ဦးေနဝင္းက ေလယာဥ္ပ်ံနဲ႔ ေခၚၿပီး ေၾကာ္ခိုင္းရတဲ့ မိတၳီလာ ေပါက္ေခ်ာင္းဘူးသီးေၾကာ္အေၾကာင္း
ေပါက္ေခ်ာင္းေၾကာ္၊ ေပါက္ေခ်ာင္း ေၾကာ္ဆိုလို႔ဘာမ်ားမွတ္တယ္။ ဘူးသီးေၾကာ္ေတြပါလားတဲ့ ေျပာၾကတယ္။ အစဥ္အလာႀကီးတဲ့ ၿမိဳ႕ထီလာက ဦးေအးေမာင္ရဲ႕ ဘူးသီးေၾကာ္ပါ။
ေပါက္ေခ်ာင္းေစ်းထိပ္မွာ မူလက ကုကၠိဳပင္ ႀကီး တပင္ရွိတယ္။ အဲဒီအပင္ရဲ႕ အေနာက္ဖက္ မနီးမေဝးမွာ အေၾကာ္ဆိုင္ရွိတယ္။ မနက္စာကို ေပါက္ေခ်ာင္းဘူးသီးေၾကာ္နဲ႔ ေရမုန္႔စားရတာ အင္မတန္လိုက္ဖက္ပါတယ္။
ေရမုန္႔က ရန္ကုန္က ေရမုန္႔လို အကြၽတ္မဟုတ္ဘူး။ ၾကက္သြန္မိတ္၊ ပဲျပဳတ္နဲ႔ ျဖဴေဖြး အိစက္ေနၿပီး အဝတ္လိုေတာင္ ေခါက္လို႔ရတယ္။ ဂ်ပန္ေခတ္က မိတၳီလာမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း တရားေဟာတယ္။ ကုကၠိဳပင္ႀကီးေအာက္မွာ ရပ္မိရပ္ဖမ်ားက အဲဒီအေၾကာ္ဆိုင္က အေၾကာ္နဲ႔ ဧည့္ခံတယ္။ ပန္းကန္နဲ႔ မဟုတ္၊ အင္ဖက္ေလးနဲ႔ပါတဲ့။
လက္ၾကားဆီယိုေအာင္ ႂကြ႐ြစားေကာင္းတဲ့ အေၾကာ္ဟာ “ေပါက္ေခ်ာင္းေၾကာ္”ဆိုၿပီး နာမည္စႀကီးခဲ့တယ္။ ေပါက္ေခ်ာင္းဘူးသီးေၾကာ္ဆိုတာ ဘူးသီးအေခ်ာင္းေလးေတြ လုပ္ၿပီး တစ္ခုခ်င္း မုန္႔ႏွစ္ထဲ ႏွစ္ေၾကာ္တာမဟုတ္ဘူး။
မူလေပါက္ေခ်ာင္းေၾကာ္ဆိုတာ မိုးၿဗဲဒယ္ႀကီးထဲ ဆီမ်ားမ်ားနဲ႔ မုန္႔ႏွစ္နဲ႔ ဘူးသီးေတြကို ဒယ္ႀကီးနဲ႔အျပည့္အခ်ပ္လိုက္ႀကီးေၾကာ္တာ။ အေၾကာ္ရလို႔ ဆီစစ္ထားၿပီး ဝယ္တဲ့တန္ဖိုးအလိုက္ အေၾကာ္ကို ဖဲ့ၿပီးေရာင္းတာလို႔ မိတၳီလာ ေပါက္ေခ်ာင္းသားစစ္စစ္ ကြၽန္မရဲ႕ ခင္ပြန္းသည္က ေျပာျပဖူးတယ္။
ေပါက္ေခ်ာင္းဘူးသီးေၾကာ္နဲ႔ ေရမုန္႔နာမည္ႀကီးလိုက္ပုံမ်ား ဦးေနဝင္းလက္ထက္မွာ ေလယာဥ္နဲ႔ေခၚၿပီးအေၾကာ္ဆရာ ေရမုန္႔လုပ္သူရယ္ ဒယ္အိုးအပါအဝင္ ပစၥည္း ကရိယာ ကိုယ့္ဟာနဲ႔ ကိုယ္ယူသြားရတယ္။ လက္ခသီးသန္႔ ပစၥည္းဖိုး သီးသန္႔ရွင္းေပးတယ္။
အခုဆို မ်ိဳးဆက္ ၃ ဆက္ရွိခဲ့ၿပီ။ ပထမ မူလသူတို႔အဖြား လက္ထက္က သုံးခဲ့တဲ့ဒယ္အိုးျပတ္ကို ခုထိသုံးတုန္းတဲ့။ ဆိုင္ေနရာေတာ့ ေျပာင္းသြားၿပီ။ သမိုင္းဝင္ ကုကၠိဳပင္ ေတြလည္းမရွိေတာ့ဘူး။ ဒါေပမယ့္ေပါက္ေခ်ာင္းေၾကာ္ကစားလို႔ေကာင္းတုန္းပဲ။
