မွတ္ခ်က္။ ။ ၁၉ ရာစုႏွစ္မွာ ခႏၶာကိုယ္ ထူးဆန္းစြာ ျဖစ္ေပၚေနတဲ့ လူမ်ားကို ႐ုံသြင္းၿပီး အထူးအဆန္းအျဖစ္ ျပစားေလ့ ရွိတဲ့အေလ့အထ အေနာက္ႏိုင္ငံေတြမွာ ရွိခဲ့ပါတယ္။ ယေန႔ေခတ္မွာေတာ့ လူ႔အခြင့္အေရးနဲ႔ မေလ်ာ္ညီတဲ့အတြက္ အဲဒီလို ပြဲမ်ိဳးေတြ မရွိၾကေတာ့ပါဘူး။
ျမန္မာျပည္ရဲ႕ ထူးဆန္းတဲ့ မိသားစုျဖစ္တဲ့ ဦးေ႐ႊေမာင္ မိသားစုကိုယခင္ေခတ္က သုံးႏႈန္းခဲ့တဲ့အတိုင္း လူေမ်ာက္ဟု သုံးစြဲထားျခင္းဟာ စာရဲ႕မူလအာေဘာ္မပ်က္ေအာင္ သုံးႏႈန္းထားျခင္းသာ ျဖစ္ၿပီး ႏိွမ့္ခ် ေစာ္ကားလိုတဲ့သေဘာနဲ႔ ေခၚဆိုျခင္းမဟုတ္ေၾကာင္း ဒီေနရာကေန ရွင္းျပလိုပါတယ္။
စာတည္း ပထမဆုံးလူေမ်ာက္ျဖစ္တဲ့ ဦးေ႐ႊေမာင္ကို ၁၇၉၆ခုႏွစ္မွ သံလြင္ျမစ္(သို႔) မုတၱျမစ္ ေဘးကေလာႏိုင္ငံ မိုင္း႐ုံးႀကီးနယ္မွာ ေမြးဖြားခဲ့တယ္။( ပထဝီအေျခအေနနဲ႔ အေခၚအေဝၚအရ အဲဒီ ေဒသဟာ အခုထိုင္းႏိုင္ငံထဲက Mae Yong ပဲ ျဖစ္ဖို႔မ်ားပါတယ္ )
အဲဒီေဒသကို အပိုင္စားတဲ့ ေစာ္ဘြားတစ္ေယာက္က ထူးထူးဆန္းဆန္း အေမြးအမွ်င္ေတြနဲ႔ကေလးငယ္ကို ျမန္မာဘုရင္ထံ အထူးအဆန္းလက္ေဆာင္ပဏၰာအျဖစ္နဲ႔ ဆက္သလိုက္တာမို႔ သူ႔အသက္ငါးႏွစ္သားအ႐ြယ္မွ ာအင္းဝဘုရင္ထံကို ေရာက္လာပါတယ္။
သူ႔တစ္ကိုယ္လုံးမွာ အေမြးႏုႏုေလး တြရွည္လ်ားစြာေပါက္ေနတယ္။ သူ႔မ်က္လုံး၊ အသားအေရပုံစံ စတာေတြက ျမန္မာေတြနဲ႔မတူဘူးလို႔ဆိုပါတယ္။ (ဒီအျဖစ္အပ်က္ေတြကို ၁၈၂၆ မွာ ပထမဆုံးမွတ္တမ္းတင္ႏိုင္ခဲ့တဲ့ အဂၤလိပ္သံအဖြဲ႕က ကေရာဖို႔ (ဒ္) မွတ္တမ္းကို လူထုေဒၚအမာေဆာင္းပါးထဲမွာ ဖတ္ႏိုင္ပါတယ္။)
ေ႐ႊေမာင္ဟာ အဲဒီကတည္းက နန္းတြင္းမွာေပ်ာ္ေတာ္ဆက္အျဖစ္နဲ႔ ႀကီးျပင္းလာခဲ့တယ္။ ေမ်ာက္ေတြလို ကျပ ေဖ်ာ္ေျဖရပါသတဲ့။ သူ႔မိဘေတြမွာေရာ သူတို႔ မ်ိဳး ႏြယ္စုထဲမွာပါ… သူ႔လိုအေမြးအမွ်င္ေတြ မရွိဘူးလို႔… သူက ေျပာပါတယ္။ လူပ်ိဳအျဖစ္ကို အသက္၂၀ အ႐ြယ္မွ ေရာက္ပါတယ္တဲ့။
အသက္၂၂ မွာေတာ့ ဘုရင္က(ဘႀကီးေတာ္ဘုရား ) သူ႔ကို လွတဲ့နန္းတြင္းသူတစ္ေယာက္နဲ႔ လက္ထပ္ေပးပါတယ္။ သူတို႔ကေလးေလးေယာက္ရခဲ့တယ္။ အားလုံးက မိန္းခေလးေတြခ်ည္းပါပဲ။ ႏွစ္ေယာက္ကေတာ့ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဆုံးပါး သြားခဲ့ၿပီး… တတိယသမီးေလးက မိခင္ျဖစ္သူနဲ႔ အေတာ္ကိုတူပါသတဲ့။
ေနာက္ဆုံး ၂ ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ကေတာ့ သူ႔လိုပဲ… အေမြး အမွ်င္ေတြနဲ႔ ျဖစ္လာတယ္။ အဲဒီ အငယ္ဆုံးသမီးက ေ႐ႊေမာင္ရဲ႕ အေမြကို ဆက္ခံတဲ့ မဖုံး ျဖစ္ပါတယ္။ ကေရာဖို႔(ဒ္)ရဲ႕စာအုပ္ထဲမွာ
ကိုေ႐ႊေမာင္နဲ႔ သမီး မဖုံးရဲ႕ ပုံဆိုၿပီး ေဖၚျပ ခဲ့ရာမွာ… ကိုေ႐ႊေမာင္ရဲ႕ပုံက ဟုတ္ေပမယ့္ မဖုံးရဲ႕ ပုံက မွားေနတယ္လို႔ ေနာက္ပိုင္းမွာ ဟင္နရီနယူး(လ္)က ေထာက္ျပ ခဲ့ပါတယ္။
