17.Dec.2022 မှ 23.Dec.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
#တနင်္ဂနွေ
ဒီကာလအတွင်းစိတ်ကူးအကြံအစည်တွေလက်တွေ့ဖြစ်လာတတ်ပါတယ်။လုပ်ကိုင်ဆောင်ရွက်သမျှကိစ္စ တွေမှာလူကြီးမိဘတွေဆီကအကြံဥာဏ်ယူပါ။ ဌာနဆိုင်ရာစာတင်ထားပြီး ခွင့်ပြုမိန့်စောင့်နေကြသူတွေ ခွင့်ပြုချက် ရလာနိုင်တဲ့ကာလပါပဲ။ သင့်အနေဖြင့် အိုးအိမ် ပြောင်းရွှေ့ရတတ်ခြင်း၊ လက်ရှိနေအိမ်ကို ပြန်လည်ပြုပြင်ရတတ် ခြင်း များ ရှိမည်။ ပြောင်းရွှေ့ရသော အိမ်သည် အရှေ့အရပ်သို့ မျက်နှာပြုသော အိမ်ဖြစ်ပါက သင့်အတွက်အကောင်း ဆုံးဖြစ်မည်။
ဝန်ထမ်းဖြစ်ပါကများပြားသောလုပ်ငန်းအသစ်များကိုတာဝန်ယူလုပ်ကိုင်နေရတတ်သည်။ ဌာန အတွင်း ဖြစ်ပေါ်နေသောပြဿနာများကိုလည်းကိုယ်တိုင်ဖြေရှင်းပေးရတတ်သည်။ ငွေကြေးရှာဖွေမှုနှင့်ပတ်သက်ပြီး အခက် အခဲမရှိ အဆင်ပြေလိမ့်မည်။ စီးပွားရေးလုပ်ငန်း များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်လိမ့်မည်။ အနုပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများအနေဖြင့် အများ၏ အားပေးမှုကို ရရှိကာ အောင်မြင်မှု ရရှိနိုင်မည်။
အိမ်ထောင် ရှင် ဖြစ်ပါက အေးချမ်း သာယာ ပျော်ရွှင်မှုများရှိမည်။ မိမိရည်ရွယ်ထားသောအလုပ်များအတွက် ကူညီပေးမယ့်သူနဲ့ ကြုံရတတ်ပါတယ်။ သားသမီးကိစ္စများ ကိုလည်း လက်တွေ့ အကောင်အထည်ဖေါ်ပေး နိုင်လိမ့်မည်။ ပညာသင် ကြားနေသူများ ပညာရေးတွင် စိတ်ဝင်စားမှု အား နည်းနေလိမ့်မည်။ ကျန်းမာရေးနှင့်ပတ် သက်ပြီး လေးဘက်နာ ဖြစ်ခြင်း၊ အရိုးကျီးပေါင်းဝေဒနာများ ဖြစ်ပေါ်ခံစားရတတ်သည်။အကျိုးပေးဂဏန်း 248အထူးဟော ပျော်စရာအချိန်တွေပါပဲ။ယတြာ ထန်းလျက်ခဲ ၁၁လုံးဘုရားကပ်လှူလိုက်ပါ
#တနင်္လာ
ဒီကာလအတွင်း ရင်ဆိုင်နေရသော အမှုအခင်းများ ရှိနေပါကလည်း အောင်မြင်စွာပြီးဆုံးနိုင်ပါလိမ့်မည်။ ဝန်ထမ်း ဖြစ်ပါက စာရင်းအင်းနှင့်ပတ်သက်ပြီး ပြဿနာအနည်းငယ်ရှိနိုင်ပါတယ်။ တစ်ဦးတစ်ယောက်အတွက် ငွေကြေးဆိုင်ရာ ကိစ္စများကို တာဝန်ယူဖြေရှင်းပေးခြင်း၊ အာမခံပေးခြင်းများကြောင့် ပြဿနာများ ဖြစ်နိုင်၍ အဆိုပါ ကိစ္စများကို အတတ်နိုင်ဆုံး ရှောင်လိုက်ပါ။
စားသောက်ကုန်ပစ္စည်းများ သိုလှောင်ခြင်းလုပ်ငန်းများ၊ ရောင်းချခြင်း လုပ်ငန်း များ၊ အဖျော် ယမကာ အမျိုးမျိုး ရောင်းချခြင်းလုပ်ငန်များ၊ ဟော်တည်တည်းခိုလုပ်ငန်း လုပ်ကိုင်နေသူများ ဝင်ငွေ သိသိသာသာ တိုးတတ်မည်။ စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်ပြီး မည်သည့်လုပ်ငန်းကို လုပ်ကိုင်သည်ဖြစ်စေ၊ မိမိကိုယ်တိုင်ဦးဆောင်လုပ်ကိုင်ပါက အောင်မြင်မှု ရရှိနိုင်မည်။ ငယ်ရွယ်သူများ၏ အချစ်ရေးမှာ စိတ်အပြောင်း အလဲမြန်သော ချစ်သူကြောင့် စိတ်ခံစားရတတ်သည်။
