ရဲမင္း(AAC)၊ ဟားငါးေကာင္(H5K)ႏွင့္ “ေရး ဘီလူး” ေခါင္းေဆာင္ ေတြ႕ဆုံခန္း….
“ေရး ဘီလူး ”
ေသမထူး ေနမထူးလို႔
ေရးဘီလူးျဖစ္လာတာ မဟုတ္
ေသလည္းထူး ေနလည္းထူးဖို႔ ေရးဘီလူးျဖစ္လာတာ
ျမန္မာ့ေျမပုံရဲ႕ မထင္မရွားတစ္ေနရာက
တစ္ခုခုကို ေၾကာက္ေနရတဲ့ၿမိဳ႕မွ ေတာက္ေနတဲ့ မီးခဲမ်ား
ဘုရားေခၚမွ ေဟ ထူးတတ္ၾကတဲ့
ဘုရင္မ တည္တဲ့ၿမိဳ႕မွ
ရင္တမမ ရွင္ရတဲ့
ပုလင္းကြဲမ်ားၾကားက စိန္ပြင့္မ်ား
စကားဝဲဝဲ အၿပဳံးခ်ိဳခ်ိဳနဲ႔
ဝံပုေလြ ေပါတဲ့ၿမိဳ႕မွ သစၥာရွိ သိုးထိန္းက်ားမ်ား
ကိုယ့္အရွင္ ကိုယ့္သခင္မွမဟုတ္ရင္
သတ္လိုကသတ္ ဇတ္သာအျပတ္ခံမယ္
ဒူးမေထာက္ အညံ့မခံတက္ၾကတဲ့
ႏွစ္ဆယ္ရာစု လဂြန္းအိမ္မ်ား
လိမ္မာရမယ့္ အခ်ိန္အခါမဟုတ္ေတာ့
က်ိန္စာကို ေသနတ္ဆြဲတိုက္ရင္း
ေခြး႐ူးေမာင္းဖို႔
ေရးဘီလူး ကခဲ့ရၿပီ
ဘီလူးဆိုင္းသံ တစ္ညံညံ…။
“မင္းထက္”
unicode
ရဲမင်း(AAC)၊ ဟားငါးကောင်(H5K)နှင့် “ရေး ဘီလူး” ခေါင်းဆောင် တွေ့ဆုံခန်း….
“ရေး ဘီလူး ”
သေမထူး နေမထူးလို့
ရေးဘီလူးဖြစ်လာတာ မဟုတ်
သေလည်းထူး နေလည်းထူးဖို့ ရေးဘီလူးဖြစ်လာတာ
မြန်မာ့မြေပုံရဲ့ မထင်မရှားတစ်နေရာက
တစ်ခုခုကို ကြောက်နေရတဲ့မြို့မှ တောက်နေတဲ့ မီးခဲများ
ဘုရားခေါ်မှ ဟေ ထူးတတ်ကြတဲ့
ဘုရင်မ တည်တဲ့မြို့မှ
ရင်တမမ ရှင်ရတဲ့
ပုလင်းကွဲများကြားက စိန်ပွင့်များ
စကားဝဲဝဲ အပြုံးချိုချိုနဲ့
ဝံပုလွေ ပေါတဲ့မြို့မှ သစ္စာရှိ သိုးထိန်းကျားများ
ကိုယ့်အရှင် ကိုယ့်သခင်မှမဟုတ်ရင်
သတ်လိုကသတ် ဇတ်သာအပြတ်ခံမယ်
ဒူးမထောက် အညံ့မခံတက်ကြတဲ့
နှစ်ဆယ်ရာစု လဂွန်းအိမ်များ
လိမ်မာရမယ့် အချိန်အခါမဟုတ်တော့
ကျိန်စာကို သေနတ်ဆွဲတိုက်ရင်း
ခွေးရူးမောင်းဖို့
ရေးဘီလူး ကခဲ့ရပြီ
ဘီလူးဆိုင်းသံ တစ်ညံညံ…။
“မင်းထက်”