ဦးနာေအာက္ဟု ဆိုလိုက္လွ်င္မ်ိဳးခ်စ္စိတ္ျပည့္ဝသူ ၊အမ်ိဳးအတြက္ အင္အားႀကီးမားလွေသာၿဗိတိသွ်သေဘၤာကုမၸဏီႏွင့္ယွဥ္ၿပိဳင္ဝံ့သူအျဖစ္အားလုံး သိၾကမွာပါ။
ဦးနာေအာက္ကို ဖားအံၿမိဳ႕နယ္ ခရဲ႐ြာတြင္ ၁၈၃၃ ခုႏွစ္၌ ေမြးဖြားခဲ့သည္။ ငယ္နာမည္ ေမာင္ေအာ့(က္) ျဖစ္ၿပီး မိဘမ်ားမွာ မြန္တိုင္းရင္းသားမ်ားျဖစ္သည္။
ေမာင္ေအာ့(က္) ကို မြန္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ပညာသင္ေစခဲ့သျဖင့္ မြန္စာကို အေတာ္အတန္နားလည္တတ္ကြၽမ္းၿပီး ျမန္မာစာကိုမႈ ထမင္းစား ေရေသာက္မွ် တတ္ကြၽမ္းသည္။
မိဘမ်ားမွာ ဆင္းရဲလြန္းသျဖင့္ စာအနည္းငယ္မွ်တတ္ကြၽမ္းၿပီးသည့္အခါ ေက်ာင္းထြက္ၿပီး ကြၽဲ ၊
ႏြားအငွားထိန္းေက်ာင္းေသာ အလုပ္ကို လုပ္ၿပီး မိဘမ်ားကို ေထာက္ပံ့သည္။ ထို႔ေနာက္ လယ္ထြန္ျခင္း ၊ သစ္လုပ္ငန္းတြင္ အလုပ္ၾကမ္းသမား စသည့္အလုပ္မ်ားကို လုပ္ခဲ့သည္။
ထိုအခ်ိန္တြင္ အသက္ ၃၅ႏွစ္ခန႔္ရွိၿပီျဖစ္သည္။ အလုပ္လုပ္ရာတြင္ ေစတနာပါသည္ ၊ ႐ိုးသားေျဖာင့္မတ္ၿပီး တာဝန္ေက်သျဖင့္ အလုပ္သမားေခါင္းရာထူးကို သူေဌးဦးေထာ္အာက ခန႔္သည္။
ကိုေအာက္သည္ ရရွိေသာေငြမ်ားကို အပိုတစ္ျပားမွ မသုံးစြဲပဲ စုသည္။ ၁၅ႏွစ္မွ် လုပ္၍ အသက္ ၅၀ အ႐ြယ္ေရာက္ေသာအခါ စုထားသမွ်ေငြမ်ားကို သူေဌးထံတြင္အပ္ကာ မိမိအား သစ္ေခါင္းလုပ္ငန္းတစ္ခု ခြဲေဝလုပ္ကိုင္ခြင့္ေပးရန္ ေတာင္းခဲ့သည္။
ယုံၾကည္သူျဖစ္သျဖင့္ သူေဌးကလည္းခြင့္ျပဳရာ ဦးနာေအာက္သည္ မယ္တဲ ႏွင့္ မယ္အဲ သစ္ေတာတြင္ သူေဌးကိုယ္စားလုပ္ကိုင္ခဲ့သည္။
ထိုအခ်ိန္တြင္ ျမန္မာျပည္ေအာက္ပိုင္းသည္ အဂၤလိပ္လက္ေအာက္ က်ေရာက္ေနၿပီး ကယားျပည္နယ္ကို အဂၤလိပ္ႏွင့္ ျမန္မာဘုရင္တို႔ သူပိုင္သည္ ၊ ငါပိုင္သည္ ဟု ျငင္းခုန္ေနၾကသည့္ အခ်ိန္ျဖစ္သည္။
ဦးနာေအာက္သည္ ကယားေစာ္ဘြားမ်ားထံမွ မယ္ဖဲ ၊ မယ္စဲ ၊ သဖန္းပင္သစ္ေတာတို႔ကို အခေၾကးေငြျဖင့္ ထုတ္ယူခြင့္ေပးရန္ ခြင့္ေတာင္းရာ ေစာ္ဘြားမ်ားကလည္း ခြင့္ျပဳခဲ့သည္။ဦးနာေအာက္သည္ အလုပ္သမားဘဝကတည္းကလက္ေအာက္ ငယ္သားတို႔ကို ညႇာတာေလ့ရွိရာ အားလုံးက ခ်စ္ခင္ၾကၿပီး အႏိုင္ေအာက္(ဘႀကီးေအာက္) ဟု ေခၚေလ့ရွိသည္။