ပညာရေးလိုက်စားသူဖြစ်ပါက ပညာရေးကံ အနည်းငယ် ညံ့နေမည်ဖြစ်၍ လုံ့လဝီရိယ စိုက်ထုတ်ကြိုးစားလုပ်ကိုင်နိုင်လျှင် ကောင်းပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာတွင်လည်ကောင်း၊ စအိုပိုင်းဆိုင်ရာတွင်လည်ကောင်း ဝေဒနာများ ဖြစ်ပေါ်ခံစားရတတ်သည်။ အိမ် ထောင်ရေးအညံ့အဆိုးတော့ မရှိသလောက်နည်းပါတယ်။အကျိုးပေးဂဏန်း 359အထူးဟော မဆိုင်ဘဲသူများကိစ္စတွေဝင်မပါမိပါစေနဲ့။ယတြာ ရဟန်းတစ်ပါးကို အားဆေးတစ်ကဒ်လှူလိုက်ပါ။
#အင်္ဂါ
ဒီကာလအတွင်း စီးပွားရေး၊ လူမှုရေးအတိုက်အခံများ အရင်ကထက် လျော့နည်းသွားတတ်ပါတယ်။ စီးပွား ရေးလုပ်ငန်နှင့်ပတ်သက်ပြီး အစုစပ်လုပ်ကိုင်ခြင်းဖြင့် အကျိုးရှိနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးဖြင့် ငွေကုန် ပေါက်များ ပေါ်ပေါက်လာမည်။ သို့သော် ထီပေါက်သကဲ့သို့ ငွေကြေးအလုံးအရင်းနှင့်ဝင်ခြင်း၊ အလုပ်ကနေ စုကြေး ရခြင်း၊ကျေးဇူးရှိပြုဖူးသူမှလာကန်တော့ခြင်း စသည်ဖြင့် တစ်နည်းနည်းဖြင့် ငွေဝင်မည်။ သွားပါများ ခရီး ရောက် ဆိုသလို ဇာတာရှင်ထိုင်နေရင် မဖြစ်တော့သည့် အခြေအနေ ဖြစ်ပါသည်။
သူ့ကိုဂုဏ်နှိမ့်၊ ကိုယ်ဂုဏ်နိမ့်မည် ဆိုသလို သူများကိုအပြစ်တင်ဝေဖန်တာတွေ မလုပ်ပါနဲ့တော့။ အိုးအိမ်၊တိုက်ခန်းဝယ်ယူမယ်ဆို နားလည်သူတွေကို ဦးဆောင် ပြီးဝယ်ခိုင်းပါ။အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင်ရေး အဆင်ပြေမည်။ အလုပ်အကိုင်ရှာဖွေနေသူ ဖြစ် ပါက မိမိ ကိုယ်တိုင်ဝါသနာပါသော မိမိဆန္ဒရှိသော အလုပ်ကို အခက် အခဲဖြင့် ရရှိနိုင်ပါတယ်။ ပညာရေးလိုက်စားသူ ဖြစ်ပါက ဘာသာရပ်ဆိုင်ရာသင်တန်းများ တတ်ရောက်ရခြင်းရှိမည်။
ငယ်ရွယ်သူများ အသွားအလာ၊ အနေအထိုင် အထူး သတိရှိပါ။ အလည်လွန်ရာမှ အိမ်ထောင်ကျ တတ်သည်။ ကျန်းမာရေးမှာ ကျောက်ကပ် ဒုက္ခပေးတတ်ခြင်း များရှိ မည်။အကျိုးပေးဂဏန်း 648 အထူးဟော အနှေးပြကွက်တွေလို အလုပ်တွေကိုခေါင်းအေးအေးသာလုပ်ပါ..။ယတြာ ပျားရည်လေးတွေဝယ်ပြီးလူကြီးမိဘတွေကိုကန်တော့ပါ
#ဗုဒ္ဓဟူး/ရာဟု
ဤကာလအတွင်း မည်သည့်အရေးကြီးသော ကိစ္စရပ်တိုင်းကိုမဆို အထက်ကြီးအကဲ ပုဂ္ဂိုလ်တစ်ဦးဦးနှင့် တိုင်ပင်ခြင်း၊အကြံဉာဏ်တောင်းခံခြင်းပြုလုပ်ပေးပါ။ ဝန်ထမ်းဖြစ်ပါက လက်ရှိလုပ်ငန်းနှင့် အဆင်မပြေဘဲ လုပ်ငန်း ပြောင်းလဲလိုစိတ်များ ဖြစ်ပေါ်နေမည်။ ဒီကာလအတွင်း စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်ပြီး လုပ်ငန်းအပြောင်းအလဲ ရှိခြင်း၊ လုပ်ငန်းဝင်ငွေ အတက်အကျရှိခြင်းများ ဖြစ်တတ်သည်။