အဲဒီေနာက္
၁၈၅၅မွာ အင္းဝကို ကပၸတိန္ဟင္နရီယူး(လ္) ေရာက္လာခဲ့ပါတယ္။ သူတို႔ ေရာက္လာခ်ိန္မွာေတာ့ ကိုေ႐ႊေမာင့္သမီး မဖုံးဟာ အသက္၃၁အ႐ြယ္ ရွိေနပါၿပီ။ သူ႔ကို အီတလီလူမ်ိဳးတစ္ေယာက္က လက္ထပ္ၿပီး ႏိုင္ငံျခားကို ေခၚသြားဖို႔ ႀကိဳးစားပါေသးတယ္။
ဒါေပမယ့္ ျမန္မာမင္းက ခြင့္မျပဳခဲ့ပါဘူး။ ေနာက္ဆုံးေတာ့ မဖုံးကို ဘုရင္ကပဲ သာမန္အရပ္သားတစ္ေယာက္နဲ႔ လက္ထပ္ေပးခဲ့တာလို႔ ဆိုရပါမယ္။ ဟင္နရီယူး(လ္)တို႔ လာေရာက္ခ်ိန္မွာ မဖုံးမွာသားေလး ႏွစ္ေယာက္ေတာင္ရေနပါၿပီ။
ဦးေ႐ႊေမာင္ကေတာ့ လူဆိုး ဓားျပေတြ သတ္ျဖတ္လို႔ ကြယ္လြန္ ၿပီးခဲ့ၿပီလို႔ သိရပါတယ္။ မဖုံးဟာလည္း သူ႔အေဖ ဦးေ႐ႊေမာင္လိုပဲ တစ္ကိုယ္လုံးကို အေမြးရွည္ေတြနဲ႔ ဖုံးလို႔ ေနပါတယ္။
မဖုံးကေနသားသမီးသုံးေယာက္ ေမြးဖြားခဲ့ၿပီး အဲဒီအထဲက ေမာင္ဖိုးဆက္နဲ႔ မမိတို႔ဟာ မဖုံးလိုပဲ တစ္ကိုယ္လုံးမွာအေမြးေတြနဲ႔ ျဖစ္ပါတယ္။
သူတို႔မိသားစုဟာ သူတို႔ကို အထူးအဆန္းလာၾကည့္တဲ့ ႏိုင္ငံျခားသားေတြဆီကေန အခေၾကးေငြကို ေကာက္ခံျပီး အသက္ေမြးဝမ္းေက်ာင္းမႈ ျပဳခဲ့တယ္။ သူတို႔ဟာ ၾကည့္ရႈသူ တစ္ေယာက္ခ်င္းစီကေန ႐ူပီးေငြ ေလးဆယ္ယူတယ္လို႔ သိရပါတယ္။
နာမည္ႀကီး ေဖ်ာ္ေျဖတင္ဆက္သူတစ္ေယာက္ျဖစ္တဲ့ ဘာနမ္ဟာ ၁ ၈၇၁ ခုႏွစ္ကတည္းက သူတို႔ကို အေမရိကန္ ေခၚၿပီး သူ႔ရဲ႕( Greatest Show On Earth )ဆိုတဲ့ ဆပ္ကပ္ပြဲႀကီးမွာျပစားဖို႔ ႀကိဳးစားခဲ့တယ္။ ဒါေပမယ့္ ဘုရင္ကခြင့္မျပဳ ခဲ့ဘူး။
၁၈၈၅ မွာေတာ့ သီေပါမင္း နန္းက်ၿပီး နန္းတြင္းေရးေတြ ရႈပ္ေထြးေနတဲ့ အခ်ိန္မွာ… မဖုံးတို႔ မိသားစု ဟာ ေနျပည္ေတာ္ကေန ေတာတြင္း တစ္ေနရာကို ထြက္ေျပး ခဲ့ၾကတယ္။
ေမာင္ဖိုးဆက္ဟာ မ်က္စိမေကာင္းေတာ့တဲ့ မိခင္မဖုံးကို ေက်ာမွာပိုးၿပီး ထြက္ေျပး ခဲ့တယ္လို႔ ဆိုပါတယ္။ ေတာထဲမွာ သူတို႔ဒုကၡေရာက္ေနစဥ္မွာပဲ သီေပါမင္းထံမွာ အမႈထမ္းခဲ့ဖူးတဲ့
အီတလီ လူမ်ိဳး အရာရွိ ကပၸတိန္ ေပပါႏိုက ( Captain Paperno ) သူတို႔ကို ရွာေတြ႕ၿပီး ကယ္တင္ခဲ့တယ္။ ၿပီးေတာ့ သူတို႔ကို ဥပေရာကိုပို႔ဖို႔ စီစဥ္ခဲ့ပါတယ္။
၁၈၈၆ ဇြန္လထဲမွာ မမိ ကြယ္လြန္ခဲ့တယ္လို႔ ဆိုပါတယ္ အသက္၂၃ ႏွစ္ အ႐ြယ္ေလာက္မွာ ျဖစ္ပါလိမ့္မယ္။ ၁၈၈၆ ေႏြရာသီမွာေတာ့ သူတို႔ကိုလန္ဒန္ၿမိဳ႕ပီကာဒလီလမ္းေပၚက Egyptian Hall မွာျပန္လည္ ေတြ႕ျမင္ရပါတယ္။ ၁၈၈၆ ခုႏွစ္ ေႏြရာသီမွာ မဖုံး နဲ႔ ေမာင္ဖိုးဆက္တို႔ အဂၤလန္ကိုေရာက္လာခဲ့ပါတယ္။
အဲဒီအခ်ိန္မွာ မဖုံးအသက္က ၆၂ ႏွစ္ ေလာက္ရွိေနၿပီ ျဖစ္ၿပီး မ်က္စိလည္း ကြယ္ေနပါၿပီ။ ဘာနမ္ လည္း သူတို႔ ရွိရာ အဂၤလန္ကို လိုက္လာပါတယ္။ သူ႔အႀကံက အေမရိကားမွာ စီစဥ္တင္ဆက္ေန တဲ့