(Dolly Tin)
unicode
ပေါက်ချောင်းကြော်၊ ပေါက်ချောင်း ကြော်ဆိုလို့ဘာများမှတ်တယ်။ ဘူးသီးကြော်တွေပါလားတဲ့ ပြောကြတယ်။ အစဉ်အလာကြီးတဲ့ မြို့ထီလာက ဦးအေးမောင်ရဲ့ ဘူးသီးကြော်ပါ။
ပေါက်ချောင်းစျေးထိပ်မှာ မူလက ကုက္ကိုပင် ကြီး တပင်ရှိတယ်။ အဲဒီအပင်ရဲ့ အနောက်ဖက် မနီးမဝေးမှာ အကြော်ဆိုင်ရှိတယ်။ မနက်စာကို ပေါက်ချောင်းဘူးသီးကြော်နဲ့ ရေမုန့်စားရတာ အင်မတန်လိုက်ဖက်ပါတယ်။
ရေမုန့်က ရန်ကုန်က ရေမုန့်လို အကျွတ်မဟုတ်ဘူး။ ကြက်သွန်မိတ်၊ ပဲပြုတ်နဲ့ ဖြူဖွေး အိစက်နေပြီး အဝတ်လိုတောင် ခေါက်လို့ရတယ်။ ဂျပန်ခေတ်က မိတ္ထီလာမှာ ဗိုလ်ချုပ်အောင်ဆန်း တရားဟောတယ်။ ကုက္ကိုပင်ကြီးအောက်မှာ ရပ်မိရပ်ဖများက အဲဒီအကြော်ဆိုင်က အကြော်နဲ့ ဧည့်ခံတယ်။ ပန်းကန်နဲ့ မဟုတ်၊ အင်ဖက်လေးနဲ့ပါတဲ့။
လက်ကြားဆီယိုအောင် ကြွရွစားကောင်းတဲ့ အကြော်ဟာ “ပေါက်ချောင်းကြော်”ဆိုပြီး နာမည်စကြီးခဲ့တယ်။ ပေါက်ချောင်းဘူးသီးကြော်ဆိုတာ ဘူးသီးအချောင်းလေးတွေ လုပ်ပြီး တစ်ခုချင်း မုန့်နှစ်ထဲ နှစ်ကြော်တာမဟုတ်ဘူး။
မူလပေါက်ချောင်းကြော်ဆိုတာ မိုးဗြဲဒယ်ကြီးထဲ ဆီများများနဲ့ မုန့်နှစ်နဲ့ ဘူးသီးတွေကို ဒယ်ကြီးနဲ့အပြည့်အချပ်လိုက်ကြီးကြော်တာ။ အကြော်ရလို့ ဆီစစ်ထားပြီး ဝယ်တဲ့တန်ဖိုးအလိုက် အကြော်ကို ဖဲ့ပြီးရောင်းတာလို့ မိတ္ထီလာ ပေါက်ချောင်းသားစစ်စစ် ကျွန်မရဲ့ ခင်ပွန်းသည်က ပြောပြဖူးတယ်။
ပေါက်ချောင်းဘူးသီးကြော်နဲ့ ရေမုန့်နာမည်ကြီးလိုက်ပုံများ ဦးနေဝင်းလက်ထက်မှာ လေယာဉ်နဲ့ခေါ်ပြီးအကြော်ဆရာ ရေမုန့်လုပ်သူရယ် ဒယ်အိုးအပါအဝင် ပစ္စည်း ကရိယာ ကိုယ့်ဟာနဲ့ ကိုယ်ယူသွားရတယ်။ လက်ခသီးသန့် ပစ္စည်းဖိုး သီးသန့်ရှင်းပေးတယ်။
အခုဆို မျိုးဆက် ၃ ဆက်ရှိခဲ့ပြီ။ ပထမ မူလသူတို့အဖွား လက်ထက်က သုံးခဲ့တဲ့ဒယ်အိုးပြတ်ကို ခုထိသုံးတုန်းတဲ့။ ဆိုင်နေရာတော့ ပြောင်းသွားပြီ။ သမိုင်းဝင် ကုက္ကိုပင် တွေလည်းမရှိတော့ဘူး။ ဒါပေမယ့်ပေါက်ချောင်းကြော်ကစားလို့ကောင်းတုန်းပဲ။
(Dolly Tin)