အေထြအေထြဗဟုသုတ

“ဒီကေလး ဆိုးလိုက္တာ” ဆိုတဲ့ စကားနဲ႔ေနာက္ ကိုယ္အသုံးမက်မႈေတြ ပါေနလို႔ မိဘတိုင္း သတိထားရမယ့္ အခ်က္ေတြ…

“ဒီကေလး ဆိုးလိုက္တာ” ဆိုတဲ့ စကားနဲ႔ေနာက္ ကိုယ္အသုံးမက်မႈေတြ ပါေနလို႔ မိဘတိုင္း သတိထားရမယ့္ အခ်က္ေတြ…

ကေလးကို ေစာစီးစြာ စာဖတ္ျပတဲ့ အေလ့အထကို လသားမွာကတည္းက မလုပ္‌ေပးခဲ့ပဲ 3/4 ႏွစ္ ေရာက္မွ သူမ်ားကေလးက စာအုပ္ႀကိဳက္တယ္။

စာဖတ္တယ္။ ဖတ္ျပရင္ ၿငိမ္နားေထာင္တယ္။ စသည္ျဖင့္ ကိုယ့္ကေလးကို အျပစ္ေတြတင္လို႔ မရပါဘူး ။

ျဖည့္စြက္စာ စတင္ခ်ိန္မွ စ၍ ထမင္း ၊ အသီး ၊ အ႐ြက္ ၊ အသား ၊ ငါး အရသာစုံ စတင္မေကြၽးခဲ့ပဲ ၁ႏွစ္ ေက်ာ္ လူႀကီးထမင္း ၊ ဟင္း စစားရမယ့္ခ်ိန္မွ ကေလးက ဂ်ီးမ်ားၿပီး မစားမေသာက္ ရင္ ကေလးကို အျပစ္တင္လို႔မရပါဘူး။

စထိုင္တတ္စအခ်ိန္ ၇ လ ေလာက္ကစၿပီး baby chair နဲ႔ ေပးထိုင္ တဲ့ အက်င့္ မလုပ္ေပးခဲ့ပဲနဲ႔ ” လိုက္ေကြၽး ” ” လမ္းမ ထြက္ ေကြၽး “လုပ္ခဲ့ၿပီးမွ မိတ္ေဆြေတြနဲ႔ ဆိုင္ေတြမွာ စားေသာက္ခ်ိန္ ထိုင္ခုံမွာ ထိုင္မစားပဲ ေလွ်ာက္ေျပးေနခဲ့ရင္ ကေလးကို အျပစ္မတင္ပါနဲ႔ ။

၆လ ေလာက္ကတည္းက ေပပြပါေစ လက္နဲ႔ ထိေတြ႕ ခြင့္ေပး၊ ကိုယ္တိုင္ ယူစားေစဆိုၿပီး self feeding skill ကို မေလ့က်င့္ မေပးခဲ့ပဲနဲ႔ 2yr 3yr ထိ ခြံ႕ေကြၽးလာခဲ့ၿပီး

မူႀကိဳေရာက္လို႔ ကေလးက သူ႔ဖာသာ ” ထမင္းမစားတတ္ရင္ “သူမ်ားေတြေတာင္စားတတ္တယ္၊ နင္က မစားတတ္ေသးဖူးလား ? ဆိုၿပီး မခ်ိတင္ကဲ နဲ႔ ကေလးကို အျပစ္မတင္ပါနဲ႔ ။

ကိုယ္တိုင္ကစားတတ္တဲ့ခ်ိန္ စာအုပ္ယူဖတ္တတ္တဲ့ခ်ိန္ ကစလို႔ ေဆာ့ၿပီး ကစားစရာေလးေတြ ျပန္သိမ္းဖို႔ စာအုပ္ေလးေတြ စင္ေပၚ ျပန္တင္ဖို႔ မသင္ျပ မေျပာျပခဲ့ပဲ