သူ႔ရဲ႕ပြဲထဲမွာ မဖုံးတို႔သားအမိ ႏွစ္ေယာက္ကို ျပသဖို႔ပါပဲ။ ဒါေပမယ့္ သူ႔ထက္ အရင္လာၿပီး စည္း႐ုံး ေနတဲ့ အျခားေသာ ပြဲ စီစဥ္ေနသူ ေတြလည္း အဲဒီကို ႀကိဳေရာက္ေနတာ ကို ေတြ႕ခဲ့ ရတယ္။
ေနာက္ဆုံးမွာေတာ့ ဘာနမ္ဟာ အျခားသူေတြေပးတဲ့ ေစ်းထက္ အမ်ားႀကီး ပိုေပးၿပီး သူတို႔ မိသားစုကို ၁ႏွစ္စာခ်ဳပ္နဲ႔ သူ႔ဆီမွာ ျပသဖို႔ သေဘာတူညီခ်က္ ရရွိခဲ့ပါတယ္။
မဖုံး နဲ႔ သားျဖစ္သူ တို႔ဟာ ၁၈၈၇ မွာ လန္ဒန္ ကေန ျပင္သစ္ႏိုင္ငံက နာမည္ေက်ာ္ Folies Bergere ကို လည္းေရာက္သြား ခဲ့ပါေသးတယ္။
အဲဒီေနာက္ သူတို႔ဟာ ဘာနမ္နဲ႔ သေဘာတူညီခ်က္အရ အေမရိကန္က ဘာနမ္ရဲ႕ဆပ္ကပ္ပြဲ ေတြမွာ လိုက္ပါေဖ်ာ္ေျဖခဲ့ၾကတယ္။ စာခ်ဳပ္သက္တမ္း မကုန္ဆုံးမီကာလ ၁၈၈၈ ခုႏွစ္ ေဖေဖာ္ဝါရီလ မွာေတာ့ မဖုံးဟာ အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီမွာ ကြယ္လြန္ခဲ့တယ္။
၁၈၅၅ ကပၸတိန္ ဟနရီယူး(လ္) လာတုန္းက သူမအသက္က ၃၁ႏွစ္ ဆိုခဲ့ေတာ့ ကြယ္လြန္ခ်ိန္မွာ အသက္ ၆၄ ႏွစ္လို႔ မွတ္ယူရပါတယ္။ သူ႔ စ်ာပနကို ဝါရွင္တန္ဒီစီ သခ်ႋဳင္းမွာပဲ ျမန္မာထုံးတမ္းစဥ္လာ အတိုင္း
သၿဂိဳဟ္ခဲ့တယ္လို႔ သိရပါတယ္။ မဖုံး ကြယ္လြန္သြားေပမယ့္ ေမာင္ဖိုးဆက္ဟာ သူ႔မိန္းမနဲ႔ အတူ ဆက္ၿပီး ပြဲေတြ ျပသခဲ့တယ္လို႔ ယူဆရပါတယ္။ သူ႔မိန္းမဟာ တခ်ိန္က နန္းတြင္းအပ်ိဳေတာ္တစ္ဦး ျဖစ္ပါ တယ္။ ေမာင္ဖိုးဆက္ဟာ
တစ္ကိုယ္လုံး အေမြးေတြ ဖုံးေနေပမယ့္ ခါးကေနစၿပီး ဒူးအထိ မင္ေၾကာင္အျပည့္ ထိုးထားတယ္။ ႏူးညံ့သိမ္ေမြ႕ၿပီး ဉာဏ္ရည္လည္း မနိမ့္က်သလို… ဆက္ဆံေရး ေကာင္းမြန္ တယ္လို႔ J.J. Weir ဆိုသူကလည္း မွတ္တမ္းတင္ခဲ့တယ္။
ေမာင္ဖိုးဆက္အေၾကာင္း ေနာက္ဆုံး ေတြ႕ရတာက ၁၈၉၄ ခုႏွစ္မွာ ထုတ္ေဝခဲ့တဲ့ World’s Columbian Dental Congress, Volume 1 မွာပါ။ အဲဒီအထဲက ဆရာဝန္တစ္ေယာက္ဟာ
ေမာင္ဖိုးဆက္ကို ၁၈၉၁ မွာ ေတြ႕ဆုံခဲ့တယ္လို႔ ဆိုပါတယ္။ သူ႔ရဲ႕ သြားေတြကို စစ္ေဆးၾကည့္ဖို႔ ႀကိဳးစား ေပမယ့္… ပြဲ စီစဥ္သူ ေတြက ခြင့္မျပဳ ခဲ့ဘူးလို႔ ဆိုပါတယ္။
အဲဒီ ေနာက္ပိုင္းမွာေတာ့ သူတို႔ ရဲ႕သတင္းေတြ ေပ်ာက္ကြယ္သြားခဲ့တယ္။ ထိုကဲ့သို႔ ျမန္မာျပည္ရဲ႕ လူေမ်ာက္ မိသားစုမ်ိဳးဆက္မ်ား ထူးဆန္းစြာ ေပ်ာက္ကြယ္သြားေပမယ့္ ယေန႔အခ်ိန္မွာေတာ့
ဦးေ႐ႊေမာင္ရဲ႕ မ်ိဳးဆက္လို႔ ယူဆရတဲ့ ကေလးငယ္တဦး ရွမ္းျပည္န္ ႐ြာငံမွာ ေပၚထြက္လာၿပီ ျဖစ္ပါတယ္။ဦးေ႐ႊေမာင္ရဲ႕ မ်ိဳးဆက္လို႔ ေသခ်ာမေျပာႏိုင္ေပမယ့္လည္း ႐ြာငံက
ကေလးငယ္ကေတာ့ တကိုယ္လုံးနီးပါး အေမႊးအမွ်င္ေတြ ဖုံးအုပ္ထားတာကို ထူးဆန္းစြာ ေတြ႕ျမင္ရပါတယ္။ ပညာရွင္မ်ားအေနနဲ႔ ေလ့လာၾကည့္ၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္ခင္ဗ်ာ။
႐ြာငံၿမိဳ႕က ထူးဆန္းကေလးငယ္ရဲ႕သတင္းကိုေအာက္မွာ ေဖာ္ျပလိုက္ပါတယ္…
