#TKK
unicode
“ရခိုင်ပြည်မှ ထူးကြယ်ဆန်းပြား ရခိုင်နန်းတွင်းသူ-လူဝင်စားမှသည် ပန်းချီ ပညာသျှင် – မအေးသန်းဦး…”
မအေးသန်းဦး ကိုစစ်တွေမြို့၊တရားသိစုရပ်ကွက်အဘ ဦးဘသန်း အမိ ဒေါ်ခင်အေးမေ တို့က ၂၇-၄-၁၉၈၂ ခုနှစ်မှာ မွေးဖွားသန့်စင်ပါတယ်
မွေးချင်းလေးယောက်မှာ အကြီးဆုံးဖြစ်ပြီး မွေးရာပါလုံးဝစကားမပြောတတ်ပါ။
မိသားစုစားဝတ်နေရေးအတွက် မိဘရောင်းချသော ကွမ်းယာဆိုင်မှာ ဈေးပြု-ဆိုင်ရောင်းကူညီနေပါတယ်။
မအေးသန်းဦးနဲ့ ဆရာကျော်ဇံမောင်တို့က လွန်ခဲ့တဲ့နှစ် ၂၀၁၄ ခုနှစ် ဥတ္တမ ပန်းချီပြခန်းမှာ ပထမဆုံးတွေ့ဆုံခဲ့ကြပါတယ်။
အဖေက မိတ်ဆကပေးလို့ ပန်ချီဆွဲတတ်တာကိုဆရာ သိခဲ့ရပါတယ် အချိန်အားသရွေ့ ဆေးလိပ်ဗူးခွန်တွေမှယ ပုံတွေဆွဲကြောင်းမြင်တွေ့ပါတယ်။
သူ့ဘဝဖြစ်ရပ်မှန်ကိုရခိုင်ပညာသျှင်တို့က လေ့လာစစ်ဆေးတဲ့အခါ ရခိုင်ဘုရင် လက်ထက်ခေတ်က နန်းတွင်းသူဘဝဖြစ်ခဲ့ရတယ်လို့သိရပါတယ် ။
မအေးသန်းဦးဆွဲရေပုံတွေမှာ အဓိကပုံတွေက ( အဘိုးသျှင်သီရိသီတာဒေဝ ၊ သျှင်မြဝါ ၊ သျှင်ဘုရင် ၊ နန်းတွင်းသူ ၊ မင်းညီးမင်းသားပုံတွေ ၊ နတ်သားနတ်သမီး ၊ နာဂါးရာဇာ ၊ ဂဠုံမင်း ၊ ရက္ခိတဘီလူး ၊ နတ်ဒေဝတာပုံတွေက ၊) အသက်ဝင်နေသလို အံ့ဩဖို့ကောင်းလောက်အောင် ထူးခြားသေသတ်အချိုးကျလှပနေပါတယ်။
ယင်းပုံတွေသာမဟုတ် ဘဝသရုပ်ဖော်ပန်ချီကားတွေဆိုရင် လဲ့ ပန်းချီဆရာကြီးတိုက သဘောကျအံ့ဩလောက်အောင် လှပတာတွေ ကိုမြင်တွေ့ရပါတယ်။
သူ၏အမူအရာနဲ့ပြောကြားချက်အရ သူ့ကိုအဘိုးသျှင် တစ်ပါးကလာတွေ့ကြောင်း။နန်းတွင်းသူ/သား ပုဂ္ဂိုလ်ထူးရို့ ကိုယ်ထင်ပြကြောင်း မျက်စိမှာတစ်ခေါက်မြင်တာနဲ့ အဲ့ပုံတွေ ကိုဆွဲကြောင်းတွေ့ရပါတယ်။
မအေးသန်းဦး ၏ ထူးခြားချက်တွေက ဆိုပါရင်၁။ သူများဆွဲတဲ့ပုံကိုကြည့်ဆွဲခြင်းမဟုတ်- (အာရုံမှာပေါ်လာတဲ့ ပုံတွေကိုသာဆွဲပါတယ်)
၂။ မှင်ချောင်း(Softpen) တစ်ချောင်းတည်းနဲ့ပုံဆွဲခြင်း။ ၃။ ဘုရားရှိခိုးပြီးမှ အာရုံခံ၍ စိတ်ကူးနှင့်ပုံဆွဲခြင်း ။
၄ ။ပန်းချီသင်ဆရာမရှိပဲ မွေးရာပါပညာနှင့်ဆွဲခြင်း ထားသော ပန်းချီကား တွေက သမိုင်အတိတ်ဘဝက လူဝင်စားဖြစ်တယ်လို့ယူဆနိုင်တဲ့ အချက်အလက်တွေ့ရပါတယ်။
ဆရာဦးကျော်ဇံမောင် ရဲ့ ရင်တွင်းစကား
“အဓိကပြောချင်စွာက မအေးသန်းဦး ရေးဆွဲရေ ပန်းချီကားတိကို ဝယ်ယူအားပီးခြင်းဖြင့် ချီးမြင့်မြှေက်စားဂုဏ်ပြုခြင်းတိနဲ့ ရခိုင့်သမိုင်းကို ထိမ်းသိမ်းအားပီးကတ်ဖို့ဆိုကေ
ရခိုင်ပန်းချီ ပညာသျှင် တစ်ယောက်အတွက် ကကောင်းဝမ်းသာစရာကောင်းပါဖို့ ၊ အားပီးချီးမြင့် ကတ်ပါလို့လေ့ မိတ္တာရပ်ခံ ပန်ကြားလိုက်ရပါရေ။ ဦးကျော်ဇံမောင် (အကျိုးဆောင်)
#TKK
ဦးကြီး ထံမှ ပြန်လည်မျှဝေပါသည်။