ဟာသ

ခ်စ္သူကို အလိုလိုက္မိရာကေန သူေတာင္းစားဘ၀ ေရာက္သြားရတဲ့အျဖစ္

ခ်စ္သူကို အလိုလိုက္မိရာကေန သူေတာင္းစားဘ၀ ေရာက္သြားရတဲ့အျဖစ္

” ကိုကို သီခ်င္းဆိုျပ ”

” ငင့္ ဘာသီခ်င္းလည္း ”

” ေဇာ္ပိုင္ရဲ႕ မင္းနဲ႔မွခ်စ္တတ္ၿပီေပါ့ ”

” ကိုကိုမွ အသံမေကာင္းတာကို ”

” ရဘူးကြာ ဆိုျပ နားေထာင္ခ်င္လို႔ ”

႐ုတ္တရက္ႀကီး ဖုန္းထဲက ဂ်ီက်ေနတာ … က်ဳပ္ေကာင္မေလးက အေဝးကကိုးဗ် … က်ဳပ္ကလည္းခ်စ္ေတာ့ အလိုလိုက္ရတာေပါ့ဗ်ာ

” အင္းအင္း … အခ်စ္အေၾကာင္းမ်ား မသိခဲ့ဘူး … ငယ္စဥ္က … ”

” အာ အဲ့လိုမဟုတ္ဘူး ”

” အန္ ဟုတ္တယ္ေလ အာ့ မင္းနဲ႔မွခ်စ္တတ္ၿပီေပါ့ေလ ”

” ဟုတ္ဘူး ဟိုေန႔က အိမ္ေအာက္မွာ လာဆိုတဲ့ ကေလးေလးေတြဆိုသလို နားေထာင္ခ်င္တာ ”

” ငင္ ဘယ္လိုတုန္း ”

” ဝါးစစ္ပိတ္ေလးနဲ႔ဆိုတာ တတုံတုံ႔ တုန္ တတုံတုံ႔တုန္နဲ႔ ”

” ငွယ္ အာ့လိုဆိုရေအာင္ သေတာင္းစားမွမဟုတ္တာကြ ”

” ရဘူး ခ်စ္ရင္ဆိုျပ မဆိုရင္ အျပတ္ပဲ ”

” ငြဲ ”

ေနာက္ေန႔ကစၿပီး က်ဳပ္မွာ ဝါးစစ္ပိတ္နဲ႔ဆိုတဲ့ သူေတာင္းစားေလးေတြလိုက္ရွာရေရာ … ရွာေတာ့မွမေတြ႕ဘူး အာ့ကေလးေတြက … ေဟာေနာက္ဆုံးက် ေတြ႕ပါၿပီ … ငတိေလးေတြ ေတာင္းစားေနတာ …

” ေညး ”

” ဟုတ္ကဲ့ သနားပါဗ်ာ ထမင္းမစားရေသးလို႔ပါ ”

” အင္း သနားပါတယ္ကြာ … ပိုက္ဆံလည္းေပးမယ္ အစ္ကို႔ကိုေလ ညီေလးတို႔ ခု တီးေနတဲ့ ဝါးစစ္ေလးေရာင္းပါလား ”

” ဘာလုပ္ဖို႔လည္းဗ် ”

ေကာင္ေလးေတြက မသကၤာတဲ့ပုံနဲ႔ … ဒီၾကားထဲ သူ႔အေဖာ္ေကာင္ေလးက

” ေဟ်ာင့္ ငါတို႔ေဈးကြက္လုမလို႔ထင္တယ္ ”

” အာ မဟုတ္ပါဘူးကြာ ”

” ဘာမဟုတ္တာလည္းဗ် … အျခားနည္းနဲ႔ေတာင္းစား က်ဳပ္တို႔ မိ႐ိုးဖလာနည္းကို စီးပြားမလုပါနဲ႔ဗ် … ေတာင္းရခက္ေနတဲ့ၾကားထဲ ”

” ဘာကိစၥေတာင္းရမွာလည္းကြ … လူမ်ား ေတာင္းစားတဲ့႐ုပ္မ်ားထင္ေနလို႔လား ”

” ဟုတ္တာပဲေလ ခင္ညား႐ုပ္က ေတာင္းရင္ေတာင္း မေတာင္းရင္ လုမယ့္႐ုပ္နဲ႔ ”

သေတာင္းစားေတြဖဲ့တာ ဒီတစ္ခါပဲခံဖူးေသးတယ္ … ေတာက္စ္ က်ဳပ္႐ုပ္ကလည္း ဒီေလာက္ေတာင္ ႐ုပ္ခံေကာင္းေနတာလားမသိပါဘူးဗ်ာ …