မွေးမြူရေးလုပ်ငန်း၊ ရေထွက်ပစ္စည်းများ ရောင်း ဝယ်ခြင်း၊ သိုလှောင်ခြင်းလုပ်ငန် များ လုပ်ကိုင်နေသူများ ဝင်ငွေတိုးပွား အဆင်ပြေနိုင်ပါတယ်။ စွန့်စားလုပ်ကိုင် ရသောအလုပ်များအလွန်ကောင်းပါတယ်။ သူများမတွေးမိတဲ့အတွေးအခေါ်အကြံအစည်ကြောင့် အဘက်ဘက်က တိုးတတ်လိမ့်မယ်။အိမ်ထောင်ရေးသည် စီးပွားရေးနှင့် တိုက်ရိုက်ပတ်သက်နေသဖြင့် စီးပွားရေးအဆင်ပြေလျှင် အိမ်တွင်းရေးအေးချမ်းမှု ရှိမည်။
ငယ်ရွယ်သူများ အချစ်ရေးရာ မသေချာမှုများ ဖြစ်ပေါ်ရခြင်း၊ ဆွေမျိုးသား ချင်းများနှင့် ခေတ္တခွဲခွာနေရခြင်းများ ဖြစ်တတ်သည်။ ကျန်းမာရေးနှင့် ပတ်သက်ပြီး အနာများပေါက်ခြင်း၊ အကျိတ် များထွက်ခြင်းများ ရှိနေတတ်သည်။ ပညာရေးအကောင်းဆုံးအချိန်လို့ပြောချင်ပါတယ်။အကျိုးပေးဂဏန်း 547အထူးဟော စွန့်စားလုပ်ကိုင်သူများ အဆင်ပြေမယ်ယတြာ ပဲပလာတာ ဘုရားကပ်လှူလိုက်ပါ။
#ကြာသပတေး
ဤကာလအတွင်း အပျော်အပါးနှင့် လောင်းကစား ကိစ္စများ လွန်ကဲမှုကြောင့် စီးပွားရေးလုပ်ငန်း ထိခိုက် တတ်သည်ကို အထူးသတိထားပါ။ အိမ်ထောင်ရှင်ဖြစ်ပါက ယခုကာလအတွင်း မိသားစုနှင့် အတူတကွ အေးအေး ချမ်းချမ်းနေထိုင်လိုသောဆန္ဒများပြင်းပြနေတတ်သည်။ပြည်ပနှင့်ဆက်သွယ်လုပ်ကိုင်ရသော လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှုရှိပြီး အဆင်ပြေမှု နည်းပါးတတ်သည်။ စီးပွားရေးလုပ်ငန်းများတွင် လူမျိုးကွဲများနှင့် စပ်တူလုပ်ကိုင်ခြင်း မပြုသင့်ဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း များဖြင့်သာ အကျိုးပေး ထက်သန်သည်။
ဝန်ထမ်းဖြစ်ပါက စကားပြောဆို ဆက်ဆံရာတွင် အထူး သတိထား ပြောဆိုဆက်ဆံ သင့်ပါတယ်။ မထင်မှတ်ပဲ ပြောဆိုလိုက်သော မိမိစကားတစ်ခွန်း ကြောင့်ပြဿနာများဖြေရှင်းရသည်အထိဖြစ်သွားတတ်သည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် အချစ်ကြီး၍ အမျက် ကြီး သူမျိုးနှင့်သာ တွေ့ရတတ်သည်။ ပညာရေးနှင့်ပတ်သက်ပြီး ကံကောင်းသည်။
ပညာအမွေပေးမည့်သူများ နှင့် လည်းတွေ့ရတတ်သည်။ ကျန်းမာရေးမှာ အစာအိမ်နှင့် ပတ်သက်သော ဝေဒနာများ ဖြစ်ပေါ်ခံစားရတတ်သည်။ ပူပူနွေးနွေး အစားအစာများကို စားသုံးပေးပါ။ အစာမခံပါနှင့်။စားချိန်မှန်ပါစေ။အကျိုးပေးဂဏန်း 156အထူးဟော အနည်းငယ်ကံညံ့နေပါတယ်။ယတြာ ပြောင်းဖူးကြော်ပြီး ဘုရားကပ်လှူလိုက်ပါ။
#သောကြာ
