ျပည္တြင္းသတင္း

ရန္ကုန္ ၿမိဳ႕နယ္ေတြကို (၄) နာရီျခားစီ မီးျဖတ္မယ့္ အစီအစဥ္ အျပည့္အစုံ

ရန္ကုန္တိုင္း ေဒသႀကီးအတြင္းရွိ ခ႐ိုင္ (၃) ခုကို အုပ္စု (၂) ခုခြဲကာ (၄) နာရီစီ မီးအလွည့္က်ေပးႏိုင္ရန္ စမ္းသပ္စီစဥ္ေနေၾကာင္း ရန္ကုန္တိုင္းလွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပို ေရးရွင္း (YESC) မွ သိရပါတယ္။

ရန္ကုန္တိုင္းအတြင္း (၄) နာရီျခား တစ္ႀကိမ္စီ မီးအလွည့္ က်ေပးရန္စီစဥ္ေနသည္ဆိုသည့္ သတင္းႏွင့္ ပတ္သက္ ၍ YESC မွ တာဝန္ရွိသူက ေျပာၾကားမႈကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္-

“အၾကမ္းဖ်ဥ္း ေျပာလို႔ရတာက အေနာက္ပိုင္းကို ဦးစား ေပးၿပီးေတာ့ က်န္တဲ့ ေတာင္ပိုင္း၊ ေျမာက္ပိုင္းနဲ႔ အေရွ႕ပိုင္း ၿမိဳ႕နယ္ေတြကို မနက္ (၉) နာရီကေန ညေန (၅) နာရီအထိေပါ့ဗ်ာ။

အုပ္စု ႏွစ္ခုခြဲလိုက္တယ္။ အုပ္စု (A) နဲ႔ (B) နဲ႔ အုပ္စု (၂) ခုခြဲၿပီးေတာ့ တစ္ဝက္စီေပးမယ္။ (၉) နာ ရီကေန ေန႔ခင္း (၁) နာရီ အထိကို အုပ္စု (A)ေပါ့ ၊ ေန႔ ခင္း (၁) နာရီကေန ညေန (၅)နာရီအထိကို အုပ္စု (B) ေပါ့” ဟု YESC မွ တာဝန္ရွိသူတစ္ဦးျဖစ္သည့္ ဦးေအာင္ေက်ာ္ဟိန္းက ရွင္းျပပါတယ္။

ထိုကဲ့သို႔ အုပ္စုခြဲကာ ဓာတ္အားအလွည့္က်ေပးရန္ စီစဥ္ထားေသာ္လည္း ဓာတ္အားေလ်ာ့က်မႈႏွင့္ ဓာတ္အားစနစ္အေရးေပၚအေျခအေနႏွင့္ႀကဳံေတြ႕ရသည့္ အခ်ိန္မ်ိဳးတြင္ ဓာတ္အားျဖတ္ေတာက္ရသည့္ အေျခအေနမ်ိဳးလ ည္း ႀကဳံရႏိုင္ေၾကာင္း သိရပါတယ္။

သို႔ေသာ္ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္အတြင္း ပါဝင္သည့္ ၿမိဳ႕တြင္းဧရိယာႏွင့္ ၊ ေက်ာင္းမ်ား၊ ေဆး႐ုံးမ်ား ၊ ႐ုံးမ်ားႏွင့္ အစိုးရဌာနဆိုင္ရာမ်ားကို (၂၄) နာရီအခ်ိန္ျပည့္ လွ်ပ္ စစ္ဓာတ္အားေပးႏိုင္ရန္ စီစဥ္ထားေၾကာင္း ဦးေအာင္ေက်ာ္ဟိန္းက ရွင္းျပပါတယ္။

အဆိုပါ မနက္ (၉) နာရီမွ ညေန (၅) နာရီအထိ အလွည့္ က် ဓာတ္ေပးမည့္ အစီအစဥ္တြင္ ရန္ကုန္တိုင္းအတြင္း ရွိ စက္မႈဇုန္မ်ားအေနျဖင့္ (၈) နာရီအျပည့္ ဓာတ္အား ရရွိမည္ျဖစ္ၿပီး ညေန (၅) နာရီေနာက္ပိုင္းမွ ေနာက္တစ္ေန႔ နံ နက္ (၉) နာရီအထိ လွ်ပ္စစ္ဓာတ္အား ရရွိမည္ မဟုတ္ေၾကာင္း သိရပါတယ္။

