ၾကားသိရသမွ်

ဆရာအၾကည္ေတာ္ရဲ႕ အုတ္ဂူေပၚက အျငင္းပြားဖြယ္ျဖစ္ေနတဲ့ အခ်က္ တခ်က္

ျပည္သူ႔ အခ်စ္ေတာ္ ႏိုင္ငံေက်ာ္ စာေရးဆရာ အၾကည္ေတာ္ရဲ႕ အုတ္ဂူ အၿပီးသတ္ ၿပီးဆုံးသြား၍ နာေရးကူညီမႈအသင္း (ရန္ကုန္) မွ

ယေန႔ ႏိုဝင္ဘာလ ၁၆ ရက္ေန႔ နံနက္ပိုင္းမွာ မိသားစုဝင္မ်ားထံ လႊဲေျပာင္းေပးအပ္ႏွံ ခဲ့တယ္လို႔ သိရပါတယ္။

ဆရာ အၾကည္ေတာ္ လဲေလ်ာင္းရာ အုတ္ဂူကို ႐ိုး႐ိုးရွင္းရွင္း ပုံစံနဲ႔ တည္ေဆာက္ထားၿပီး ဆရာ့ရဲ႕ နာမည္ေက်ာ္ စကားတခု ျဖစ္တဲ့ “ဒုကၡဆိုတာ ေနာင္တခ်ိန္ ျဖစ္လာမယ့္ ဟာသပါ” ဆိုတဲ့ စကားကို ေရးထိုးထားပါတယ္။

ဆရာ့ရဲ႕ နာမည္ေက်ာ္ စကားဟာ မွန္ေပမယ့္ အုတ္ဂူမွာ ေရးထိုးေပးတဲ့သူကေတာ့ သတ္ပုံမွားေနခဲ့တာပဲ ျဖစ္ပါတယ္။

ျမန္မာစာမွာ “မဲ့” နဲ႔ “မယ့္” စကားလုံးေတြဟာ အသံထြက္ပုံ တူေပမယ့္ သုံးတဲ့ အေၾကာင္းအရာေတြ မတူပါဘူး။

“မဲ့” ဆိုတဲ့ စကားလုံးကို ကင္းမဲ့။ ဒါေပမဲ့၊ -က္နက္မဲ့၊ အျပစ္မဲ့၊ ေျပာခ်င္ေပမဲ့ စတဲ့ အျငင္းသေဘာေတြမွာ သုံးေလ့ ရွိၿပီး “မယ့္” ဆိုတဲ့ စကားလုံးကို လာမယ့္ႏွစ္၊

ေတာက္မယ့္မီးခဲ့၊ မင္းျပန္လာမယ့္ေန႔ စတဲ့ အခ်ိန္ျပ သေဘာေတြမွာ သုံးေလ့ ရွိတယ္လို႔ သိရပါတယ္။

ဒါေပမယ့္ တိက်တဲ့ အသုံးအႏႈန္း မဟုတ္ဘဲ ျမန္မာစာမွာ အျငင္းအခုန္ေတြ ျဖစ္ေနၾကပါေသးတယ္။

“မယ့္” ဆိုတဲ့ အသုံးအႏႈန္းဟာ ျမန္မာ့ေရးထုံးမွာ မရွိဘဲ “မဲ့” ဆိုတဲ့ အသုံးအႏႈန္းပဲ ရွိတယ္လို႔ ျမန္မာစာအဖြဲ႕က ျပဌာန္းထားေပမယ့္လည္း လတ္တေလာမွာ အခ်ိန္ျပ သေဘာေတြကို “မယ့္” နဲ႔ပဲ အမ်ားဆုံး အသုံးျပဳေနၾကပါတယ္။

အမ်ားျပည္သူ တိတိက်က် ေသေသခ်ာခ်ာ သိေစဖို႔ တတ္ကြၽမ္းနားလည္တဲ့ ျမန္မာစာ ပညာရွင္ေတြအေနနဲ႔ ျပည္သူကို ရွင္းလင္း တင္ျပသင့္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

unicode

ပြည်သူ့ အချစ်တော် နိုင်ငံကျော် စာရေးဆရာ အကြည်တော်ရဲ့ အုတ်ဂူ အပြီးသတ် ပြီးဆုံးသွား၍ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ

ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်နှံ ခဲ့တယ်လို့ သိရပါတယ်။

ဆရာ အကြည်တော် လဲလျောင်းရာ အုတ်ဂူကို ရိုးရိုးရှင်းရှင်း ပုံစံနဲ့ တည်ဆောက်ထားပြီး ဆရာ့ရဲ့ နာမည်ကျော် စကားတခု ဖြစ်တဲ့ “ဒုက္ခဆိုတာ နောင်တချိန် ဖြစ်လာမယ့် ဟာသပါ” ဆိုတဲ့ စကားကို ရေးထိုးထားပါတယ်။

ဆရာ့ရဲ့ နာမည်ကျော် စကားဟာ မှန်ပေမယ့် အုတ်ဂူမှာ ရေးထိုးပေးတဲ့သူကတော့ သတ်ပုံမှားနေခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာစာမှာ “မဲ့” နဲ့ “မယ့်” စကားလုံးတွေဟာ အသံထွက်ပုံ တူပေမယ့် သုံးတဲ့ အကြောင်းအရာတွေ မတူပါဘူး။

“မဲ့” ဆိုတဲ့ စကားလုံးကို ကင်းမဲ့။ ဒါပေမဲ့၊ -က်နက်မဲ့၊ အပြစ်မဲ့၊ ပြောချင်ပေမဲ့ စတဲ့ အငြင်းသဘောတွေမှာ သုံးလေ့ ရှိပြီး “မယ့်” ဆိုတဲ့ စကားလုံးကို လာမယ့်နှစ်၊

တောက်မယ့်မီးခဲ့၊ မင်းပြန်လာမယ့်နေ့ စတဲ့ အချိန်ပြ သဘောတွေမှာ သုံးလေ့ ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် တိကျတဲ့ အသုံးအနှုန်း မဟုတ်ဘဲ မြန်မာစာမှာ အငြင်းအခုန်တွေ ဖြစ်နေကြပါသေးတယ်။

“မယ့်” ဆိုတဲ့ အသုံးအနှုန်းဟာ မြန်မာ့ရေးထုံးမှာ မရှိဘဲ “မဲ့” ဆိုတဲ့ အသုံးအနှုန်းပဲ ရှိတယ်လို့ မြန်မာစာအဖွဲ့က ပြဌာန်းထားပေမယ့်လည်း လတ်တလောမှာ အချိန်ပြ သဘောတွေကို “မယ့်” နဲ့ပဲ အများဆုံး အသုံးပြုနေကြပါတယ်။

အများပြည်သူ တိတိကျကျ သေသေချာချာ သိစေဖို့ တတ်ကျွမ်းနားလည်တဲ့ မြန်မာစာ ပညာရှင်တွေအနေနဲ့ ပြည်သူကို ရှင်းလင်း တင်ပြသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

credit