ဦးနာေအာက္သည္ ေကာင္းမြန္စြာပညာမသင္ၾကားခဲ့ရေသာ္လည္း အေမွ်ာ္အျမင္ရွိၿပီး စြန႔္စားဝံသူျဖစ္သည္။
ဦးနာေအာက္လုပ္ေနေသာ သစ္ေတာမ်ားသည္ တစ္ခါတစ္ရံမွသာ ျမစ္ေၾကာင္းေကာင္းတတ္သျဖင့္ သစ္ေဖာင္ခ်ရန္ မလြယ္ကူ။ အားလုံးက လက္ေရွာက္ၾကသည့္ သစ္ေတာမ်ားကို ဦးနာေအာက္က စြန႔္စားလုပ္ကိုင္ခဲ့သည္။
ကံသည္ ဦးနာေအာက္ဘက္တြင္ ရွိသည္ဟု ဆိုရမည္။ ဦးနာေအာက္စတင္လုပ္ကိုင္သည္ ႏွင့္မိုးေကာင္းလာၿပီး
ေရေၾကာင္းေကာင္းလာကာ သစ္မ်ားကို အလြယ္တကူေမွ်ာခ်ႏိုင္ခဲ့သည္။ သူ၏ သစ္တံဆိပ္မွာ ၃၃၃ ျဖစ္ၿပီး ရတနာသုံးပါ ၊ ပိဋကတ္သုံးပုံ ၊ ဘုံသုံးပါး ဟု အဓိပၸါယ္ရသည္
ျမစ္ေၾကာင္းတေလွ်ာက္တြင္ ဦးနာေအာက္၏ သစ္မ်ားျဖင့္ ျပည့္သြားသည္။ ယခင္က ၂၅က်ပ္သာ ရွိေသာ သစ္မ်ားသည္ ဆြဲမည့္သူရွားပါးလာသျဖင့္ ဦးနာေအာက္ေရာင္းသည့္အခ်ိန္တြင္ ၇၅က်ပ္ အထိရခဲ့သည္။ ဦးနာေအာက္သည္ ေငြ ၁၀ သိန္းခန႔္ အျမတ္အစြန္းရသြားခဲ့သည္။
သူေဌးျဖစ္သြားေသာ္လည္း မိမိ၏လုပ္ေဖာ္ကိုင္ဖက္မ်ား အလုပ္အကိုင္ေကာင္း ရေစရန္ သစ္ဆြဲလုပ္ငန္းကို ဆက္လက္လုပ္ကိုင္ခဲ့သည္။
လက္ရွိလုပ္ငန္းကို တူမ်ားထံလႊဲကာ ကိုယ္တိုင္ကား ထိုင္းႏိုင္ငံ မယ္ေဟာင္းသြန္ သစ္ေတာႀကီးမ်ားတြင္ ယိုးဒယားအစိုးရထံမွ လိုင္စင္ယူကာလုပ္ကိုင္ခဲ့သည္။
ထို႔ေနာက္ ရွမ္းျပည္နယ္မွ ေမာက္မယ္သစ္ေတာ ၊ ကယားျပည္နယ္မွ ဖားေဆာင္းသစ္ေတာမ်ားကို တိုးခ်ဲ႕လုပ္ကိုင္ရာ အထူးေအာင္ျမင္ခဲ့သည္။ လုပ္ငန္းအားလုံးကို လူယုံမ်ားထံလႊဲခဲ့ၿပီး ေနရပ္ ေကာ့ႏွပ္သို႔ ျပန္လာခဲ့သည္။
လယ္သမားမ်ားအား အျမတ္ႀကီးစားဂုတ္ေသြးစုပ္ေနေသာ ခ်စ္တီးကုလား တို႔ႏွင့္ ယွဥ္ၿပိဳင္ကာ
အတိုးႏႈန္းသက္သာစြာျဖင့္ ေငြေခ်းလုပ္ငန္းကို လုပ္ကိုင္ခဲ့သည္။ ေစတနာႏွင့္ စည္းကမ္းတက်လုပ္ကိုင္သျဖင့္ အထူးေအာင္ျမင္ကာ လယ္သမားမ်ားလည္း အေတာ္ပင္ သက္သာသြားခဲ့ရသည္။
ထို႔ေနာက္ ဆန္စပါး လုပ္ငန္းကို လုပ္ကိုင္ရာ ၃ႏွစ္အတြင္း လုပ္သမွ် အရႈံးေပၚခဲ့သည္။ သို႔ေသာ္ ဦးနာေအာက္က ေနာက္မဆုတ္ ၊
