နိုင္ငံတကာသတင္း

ကမာၻႀကီး ပ်က္စီးေတာ့မွာလား ? ေသၾကျပန္ပီ လူ တစ္ရာေက်ာ္ 😢

ဆိုမာလီယာႏိုင္ငံတြင္ ကားဗုံးေပါက္ကြဲမႈ ၂ ႀကိမ္ျဖစ္ပြားၿပီး လူ ၁၀၀ ေက်ာ္ ေသဆုံး

ဆိုမာလီႏိုင္ငံ၊ ၿမိဳ႕ေတာ္ မိုဂါဒစ္ရႉးတြင္ ေအာက္တိုဘာလ ၂၉ ရက္က ကားဗုံးေပါက္ကြဲမႈ ၂ ႀကိမ္ျဖစ္ပြားခဲ့ၿပီး လူ ၁၀၀ ေက်ာ္ ေသဆုံးကာ ၃၀၀ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ေပါက္ကြဲမႈမွာ မိုဂါဒစ္ရႉးၿမိဳ႕ေတာ္၏ လူစည္ကားရာ ေဈးလမ္းဆုံႏွင့္ ကပ္လ်က္ ပညာေရးဝန္ႀကီးဌာနတြင္ ျဖစ္ပြား ခဲ့ျခင္းျဖစ္ၿပီး

ေသဆုံးသူအေရအတြက္ ထပ္မံျမင့္တက္လာႏိုင္ေၾကာင္း သမၼတ Hassan Sheikh Mohamud က သတိေပးထားသည္။

ေအာက္တိုဘာလ ၂၉ ရက္၊ ေဒသစံေတာ္ခ်ိန္ မြန္းလြဲ ၂ နာရီခန႔္က ပညာေရးဝန္ႀကီးဌာနတြင္ ကားဗုံးေပါက္ကြဲမႈ တစ္ႀကိမ္ ျဖစ္ပြားခဲ့ၿပီးေနာက္ ေသဆုံးဒဏ္ရာရသူမ်ားကိုကူညီရန္

အေရးေပၚကားမ်ား ေရာက္ရွိလာၿပီး လူအမ်ား စုေဝးရွိေနစဥ္ ဒုတိယ ကားဗုံးေပါက္ကြဲမႈ ထပ္မံျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ပညာေရးဝန္ႀကီးဌာနကို ပစ္မွတ္ထားတိုက္ခိုက္မႈတြင္ မည္သည့္အဖြဲ႕အစည္းက လုပ္ေဆာင္သည္ကို ထုတ္ေဖာ္ ေျပာဆိုျခင္း မရွိေသးေသာ္လည္း

အယ္လ္ရွာဘက္စစ္ေသြးႂကြအုပ္စု၏ လက္ခ်က္ျဖစ္ေၾကာင္း ဆိုမာလီအာဏာပိုင္ မ်ားက ေျပာဆိုထားသည္။

ဂ်ီဟတ္ဝါဒီမ်ားကို အားေပးေထာက္ခံသည့္ Somali Memo ဝက္ဘ္ဆိုက္ကမူ ကားဗုံးခြဲတိုက္ခိုက္မႈမ်ားကို လုပ္ေဆာင္ခဲ့သည္ဟု အယ္လ္ရွာဘက္အဖြဲ႕က ေျပာေၾကာင္း ေဖာ္ျပထားသည္။

#KBZTai #31October2022

unicode

ဆိုမာလီယာနိုင်ငံတွင် ကားဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားပြီး လူ ၁၀၀ ကျော် သေဆုံး

ဆိုမာလီနိုင်ငံ၊ မြို့တော် မိုဂါဒစ်ရှူးတွင် အောက်တိုဘာလ ၂၉ ရက်က ကားဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော် သေဆုံးကာ ၃၀၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုမှာ မိုဂါဒစ်ရှူးမြို့တော်၏ လူစည်ကားရာ ဈေးလမ်းဆုံနှင့် ကပ်လျက် ပညာရေးဝန်ကြီးဌာနတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး

သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း သမ္မတ Hassan Sheikh Mohamud က သတိပေးထားသည်။

အောက်တိုဘာလ ၂၉ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်က ပညာရေးဝန်ကြီးဌာနတွင် ကားဗုံးပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးဒဏ်ရာရသူများကိုကူညီရန်

အရေးပေါ်ကားများ ရောက်ရှိလာပြီး လူအများ စုဝေးရှိနေစဉ် ဒုတိယ ကားဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနကို ပစ်မှတ်ထားတိုက်ခိုက်မှုတွင် မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးသော်လည်း

အယ်လ်ရှာဘက်စစ်သွေးကြွအုပ်စု၏ လက်ချက်ဖြစ်ကြောင်း ဆိုမာလီအာဏာပိုင် များက ပြောဆိုထားသည်။

ဂျီဟတ်ဝါဒီများကို အားပေးထောက်ခံသည့် Somali Memo ဝက်ဘ်ဆိုက်ကမူ ကားဗုံးခွဲတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု အယ်လ်ရှာဘက်အဖွဲ့က ပြောကြောင်း ဖော်ပြထားသည်။

#KBZTai #31October2022