တနလၤာသားသမီးမ်ားအတြက္ ၂၀၂၃ ခုႏွစ္အတြင္း ျဖစ္ေပၚလာမယ့္ကံၾကမၼာႏွင့္ တစ္ႏွစ္စာေဟာစာတမ္း
၂၀၂၃ ခုႏွစ္အတြင္းမွာ အသက္ ၁၆၊၁၈၊၂၄၊၃၁၊၄၇၊၄၄၊ ၅၁၊၇၀၊၇၃၊၈၂၊ႏွစ္က်ေရာက္ေနတဲ့ တနလၤာသားသမီးမ်ားကေတာ့ အထူးဂ႐ုစိုက္ရမဲ့ ႏွစ္ျဖစ္ပါတယ္။
ထိုအသက္အ႐ြယ္ေရာက္ တနလၤာသားသမီးမ်ားဟာ ေဘးဥပဒ္ႀကဳံရတတ္ပါတယ္။ စိတ္ေသာကမ်ားရျခင္း၊ ဆုံးရႈံးႏွစ္နာမႈမ်ားျခင္း၊မေတာ္တဆထိခိုက္ဒဏ္ရာရရွိျခင္း၊ အသက္ေဘးႀကဳံရႏိုင္ျခင္း၊ ရန္ေဘးမကင္းဘဲ ႏွိပ္စက္ခံရႏိုင္ျခင္းစတဲ့ ေဘးႏၲရာယ္က်ေရာက္ႏိုင္ျခင္း၊ အမႈျပႆနာရင္ဆိုင္ရျခင္း၊ အခ်ဳပ္အေႏွာင္ႀကဳံရျခင္းမ်ားႀကဳံရႏိုင္ပါတယ္။
ဒါ့အျပင္ ေငြေၾကးဆုံးရႈံးရျခင္း၊လုပ္ငန္း စီပြားေရးထိခိုက္ပ်က္ဆီးျခင္း၊ ပိုငဆိုင္မႈမ်ားအား ခိုးယူခံရျခင္း၊ရန္သူမ်ိဳး၅ပါးေဘးမကင္းျခင္းမ်ားႀကဳံရႏိုင္ပါတယ္။
ဒါ့အျပင္ ေရာဂါေဝဒနာမ်ားေပၚလာျခင္းနဲ႔ နာတာရွည္ေရာဂါမ်ားရရွိျခင္း၊ ေရာဂါကူးစက္ခံရျခင္း၊စတဲ့ ထိခိုက္ျခင္းမ်ားႀကဳံရႏိုင္တဲ့အတြက္ အထူးဂ႐ုစိုက္ရမဲ့ ႏွစ္ျဖစ္ေနတာေတြ႕ရပါတယ္။
ထိုအသက္အ႐ြယ္က်ေရာက္ေနတဲ့တနလၤာသားသမီးမ်ားကေတာ့ကုသိုလ္ေကာင္းမႈမ်ားျပဳလုပ္သင့္သလို၊ သီလ ေစာင့္ထိန္းျခင္း၊ အမ်ိဳးသားဆိုလွ်င္ သာသနာေဘာင္သို႔ အနည္းဆုံး ၇ ရက္ ဝင္ေရာက္ျခင္း၊ အမ်ိဳးသမီးဆိုလွ်င္ သီလရွင္ဝတ္ျခင္း၊ တရားရိပ္သာဝင္ျခင္း၊ ဆင္းရဲႏြမ္းပါးသူမ်ားအား ေဆး၊ ဆန္၊ ေငြ စသည္တို႔အားလႉဒါန္းးျခင္းတို႔ကို ျပဳလုပ္ေပးရပါမယ္။
ေရွာင္ရမွာကေတာ့ အမဲသားေရွာင္ပါ။ ဝက္သား၊ဆိတ္သား စတဲ့ သားႀကီးမ်ား၊ေျခေလးေခ်ာင္းသားေရွာင္သင့္ပါတယ္။
ဒါ့အျပင္ ေနအိမ္ရဲ႕ အေနာက္ေတာင္ေထာင့္(စေနေထာင့္)သို႔ ခရီးမသြားသင့္ပါ။ ထိုစေနေထာင့္ဟာ တနလၤာရဲ႕ ဘုမိေထာင့္ျဖစ္တဲ့အတြက္ အိပ္ရာ၊ အလုပ္စားပြဲတို႔ကိုလည္း အိမ္ရဲ႕ အေနာက္ေတာင္ေထာင့္မွာ မထားသင့္ပါ။