၂ဆႀကိဳးစားကာ ၂ဆ ပိုတိုးလုပ္သျဖင့္ ျပန္လည္ေအာင္ျမင္ခဲ့သည္။ ဦးနာေအာက္ ေအာင္ျမင္ရျခင္းမွာ သူကိုယ္တိုင္၏ ႀကိဳးစားအားထုတ္မႈသာမက လက္ေအာက္ ငယ္သားက သူ႔အားေလးစားခ်စ္ခင္သည့္ အေၾကာင္းတစ္ရပ္လည္းပါသည္။
ထိုသို႔ခ်စ္ခင္ၾကသည္မွာလည္း အလုပ္သမားမ်ားအေပၚ အထူးဂ႐ုစိုက္ေသာေၾကာင့္ျဖစ္သည္။
လစာ ၂၀ ရေသာ အလုပ္သမားတစ္ဦးက တစ္ႏွစ္လုံးတစ္ျပားမွ မထုတ္ပဲႏွစ္ျပည့္မွ ၂၄၀ ထုတ္ယူမည္ဆိုပါက ေခြၽတာေရးကို နားလည္သည္ ဟုဆိုကာ ၅၀၀တန္ ၿခံႏွင့္အိမ္ကို ဝယ္ယူေပးေလ့ရွိသည္။
လက္ေအာက္ငယ္သားမ်ားကို ဦးနာေအာက္ဆုံးမေလ့ရွိသည္မွာ-
“တရားသျဖင့္ ရတဲ့ပိုက္ဆံ တစ္ျပားကို မက္ပါ ၊ မတရားတဲ့ ေငြတစ္သိန္းကို မယူပါေလႏွင့္” ဟူ၍ျဖစ္သည္။
ေလာင္းကစားလုပ္တတ္ေသာ အလုပ္သမားမ်ားကို ထုတ္ပယ္တတ္ၿပီး ႐ိုးသားႀကိဳးစားသူမ်ားကို ပိုမိုခ်ီးျမႇင့္ေလ့ရွိသည္။
သစ္လုပ္ငန္း ၊ ေငြေျခးလုပ္ငန္း ၊ ဆန္စပါးလုပ္ငန္းတို႔တြင္ ေအာင္ျမင္ၿပီးေနာက္ အရင္းရွင္နယ္ခ်ဲ႕တို႔ႏွင့္ ၿပိဳင္ရန္ႀကိဳးစားျပန္သည္။
စေကာတလန္မွ မီးသေဘၤာစက္မ်ားကို မွာယူကာ ၂ထပ္သေဘၤာ ၇စင္း ၊ ၁ထပ္ သေဘၤာတစ္စင္းေဆာက္လုပ္ကာ အဂၤလိပ္ ဧရာဝတီကုမၸဏီႏွင့္ယွဥ္ၿပိဳင္ေျပးဆြဲခဲ့သည္။ ပုံမွန္သေဘၤာခထက္ မ်ားစြာေလွ်ာ့ယူၿပီး သံဃာ၊ သီလရွင္ ၊ ကေလးငယ္ မ်ားကိုမႈ အခမဲ့ ပို႔ေဆာင္ေပးသည္။
ခရီးသည္အားလုံး ဦးနာေအာက္သေဘၤာတြင္ သာစီးၾကေတာ့သျဖင့္ ဧရာဝတီကုမၸဏီက ဦးနာေအာက္ေဈးႏႈန္း၏ ထက္ဝက္မွ်သာ ယူျပန္ရာ ခရီးသည္မ်ား ဧရာဝတီဘက္ျပန္ပါသြားသည္။ အၿပိဳင္အဆိုင္ေလွ်ာ့ယူၿပီး ေနာက္ဆုံးတြင္ အခမဲ့ စီးခိုင္းသည့္ အေျခအေနသို႔ ေရာက္ခဲ့သည္။
ဧရာဝတီကုမၸဏီကလည္း အခမဲ့ စီးခိုင္းသည့္အျပင္ ထမင္းေကြၽးကာ ပဝါတစ္ထည္စီေပးျပန္သည္။ ေနာက္ဆုံးတြင္ ဦးနာေအာက္သည္အရင္းရွင္ပိုင္ ကုမၸဏီႀကီးႏွင့္ မယွဥ္ႏိုင္ေတာ့ပဲ အေရးနိမ့္သြားခဲ့သည္။
သေဘၤာလုပ္ငန္းတြင္ အေရးနိမ့္သြားခဲ့ေသာ္လည္း က်န္သည့္လုပ္ငန္းမ်ားကာ ေအာင္ျမင္ၿမဲျဖစ္သည္။ ဗုဒၶဘာသာကို သက္ဝင္ယုံၾကည္သူျဖစ္ၿပီး ဘုရားေစတီ ၊ ေက်ာင္း ၊ တန္ေဆာင္းမ်ားစြာကို ေဆာက္လုပ္လႉဒါန္းေလ့ရွိသည္။