႐ြာငံၿမိဳ႕နယ္တြင္ ေမြးရာပါ တစ္ကိုယ္လုံး အေမႊးအမွ်င္မ်ားပါေနေသာ ကေလးငယ္ကို စိတ္ဝင္စားသူမ်ားေနဟုဆို… ရွမ္းျပည္နယ္ေတာင္ပိုင္း ႐ြာငံၿမိဳ႕နယ္ ၊ အလယ္ေခ်ာင္ေက်း႐ြာတြင္
ေမြးရာပါတစ္ကိုယ္လုံး အေမႊးအမွ်င္မ်ားပါေနေသာ အသက္ ၁ ႏွစ္ ၈ လအ႐ြယ္ ဓႏုတိုင္းရင္းသား ကေလးငယ္ကို စိတ္ဝင္စားသူမ်ားေနေၾကာင္း ၎၏ မိခင္ေဒၚစမ္းျမင့္ေမက ေျပာသည္။
အဆိုပါ ကေလးငယ္၏ အမည္သည္ ေမာင္ထင္ရွားေအာင္ျဖစ္ၿပီး မ်က္ခုံးေမႊး၊ ပါးသိုင္းေမႊး ၊ မ်က္ေတာင္ေမႊး ႏွင့္ နဖူးျပင္တစ္ခုလုံးတြင္ ေမႊးညႇင္းႏုမ်ားေပါက္ေနသည့္အျပင္ေက်ာျပင္တြင္လည္း
အေမႊးအမွ်င္မ်ားထူပိန္းေနသည့္အတြက္ ေဒသခံမ်ားႏွင့္ စိတ္ဝင္စားသူမ်ားလာေရာက္ ၾကည့္ရႉ႔ေလ့ရွိေၾကာင္းသိရသည္။“ဆရာဝန္ေတြကေတာ့ ဟိုမုန္းဓာတ္မ်ားလို႔ လို႔ေျပာတယ္။
ကိုယ္ဝန္ရွိစဥ္အခ်ိန္က အားေဆးေတြ အမ်ိဳးမ်ိဳးစားလို႔ ျဖစ္တာလို႔ေျပာၾကတယ္။ ကေလးရဲ႕က်န္းမာေရးကေတာ့ ေကာင္းပါတယ္။ တစ္ခါတစ္ေလ နာေစး၊ေခ်ာင္းဆိုးတာ ေလာက္ပဲရွိပါတယ္”ဟု ၎ကေျပာသည္။
ကေလးငယ္၏ ဖခင္ အသက္ ၅၀ အ႐ြယ္ ဓႏုတိုင္းရင္းသား ဦးမ်ိဳးေဇာ္ ႏွင့္ ဇနီးျဖစ္သူ မငယ္ (ခ) မစန္းျမင့္ေမ တို႔သည္ ယခုအခါ အိမ္ေထာင္သက္ သုံးႏွစ္သာ ရွိေသးေၾကာင္းႏွင့္ ကေလးငယ္ေရွ႕ေရးအတြက္ လူပုံအလယ္တြင္
မ်က္ႏွာငယ္မည္ကို စိုးရိမ္မူရွိေၾကာင္းသိရသည္။ “အစတုန္းကေတာ့ ႐ြာသားေတြက ကေလးကို လူဝင္စားတယ္။ ဘာျဖစ္တယ္လို႔ အမ်ိဳးမ်ိဳးေျပာၾကေတာ့ မိခင္တစ္ေယာက္အေနနဲ႔ အရမ္းခံစားရပါတယ္။
ေနာက္ပိုင္း လူသိမ်ားလာေတာ့… ဂ႐ုစိုက္မူ ခံလာရေတာ့ ျပန္ဝမ္းသာရပါတယ္”ဟု ၎က ထပ္မံေျပာသည္။ ကေလးငယ္တြင္ ျဖစ္ေပၚေနေသာ အေမႊးအမွ်င္မ်ားသည္ အခ်ိန္တန္အ႐ြယ္ေရာက္ကာဟိုမုန္းဓါတ္ ေျပာင္းလဲလာပါက အေမႊးအမွ်င္မ်ား ေလ်ာ့နည္းလာႏိုင္ေၾကာင္း သိရသည္။
(မွတ္ခ်က္။ ၁၉ ရာစုႏွစ္မွာ ခႏၶာကိုယ္ ထူးဆန္းစြာ ျဖစ္ေပၚေနတဲ့ လူမ်ားကို ႐ုံသြင္းၿပီး အထူးအဆန္းအျဖစ္ ျပစားေလ့ ရွိတဲ့အေလ့အထ အေနာက္ႏိုင္ငံေတြမွာ ရွိခဲ့ပါတယ္။
ယေန႔ေခတ္မွာေတာ့ လူ႔အခြင့္အေရးနဲ႔မေလ်ာ္ညီတဲ့အတြက္ အဲဒီလို ပြဲမ်ိဳးေတြ မရွိၾကေတာ့ပါဘူး။ ျမန္မာျပည္ရဲ႕ ထူးဆန္းတဲ့ မိသားစုျဖစ္တဲ့ ဦးေ႐ႊေမာင္ မိသားစုကို ယခင္ေခတ္က သုံးႏႈန္းခဲ့တဲ့အတိုင္း လူေမ်ာက္ဟု သုံးစြဲထားျခင္းဟာ စာရဲ႕ မူလအာေဘာ္
မပ်က္ေအာင္သုံးႏႈန္းထားျခင္းသာ ျဖစ္ၿပီး ႏွိမ့္ခ်ေစာ္ကားလိုတဲ့ သေဘာနဲ႔ ေခၚဆိုျခင္း မဟုတ္ေၾကာင္း ဒီေနရာကေန ရွင္းျပလိုပါတယ္။ စာတည္း)
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။
unicode
မှတ်ချက်။ ။ ၁၉ ရာစုနှစ်မှာ ခန္ဓာကိုယ် ထူးဆန်းစွာ ဖြစ်ပေါ်နေတဲ့ လူများကို ရုံသွင်းပြီး အထူးအဆန်းအဖြစ် ပြစားလေ့ ရှိတဲ့အလေ့အထ အနောက်နိုင်ငံတွေမှာ ရှိခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ လူ့အခွင့်အရေးနဲ့ မလျော်ညီတဲ့အတွက် အဲဒီလို ပွဲမျိုးတွေ မရှိကြတော့ပါဘူး။