အဆိုပါသက္အေရာက္မ်ားအတြက္အထူးယၾတာ
(၁)ေန႔စဥ္ အိမ္က ဘုရားမွာ ဂုဏ္ေတာ္ကြန္ခ်ာကို ၉ေခါက္ ပူေဇာ္ေပးရပါမယ္။ ေဘးရန္မကင္းသူမ်ားကေတာ့ ဂုဏ္ေတာ္ကြန္ခ်ာအျပင္ ဓါရဏပရိတ္ေတာ္ကိုပါ တစ္ေန႔ တစ္ေခါက္ ပူေဇာ္ရပါမယ္။
(၂)အပတ္စဥ္ ေခြးစာ (သို႔) ငွက္စာ ေကြၽးပါ။ ကေလးကို မုန႔္ေကြၽးပါ။
(၃)အပတ္စဥ္ ဆင္းရဲႏြမ္းပါးသူမ်ားအား ေဆး၊ဆန္ႏွင့္ ဆီ စတဲ့၃ မ်ိဳးကို လႉဒါန္းေပးပါ။
လစဥ္ ေမြးေန႔တိုင္း သတ္သက္လြတ္စားၿပီး ၉ပါးသီလ ေစာင့္ထိန္းေပးပါ။
အျခားသက္ေရာက္ တနၤလာေန႔ဖြားသားသမီးမ်ားကေတာ့၂၀၂၃ မွာ
(၁) ခရီးသြားလာရကိန္းမ်ားလာပါမယ္။
(၂)အိမ္ေနရာ သို႔မဟုတ္ အိပ္ရာ ေနရာ မၾကာခဏ ေျပာင္းေနရတတ္ပါတယ္။
(၃)ေငြ ေပ်ာက္ျခင္းး၊ ေငြ လိမ္ခံရျခင္းမ်ားႀကဳံရတတ္ပါတယ္။ေငြေၾကး အရႈံးေပၚျခင္းမ်ားးႀကဳံရႏိုင္ပါတယ္။ ဒါ့အျပင္ တန္ဖိုးႀကီးပစၥည္းဥစၥာမ်ားဆုံးရႈံးရတတ္ပါတယ္။
(၄)အခ်စ္ေရး၊ အိမ္ေထာင္ေရးး ကံေကာင္းၿပီး အဆင္ေျပေနပါမယ္။
(၅)တနလၤာသားသမီးတိုင္း ၂၀၂၃ မွာ က်န္းမာေရး ညံ့ေနပါတယ္။ အစာအိမ္နာျဖစ္ျခင္း၊ စိတ္ဖိစီးျခင္း၊ ႏွလုံးအားနည္းျခင္း၊ ေမာျခင္း၊မူးျခင္း၊ေသြးမတည္ၿငိမ္ျခင္းတို႔ကို ျဖစ္ပြားတတ္ပါတယ္။
(၆)ကံအားနည္းေနခ်ိန္ျဖစ္တဲ့အတြက္ ကိုယ့္မိသားစုဝင္ထဲမွာ ကံအားေကာင္းေနတဲ့ ေန႔နံသားမ်ားရဲ႕ အကူအညီကို ရယူၿပီး ေနထိုင္ပါမွ အဆင္ေျပႏိုင္မဲ့ ႏွစ္ျဖစ္ပါတယ္။
(၇)ရန္အေႏွာက္အယွက္မ်ားၾကားကေန အလုပ္ကိစၥမ်ားကိုေဆာင္႐ြက္ေနရပါမယ္။
(၈)အလုပ္မွာ ႀကိဳးစား႐ုန္းကန္ရေပမဲ့ ေအာင္ျမင္မႈ ရရွိဖို႔အတြက္ ႏွစ္ဆ ၃ ဆပိုၿပီး ႀကိဳးစား႐ုန္းကန္ရမဲ့ ကာလျဖစ္ပါတယ္။ ဒီႏွစ္ဟာ တနလၤာသားသမီးမ်ားအတြက္ ေအာင္ျမင္ဖို႔ထက္၊ မရႈံးဖို႔ကိုသာ ႀကိဳးစားရတဲ့ ႏွစ္လို႔ ေတာင္ဆိုရပါမယ္။