ႀကီးလာမွ ” စည္းကမ္း ” ကိုမရွိဘူး” စည္းပ်က္ကမ္းပ်က္ ” နဲ႔ နင္ဟာ ဘယ္သူနဲ႔ တူတာလည္း ဘာညာ ဆိုၿပီးေတာ့ ကေလးကို အျပစ္ေတြစုပုံ မတင္ပါနဲ႔ ။

ငယ္စဥ္ မွာ TV ေတြျပ ဖုန္းေတြျပၿပီး အလြယ္တကူထိန္းေက်ာင္း လာခဲ့ၿပီးမွ လူအမ်ားေရွ႕ Ph လု Tv အတင္းဖြင့္ခိုင္းတာေတြရွိရင္ ကေလးကို အျပစ္မတင္ပါနဲ႔ ။

” စကား ” စေျပာစ မိဘစကား နားလည္ခ်ိန္မွစ ဒါကေတာ့ ” ေကာင္းတယ္ ” ဒါက” မေကာင္းဘူး “သားေလး လို႔ ေျပာဆို ရွင္းျပျခင္း မရွိ၊

ကေလးက မပီကလာ ပီကလာ ေျပာေစကာမူ ဘာေျပာတာလဲ ေျပာေလ ေၾသာ္ ဟုတ္လား ဒီလိုလား စသည္ျဖင့္ တေလးတစား နားေထာင္ ေပးခဲ့ျခင္း မ်ား မရွိ ခဲ့ပဲ

ႀကီးလာတဲ့အခါ ” စကားနားမေထာင္ ” ေျပာမရ ဆိုမရ တဲ့အခါမွ အဲ့ ကေလးကေလ ဆိုးကိုဆိုးတာ ဘယ္လို ေျပာေျပာ မရဘူး ဆိုၿပီး ကေလးကို အျပစ္ေတြ မတင္ပါနဲ႔ ။

အစေကာင္းခဲ့မွ အေႏွာင္းေသခ်ာပါမည္ ။ လက္ဦးဆရာ မည္ထိုက္စြာပုပ္ဗစရိယ မိ နဲ႔ ဖ ။ ေျမဆီ ေျမသား ေကာင္းေကာင္း မခ်ခဲ့ပဲ အပင္သန္သန္ လိုခ်င္လို႔မရႏိုင္ပါဘူးေနာ္ ။

ေမတၱာျဖင့္ ျပန္လည္မွ်ေဝပါသည္။

credit

unicode

“ဒီကလေး ဆိုးလိုက်တာ” ဆိုတဲ့ စကားနဲ့နောက် ကိုယ်အသုံးမကျမှုတွေ ပါနေလို့ မိဘတိုင်း သတိထားရမယ့် အချက်တွေ…

ကလေးကို စောစီးစွာ စာဖတ်ပြတဲ့ အလေ့အထကို လသားမှာကတည်းက မလုပ်‌ပေးခဲ့ပဲ 3/4 နှစ် ရောက်မှ သူများကလေးက စာအုပ်ကြိုက်တယ်။

စာဖတ်တယ်။ ဖတ်ပြရင် ငြိမ်နားထောင်တယ်။ စသည်ဖြင့် ကိုယ့်ကလေးကို အပြစ်တွေတင်လို့ မရပါဘူး ။

ဖြည့်စွက်စာ စတင်ချိန်မှ စ၍ ထမင်း ၊ အသီး ၊ အရွက် ၊ အသား ၊ ငါး အရသာစုံ စတင်မကျွေးခဲ့ပဲ ၁နှစ် ကျော် လူကြီးထမင်း ၊ ဟင်း စစားရမယ့်ချိန်မှ ကလေးက ဂျီးများပြီး မစားမသောက် ရင် ကလေးကို အပြစ်တင်လို့မရပါဘူး။

