေက သေပြီလို့ ဆုံးဖြတ်ကြတယ်။မိသားစုဝင်တွေက အော်ငိုကြတယ်။

သွေးခုန်နှုန်း ရပ်သွားတော့သေသွားပြီ ထင်လို့လေ။အဲဒီအချိန်မှာတကယ်မသေတာက ကြားစိတ်ပါ။

ကြားစိတ်ကနှလုံး သွေးခုန်နှုန်းရပ်သွားတာတောင်( ၃ )မိနစ် ( ၅ )မိနစ်လောက်ရှင်သန်နေပါသေးတယ်။

တချို့လူတွေကသေခါနီးလူကိုအသက်မထွက်သေးဘူး။လူမစုံသေးလို့ဟိုလူ့ကို စောင့်နေတယ်ဒီလူ့ကို စောင့်နေတယ်လို့ပြောကြတယ်။

မိသားစုဝင် ရောက်လာတော့ဖက်ပြီး ငိုကြတယ်။အဲဒါက သေခါနီးလူတစ်ယောက်ကိုအပါယ်ဘုံရောက်အောင် ပို့လိုက်တာပါပဲ။

တကယ်တော့သူဟာ မိသားစုဝင်ကိုစောင့်နေတာမဟုတ်ပါဘူး။သူပြုခဲ့တဲ့ကုသိုလ်ကံ အကုသိုလ်ကံကအားနည်းနေတယ်။ဝိပဿနာတရားကလည်းအားထုတ်ဘူးတာ မရှိဘူး။

အဲဒါကြောင့်သူဟာ အသက်ထွက်ဖို့ဘဝကူးဖို့သူရဲ့ ကြားသိတဲ့စိတ်က ရှာနေတာပါ။( အဖေ အမေ သားရောက်ပြီသမီးရောက်ပြီဘယ်သူဘယ်ဝါ ရောက်ပြီလို့ပြောလိုက်တဲ့အသံ ကြားတာနဲ့ချက်ချင်း ဘဝကူးသွားတတ်ပါတယ်။)အဲဒီအချိန်

အနားမှာရှိတဲ့ မိသားစုဝင်တွေအရမ်းကို သတိရှိပြီးလိမ္မာပါးနပ်ဖို့ လိုပါတယ်။အပြောအဆို ဆင်ခြင်ရပါမယ်။အနားမှာရှိတဲ့ မိသားစုကဖက်ပြီး ငိုနေမယ်ဆိုရင်သေခါနီး လူကို

မကောင်းတဲ့ အပါယ်ဒုဂ္ဂတိဘုံသို့ရောက်အောင် ပို့လိုက်တာပါပဲ။အနားမှာရှိတဲ့ မိသားစုကတရားခွေ ဖွင့်ထားပေးမယ်။သူပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကိုပြောပြမယ်ဝိပဿနာတရားတွေ

ဟောပြော ပြသပေးနေမယ်ဆိုရင်ကောင်းသောသုဂတိဘုံဘဝကို ရောက်အောင်ပို့ပေးတာပါပဲ။သေခါနီး လူတစ်ယောက်ကိုတကယ် ချစ်ရင်တကယ် တန်ဖိုးထားရင်ကောင်းမွန်တဲ့ဘုံဘဝကို ရောက်စေချင်ရင်နောက်ဆုံးအချိန်လေးမှာ မငိုကြပါနှင့်။သတိပြုနိုင်ကြပါစေ…

မူရင်း Credit-Hla Hla

unicode