ဒါေပမဲ့ ကုသိုလ္ေကာင္းမႈ အားေကာင္းမယ္။ စိတ္ေစတနာအားေကာင္းမယ္။ ပညာသတိ ရွိေနမယ္ဆိုရင္ေတာ့ ကံဆိုးကံညံ့ျခင္းသက္သာပါမယ္။ကံ+ဉာဏ္+ဝရိယ= ဘ၀ ျဖစ္တဲ့အတြက္ ကံအားးနည္းေနခ်ိန္မွာ ဉာဏ္အားနဲ႔ ဝရိယအားကိုေတာ့ ပိုသုံးသင့္တာ အမွန္ပါပဲ။
တနလၤာသားသမီးမ်ားအတြက္
ယၾတာ။ ။ ေမြးေန႔ နံနက္ ၉ နာရီ ၂၇ မိနစ္အခ်ိန္ မွာ သၾကား ၃၆ ဇြန္းကို ကပ္လႉၿပီး လိုရာဆုေတာင္းပါ။
အေၾကာင္းႀကီးငယ္ရွိၿပီး လိုရာျပည့္လိုလွ်င္
(၂) ခြာညိဳပန္း+ေၾကးစည္+ ေက်ာက္စိမ္း+ ေခါက္ဆြဲ+ကက္ဆက္ လႉဒါန္းလိုက္ပါ။ၿပီးလွ်င္ ေမတၱာသုတ္ ၁၅ ေခါက္ပူေဇာ္ၿပီး ၃၁ ဘုံကိုေမတၱာပို႔အမွ်ေဝေပးပါ။
ထိုယၾတာကို အေၾကာင္းႀကီးငယ္ရွိတိုင္း လႉဒါန္းႏိုင္ပါတယ္။
က်န္ေန႔သားေတြကိုလည္း ဆက္ေဟာေပးပါ့မယ္ေနာ္။
ေမတၱာျဖင့္
May Thingyan Hein-Myitmakha
unicode
တနင်္လာသားသမီးများအတွက် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်လာမယ့်ကံကြမ္မာနှင့် တစ်နှစ်စာဟောစာတမ်း
၂၀၂၃ ခုနှစ်အတွင်းမှာ အသက် ၁၆၊၁၈၊၂၄၊၃၁၊၄၇၊၄၄၊ ၅၁၊၇၀၊၇၃၊၈၂၊နှစ်ကျရောက်နေတဲ့ တနင်္လာသားသမီးများကတော့ အထူးဂရုစိုက်ရမဲ့ နှစ်ဖြစ်ပါတယ်။
ထိုအသက်အရွယ်ရောက် တနင်္လာသားသမီးများဟာ ဘေးဥပဒ်ကြုံရတတ်ပါတယ်။ စိတ်သောကများရခြင်း၊ ဆုံးရှုံးနှစ်နာမှုများခြင်း၊မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်ဘေးကြုံရနိုင်ခြင်း၊ ရန်ဘေးမကင်းဘဲ နှိပ်စက်ခံရနိုင်ခြင်းစတဲ့ ဘေးန္တရာယ်ကျရောက်နိုင်ခြင်း၊ အမှုပြဿနာရင်ဆိုင်ရခြင်း၊ အချုပ်အနှောင်ကြုံရခြင်းများကြုံရနိုင်ပါတယ်။
ဒါ့အပြင် ငွေကြေးဆုံးရှုံးရခြင်း၊လုပ်ငန်း စီပွားရေးထိခိုက်ပျက်ဆီးခြင်း၊ ပိုငဆိုင်မှုများအား ခိုးယူခံရခြင်း၊ရန်သူမျိုး၅ပါးဘေးမကင်းခြင်းများကြုံရနိုင်ပါတယ်။