ဒီကာလအတွင်း အင်္ဂါသားသမီး တစ်ဦးဦးထံတွင် ငွေကြေးရင်းနှီးမြှပ်နှံထားခြင်းများ၊ အပ်နှံထားခြင်းများ ရှိပါကဆုံးရှုံးရတတ်သည်ကို အထူးသတိထားပါ။ မိမိအတွက် အရေးကြီးကိစ္စများရှိပါက မိမိလေးစားရသော အကြီး အကဲများ၏ အကြံဉာဏ်ယူခြင်း၊ တိုင်ပင်ခြင်းများ ပြုလုပ်သင့်ပါတယ်။ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ကိုယ်ပိုင်လုပ်ငန်းများဖြင့် အကျိုးပေးမည်။ မိတ်ကောင်း၊ ဆွေကောင်းများ တိုးပွားခြင်းရှိမည်။
လုပ်ငန်းကြီးများ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများ ပေါ်ထွက်လာမည်။ အိုးအိမ်နှင့် ပတ်သက်ပြီး စကားများရခြင်း၊ အမှုအခင်း များဖြစ်ရခြင်း၊ စိတ်ညစ်ရခြင်းများ ရှိမည်။ ဝန်ထမ်းဖြစ်ပါက ဌာနအတွင်း အဆင်ပြေ မည်။ အလုပ်ကနေ ဘေးပေါက်ဝင်ငွေကောင်းလိမ့်မည်။ အိမ်ထောင်ရှင်ဖြစ်ပါက သားသမီးများအတွက်ကြောင့် မိမိအိမ်ထောင် ဖက်နှင့် မကြာခဏရန်ဖြစ်ရတတ် သည်။
အတတ်နိုင်ဆုံး မိမိစိတ်ကို အေးအေးထားပါ။ စိတ်မြန်မှု၊ ဒေါသကြီးမှု ကြောင့် အမှားများတွေ့ရတတ်ပြီး ကျန်းမာရေးပါ ထိခိုက်နိုင်ပါတယ်။ ပညာရေးလိုက်စားသူဖြစ်ပါက ပညာရေးတွင် အချစ် ရေး ကိစ္စများ ဝင်ရောက်နှောက်ယှက်မှုများ ဖြစ်တတ်သည်ကို အထူးသတိထားပါ။ အကျိုးပေးဂဏန်း 270အထူးဟော ဒေါသလျှော့ပါ ယတြာ ဒိန်ချဉ်တစ်ခွက်ဘုရားကပ်လှူလိုက်ပါ။
#စနေ
ဒီကာလအတွင်း အရေးကြီးကိစ္စများ ဆောင်ရွက်လျင်သော်လည်ကောင်း၊ ခရီးသွားလျင်သော်လည်ကောင်း ကိတ်မုန့်လေးတစ်ချပ်စားပြီးသွားခြင်းဖြင့်အရာရာအဆင်ပြေပါလိမ့်မယ်။အိမ်ထောင်ရှင်ဖြစ်ပါက အိမ်တွင်းစီးပွား ဝင်ငွေ ကောင်းသော်လည်း မိမိအိမ်ထောင်ဘက်နှင့် အဆင်မပြေမှုများ ရှိမည်။ အကြောင်းတစ်ခုခုကြောင့် ခွဲခွာနေ ရခြင်းများလည်း ရှိသည်။ သို့သော်သင့်အနေဖြင့် အလှူအတန်း၊ ကုသိုလ်များများ ထူးထူးခြားခြား ပြုလုပ်နိုင်ပေ လိမ့်မည်။
မိမိဆွေမျိုး၊ လူကြီးမိဘများကိုလည်း စရိတ်ခံကာ ဘုရားဖူးခရီးများ ပို့လွှတ်နိုင်မည်။ ပြည်တွင်း၊ ပြည်ပ ခရီးများသွားရန် အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ပါတယ်။ ဤအချိန်ကာလသည် သင့်အတွက် ကံကောင်းမှုများ စောင့်ကြိုနေမည်ဖြစ်ပါတယ်။ ပညာသင်ကြားနေသူများ ဖြစ်ပါက ပညာရေးစိတ်ဝင်စားမှုအားနည်းပြီး အပေါင်း အသင်း များနှင့် အတူတကွ သွားလာပျော်ရွှင်ရမှုမျိုးကိုသာ လိုလားနေတတ်သည်။
ငယ်ရွယ်သူများ၏ အချစ်ရေး ကိစ္စများ စဉ်းစားနိုင်မှ တော်ရုံကျမည်။ ကျန်းမာရေးမှာ မတည့်စာများ စားမိခြင်း၊ မိမိနှင့်ဓါတ်မတည့်သည့် အစား အစာ များ စားမိခြင်းကို အထူးသတိထားပါ။ အကျိုးပေးဂဏန်း 137အထူးဟော ကံကောင်းနေချိန်ပါပဲ။ယတြာ ဂျယ်လီလေးတွေ နီးစပ်တဲ့ကလေးတွေကိုဝေကျွေးပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695