” မဟုတ္ပါဘူး ညီေလးတို႔ရာ ကိုႀကီးက အာ့ေလး၀ယ္ၿပီး ေလ့လာခ်င္လို႔ပါကြ ”

” ရဘူးဗ်ာ ”

” လုပ္ပါကြာ ၅၀၀၀ ေပးမယ္ေလ ”

” ေဟ့လူ တစ္ရက္ေတာင္းရင္ ၇၀၀၀ ေအာက္ထစ္ရတယ္ဗ် .. လူမ်ား အထင္ေသးလို႔ ”

ငွယ္ ကိုယ့္ထက္ေတာင္ ၀င္ေငြေကာင္းေနေသးတယ္

” လုပ္ပါကြာ ၁ ေသာင္းေပးမယ္ ”

” ၁ ေသာင္းခြဲေပး တီးနည္းပါသင္ေပးမယ္ ”

” တီးနည္းက ရွိေသးလား ”

” ရွိတာေပါ့ဗ် ဒါအႏုပညာ ”

ေအာ္ ေတာ္ေသးတာေပါ့ သေတာင္းစားမို႔လို႔ … မဟုတ္ရင္ ဝါးစစ္ပိတ္၀ယ္ဖို႔ ဂီတအစည္းအ႐ုံးေတာင္ေရာက္မယ့္အေပါက္ …

” ေအးကြာ ေရာ့ ၁ ေသာင္းခြဲ ”

” ဒီမွာၾကည့္ ဒီဘက္ တစ္ခ်က္ထု “တုံ” ဆိုၿပီးမည္တယ္ … ဒီဘက္က အေႂကြစိေလးေတြထည့္ထားတယ္ ကခြၽင္ ပါမည္တယ္ … ”

” ေအာ္ အာ့လိုလား ”

” ေပး ၁ ေသာင္းခြဲ ” ဆိုၿပီး ေကာ့ေကာ့နဲ႔ ထြက္သြားေရာ … က်ဳပ္မွာေတာ့ ဝါးစစ္ပိတ္ေလးပိုက္ၿပီးအိမ္ျပန္ … အိမ္ေရာက္ေတာ့ ငတိမကို ဖုန္းဆက္

” သဲေရ ဝါးစစ္ပိတ္ရၿပီ .. ”

” ဟယ္ တစ္ကယ္ video call လိုက္မယ္ ဆိုျပ ”

Video Call ေခၚမယ္ဆိုေတာ့ က်ဳပ္အိမ္ထဲက ေမွာင္ေတာ့ ၀ရန္တာထြက္ ဖုန္းေလးေထာင္ Video Call ေလးေခၚ

🎵တတုံတုံ႔ တုန္ တုံတုံ႔တုန္ … အခ်စ္အေၾကာင္းမ်ားမသိခဲ့ဘူး ငယ္စဥ္က အသက္အ႐ြယ္မွာ တတုံတုံ႔ တုန္ တုံတုံ႔တုန္ 🎵အလဲ့

ငတိမကေတာ့ Video Call ထဲမွာေပ်ာ္လို႔ … လက္ခုပ္ေလးတီးၿပီး …

က်ဳပ္က ကို႔ဖီလ္းနဲ႔ကိုယ္တီးေနတာ … တီးလို႔ၿပီးေတာ့ အိမ္ေအာက္က အသံေတြၾကားပါတယ္လို႔ ဘာျဖစ္လို႔လည္း ငုံ႔ၾကည့္ေတာ့ ….

အိမ္ေအာက္မွာက လူေတြအုံလို႔

” ဟယ္တိုက္ေပၚက ေတာင္းစားတဲ့သူေတာင္းစား ဒီတစ္ခါပဲ ျမင္ဖူးေသးတယ္ ”

” ေအးဟယ္ ေခတ္ႀကီးက အဆင့္ျမင့္လာတယ္ေနာ္ ”

” ဟဲ့ ဖုန္းေလးေထာင္ၿပီးတီးေနတာ ဖြဘုတ္က LIVE လြင့္ၿပီး ေတာင္းစားတာထင္တယ္ ”

” သနားပါတယ္ေနာ္ ”

ေတာက္စ္ ရွက္လိုက္တာဆိုတာေလ … ရက္ကြက္ထဲ တိုက္ေပၚက သေတာင္းစားဆိုၿပီး နာမည္ကိုႀကီးလို႔ … အေမကလည္း သူ႔ကိုအရွက္ခြဲရမလားဆိုၿပီး အိမ္ေပၚကပါ ႏွင္ခ်လို႔ မနဲေတာင္းပန္ရတယ္ ….