ႏွစ္စဥ္တိုင္းလည္း ဇာတိ ေကာ့ႏွပ္ကို ျပန္ကာ ထိုေခတ္ေငြ ၂၀၀၀၀ ေက်ာ္ကို လႉဒါန္းေပးကမ္းခဲ့သည္မွာ သူကြယ္လြန္သည္ အထိပင္ျဖစ္သည္။ သူေဌးႀကီးျဖစ္ေသာ္လည္း ဟိတ္ႏွင့္ဟန္ႏွင့္ မေနတတ္ လယ္ေတာ့ဆင္း ၊ ပုဆိုးခါးေတာင္ႀကိဳက္လ်က္ ေပါက္ျပားတူ႐ြင္းထမ္းကာ သြားတတ္ေသာ သူ႔ကို မၾကာခဏေတြ႕ၾကရသည္။
တစ္ခါေသာ္ ဘုရားသို႔ သြားဝတ္ျပဳေနစဥ္ လူဆိုး ၃ဦး ဝိုင္းျခင္းကို ခံရသည္။ ဦးနာေအာက္ကား ဝတ္ျပဳမပ်က္ ဝတ္ျပဳၿပီးေသာအခါမွ “အေမာင္တို႔ ဘာကိစၥလဲ” ဟု ေမးရာ
“ကြၽန္ေတာ္တို႔ အလုပ္မရွိ ၊ စားစရာမရွိလို႔ တစ္ေယာက္ကို ေငြ ၅၀၀ ေပးပါ ၊ မေပးရင္ ဘႀကီးကို ျပန္ေပးဆြဲရပါလိမ့္မယ္” ဟု ေျဖသျဖင့္ “ဟဲ့ အေမာင္တုိ႔ စားစရာမရွိတာနဲ႔ ဒီလိုမေကာင္းမႈကို လုပ္စရာလား ၊ ေမာင္တို႔ကို ဘႀကီး ၅၀၀ စီေပးမယ္ ၊ ေနာက္ဒီလို မေကာင္းမႈကို မလုပ္ေတာ့ဘူး လို႔ ကတိေပးပါ”
“ဟုတ္ကဲ့ပါ” ဟု ဆိုသျဖင့္ မည္သူမွ် မသိေအာင္ အိမ္သို႔ျပန္ၿပီး ေငြကို ယူကာ လူဆိုမ်ားအားေပးလိုက္သည္။ အိမ္သို႔ျပန္လာၿပီး လူေခၚကာ လူဆိုးမ်ားကို ဖမ္းလို႔ရပါလ်က္ႏွင့္ ထိုသို႔မလုပ္ပဲ ကတိတည္ခဲ့သည္။
ဦးနာေအာက္သည္ အလႉအတန္း အေပးအကမ္း ရက္ေရာလွသည္။ သူ႔ထံ အကူအညီေတာင္းသည့္ ႏြမ္းပါးသူမ်ားကိုဘယ္ေတာ့မွ လက္ခ်ည္းသက္သက္မျပန္ေစခဲ့ ၊ ေမာင္းမထုတ္ခဲ့ေပ ။ ဦးနာေအာက္၏ လႉဒါန္းေငြကို တြက္ၾကည့္လွ်င္ ထိုေခတ္ေငြႏွင့္ပင္ သိန္းတစ္ရာ အထက္မွာရွိသည္။ ေပးကမ္းသျဖင့္ စည္းစိမ္ေလ်ာ့သြားသည္ မရွိ ပို၍တိုးတက္ေအာင္ျမင္ခဲ့သည္။
စီးပြားေရးတြင္ ေအာင္ျမင္ေသာ္လည္း အိမ္ေထာင္ေရးတြင္ အလြန္ကံဆိုးခဲ့သူျဖစ္သည္။ အိမ္ေထာင္ ၅ ဆက္ရွိခဲ့ၿပီး ေပါင္းခဲ့သမွ် မိန္းမ ၅ေယာက္တြင္ ၄ေယာက္မွာ ကြယ္လြန္ခဲ့သည္။ သူေဌးႀကီး ဦးနာေအာက္သည္ ၂၅ရက္ ဇြန္လ ၁၉၁၃ ခုႏွစ္ အသက္ ၈၂ ႏွစ္ အ႐ြယ္တြင္ ကြယ္လြန္ခဲ့သည္။
ဦးနာေအာက္ ကြယ္လြန္ၿပီးေနာက္ သူ၏ေက်ာက္႐ုပ္ကို ေဆြမ်ိဳးသားခ်င္းမ်ားက က်ပ္ေငြ ၅၀၀၀ အကုန္အက်ခံကာ မြန္ျပည္နယ္ ကတိုးေကာ့ႏွပ္႐ြာ၌ တင့္တယ္ခံညားစြာ ထုလုပ္ထားသည္ကို ယေန႔တိုင္ေတြ႕ျမင္ႏိုင္ပါသည္။
credit
unicode