Zawgyi
17.Dec.2022 မွ 23.Dec.2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း
#တနဂၤေႏြ
ဒီကာလအတြင္းစိတ္ကူးအႀကံအစည္ေတြလက္ေတြ႕ျဖစ္လာတတ္ပါတယ္။လုပ္ကိုင္ေဆာင္႐ြက္သမွ်ကိစၥ ေတြမွာလူႀကီးမိဘေတြဆီကအႀကံဥာဏ္ယူပါ။ ဌာနဆိုင္ရာစာတင္ထားၿပီး ခြင့္ျပဳမိန႔္ေစာင့္ေနၾကသူေတြ ခြင့္ျပဳခ်က္ ရလာႏိုင္တဲ့ကာလပါပဲ။ သင့္အေနျဖင့္ အိုးအိမ္ ေျပာင္းေ႐ႊ႕ရတတ္ျခင္း၊ လက္ရွိေနအိမ္ကို ျပန္လည္ျပဳျပင္ရတတ္ ျခင္း မ်ား ရွိမည္။ ေျပာင္းေ႐ႊ႕ရေသာ အိမ္သည္ အေရွ႕အရပ္သို႔ မ်က္ႏွာျပဳေသာ အိမ္ျဖစ္ပါက သင့္အတြက္အေကာင္း ဆုံးျဖစ္မည္။
ဝန္ထမ္းျဖစ္ပါကမ်ားျပားေသာလုပ္ငန္းအသစ္မ်ားကိုတာဝန္ယူလုပ္ကိုင္ေနရတတ္သည္။ ဌာန အတြင္း ျဖစ္ေပၚေနေသာျပႆနာမ်ားကိုလည္းကိုယ္တိုင္ေျဖရွင္းေပးရတတ္သည္။ ေငြေၾကးရွာေဖြမႈႏွင့္ပတ္သက္ၿပီး အခက္ အခဲမရွိ အဆင္ေျပလိမ့္မည္။ စီးပြားေရးလုပ္ငန္း မ်ား က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ကိုင္ႏိုင္လိမ့္မည္။ အႏုပညာျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳသူမ်ားအေနျဖင့္ အမ်ား၏ အားေပးမႈကို ရရွိကာ ေအာင္ျမင္မႈ ရရွိႏိုင္မည္။
အိမ္ေထာင္ ရွင္ ျဖစ္ပါက ေအးခ်မ္း သာယာ ေပ်ာ္႐ႊင္မႈမ်ားရွိမည္။ မိမိရည္႐ြယ္ထားေသာအလုပ္မ်ားအတြက္ ကူညီေပးမယ့္သူနဲ႔ ႀကဳံရတတ္ပါတယ္။ သားသမီးကိစၥမ်ား ကိုလည္း လက္ေတြ႕ အေကာင္အထည္ေဖၚေပး ႏိုင္လိမ့္မည္။ ပညာသင္ ၾကားေနသူမ်ား ပညာေရးတြင္ စိတ္ဝင္စားမႈ အား နည္းေနလိမ့္မည္။ က်န္းမာေရးႏွင့္ပတ္ သက္ၿပီး ေလးဘက္နာ ျဖစ္ျခင္း၊ အ႐ိုးက်ီးေပါင္းေဝဒနာမ်ား ျဖစ္ေပၚခံစားရတတ္သည္။အက်ိဳးေပးဂဏန္း 248အထူးေဟာ ေပ်ာ္စရာအခ်ိန္ေတြပါပဲ။ယၾတာ ထန္းလ်က္ခဲ ၁၁လုံးဘုရားကပ္လႉလိုက္ပါ။
#တနလၤာ
ဒီကာလအတြင္း ရင္ဆိုင္ေနရေသာ အမႈအခင္းမ်ား ရွိေနပါကလည္း ေအာင္ျမင္စြာၿပီးဆုံးႏိုင္ပါလိမ့္မည္။ ဝန္ထမ္း ျဖစ္ပါက စာရင္းအင္းႏွင့္ပတ္သက္ၿပီး ျပႆနာအနည္းငယ္ရွိႏိုင္ပါတယ္။ တစ္ဦးတစ္ေယာက္အတြက္ ေငြေၾကးဆိုင္ရာ ကိစၥမ်ားကို တာဝန္ယူေျဖရွင္းေပးျခင္း၊ အာမခံေပးျခင္းမ်ားေၾကာင့္ ျပႆနာမ်ား ျဖစ္ႏိုင္၍ အဆိုပါ ကိစၥမ်ားကို အတတ္ႏိုင္ဆုံး ေရွာင္လိုက္ပါ။
စားေသာက္ကုန္ပစၥည္းမ်ား သိုေလွာင္ျခင္းလုပ္ငန္းမ်ား၊ ေရာင္းခ်ျခင္း လုပ္ငန္း မ်ား၊ အေဖ်ာ္ ယမကာ အမ်ိဳးမ်ိဳး ေရာင္းခ်ျခင္းလုပ္ငန္မ်ား၊ ေဟာ္တည္တည္းခိုလုပ္ငန္း လုပ္ကိုင္ေနသူမ်ား ဝင္ေငြ သိသိသာသာ တိုးတတ္မည္။ စီးပြားေရးလုပ္ငန္းႏွင့္ပတ္သက္ၿပီး မည္သည့္လုပ္ငန္းကို လုပ္ကိုင္သည္ျဖစ္ေစ၊ မိမိကိုယ္တိုင္ဦးေဆာင္လုပ္ကိုင္ပါက ေအာင္ျမင္မႈ ရရွိႏိုင္မည္။ ငယ္႐ြယ္သူမ်ား၏ အခ်စ္ေရးမွာ စိတ္အေျပာင္း အလဲျမန္ေသာ ခ်စ္သူေၾကာင့္ စိတ္ခံစားရတတ္သည္။