မြန်မာပြည်ရဲ့ ထူးဆန်းတဲ့ မိသားစုဖြစ်တဲ့ ဦးရွှေမောင် မိသားစုကိုယခင်ခေတ်က သုံးနှုန်းခဲ့တဲ့အတိုင်း လူမျောက်ဟု သုံးစွဲထားခြင်းဟာ စာရဲ့မူလအာဘော်မပျက်အောင် သုံးနှုန်းထားခြင်းသာ ဖြစ်ပြီး နှိမ့်ချ စော်ကားလိုတဲ့သဘောနဲ့ ခေါ်ဆိုခြင်းမဟုတ်ကြောင်း ဒီနေရာကနေ ရှင်းပြလိုပါတယ်။
စာတည်း ပထမဆုံးလူမျောက်ဖြစ်တဲ့ ဦးရွှေမောင်ကို ၁၇၉၆ခုနှစ်မှ သံလွင်မြစ်(သို့) မုတ္တမြစ် ဘေးကလောနိုင်ငံ မိုင်းရုံးကြီးနယ်မှာ မွေးဖွားခဲ့တယ်။( ပထဝီအခြေအနေနဲ့ အခေါ်အဝေါ်အရ အဲဒီ ဒေသဟာ အခုထိုင်းနိုင်ငံထဲက Mae Yong ပဲ ဖြစ်ဖို့များပါတယ် )
အဲဒီဒေသကို အပိုင်စားတဲ့ စော်ဘွားတစ်ယောက်က ထူးထူးဆန်းဆန်း အမွေးအမျှင်တွေနဲ့ကလေးငယ်ကို မြန်မာဘုရင်ထံ အထူးအဆန်းလက်ဆောင်ပဏ္ဏာအဖြစ်နဲ့ ဆက်သလိုက်တာမို့ သူ့အသက်ငါးနှစ်သားအရွယ်မှ ာအင်းဝဘုရင်ထံကို ရောက်လာပါတယ်။
သူ့တစ်ကိုယ်လုံးမှာ အမွေးနုနုလေး တွရှည်လျားစွာပေါက်နေတယ်။ သူ့မျက်လုံး၊ အသားအရေပုံစံ စတာတွေက မြန်မာတွေနဲ့မတူဘူးလို့ဆိုပါတယ်။ (ဒီအဖြစ်အပျက်တွေကို ၁၈၂၆ မှာ ပထမဆုံးမှတ်တမ်းတင်နိုင်ခဲ့တဲ့ အင်္ဂလိပ်သံအဖွဲ့က ကရောဖို့ (ဒ်) မှတ်တမ်းကို လူထုဒေါ်အမာဆောင်းပါးထဲမှာ ဖတ်နိုင်ပါတယ်။)
ရွှေမောင်ဟာ အဲဒီကတည်းက နန်းတွင်းမှာပျော်တော်ဆက်အဖြစ်နဲ့ ကြီးပြင်းလာခဲ့တယ်။ မျောက်တွေလို ကပြ ဖျော်ဖြေရပါသတဲ့။ သူ့မိဘတွေမှာရော သူတို့ မျိုး နွယ်စုထဲမှာပါ… သူ့လိုအမွေးအမျှင်တွေ မရှိဘူးလို့… သူက ပြောပါတယ်။ လူပျိုအဖြစ်ကို အသက်၂၀ အရွယ်မှ ရောက်ပါတယ်တဲ့။
အသက်၂၂ မှာတော့ ဘုရင်က(ဘကြီးတော်ဘုရား ) သူ့ကို လှတဲ့နန်းတွင်းသူတစ်ယောက်နဲ့ လက်ထပ်ပေးပါတယ်။ သူတို့ကလေးလေးယောက်ရခဲ့တယ်။ အားလုံးက မိန်းခလေးတွေချည်းပါပဲ။ နှစ်ယောက်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါး သွားခဲ့ပြီး… တတိယသမီးလေးက မိခင်ဖြစ်သူနဲ့ အတော်ကိုတူပါသတဲ့။
နောက်ဆုံး ၂ နှစ်အရွယ် ကလေးတစ်ယောက်ကတော့ သူ့လိုပဲ… အမွေး အမျှင်တွေနဲ့ ဖြစ်လာတယ်။ အဲဒီ အငယ်ဆုံးသမီးက ရွှေမောင်ရဲ့ အမွေကို ဆက်ခံတဲ့ မဖုံး ဖြစ်ပါတယ်။ ကရောဖို့(ဒ်)ရဲ့စာအုပ်ထဲမှာ
ကိုရွှေမောင်နဲ့ သမီး မဖုံးရဲ့ ပုံဆိုပြီး ဖေါ်ပြ ခဲ့ရာမှာ… ကိုရွှေမောင်ရဲ့ပုံက ဟုတ်ပေမယ့် မဖုံးရဲ့ ပုံက မှားနေတယ်လို့ နောက်ပိုင်းမှာ ဟင်နရီနယူး(လ်)က ထောက်ပြ ခဲ့ပါတယ်။
အဲဒီနောက်
၁၈၅၅မှာ အင်းဝကို ကပ္ပတိန်ဟင်နရီယူး(လ်) ရောက်လာခဲ့ပါတယ်။ သူတို့ ရောက်လာချိန်မှာတော့ ကိုရွှေမောင့်သမီး မဖုံးဟာ အသက်၃၁အရွယ် ရှိနေပါပြီ။ သူ့ကို အီတလီလူမျိုးတစ်ယောက်က လက်ထပ်ပြီး နိုင်ငံခြားကို ခေါ်သွားဖို့ ကြိုးစားပါသေးတယ်။