ဦးနာအောက်ဟု ဆိုလိုက်လျှင်မျိုးချစ်စိတ်ပြည့်ဝသူ ၊အမျိုးအတွက် အင်အားကြီးမားလှသောဗြိတိသျှသင်္ဘောကုမ္ပဏီနှင့်ယှဉ်ပြိုင်ဝံ့သူအဖြစ်အားလုံး သိကြမှာပါ။
ဦးနာအောက်ကို ဖားအံမြို့နယ် ခရဲရွာတွင် ၁၈၃၃ ခုနှစ်၌ မွေးဖွားခဲ့သည်။ ငယ်နာမည် မောင်အော့(က်) ဖြစ်ပြီး မိဘများမှာ မွန်တိုင်းရင်းသားများဖြစ်သည်။
မောင်အော့(က်) ကို မွန်ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်စေခဲ့သဖြင့် မွန်စာကို အတော်အတန်နားလည်တတ်ကျွမ်းပြီး မြန်မာစာကိုမှု ထမင်းစား ရေသောက်မျှ တတ်ကျွမ်းသည်။
မိဘများမှာ ဆင်းရဲလွန်းသဖြင့် စာအနည်းငယ်မျှတတ်ကျွမ်းပြီးသည့်အခါ ကျောင်းထွက်ပြီး ကျွဲ ၊
နွားအငှားထိန်းကျောင်းသော အလုပ်ကို လုပ်ပြီး မိဘများကို ထောက်ပံ့သည်။ ထို့နောက် လယ်ထွန်ခြင်း ၊ သစ်လုပ်ငန်းတွင် အလုပ်ကြမ်းသမား စသည့်အလုပ်များကို လုပ်ခဲ့သည်။
ထိုအချိန်တွင် အသက် ၃၅နှစ်ခန့်ရှိပြီဖြစ်သည်။ အလုပ်လုပ်ရာတွင် စေတနာပါသည် ၊ ရိုးသားဖြောင့်မတ်ပြီး တာဝန်ကျေသဖြင့် အလုပ်သမားခေါင်းရာထူးကို သူဌေးဦးထော်အာက ခန့်သည်။
ကိုအောက်သည် ရရှိသောငွေများကို အပိုတစ်ပြားမှ မသုံးစွဲပဲ စုသည်။ ၁၅နှစ်မျှ လုပ်၍ အသက် ၅၀ အရွယ်ရောက်သောအခါ စုထားသမျှငွေများကို သူဌေးထံတွင်အပ်ကာ မိမိအား သစ်ခေါင်းလုပ်ငန်းတစ်ခု ခွဲဝေလုပ်ကိုင်ခွင့်ပေးရန် တောင်းခဲ့သည်။
ယုံကြည်သူဖြစ်သဖြင့် သူဌေးကလည်းခွင့်ပြုရာ ဦးနာအောက်သည် မယ်တဲ နှင့် မယ်အဲ သစ်တောတွင် သူဌေးကိုယ်စားလုပ်ကိုင်ခဲ့သည်။
ထိုအချိန်တွင် မြန်မာပြည်အောက်ပိုင်းသည် အင်္ဂလိပ်လက်အောက် ကျရောက်နေပြီး ကယားပြည်နယ်ကို အင်္ဂလိပ်နှင့် မြန်မာဘုရင်တို့ သူပိုင်သည် ၊ ငါပိုင်သည် ဟု ငြင်းခုန်နေကြသည့် အချိန်ဖြစ်သည်။
ဦးနာအောက်သည် ကယားစော်ဘွားများထံမှ မယ်ဖဲ ၊ မယ်စဲ ၊ သဖန်းပင်သစ်တောတို့ကို အခကြေးငွေဖြင့် ထုတ်ယူခွင့်ပေးရန် ခွင့်တောင်းရာ စော်ဘွားများကလည်း ခွင့်ပြုခဲ့သည်။ဦးနာအောက်သည် အလုပ်သမားဘဝကတည်းကလက်အောက် ငယ်သားတို့ကို ညှာတာလေ့ရှိရာ အားလုံးက ချစ်ခင်ကြပြီး အနိုင်အောက်(ဘကြီးအောက်) ဟု ခေါ်လေ့ရှိသည်။