ခုထိ ၁ ေသာင္းခြဲတန္ ဝါးစစ္ပိတ္ႀကီးက အိမ္မွာ ေသာင္တင္ေနတုန္း … ခင္ညားတို႔ထဲက ၀ယ္မယ့္သူရွိရင္ေျပာေလ တစ္ေသာင္းပဲေပး က်ဳပ္က တီးနည္းပါသင္ေပးမယ္ …. 😜

တစ္ကယ္ခ်စ္ရင္ ဝါးစစ္ပိတ္နဲ႔ သီခ်င္းဆိုျပရတယ္ဗ် 😬😬

credit to orginal

unicode

ချစ်သူကို အလိုလိုက်မိရာကနေ သူတောင်းစားဘ၀ ရောက်သွားရတဲ့အဖြစ်

” ကိုကို သီချင်းဆိုပြ ”

” ငင့် ဘာသီချင်းလည်း ”

” ဇော်ပိုင်ရဲ့ မင်းနဲ့မှချစ်တတ်ပြီပေါ့ ”

” ကိုကိုမှ အသံမကောင်းတာကို ”

” ရဘူးကွာ ဆိုပြ နားထောင်ချင်လို့ ”

ရုတ်တရက်ကြီး ဖုန်းထဲက ဂျီကျနေတာ … ကျုပ်ကောင်မလေးက အဝေးကကိုးဗျ … ကျုပ်ကလည်းချစ်တော့ အလိုလိုက်ရတာပေါ့ဗျာ

” အင်းအင်း … အချစ်အကြောင်းများ မသိခဲ့ဘူး … ငယ်စဉ်က … ”

” အာ အဲ့လိုမဟုတ်ဘူး ”

” အန် ဟုတ်တယ်လေ အာ့ မင်းနဲ့မှချစ်တတ်ပြီပေါ့လေ ”

” ဟုတ်ဘူး ဟိုနေ့က အိမ်အောက်မှာ လာဆိုတဲ့ ကလေးလေးတွေဆိုသလို နားထောင်ချင်တာ ”

” ငင် ဘယ်လိုတုန်း ”

” ဝါးစစ်ပိတ်လေးနဲ့ဆိုတာ တတုံတုံ့ တုန် တတုံတုံ့တုန်နဲ့ ”

” ငှယ် အာ့လိုဆိုရအောင် သတောင်းစားမှမဟုတ်တာကွ ”

” ရဘူး ချစ်ရင်ဆိုပြ မဆိုရင် အပြတ်ပဲ ”

” ငွဲ ”

နောက်နေ့ကစပြီး ကျုပ်မှာ ဝါးစစ်ပိတ်နဲ့ဆိုတဲ့ သူတောင်းစားလေးတွေလိုက်ရှာရရော … ရှာတော့မှမတွေ့ဘူး အာ့ကလေးတွေက … ဟောနောက်ဆုံးကျ တွေ့ပါပြီ … ငတိလေးတွေ တောင်းစားနေတာ …

” ညေး ”

” ဟုတ်ကဲ့ သနားပါဗျာ ထမင်းမစားရသေးလို့ပါ ”

” အင်း သနားပါတယ်ကွာ … ပိုက်ဆံလည်းပေးမယ် အစ်ကို့ကိုလေ ညီလေးတို့ ခု တီးနေတဲ့ ဝါးစစ်လေးရောင်းပါလား ”

” ဘာလုပ်ဖို့လည်းဗျ ”

ကောင်လေးတွေက မသင်္ကာတဲ့ပုံနဲ့ … ဒီကြားထဲ သူ့အဖော်ကောင်လေးက

” ဟျောင့် ငါတို့ဈေးကွက်လုမလို့ထင်တယ် ”

” အာ မဟုတ်ပါဘူးကွာ ”

” ဘာမဟုတ်တာလည်းဗျ … အခြားနည်းနဲ့တောင်းစား ကျုပ်တို့ မိရိုးဖလာနည်းကို စီးပွားမလုပါနဲ့ဗျ … တောင်းရခက်နေတဲ့ကြားထဲ ”

” ဘာကိစ္စတောင်းရမှာလည်းကွ … လူများ တောင်းစားတဲ့ရုပ်များထင်နေလို့လား ”

” ဟုတ်တာပဲလေ ခင်ညားရုပ်က တောင်းရင်တောင်း မတောင်းရင် လုမယ့်ရုပ်နဲ့ ”

သတောင်းစားတွေဖဲ့တာ ဒီတစ်ခါပဲခံဖူးသေးတယ် … တောက်စ် ကျုပ်ရုပ်ကလည်း ဒီလောက်တောင် ရုပ်ခံကောင်းနေတာလားမသိပါဘူးဗျာ …