ဒါပေမယ့် မြန်မာမင်းက ခွင့်မပြုခဲ့ပါဘူး။ နောက်ဆုံးတော့ မဖုံးကို ဘုရင်ကပဲ သာမန်အရပ်သားတစ်ယောက်နဲ့ လက်ထပ်ပေးခဲ့တာလို့ ဆိုရပါမယ်။ ဟင်နရီယူး(လ်)တို့ လာရောက်ချိန်မှာ မဖုံးမှာသားလေး နှစ်ယောက်တောင်ရနေပါပြီ။
ဦးရွှေမောင်ကတော့ လူဆိုး ဓားပြတွေ သတ်ဖြတ်လို့ ကွယ်လွန် ပြီးခဲ့ပြီလို့ သိရပါတယ်။ မဖုံးဟာလည်း သူ့အဖေ ဦးရွှေမောင်လိုပဲ တစ်ကိုယ်လုံးကို အမွေးရှည်တွေနဲ့ ဖုံးလို့ နေပါတယ်။
မဖုံးကနေသားသမီးသုံးယောက် မွေးဖွားခဲ့ပြီး အဲဒီအထဲက မောင်ဖိုးဆက်နဲ့ မမိတို့ဟာ မဖုံးလိုပဲ တစ်ကိုယ်လုံးမှာအမွေးတွေနဲ့ ဖြစ်ပါတယ်။
သူတို့မိသားစုဟာ သူတို့ကို အထူးအဆန်းလာကြည့်တဲ့ နိုင်ငံခြားသားတွေဆီကနေ အခကြေးငွေကို ကောက်ခံပြီး အသက်မွေးဝမ်းကျောင်းမှု ပြုခဲ့တယ်။ သူတို့ဟာ ကြည့်ရှုသူ တစ်ယောက်ချင်းစီကနေ ရူပီးငွေ လေးဆယ်ယူတယ်လို့ သိရပါတယ်။
နာမည်ကြီး ဖျော်ဖြေတင်ဆက်သူတစ်ယောက်ဖြစ်တဲ့ ဘာနမ်ဟာ ၁ ၈၇၁ ခုနှစ်ကတည်းက သူတို့ကို အမေရိကန် ခေါ်ပြီး သူ့ရဲ့( Greatest Show On Earth )ဆိုတဲ့ ဆပ်ကပ်ပွဲကြီးမှာပြစားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဘုရင်ကခွင့်မပြု ခဲ့ဘူး။
၁၈၈၅ မှာတော့ သီပေါမင်း နန်းကျပြီး နန်းတွင်းရေးတွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ… မဖုံးတို့ မိသားစု ဟာ နေပြည်တော်ကနေ တောတွင်း တစ်နေရာကို ထွက်ပြေး ခဲ့ကြတယ်။
မောင်ဖိုးဆက်ဟာ မျက်စိမကောင်းတော့တဲ့ မိခင်မဖုံးကို ကျောမှာပိုးပြီး ထွက်ပြေး ခဲ့တယ်လို့ ဆိုပါတယ်။ တောထဲမှာ သူတို့ဒုက္ခရောက်နေစဉ်မှာပဲ သီပေါမင်းထံမှာ အမှုထမ်းခဲ့ဖူးတဲ့
အီတလီ လူမျိုး အရာရှိ ကပ္ပတိန် ပေပါနိုက ( Captain Paperno ) သူတို့ကို ရှာတွေ့ပြီး ကယ်တင်ခဲ့တယ်။ ပြီးတော့ သူတို့ကို ဥပရောကိုပို့ဖို့ စီစဉ်ခဲ့ပါတယ်။
၁၈၈၆ ဇွန်လထဲမှာ မမိ ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်
အသက်၂၃ နှစ် အရွယ်လောက်မှာ ဖြစ်ပါလိမ့်မယ်။ ၁၈၈၆ နွေရာသီမှာတော့ သူတို့ကိုလန်ဒန်မြို့ပီကာဒလီလမ်းပေါ်က Egyptian Hall မှာပြန်လည် တွေ့မြင်ရပါတယ်။ ၁၈၈၆ ခုနှစ် နွေရာသီမှာ မဖုံး နဲ့ မောင်ဖိုးဆက်တို့ အင်္ဂလန်ကိုရောက်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ မဖုံးအသက်က ၆၂ နှစ် လောက်ရှိနေပြီ ဖြစ်ပြီး မျက်စိလည်း ကွယ်နေပါပြီ။ ဘာနမ် လည်း သူတို့ ရှိရာ အင်္ဂလန်ကို လိုက်လာပါတယ်။ သူ့အကြံက အမေရိကားမှာ စီစဉ်တင်ဆက်နေ တဲ့
သူ့ရဲ့ပွဲထဲမှာ မဖုံးတို့သားအမိ နှစ်ယောက်ကို ပြသဖို့ပါပဲ။ ဒါပေမယ့် သူ့ထက် အရင်လာပြီး စည်းရုံး နေတဲ့ အခြားသော ပွဲ စီစဉ်နေသူ တွေလည်း အဲဒီကို ကြိုရောက်နေတာ ကို တွေ့ခဲ့ ရတယ်။