ဦးနာအောက်သည် ကောင်းမွန်စွာပညာမသင်ကြားခဲ့ရသော်လည်း အမျှော်အမြင်ရှိပြီး စွန့်စားဝံသူဖြစ်သည်။
ဦးနာအောက်လုပ်နေသော သစ်တောများသည် တစ်ခါတစ်ရံမှသာ မြစ်ကြောင်းကောင်းတတ်သဖြင့် သစ်ဖောင်ချရန် မလွယ်ကူ။ အားလုံးက လက်ရှောက်ကြသည့် သစ်တောများကို ဦးနာအောက်က စွန့်စားလုပ်ကိုင်ခဲ့သည်။
ကံသည် ဦးနာအောက်ဘက်တွင် ရှိသည်ဟု ဆိုရမည်။ ဦးနာအောက်စတင်လုပ်ကိုင်သည် နှင့်မိုးကောင်းလာပြီး
ရေကြောင်းကောင်းလာကာ သစ်များကို အလွယ်တကူမျှောချနိုင်ခဲ့သည်။ သူ၏ သစ်တံဆိပ်မှာ ၃၃၃ ဖြစ်ပြီး ရတနာသုံးပါ ၊ ပိဋကတ်သုံးပုံ ၊ ဘုံသုံးပါး ဟု အဓိပ္ပါယ်ရသည်
မြစ်ကြောင်းတလျှောက်တွင် ဦးနာအောက်၏ သစ်များဖြင့် ပြည့်သွားသည်။ ယခင်က ၂၅ကျပ်သာ ရှိသော သစ်များသည် ဆွဲမည့်သူရှားပါးလာသဖြင့် ဦးနာအောက်ရောင်းသည့်အချိန်တွင် ၇၅ကျပ် အထိရခဲ့သည်။ ဦးနာအောက်သည် ငွေ ၁၀ သိန်းခန့် အမြတ်အစွန်းရသွားခဲ့သည်။
သူဌေးဖြစ်သွားသော်လည်း မိမိ၏လုပ်ဖော်ကိုင်ဖက်များ အလုပ်အကိုင်ကောင်း ရစေရန် သစ်ဆွဲလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့သည်။
လက်ရှိလုပ်ငန်းကို တူများထံလွှဲကာ ကိုယ်တိုင်ကား ထိုင်းနိုင်ငံ မယ်ဟောင်းသွန် သစ်တောကြီးများတွင် ယိုးဒယားအစိုးရထံမှ လိုင်စင်ယူကာလုပ်ကိုင်ခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်မှ မောက်မယ်သစ်တော ၊ ကယားပြည်နယ်မှ ဖားဆောင်းသစ်တောများကို တိုးချဲ့လုပ်ကိုင်ရာ အထူးအောင်မြင်ခဲ့သည်။ လုပ်ငန်းအားလုံးကို လူယုံများထံလွှဲခဲ့ပြီး နေရပ် ကော့နှပ်သို့ ပြန်လာခဲ့သည်။
လယ်သမားများအား အမြတ်ကြီးစားဂုတ်သွေးစုပ်နေသော ချစ်တီးကုလား တို့နှင့် ယှဉ်ပြိုင်ကာ
အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ စေတနာနှင့် စည်းကမ်းတကျလုပ်ကိုင်သဖြင့် အထူးအောင်မြင်ကာ လယ်သမားများလည်း အတော်ပင် သက်သာသွားခဲ့ရသည်။
ထို့နောက် ဆန်စပါး လုပ်ငန်းကို လုပ်ကိုင်ရာ ၃နှစ်အတွင်း လုပ်သမျှ အရှုံးပေါ်ခဲ့သည်။ သို့သော် ဦးနာအောက်က နောက်မဆုတ် ၊