ပညာေရးလိုက္စားသူျဖစ္ပါက ပညာေရးကံ အနည္းငယ္ ညံ့ေနမည္ျဖစ္၍ လုံ႔လဝီရိယ စိုက္ထုတ္ႀကိဳးစားလုပ္ကိုင္ႏိုင္လွ်င္ ေကာင္းပါတယ္။ က်န္းမာေရးႏွင့္ ပတ္သက္ၿပီး လိင္ပိုင္းဆိုင္ရာတြင္လည္ေကာင္း၊ စအိုပိုင္းဆိုင္ရာတြင္လည္ေကာင္း ေဝဒနာမ်ား ျဖစ္ေပၚခံစားရတတ္သည္။ အိမ္ ေထာင္ေရးအညံ့အဆိုးေတာ့ မရွိသေလာက္နည္းပါတယ္။အက်ိဳးေပးဂဏန္း 359အထူးေဟာ မဆိုင္ဘဲသူမ်ားကိစၥေတြဝင္မပါမိပါေစနဲ႔။ယၾတာ ရဟန္းတစ္ပါးကို အားေဆးတစ္ကဒ္လႉလိုက္ပါ။
#အဂၤါ
ဒီကာလအတြင္း စီးပြားေရး၊ လူမႈေရးအတိုက္အခံမ်ား အရင္ကထက္ ေလ်ာ့နည္းသြားတတ္ပါတယ္။ စီးပြား ေရးလုပ္ငန္ႏွင့္ပတ္သက္ၿပီး အစုစပ္လုပ္ကိုင္ျခင္းျဖင့္ အက်ိဳးရွိႏိုင္ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေငြကုန္ ေပါက္မ်ား ေပၚေပါက္လာမည္။ သို႔ေသာ္ ထီေပါက္သကဲ့သို႔ ေငြေၾကးအလုံးအရင္းႏွင့္ဝင္ျခင္း၊ အလုပ္ကေန စုေၾကး ရျခင္း၊ေက်းဇူးရွိျပဳဖူးသူမွလာကန္ေတာ့ျခင္း စသည္ျဖင့္ တစ္နည္းနည္းျဖင့္ ေငြဝင္မည္။ သြားပါမ်ား ခရီး ေရာက္ ဆိုသလို ဇာတာရွင္ထိုင္ေနရင္ မျဖစ္ေတာ့သည့္ အေျခအေန ျဖစ္ပါသည္။
သူ႔ကိုဂုဏ္ႏွိမ့္၊ ကိုယ္ဂုဏ္နိမ့္မည္ ဆိုသလို သူမ်ားကိုအျပစ္တင္ေဝဖန္တာေတြ မလုပ္ပါနဲ႔ေတာ့။ အိုးအိမ္၊တိုက္ခန္းဝယ္ယူမယ္ဆို နားလည္သူေတြကို ဦးေဆာင္ ၿပီးဝယ္ခိုင္းပါ။အိမ္ေထာင္ရွင္ျဖစ္ပါက အိမ္ေထာင္ေရး အဆင္ေျပမည္။ အလုပ္အကိုင္ရွာေဖြေနသူ ျဖစ္ ပါက မိမိ ကိုယ္တိုင္ဝါသနာပါေသာ မိမိဆႏၵရွိေသာ အလုပ္ကို အခက္ အခဲျဖင့္ ရရွိႏိုင္ပါတယ္။ ပညာေရးလိုက္စားသူ ျဖစ္ပါက ဘာသာရပ္ဆိုင္ရာသင္တန္းမ်ား တတ္ေရာက္ရျခင္းရွိမည္။
ငယ္႐ြယ္သူမ်ား အသြားအလာ၊ အေနအထိုင္ အထူး သတိရွိပါ။ အလည္လြန္ရာမွ အိမ္ေထာင္က် တတ္သည္။ က်န္းမာေရးမွာ ေက်ာက္ကပ္ ဒုကၡေပးတတ္ျခင္း မ်ားရွိ မည္။အက်ိဳးေပးဂဏန္း 648 အထူးေဟာ အေႏွးျပကြက္ေတြလို အလုပ္ေတြကိုေခါင္းေအးေအးသာလုပ္ပါ..။ယၾတာ ပ်ားရည္ေလးေတြဝယ္ၿပီးလူႀကီးမိဘေတြကိုကန္ေတာ့ပါ
#ဗုဒၶဟူး/ရာဟု
ဤကာလအတြင္း မည္သည့္အေရးႀကီးေသာ ကိစၥရပ္တိုင္းကိုမဆို အထက္ႀကီးအကဲ ပုဂၢိဳလ္တစ္ဦးဦးႏွင့္ တိုင္ပင္ျခင္း၊အႀကံဉာဏ္ေတာင္းခံျခင္းျပဳလုပ္ေပးပါ။ ဝန္ထမ္းျဖစ္ပါက လက္ရွိလုပ္ငန္းႏွင့္ အဆင္မေျပဘဲ လုပ္ငန္း ေျပာင္းလဲလိုစိတ္မ်ား ျဖစ္ေပၚေနမည္။ ဒီကာလအတြင္း စီးပြားေရးလုပ္ငန္းႏွင့္ပတ္သက္ၿပီး လုပ္ငန္းအေျပာင္းအလဲ ရွိျခင္း၊ လုပ္ငန္းဝင္ေငြ အတက္အက်ရွိျခင္းမ်ား ျဖစ္တတ္သည္။