နောက်ဆုံးမှာတော့ ဘာနမ်ဟာ အခြားသူတွေပေးတဲ့ ဈေးထက် အများကြီး ပိုပေးပြီး သူတို့ မိသားစုကို ၁နှစ်စာချုပ်နဲ့ သူ့ဆီမှာ ပြသဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။
မဖုံး နဲ့ သားဖြစ်သူ တို့ဟာ ၁၈၈၇ မှာ လန်ဒန် ကနေ ပြင်သစ်နိုင်ငံက နာမည်ကျော် Folies Bergere ကို လည်းရောက်သွား ခဲ့ပါသေးတယ်။
အဲဒီနောက် သူတို့ဟာ ဘာနမ်နဲ့ သဘောတူညီချက်အရ အမေရိကန်က ဘာနမ်ရဲ့ဆပ်ကပ်ပွဲ တွေမှာ လိုက်ပါဖျော်ဖြေခဲ့ကြတယ်။ စာချုပ်သက်တမ်း မကုန်ဆုံးမီကာလ ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီလ မှာတော့ မဖုံးဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ကွယ်လွန်ခဲ့တယ်။
၁၈၅၅ ကပ္ပတိန် ဟနရီယူး(လ်) လာတုန်းက သူမအသက်က ၃၁နှစ် ဆိုခဲ့တော့ ကွယ်လွန်ချိန်မှာ အသက် ၆၄ နှစ်လို့ မှတ်ယူရပါတယ်။ သူ့ ဈာပနကို ဝါရှင်တန်ဒီစီ သင်္ချိုင်းမှာပဲ မြန်မာထုံးတမ်းစဉ်လာ အတိုင်း
သဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။ မဖုံး ကွယ်လွန်သွားပေမယ့် မောင်ဖိုးဆက်ဟာ သူ့မိန်းမနဲ့ အတူ ဆက်ပြီး ပွဲတွေ ပြသခဲ့တယ်လို့ ယူဆရပါတယ်။ သူ့မိန်းမဟာ တချိန်က နန်းတွင်းအပျိုတော်တစ်ဦး ဖြစ်ပါ တယ်။ မောင်ဖိုးဆက်ဟာ
တစ်ကိုယ်လုံး အမွေးတွေ ဖုံးနေပေမယ့် ခါးကနေစပြီး ဒူးအထိ မင်ကြောင်အပြည့် ထိုးထားတယ်။ နူးညံ့သိမ်မွေ့ပြီး ဉာဏ်ရည်လည်း မနိမ့်ကျသလို… ဆက်ဆံရေး ကောင်းမွန် တယ်လို့ J.J. Weir ဆိုသူကလည်း မှတ်တမ်းတင်ခဲ့တယ်။
မောင်ဖိုးဆက်အကြောင်း နောက်ဆုံး တွေ့ရတာက ၁၈၉၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ World’s Columbian Dental Congress, Volume 1 မှာပါ။ အဲဒီအထဲက ဆရာဝန်တစ်ယောက်ဟာ
မောင်ဖိုးဆက်ကို ၁၈၉၁ မှာ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ သွားတွေကို စစ်ဆေးကြည့်ဖို့ ကြိုးစား ပေမယ့်… ပွဲ စီစဉ်သူ တွေက ခွင့်မပြု ခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီ နောက်ပိုင်းမှာတော့ သူတို့ ရဲ့သတင်းတွေ ပျောက်ကွယ်သွားခဲ့တယ်။ ထိုကဲ့သို့ မြန်မာပြည်ရဲ့ လူမျောက် မိသားစုမျိုးဆက်များ ထူးဆန်းစွာ ပျောက်ကွယ်သွားပေမယ့် ယနေ့အချိန်မှာတော့
ဦးရွှေမောင်ရဲ့ မျိုးဆက်လို့ ယူဆရတဲ့ ကလေးငယ်တဦး ရှမ်းပြည်န် ရွာငံမှာ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ဦးရွှေမောင်ရဲ့ မျိုးဆက်လို့ သေချာမပြောနိုင်ပေမယ့်လည်း ရွာငံက
ကလေးငယ်ကတော့ တကိုယ်လုံးနီးပါး အမွှေးအမျှင်တွေ ဖုံးအုပ်ထားတာကို ထူးဆန်းစွာ တွေ့မြင်ရပါတယ်။ ပညာရှင်များအနေနဲ့ လေ့လာကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