၂ဆကြိုးစားကာ ၂ဆ ပိုတိုးလုပ်သဖြင့် ပြန်လည်အောင်မြင်ခဲ့သည်။ ဦးနာအောက် အောင်မြင်ရခြင်းမှာ သူကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုသာမက လက်အောက် ငယ်သားက သူ့အားလေးစားချစ်ခင်သည့် အကြောင်းတစ်ရပ်လည်းပါသည်။
ထိုသို့ချစ်ခင်ကြသည်မှာလည်း အလုပ်သမားများအပေါ် အထူးဂရုစိုက်သောကြောင့်ဖြစ်သည်။
လစာ ၂၀ ရသော အလုပ်သမားတစ်ဦးက တစ်နှစ်လုံးတစ်ပြားမှ မထုတ်ပဲနှစ်ပြည့်မှ ၂၄၀ ထုတ်ယူမည်ဆိုပါက ချွေတာရေးကို နားလည်သည် ဟုဆိုကာ ၅၀၀တန် ခြံနှင့်အိမ်ကို ဝယ်ယူပေးလေ့ရှိသည်။
လက်အောက်ငယ်သားများကို ဦးနာအောက်ဆုံးမလေ့ရှိသည်မှာ-
“တရားသဖြင့် ရတဲ့ပိုက်ဆံ တစ်ပြားကို မက်ပါ ၊ မတရားတဲ့ ငွေတစ်သိန်းကို မယူပါလေနှင့်” ဟူ၍ဖြစ်သည်။
လောင်းကစားလုပ်တတ်သော အလုပ်သမားများကို ထုတ်ပယ်တတ်ပြီး ရိုးသားကြိုးစားသူများကို ပိုမိုချီးမြှင့်လေ့ရှိသည်။
သစ်လုပ်ငန်း ၊ ငွေခြေးလုပ်ငန်း ၊ ဆန်စပါးလုပ်ငန်းတို့တွင် အောင်မြင်ပြီးနောက် အရင်းရှင်နယ်ချဲ့တို့နှင့် ပြိုင်ရန်ကြိုးစားပြန်သည်။
စကောတလန်မှ မီးသင်္ဘောစက်များကို မှာယူကာ ၂ထပ်သင်္ဘော ၇စင်း ၊ ၁ထပ် သင်္ဘောတစ်စင်းဆောက်လုပ်ကာ အင်္ဂလိပ် ဧရာဝတီကုမ္ပဏီနှင့်ယှဉ်ပြိုင်ပြေးဆွဲခဲ့သည်။ ပုံမှန်သင်္ဘောခထက် များစွာလျှော့ယူပြီး သံဃာ၊ သီလရှင် ၊ ကလေးငယ် များကိုမှု အခမဲ့ ပို့ဆောင်ပေးသည်။
ခရီးသည်အားလုံး ဦးနာအောက်သင်္ဘောတွင် သာစီးကြတော့သဖြင့် ဧရာဝတီကုမ္ပဏီက ဦးနာအောက်ဈေးနှုန်း၏ ထက်ဝက်မျှသာ ယူပြန်ရာ ခရီးသည်များ ဧရာဝတီဘက်ပြန်ပါသွားသည်။ အပြိုင်အဆိုင်လျှော့ယူပြီး နောက်ဆုံးတွင် အခမဲ့ စီးခိုင်းသည့် အခြေအနေသို့ ရောက်ခဲ့သည်။
ဧရာဝတီကုမ္ပဏီကလည်း အခမဲ့ စီးခိုင်းသည့်အပြင် ထမင်းကျွေးကာ ပဝါတစ်ထည်စီပေးပြန်သည်။ နောက်ဆုံးတွင် ဦးနာအောက်သည်အရင်းရှင်ပိုင် ကုမ္ပဏီကြီးနှင့် မယှဉ်နိုင်တော့ပဲ အရေးနိမ့်သွားခဲ့သည်။
သင်္ဘောလုပ်ငန်းတွင် အရေးနိမ့်သွားခဲ့သော်လည်း ကျန်သည့်လုပ်ငန်းများကာ အောင်မြင်မြဲဖြစ်သည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ပြီး ဘုရားစေတီ ၊ ကျောင်း ၊ တန်ဆောင်းများစွာကို ဆောက်လုပ်လှူဒါန်းလေ့ရှိသည်။