ေမြးျမဴေရးလုပ္ငန္း၊ ေရထြက္ပစၥည္းမ်ား ေရာင္း ဝယ္ျခင္း၊ သိုေလွာင္ျခင္းလုပ္ငန္ မ်ား လုပ္ကိုင္ေနသူမ်ား ဝင္ေငြတိုးပြား အဆင္ေျပႏိုင္ပါတယ္။ စြန႔္စားလုပ္ကိုင္ ရေသာအလုပ္မ်ားအလြန္ေကာင္းပါတယ္။ သူမ်ားမေတြးမိတဲ့အေတြးအေခၚအႀကံအစည္ေၾကာင့္ အဘက္ဘက္က တိုးတတ္လိမ့္မယ္။အိမ္ေထာင္ေရးသည္ စီးပြားေရးႏွင့္ တိုက္႐ိုက္ပတ္သက္ေနသျဖင့္ စီးပြားေရးအဆင္ေျပလွ်င္ အိမ္တြင္းေရးေအးခ်မ္းမႈ ရွိမည္။
ငယ္႐ြယ္သူမ်ား အခ်စ္ေရးရာ မေသခ်ာမႈမ်ား ျဖစ္ေပၚရျခင္း၊ ေဆြမ်ိဳးသား ခ်င္းမ်ားႏွင့္ ေခတၱခြဲခြာေနရျခင္းမ်ား ျဖစ္တတ္သည္။ က်န္းမာေရးႏွင့္ ပတ္သက္ၿပီး အနာမ်ားေပါက္ျခင္း၊ အက်ိတ္ မ်ားထြက္ျခင္းမ်ား ရွိေနတတ္သည္။ ပညာေရးအေကာင္းဆုံးအခ်ိန္လို႔ေျပာခ်င္ပါတယ္။အက်ိဳးေပးဂဏန္း 547အထူးေဟာ စြန႔္စားလုပ္ကိုင္သူမ်ား အဆင္ေျပမယ္ယၾတာ ပဲပလာတာ ဘုရားကပ္လႉလိုက္ပါ။
#ၾကာသပေတး
ဤကာလအတြင္း အေပ်ာ္အပါးႏွင့္ ေလာင္းကစား ကိစၥမ်ား လြန္ကဲမႈေၾကာင့္ စီးပြားေရးလုပ္ငန္း ထိခိုက္ တတ္သည္ကို အထူးသတိထားပါ။ အိမ္ေထာင္ရွင္ျဖစ္ပါက ယခုကာလအတြင္း မိသားစုႏွင့္ အတူတကြ ေအးေအး ခ်မ္းခ်မ္းေနထိုင္လိုေသာဆႏၵမ်ားျပင္းျပေနတတ္သည္။ျပည္ပႏွင့္ဆက္သြယ္လုပ္ကိုင္ရေသာ လုပ္ငန္းမ်ား ေႏွာင့္ေႏွး ၾကန႔္ၾကာမႈရွိၿပီး အဆင္ေျပမႈ နည္းပါးတတ္သည္။ စီးပြားေရးလုပ္ငန္းမ်ားတြင္ လူမ်ိဳးကြဲမ်ားႏွင့္ စပ္တူလုပ္ကိုင္ျခင္း မျပဳသင့္ဘဲ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္း မ်ားျဖင့္သာ အက်ိဳးေပး ထက္သန္သည္။
ဝန္ထမ္းျဖစ္ပါက စကားေျပာဆို ဆက္ဆံရာတြင္ အထူး သတိထား ေျပာဆိုဆက္ဆံ သင့္ပါတယ္။ မထင္မွတ္ပဲ ေျပာဆိုလိုက္ေသာ မိမိစကားတစ္ခြန္း ေၾကာင့္ျပႆနာမ်ားေျဖရွင္းရသည္အထိျဖစ္သြားတတ္သည္။ ငယ္႐ြယ္သူမ်ား အခ်စ္ေရးတြင္ အခ်စ္ႀကီး၍ အမ်က္ ႀကီး သူမ်ိဳးႏွင့္သာ ေတြ႕ရတတ္သည္။ ပညာေရးႏွင့္ပတ္သက္ၿပီး ကံေကာင္းသည္။
ပညာအေမြေပးမည့္သူမ်ား ႏွင့္ လည္းေတြ႕ရတတ္သည္။ က်န္းမာေရးမွာ အစာအိမ္ႏွင့္ ပတ္သက္ေသာ ေဝဒနာမ်ား ျဖစ္ေပၚခံစားရတတ္သည္။ ပူပူေႏြးေႏြး အစားအစာမ်ားကို စားသုံးေပးပါ။ အစာမခံပါႏွင့္။စားခ်ိန္မွန္ပါေစ။အက်ိဳးေပးဂဏန္း 156အထူးေဟာ အနည္းငယ္ကံညံ့ေနပါတယ္။ယၾတာ ေျပာင္းဖူးေၾကာ္ၿပီး ဘုရားကပ္လႉလိုက္ပါ။
#ေသာၾကာ