“စက္မႈဇုန္ကို အဲဒီအခ်ိန္မွာ ေပးမွာ ၊ရန္ကုန္ရဲ႕ ခ႐ိုင္ (၃) ခ႐ိုင္ကို မနက္ (၉) နာရီကေန ညေန (၅) နာရီအထိ အုပ္စု (၂) ခုခြဲၿပီး တစ္ဝက္ကို ျဖဳတ္ခ်ၿပီး ေပးလို႔ ပိုလာတဲ့ဓာတ္ အားကို စက္မႈဇုန္ကို ေပးမယ္။ (၉) နာရီကေန ညေန (၅) နာရီ ၾကားမွာ စက္မႈဇုန္ကိုေပးမယ္။

ညေန (၅) နာရီထိုးတာနဲ႔ စက္မႈဇုန္က လုံးဝမရေတာ့ဘူး ။ ေနာက္ေန႔မနက္ (၉) နာရီမွ ျပန္ရမွာ ” ဟု ဦးေအာင္ေက်ာ္ဟိန္းက ေျပာပါတယ္။

လက္ရွိတြင္ ရန္ကုန္တိုင္းအတြင္း လွ်ပ္စစ္ဓာတ္အားေပးရန္ ယင္းကဲ့သို႔ စီစဥ္ထားၿပီး အုပ္စု (A) ႏွင့္ (B) အတြင္း ပါဝင္သည့္ ၿမိဳ႕နယ္မ်ားအေနျဖင့္ တစ္ရက္လ်င္ (၄) နာရီဝန္းက်င္ မီးျပတ္ႏိုင္သည့္ အေျခအေနျဖစ္ေၾကာင္း သိရသည္။

လတ္တေလာတြင္ ယင္းကဲ့သို႔ စီစဥ္ထားေသာ္လည္း လိုအပ္ခ်က္ရွိလာပါက ရန္ကုန္အေနာက္ပိုင္းခ႐ိုင္အတြင္းရွိ ၿမိဳ႕နယ္မ်ားကိုလည္း ယာယီ မီးျဖတ္ေတာက္ရမည့္အစီ အစဥ္ရွိေၾကာင္းလည္း သိရသည္။

“ေပးရတာ မတည္မၿငိမ္ေလးေတြေတာ့ ျဖစ္ေနတုန္းပဲ။ တည္ၿငိမ္ဖို႔ဆိုတာက ဓာတ္အားစနစ္ကို ထုတ္လႊတ္ေနတဲ့ စက္ေတြကလည္း တည္ၿငိမ္ရမယ္။ ကြၽန္ေတာ္တို႔ ပလန္ထားတဲ့အထဲလည္း ဝင္ေနရမယ္။ အဲဒါမွ ၿငိမ္ေနေအာင္ေပးလို႔ရမွာ။

အၾကမ္းဖ်ဥ္းေပးဖို႔ပလန္ထားတာကေတာ့ အဲဒီအတိုင္းပဲ။ အေနာက္ပိုင္းက ၂၄ နာရီ ရေပမယ့္ လိုအပ္လာရင္ သူ႔လည္း ထို႔းျဖတ္မွာပဲ” ဟု ဆိုပါတယ္။

လက္ရွိတြင္ ေလာပိတဓာတ္အားလိုင္း (၁/၂၃) ရပ္ထားရျခင္း၊ ရန္ကုန္တိုင္း သီလဝါႏွင့္ သာေကတၿမိဳ႕နယ္အတြ င္းရွိ ဓာတ္အားေပးစက္႐ုံ (၂) ခု ရပ္နားထားရျခင္း၊ ေ႐ႊသဘာဝဓာတ္‌ေငြ႕မွလည္း ဓာတ္အားထုတ္လႊတ္ႏိုင္မႈ ေလွ်ာ့က်ေနျခင္း အပါအဝင္