” မဟုတ်ပါဘူး ညီလေးတို့ရာ ကိုကြီးက အာ့လေးဝယ်ပြီး လေ့လာချင်လို့ပါကွ ”

” ရဘူးဗျာ ”

” လုပ်ပါကွာ ၅၀၀၀ ပေးမယ်လေ ”

” ဟေ့လူ တစ်ရက်တောင်းရင် ၇၀၀၀ အောက်ထစ်ရတယ်ဗျ .. လူများ အထင်သေးလို့ ”

ငှယ် ကိုယ့်ထက်တောင် ဝင်ငွေကောင်းနေသေးတယ်

” လုပ်ပါကွာ ၁ သောင်းပေးမယ် ”

” ၁ သောင်းခွဲပေး တီးနည်းပါသင်ပေးမယ် ”

” တီးနည်းက ရှိသေးလား ”

” ရှိတာပေါ့ဗျ ဒါအနုပညာ ”

အော် တော်သေးတာပေါ့ သတောင်းစားမို့လို့ … မဟုတ်ရင် ဝါးစစ်ပိတ်ဝယ်ဖို့ ဂီတအစည်းအရုံးတောင်ရောက်မယ့်အပေါက် …

” အေးကွာ ရော့ ၁ သောင်းခွဲ ”

” ဒီမှာကြည့် ဒီဘက် တစ်ချက်ထု “တုံ” ဆိုပြီးမည်တယ် … ဒီဘက်က အကြွေစိလေးတွေထည့်ထားတယ် ကချွင် ပါမည်တယ် … ”

” အော် အာ့လိုလား ”

” ပေး ၁ သောင်းခွဲ ” ဆိုပြီး ကော့ကော့နဲ့ ထွက်သွားရော … ကျုပ်မှာတော့ ဝါးစစ်ပိတ်လေးပိုက်ပြီးအိမ်ပြန် … အိမ်ရောက်တော့ ငတိမကို ဖုန်းဆက်

” သဲရေ ဝါးစစ်ပိတ်ရပြီ .. ”

” ဟယ် တစ်ကယ် video call လိုက်မယ် ဆိုပြ ”

Video Call ခေါ်မယ်ဆိုတော့ ကျုပ်အိမ်ထဲက မှောင်တော့ ဝရန်တာထွက် ဖုန်းလေးထောင် Video Call လေးခေါ်

🎵တတုံတုံ့ တုန် တုံတုံ့တုန် … အချစ်အကြောင်းများမသိခဲ့ဘူး ငယ်စဉ်က အသက်အရွယ်မှာ တတုံတုံ့ တုန် တုံတုံ့တုန် 🎵အလဲ့

ငတိမကတော့ Video Call ထဲမှာပျော်လို့ … လက်ခုပ်လေးတီးပြီး …

ကျုပ်က ကို့ဖီလ်းနဲ့ကိုယ်တီးနေတာ … တီးလို့ပြီးတော့ အိမ်အောက်က အသံတွေကြားပါတယ်လို့ ဘာဖြစ်လို့လည်း ငုံ့ကြည့်တော့ ….

အိမ်အောက်မှာက လူတွေအုံလို့

” ဟယ်တိုက်ပေါ်က တောင်းစားတဲ့သူတောင်းစား ဒီတစ်ခါပဲ မြင်ဖူးသေးတယ် ”

” အေးဟယ် ခေတ်ကြီးက အဆင့်မြင့်လာတယ်နော် ”

” ဟဲ့ ဖုန်းလေးထောင်ပြီးတီးနေတာ ဖွဘုတ်က LIVE လွင့်ပြီး တောင်းစားတာထင်တယ် ”

” သနားပါတယ်နော် ”

တောက်စ် ရှက်လိုက်တာဆိုတာလေ … ရက်ကွက်ထဲ တိုက်ပေါ်က သတောင်းစားဆိုပြီး နာမည်ကိုကြီးလို့ … အမေကလည်း သူ့ကိုအရှက်ခွဲရမလားဆိုပြီး အိမ်ပေါ်ကပါ နှင်ချလို့ မနဲတောင်းပန်ရတယ် ….

ခုထိ ၁ သောင်းခွဲတန် ဝါးစစ်ပိတ်ကြီးက အိမ်မှာ သောင်တင်နေတုန်း … ခင်ညားတို့ထဲက ဝယ်မယ့်သူရှိရင်ပြောလေ တစ်သောင်းပဲပေး ကျုပ်က တီးနည်းပါသင်ပေးမယ် …. 😜

တစ်ကယ်ချစ်ရင် ဝါးစစ်ပိတ်နဲ့ သီချင်းဆိုပြရတယ်ဗျ 😬😬

credit to orginal