ဒီကာလအတြင္း အဂၤါသားသမီး တစ္ဦးဦးထံတြင္ ေငြေၾကးရင္းႏွီးျမႇပ္ႏွံထားျခင္းမ်ား၊ အပ္ႏွံထားျခင္းမ်ား ရွိပါကဆုံးရႈံးရတတ္သည္ကို အထူးသတိထားပါ။ မိမိအတြက္ အေရးႀကီးကိစၥမ်ားရွိပါက မိမိေလးစားရေသာ အႀကီး အကဲမ်ား၏ အႀကံဉာဏ္ယူျခင္း၊ တိုင္ပင္ျခင္းမ်ား ျပဳလုပ္သင့္ပါတယ္။ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္ၿပီး ကိုယ္ပိုင္လုပ္ငန္းမ်ားျဖင့္ အက်ိဳးေပးမည္။ မိတ္ေကာင္း၊ ေဆြေကာင္းမ်ား တိုးပြားျခင္းရွိမည္။
လုပ္ငန္းႀကီးမ်ား လုပ္ကိုင္ႏိုင္ရန္ အခြင့္အလမ္းေကာင္းမ်ား ေပၚထြက္လာမည္။ အိုးအိမ္ႏွင့္ ပတ္သက္ၿပီး စကားမ်ားရျခင္း၊ အမႈအခင္း မ်ားျဖစ္ရျခင္း၊ စိတ္ညစ္ရျခင္းမ်ား ရွိမည္။ ဝန္ထမ္းျဖစ္ပါက ဌာနအတြင္း အဆင္ေျပ မည္။ အလုပ္ကေန ေဘးေပါက္ဝင္ေငြေကာင္းလိမ့္မည္။ အိမ္ေထာင္ရွင္ျဖစ္ပါက သားသမီးမ်ားအတြက္ေၾကာင့္ မိမိအိမ္ေထာင္ ဖက္ႏွင့္ မၾကာခဏရန္ျဖစ္ရတတ္ သည္။
အတတ္ႏိုင္ဆုံး မိမိစိတ္ကို ေအးေအးထားပါ။ စိတ္ျမန္မႈ၊ ေဒါသႀကီးမႈ ေၾကာင့္ အမွားမ်ားေတြ႕ရတတ္ၿပီး က်န္းမာေရးပါ ထိခိုက္ႏိုင္ပါတယ္။ ပညာေရးလိုက္စားသူျဖစ္ပါက ပညာေရးတြင္ အခ်စ္ ေရး ကိစၥမ်ား ဝင္ေရာက္ေႏွာက္ယွက္မႈမ်ား ျဖစ္တတ္သည္ကို အထူးသတိထားပါ။ အက်ိဳးေပးဂဏန္း 270အထူးေဟာ ေဒါသေလွ်ာ့ပါ ယၾတာ ဒိန္ခ်ဥ္တစ္ခြက္ဘုရားကပ္လႉလိုက္ပါ။
#စေန
ဒီကာလအတြင္း အေရးႀကီးကိစၥမ်ား ေဆာင္႐ြက္လ်င္ေသာ္လည္ေကာင္း၊ ခရီးသြားလ်င္ေသာ္လည္ေကာင္း ကိတ္မုန႔္ေလးတစ္ခ်ပ္စားၿပီးသြားျခင္းျဖင့္အရာရာအဆင္ေျပပါလိမ့္မယ္။အိမ္ေထာင္ရွင္ျဖစ္ပါက အိမ္တြင္းစီးပြား ဝင္ေငြ ေကာင္းေသာ္လည္း မိမိအိမ္ေထာင္ဘက္ႏွင့္ အဆင္မေျပမႈမ်ား ရွိမည္။ အေၾကာင္းတစ္ခုခုေၾကာင့္ ခြဲခြာေန ရျခင္းမ်ားလည္း ရွိသည္။ သို႔ေသာ္သင့္အေနျဖင့္ အလႉအတန္း၊ ကုသိုလ္မ်ားမ်ား ထူးထူးျခားျခား ျပဳလုပ္ႏိုင္ေပ လိမ့္မည္။
မိမိေဆြမ်ိဳး၊ လူႀကီးမိဘမ်ားကိုလည္း စရိတ္ခံကာ ဘုရားဖူးခရီးမ်ား ပို႔လႊတ္ႏိုင္မည္။ ျပည္တြင္း၊ ျပည္ပ ခရီးမ်ားသြားရန္ အခြင့္အလမ္းမ်ား ေပၚေပါက္လာႏိုင္ပါတယ္။ ဤအခ်ိန္ကာလသည္ သင့္အတြက္ ကံေကာင္းမႈမ်ား ေစာင့္ႀကိဳေနမည္ျဖစ္ပါတယ္။ ပညာသင္ၾကားေနသူမ်ား ျဖစ္ပါက ပညာေရးစိတ္ဝင္စားမႈအားနည္းၿပီး အေပါင္း အသင္း မ်ားႏွင့္ အတူတကြ သြားလာေပ်ာ္႐ႊင္ရမႈမ်ိဳးကိုသာ လိုလားေနတတ္သည္။
ငယ္႐ြယ္သူမ်ား၏ အခ်စ္ေရး ကိစၥမ်ား စဥ္းစားႏိုင္မွ ေတာ္႐ုံက်မည္။ က်န္းမာေရးမွာ မတည့္စာမ်ား စားမိျခင္း၊ မိမိႏွင့္ဓါတ္မတည့္သည့္ အစား အစာ မ်ား စားမိျခင္းကို အထူးသတိထားပါ။ အက်ိဳးေပးဂဏန္း 137အထူးေဟာ ကံေကာင္းေနခ်ိန္ပါပဲ။ယၾတာ ဂ်ယ္လီေလးေတြ နီးစပ္တဲ့ကေလးေတြကိုေဝေကြၽးပါ။
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 09 44 5555 695