ျပည္တြင္းရွိ အခ်ိဳ႕ဓာတ္ အားေပးစက္႐ုံမ်ားမွ ဓာတ္အားရရွိမႈ ေလွ်ာ့က်ေနျခင္း၊ ဓာတ္အားေပးလိုင္းမ်ား ဖ်က္ဆီးခံရျခင္းေၾကာင့္ ယခင္က ရရွိေနသည့္ ဓာတ္အားထက္ ထက္ဝက္နီးပါး ေလွ်ာ့က်ေနေၾကာင္းလည္း YESC မွ သိရပါတယ္။

အျခားျပည္နယ္ႏွင့္ တိုင္းမ်ားတြင္လည္း ရရွိသည့္ လွ်ပ္ စစ္ဓာတ္အားခြဲတန္းအလိုက္ အေျခအေနေပၚမူတည္ကာ အဆင္ေျပႏိုင္မည့္ နည္းလမ္းမ်ားျဖင့္ ျပည္သူလူထုအား လွ်ပ္စစ္ဓာတ္အားေပးႏိုင္ေရး အစီအစဥ္မ်ား လုပ္ေဆာင္ေနေၾကာင္းလည္း သိရပါတယ္။

credit

unicode

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင် (၃) ခုကို အုပ်စု (၂) ခုခွဲကာ (၄) နာရီစီ မီးအလှည့်ကျပေးနိုင်ရန် စမ်းသပ်စီစဉ်နေကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်း (YESC) မှ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း (၄) နာရီခြား တစ်ကြိမ်စီ မီးအလှည့် ကျပေးရန်စီစဉ်နေသည်ဆိုသည့် သတင်းနှင့် ပတ်သက် ၍ YESC မှ တာဝန်ရှိသူက ပြောကြားမှုကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်-

“အကြမ်းဖျဉ်း ပြောလို့ရတာက အနောက်ပိုင်းကို ဦးစား ပေးပြီးတော့ ကျန်တဲ့ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း မြို့နယ်တွေကို မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိပေါ့ဗျာ။

အုပ်စု နှစ်ခုခွဲလိုက်တယ်။ အုပ်စု (A) နဲ့ (B) နဲ့ အုပ်စု (၂) ခုခွဲပြီးတော့ တစ်ဝက်စီပေးမယ်။ (၉) နာ ရီကနေ နေ့ခင်း (၁) နာရီ အထိကို အုပ်စု (A)ပေါ့ ၊ နေ့ ခင်း (၁) နာရီကနေ ညနေ (၅)နာရီအထိကို အုပ်စု (B) ပေါ့” ဟု YESC မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်ဟိန်းက ရှင်းပြပါတယ်။

ထိုကဲ့သို့ အုပ်စုခွဲကာ ဓာတ်အားအလှည့်ကျပေးရန် စီစဉ်ထားသော်လည်း ဓာတ်အားလျော့ကျမှုနှင့် ဓာတ်အားစနစ်အရေးပေါ်အခြေအနေနှင့်ကြုံတွေ့ရသည့် အချိန်မျိုးတွင် ဓာတ်အားဖြတ်တောက်ရသည့် အခြေအနေမျိုးလ ည်း ကြုံရနိုင်ကြောင်း သိရပါတယ်။

သို့သော် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း ပါဝင်သည့် မြို့တွင်းဧရိယာနှင့် ၊ ကျောင်းများ၊ ဆေးရုံးများ ၊ ရုံးများနှင့် အစိုးရဌာနဆိုင်ရာများကို (၂၄) နာရီအချိန်ပြည့် လျှပ် စစ်ဓာတ်အားပေးနိုင်ရန် စီစဉ်ထားကြောင်း ဦးအောင်ကျော်ဟိန်းက ရှင်းပြပါတယ်။

အဆိုပါ မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ အလှည့် ကျ ဓာတ်ပေးမည့် အစီအစဉ်တွင် ရန်ကုန်တိုင်းအတွင်း ရှိ စက်မှုဇုန်များအနေဖြင့် (၈) နာရီအပြည့် ဓာတ်အား ရရှိမည်ဖြစ်ပြီး ညနေ (၅) နာရီနောက်ပိုင်းမှ နောက်တစ်နေ့ နံ နက် (၉) နာရီအထိ လျှပ်စစ်ဓာတ်အား ရရှိမည် မဟုတ်ကြောင်း သိရပါတယ်။