ရွာငံမြို့က ထူးဆန်းကလေးငယ်ရဲ့သတင်းကိုအောက်မှာ ဖော်ပြလိုက်ပါတယ်…
ရွာငံမြို့နယ်တွင် မွေးရာပါ တစ်ကိုယ်လုံး အမွှေးအမျှင်များပါနေသော ကလေးငယ်ကို စိတ်ဝင်စားသူများနေဟုဆို… ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ၊ အလယ်ချောင်ကျေးရွာတွင်
မွေးရာပါတစ်ကိုယ်လုံး အမွှေးအမျှင်များပါနေသော အသက် ၁ နှစ် ၈ လအရွယ် ဓနုတိုင်းရင်းသား ကလေးငယ်ကို စိတ်ဝင်စားသူများနေကြောင်း ၎င်း၏ မိခင်ဒေါ်စမ်းမြင့်မေက ပြောသည်။
အဆိုပါ ကလေးငယ်၏ အမည်သည် မောင်ထင်ရှားအောင်ဖြစ်ပြီး မျက်ခုံးမွှေး၊ ပါးသိုင်းမွှေး ၊ မျက်တောင်မွှေး နှင့် နဖူးပြင်တစ်ခုလုံးတွင် မွှေးညှင်းနုများပေါက်နေသည့်အပြင်ကျောပြင်တွင်လည်း
အမွှေးအမျှင်များထူပိန်းနေသည့်အတွက် ဒေသခံများနှင့် စိတ်ဝင်စားသူများလာရောက် ကြည့်ရှူ့လေ့ရှိကြောင်းသိရသည်။“ဆရာဝန်တွေကတော့ ဟိုမုန်းဓာတ်များလို့ လို့ပြောတယ်။
ကိုယ်ဝန်ရှိစဉ်အချိန်က အားဆေးတွေ အမျိုးမျိုးစားလို့ ဖြစ်တာလို့ပြောကြတယ်။ ကလေးရဲ့ကျန်းမာရေးကတော့ ကောင်းပါတယ်။ တစ်ခါတစ်လေ နာစေး၊ချောင်းဆိုးတာ လောက်ပဲရှိပါတယ်”ဟု ၎င်းကပြောသည်။
ကလေးငယ်၏ ဖခင် အသက် ၅၀ အရွယ် ဓနုတိုင်းရင်းသား ဦးမျိုးဇော် နှင့် ဇနီးဖြစ်သူ မငယ် (ခ) မစန်းမြင့်မေ တို့သည် ယခုအခါ အိမ်ထောင်သက် သုံးနှစ်သာ ရှိသေးကြောင်းနှင့် ကလေးငယ်ရှေ့ရေးအတွက် လူပုံအလယ်တွင်
မျက်နှာငယ်မည်ကို စိုးရိမ်မူရှိကြောင်းသိရသည်။ “အစတုန်းကတော့ ရွာသားတွေက ကလေးကို လူဝင်စားတယ်။ ဘာဖြစ်တယ်လို့ အမျိုးမျိုးပြောကြတော့ မိခင်တစ်ယောက်အနေနဲ့ အရမ်းခံစားရပါတယ်။
နောက်ပိုင်း လူသိများလာတော့… ဂရုစိုက်မူ ခံလာရတော့ ပြန်ဝမ်းသာရပါတယ်”ဟု ၎င်းက ထပ်မံပြောသည်။ ကလေးငယ်တွင် ဖြစ်ပေါ်နေသော အမွှေးအမျှင်များသည် အချိန်တန်အရွယ်ရောက်ကာဟိုမုန်းဓါတ် ပြောင်းလဲလာပါက အမွှေးအမျှင်များ လျော့နည်းလာနိုင်ကြောင်း သိရသည်။
(မှတ်ချက်။ ၁၉ ရာစုနှစ်မှာ ခန္ဓာကိုယ် ထူးဆန်းစွာ ဖြစ်ပေါ်နေတဲ့ လူများကို ရုံသွင်းပြီး အထူးအဆန်းအဖြစ် ပြစားလေ့ ရှိတဲ့အလေ့အထ အနောက်နိုင်ငံတွေမှာ ရှိခဲ့ပါတယ်။
ယနေ့ခေတ်မှာတော့ လူ့အခွင့်အရေးနဲ့မလျော်ညီတဲ့အတွက် အဲဒီလို ပွဲမျိုးတွေ မရှိကြတော့ပါဘူး။ မြန်မာပြည်ရဲ့ ထူးဆန်းတဲ့ မိသားစုဖြစ်တဲ့ ဦးရွှေမောင် မိသားစုကို ယခင်ခေတ်က သုံးနှုန်းခဲ့တဲ့အတိုင်း လူမျောက်ဟု သုံးစွဲထားခြင်းဟာ စာရဲ့ မူလအာဘော်
မပျက်အောင်သုံးနှုန်းထားခြင်းသာ ဖြစ်ပြီး နှိမ့်ချစော်ကားလိုတဲ့ သဘောနဲ့ ခေါ်ဆိုခြင်း မဟုတ်ကြောင်း ဒီနေရာကနေ ရှင်းပြလိုပါတယ်။ စာတည်း)
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။