ဒါ့အပြင် ရောဂါဝေဒနာများပေါ်လာခြင်းနဲ့ နာတာရှည်ရောဂါများရရှိခြင်း၊ ရောဂါကူးစက်ခံရခြင်း၊စတဲ့ ထိခိုက်ခြင်းများကြုံရနိုင်တဲ့အတွက် အထူးဂရုစိုက်ရမဲ့ နှစ်ဖြစ်နေတာတွေ့ရပါတယ်။
ထိုအသက်အရွယ်ကျရောက်နေတဲ့တနင်္လာသားသမီးများကတော့ကုသိုလ်ကောင်းမှုများပြုလုပ်သင့်သလို၊ သီလ စောင့်ထိန်းခြင်း၊ အမျိုးသားဆိုလျှင် သာသနာဘောင်သို့ အနည်းဆုံး ၇ ရက် ဝင်ရောက်ခြင်း၊ အမျိုးသမီးဆိုလျှင် သီလရှင်ဝတ်ခြင်း၊ တရားရိပ်သာဝင်ခြင်း၊ ဆင်းရဲနွမ်းပါးသူများအား ဆေး၊ ဆန်၊ ငွေ စသည်တို့အားလှူဒါန်းးခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။
ရှောင်ရမှာကတော့ အမဲသားရှောင်ပါ။ ဝက်သား၊ဆိတ်သား စတဲ့ သားကြီးများ၊ခြေလေးချောင်းသားရှောင်သင့်ပါတယ်။
ဒါ့အပြင် နေအိမ်ရဲ့ အနောက်တောင်ထောင့်(စနေထောင့်)သို့ ခရီးမသွားသင့်ပါ။ ထိုစနေထောင့်ဟာ တနင်္လာရဲ့ ဘုမိထောင့်ဖြစ်တဲ့အတွက် အိပ်ရာ၊ အလုပ်စားပွဲတို့ကိုလည်း အိမ်ရဲ့ အနောက်တောင်ထောင့်မှာ မထားသင့်ပါ။
အဆိုပါသက်အရောက်များအတွက်အထူးယတြာ
(၁)နေ့စဉ် အိမ်က ဘုရားမှာ ဂုဏ်တော်ကွန်ချာကို ၉ခေါက် ပူဇော်ပေးရပါမယ်။ ဘေးရန်မကင်းသူများကတော့ ဂုဏ်တော်ကွန်ချာအပြင် ဓါရဏပရိတ်တော်ကိုပါ တစ်နေ့ တစ်ခေါက် ပူဇော်ရပါမယ်။
(၂)အပတ်စဉ် ခွေးစာ (သို့) ငှက်စာ ကျွေးပါ။ ကလေးကို မုန့်ကျွေးပါ။
(၃)အပတ်စဉ် ဆင်းရဲနွမ်းပါးသူများအား ဆေး၊ဆန်နှင့် ဆီ စတဲ့၃ မျိုးကို လှူဒါန်းပေးပါ။
လစဉ် မွေးနေ့တိုင်း သတ်သက်လွတ်စားပြီး ၉ပါးသီလ စောင့်ထိန်းပေးပါ။
အခြားသက်ရောက် တင်္နလာနေ့ဖွားသားသမီးများကတော့၂၀၂၃ မှာ
(၁) ခရီးသွားလာရကိန်းများလာပါမယ်။
(၂)အိမ်နေရာ သို့မဟုတ် အိပ်ရာ နေရာ မကြာခဏ ပြောင်းနေရတတ်ပါတယ်။
(၃)ငွေ ပျောက်ခြင်းး၊ ငွေ လိမ်ခံရခြင်းများကြုံရတတ်ပါတယ်။ငွေကြေး အရှုံးပေါ်ခြင်းများးကြုံရနိုင်ပါတယ်။ ဒါ့အပြင် တန်ဖိုးကြီးပစ္စည်းဥစ္စာများဆုံးရှုံးရတတ်ပါတယ်။