“စက်မှုဇုန်ကို အဲဒီအချိန်မှာ ပေးမှာ ၊ရန်ကုန်ရဲ့ ခရိုင် (၃) ခရိုင်ကို မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိ အုပ်စု (၂) ခုခွဲပြီး တစ်ဝက်ကို ဖြုတ်ချပြီး ပေးလို့ ပိုလာတဲ့ဓာတ် အားကို စက်မှုဇုန်ကို ပေးမယ်။ (၉) နာရီကနေ ညနေ (၅) နာရီ ကြားမှာ စက်မှုဇုန်ကိုပေးမယ်။

ညနေ (၅) နာရီထိုးတာနဲ့ စက်မှုဇုန်က လုံးဝမရတော့ဘူး ။ နောက်နေ့မနက် (၉) နာရီမှ ပြန်ရမှာ ” ဟု ဦးအောင်ကျော်ဟိန်းက ပြောပါတယ်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားပေးရန် ယင်းကဲ့သို့ စီစဉ်ထားပြီး အုပ်စု (A) နှင့် (B) အတွင်း ပါဝင်သည့် မြို့နယ်များအနေဖြင့် တစ်ရက်လျင် (၄) နာရီဝန်းကျင် မီးပြတ်နိုင်သည့် အခြေအနေဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ယင်းကဲ့သို့ စီစဉ်ထားသော်လည်း လိုအပ်ချက်ရှိလာပါက ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များကိုလည်း ယာယီ မီးဖြတ်တောက်ရမည့်အစီ အစဉ်ရှိကြောင်းလည်း သိရသည်။

“ပေးရတာ မတည်မငြိမ်လေးတွေတော့ ဖြစ်နေတုန်းပဲ။ တည်ငြိမ်ဖို့ဆိုတာက ဓာတ်အားစနစ်ကို ထုတ်လွှတ်နေတဲ့ စက်တွေကလည်း တည်ငြိမ်ရမယ်။ ကျွန်တော်တို့ ပလန်ထားတဲ့အထဲလည်း ဝင်နေရမယ်။ အဲဒါမှ ငြိမ်နေအောင်ပေးလို့ရမှာ။

အကြမ်းဖျဉ်းပေးဖို့ပလန်ထားတာကတော့ အဲဒီအတိုင်းပဲ။ အနောက်ပိုင်းက ၂၄ နာရီ ရပေမယ့် လိုအပ်လာရင် သူ့လည်း ထို့းဖြတ်မှာပဲ” ဟု ဆိုပါတယ်။

လက်ရှိတွင် လောပိတဓာတ်အားလိုင်း (၁/၂၃) ရပ်ထားရခြင်း၊ ရန်ကုန်တိုင်း သီလဝါနှင့် သာကေတမြို့နယ်အတွ င်းရှိ ဓာတ်အားပေးစက်ရုံ (၂) ခု ရပ်နားထားရခြင်း၊ ရွှေသဘာဝဓာတ်‌ငွေ့မှလည်း ဓာတ်အားထုတ်လွှတ်နိုင်မှု လျှော့ကျနေခြင်း အပါအဝင်

ပြည်တွင်းရှိ အချို့ဓာတ် အားပေးစက်ရုံများမှ ဓာတ်အားရရှိမှု လျှော့ကျနေခြင်း၊ ဓာတ်အားပေးလိုင်းများ ဖျက်ဆီးခံရခြင်းကြောင့် ယခင်က ရရှိနေသည့် ဓာတ်အားထက် ထက်ဝက်နီးပါး လျှော့ကျနေကြောင်းလည်း YESC မှ သိရပါတယ်။

အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း ရရှိသည့် လျှပ် စစ်ဓာတ်အားခွဲတန်းအလိုက် အခြေအနေပေါ်မူတည်ကာ အဆင်ပြေနိုင်မည့် နည်းလမ်းများဖြင့် ပြည်သူလူထုအား လျှပ်စစ်ဓာတ်အားပေးနိုင်ရေး အစီအစဉ်များ လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။

credit