စထိုင်တတ်စအချိန် ၇ လ လောက်ကစပြီး baby chair နဲ့ ပေးထိုင် တဲ့ အကျင့် မလုပ်ပေးခဲ့ပဲနဲ့ ” လိုက်ကျွေး ” ” လမ်းမ ထွက် ကျွေး “လုပ်ခဲ့ပြီးမှ မိတ်ဆွေတွေနဲ့ ဆိုင်တွေမှာ စားသောက်ချိန် ထိုင်ခုံမှာ ထိုင်မစားပဲ လျှောက်ပြေးနေခဲ့ရင် ကလေးကို အပြစ်မတင်ပါနဲ့ ။

၆လ လောက်ကတည်းက ပေပွပါစေ လက်နဲ့ ထိတွေ့ ခွင့်ပေး၊ ကိုယ်တိုင် ယူစားစေဆိုပြီး self feeding skill ကို မလေ့ကျင့် မပေးခဲ့ပဲနဲ့ 2yr 3yr ထိ ခွံ့ကျွေးလာခဲ့ပြီး

မူကြိုရောက်လို့ ကလေးက သူ့ဖာသာ ” ထမင်းမစားတတ်ရင် “သူများတွေတောင်စားတတ်တယ်၊ နင်က မစားတတ်သေးဖူးလား ? ဆိုပြီး မချိတင်ကဲ နဲ့ ကလေးကို အပြစ်မတင်ပါနဲ့ ။

ကိုယ်တိုင်ကစားတတ်တဲ့ချိန် စာအုပ်ယူဖတ်တတ်တဲ့ချိန် ကစလို့ ဆော့ပြီး ကစားစရာလေးတွေ ပြန်သိမ်းဖို့ စာအုပ်လေးတွေ စင်ပေါ် ပြန်တင်ဖို့ မသင်ပြ မပြောပြခဲ့ပဲ

ကြီးလာမှ ” စည်းကမ်း ” ကိုမရှိဘူး” စည်းပျက်ကမ်းပျက် ” နဲ့ နင်ဟာ ဘယ်သူနဲ့ တူတာလည်း ဘာညာ ဆိုပြီးတော့ ကလေးကို အပြစ်တွေစုပုံ မတင်ပါနဲ့ ။

ငယ်စဉ် မှာ TV တွေပြ ဖုန်းတွေပြပြီး အလွယ်တကူထိန်းကျောင်း လာခဲ့ပြီးမှ လူအများရှေ့ Ph လု Tv အတင်းဖွင့်ခိုင်းတာတွေရှိရင် ကလေးကို အပြစ်မတင်ပါနဲ့ ။

” စကား ” စပြောစ မိဘစကား နားလည်ချိန်မှစ ဒါကတော့ ” ကောင်းတယ် ” ဒါက” မကောင်းဘူး “သားလေး လို့ ပြောဆို ရှင်းပြခြင်း မရှိ၊

ကလေးက မပီကလာ ပီကလာ ပြောစေကာမူ ဘာပြောတာလဲ ပြောလေ သြော် ဟုတ်လား ဒီလိုလား စသည်ဖြင့် တလေးတစား နားထောင် ပေးခဲ့ခြင်း များ မရှိ ခဲ့ပဲ

ကြီးလာတဲ့အခါ ” စကားနားမထောင် ” ပြောမရ ဆိုမရ တဲ့အခါမှ အဲ့ ကလေးကလေ ဆိုးကိုဆိုးတာ ဘယ်လို ပြောပြော မရဘူး ဆိုပြီး ကလေးကို အပြစ်တွေ မတင်ပါနဲ့ ။

အစကောင်းခဲ့မှ အနှောင်းသေချာပါမည် ။ လက်ဦးဆရာ မည်ထိုက်စွာပုပ်ဗစရိယ မိ နဲ့ ဖ ။ မြေဆီ မြေသား ကောင်းကောင်း မချခဲ့ပဲ အပင်သန်သန် လိုချင်လို့မရနိုင်ပါဘူးနော် ။

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။

credit