နှစ်စဉ်တိုင်းလည်း ဇာတိ ကော့နှပ်ကို ပြန်ကာ ထိုခေတ်ငွေ ၂၀၀၀၀ ကျော်ကို လှူဒါန်းပေးကမ်းခဲ့သည်မှာ သူကွယ်လွန်သည် အထိပင်ဖြစ်သည်။ သူဌေးကြီးဖြစ်သော်လည်း ဟိတ်နှင့်ဟန်နှင့် မနေတတ် လယ်တော့ဆင်း ၊ ပုဆိုးခါးတောင်ကြိုက်လျက် ပေါက်ပြားတူရွင်းထမ်းကာ သွားတတ်သော သူ့ကို မကြာခဏတွေ့ကြရသည်။
တစ်ခါသော် ဘုရားသို့ သွားဝတ်ပြုနေစဉ် လူဆိုး ၃ဦး ဝိုင်းခြင်းကို ခံရသည်။ ဦးနာအောက်ကား ဝတ်ပြုမပျက် ဝတ်ပြုပြီးသောအခါမှ “အမောင်တို့ ဘာကိစ္စလဲ” ဟု မေးရာ
“ကျွန်တော်တို့ အလုပ်မရှိ ၊ စားစရာမရှိလို့ တစ်ယောက်ကို ငွေ ၅၀၀ ပေးပါ ၊ မပေးရင် ဘကြီးကို ပြန်ပေးဆွဲရပါလိမ့်မယ်” ဟု ဖြေသဖြင့် “ဟဲ့ အမောင်တုိ့ စားစရာမရှိတာနဲ့ ဒီလိုမကောင်းမှုကို လုပ်စရာလား ၊ မောင်တို့ကို ဘကြီး ၅၀၀ စီပေးမယ် ၊ နောက်ဒီလို မကောင်းမှုကို မလုပ်တော့ဘူး လို့ ကတိပေးပါ”
“ဟုတ်ကဲ့ပါ” ဟု ဆိုသဖြင့် မည်သူမျှ မသိအောင် အိမ်သို့ပြန်ပြီး ငွေကို ယူကာ လူဆိုများအားပေးလိုက်သည်။ အိမ်သို့ပြန်လာပြီး လူခေါ်ကာ လူဆိုးများကို ဖမ်းလို့ရပါလျက်နှင့် ထိုသို့မလုပ်ပဲ ကတိတည်ခဲ့သည်။
ဦးနာအောက်သည် အလှူအတန်း အပေးအကမ်း ရက်ရောလှသည်။ သူ့ထံ အကူအညီတောင်းသည့် နွမ်းပါးသူများကိုဘယ်တော့မှ လက်ချည်းသက်သက်မပြန်စေခဲ့ ၊ မောင်းမထုတ်ခဲ့ပေ ။ ဦးနာအောက်၏ လှူဒါန်းငွေကို တွက်ကြည့်လျှင် ထိုခေတ်ငွေနှင့်ပင် သိန်းတစ်ရာ အထက်မှာရှိသည်။ ပေးကမ်းသဖြင့် စည်းစိမ်လျော့သွားသည် မရှိ ပို၍တိုးတက်အောင်မြင်ခဲ့သည်။
စီးပွားရေးတွင် အောင်မြင်သော်လည်း အိမ်ထောင်ရေးတွင် အလွန်ကံဆိုးခဲ့သူဖြစ်သည်။ အိမ်ထောင် ၅ ဆက်ရှိခဲ့ပြီး ပေါင်းခဲ့သမျှ မိန်းမ ၅ယောက်တွင် ၄ယောက်မှာ ကွယ်လွန်ခဲ့သည်။ သူဌေးကြီး ဦးနာအောက်သည် ၂၅ရက် ဇွန်လ ၁၉၁၃ ခုနှစ် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။
ဦးနာအောက် ကွယ်လွန်ပြီးနောက် သူ၏ကျောက်ရုပ်ကို ဆွေမျိုးသားချင်းများက ကျပ်ငွေ ၅၀၀၀ အကုန်အကျခံကာ မွန်ပြည်နယ် ကတိုးကော့နှပ်ရွာ၌ တင့်တယ်ခံညားစွာ ထုလုပ်ထားသည်ကို ယနေ့တိုင်တွေ့မြင်နိုင်ပါသည်။
credit