(၄)အချစ်ရေး၊ အိမ်ထောင်ရေးး ကံကောင်းပြီး အဆင်ပြေနေပါမယ်။
(၅)တနင်္လာသားသမီးတိုင်း ၂၀၂၃ မှာ ကျန်းမာရေး ညံ့နေပါတယ်။ အစာအိမ်နာဖြစ်ခြင်း၊ စိတ်ဖိစီးခြင်း၊ နှလုံးအားနည်းခြင်း၊ မောခြင်း၊မူးခြင်း၊သွေးမတည်ငြိမ်ခြင်းတို့ကို ဖြစ်ပွားတတ်ပါတယ်။
(၆)ကံအားနည်းနေချိန်ဖြစ်တဲ့အတွက် ကိုယ့်မိသားစုဝင်ထဲမှာ ကံအားကောင်းနေတဲ့ နေ့နံသားများရဲ့ အကူအညီကို ရယူပြီး နေထိုင်ပါမှ အဆင်ပြေနိုင်မဲ့ နှစ်ဖြစ်ပါတယ်။
(၇)ရန်အနှောက်အယှက်များကြားကနေ အလုပ်ကိစ္စများကိုဆောင်ရွက်နေရပါမယ်။
(၈)အလုပ်မှာ ကြိုးစားရုန်းကန်ရပေမဲ့ အောင်မြင်မှု ရရှိဖို့အတွက် နှစ်ဆ ၃ ဆပိုပြီး ကြိုးစားရုန်းကန်ရမဲ့ ကာလဖြစ်ပါတယ်။ ဒီနှစ်ဟာ တနင်္လာသားသမီးများအတွက် အောင်မြင်ဖို့ထက်၊ မရှုံးဖို့ကိုသာ ကြိုးစားရတဲ့ နှစ်လို့ တောင်ဆိုရပါမယ်။
ဒါပေမဲ့ ကုသိုလ်ကောင်းမှု အားကောင်းမယ်။ စိတ်စေတနာအားကောင်းမယ်။ ပညာသတိ ရှိနေမယ်ဆိုရင်တော့ ကံဆိုးကံညံ့ခြင်းသက်သာပါမယ်။ကံ+ဉာဏ်+ဝရိယ= ဘ၀ ဖြစ်တဲ့အတွက် ကံအားးနည်းနေချိန်မှာ ဉာဏ်အားနဲ့ ဝရိယအားကိုတော့ ပိုသုံးသင့်တာ အမှန်ပါပဲ။
တနင်္လာသားသမီးများအတွက်
ယတြာ။ ။ မွေးနေ့ နံနက် ၉ နာရီ ၂၇ မိနစ်အချိန် မှာ သကြား ၃၆ ဇွန်းကို ကပ်လှူပြီး လိုရာဆုတောင်းပါ။
အကြောင်းကြီးငယ်ရှိပြီး လိုရာပြည့်လိုလျှင်
(၂) ခွာညိုပန်း+ကြေးစည်+ ကျောက်စိမ်း+ ခေါက်ဆွဲ+ကက်ဆက် လှူဒါန်းလိုက်ပါ။ပြီးလျှင် မေတ္တာသုတ် ၁၅ ခေါက်ပူဇော်ပြီး ၃၁ ဘုံကိုမေတ္တာပို့အမျှဝေပေးပါ။
ထိုယတြာကို အကြောင်းကြီးငယ်ရှိတိုင်း လှူဒါန်းနိုင်ပါတယ်။
ကျန်နေ့သားတွေကိုလည်း ဆက်ဟောပေးပါ့မယ်နော်။
မေတ္တာဖြင့်
May Thingyan Hein-Myitmakha