” မင်္ဂလာဦး ည ရင်ခုန်သံ ”
” ဘာတွေဖြစ်ကုန်လဲ မသိ ”
သိပ်မကြာလိုက်….
“မျှော့´´“
“ဘယ်ကမျှော့လဲ´´“
တိန်´!!!´´´
unicode
မင်္ဂလာဦးညမှာပဲ သတိပါလစ်သွားခဲ့ရတဲ့ သတို့သမီးရဲ့ အဖြစ်
” မင်္ဂလာဦး ည ရင်ခုန်သံ ”
” အားးးးးးး!!!” အော်သံကြားပေမယ့်
ဒါ သဘာဝပဲလေ ဆိုပြီး အိမ်သားများ မသိချင်ယောင် ဆောင်နေလိုက်သည် …။
မင်္ဂလာဦးညပေးကိုးးးးး
အော်သံကြားပြီး သိပ်မကြာလိုက်. . .
လူပြိုကြီး Moe Aung အသံနက်ကြီးဖြင့် ” အမေနဲ့အဖေတို့ရေ လာကြပါဦး ဘာဖြစ်သွားလဲ မသိဘူး ”
“ဟာ ဒုက္ခတော့ များပြီနဲ့တူတယ် ယောက်ျားရေ တော့ သားကို သွားကြည့်ဦး´”
သိပ်မကြာလိုက် အဖေဖြစ်သူမှ ထပ်အော်ပြန်သည် …။
“ မင့်းချွေးမ သတိ မလည်တော့ဘူးဟ ဆရာဝန် အမြန်ခေါ် ”
” ဘာတွေဖြစ်ကုန်လဲ မသိ ”
ကိုယ်လဲတက်မကြည့်ရဲ သွေးသန်ရဲရဲတွေ မမြင်ရဲဘူး အိမ်ထဲက ရုပ်ရုပ်သည်းသည်း အသံတွေကြောင့် ဘေးအိမ်ကလူများ ပါရောက်လာကြသည် …
သိပ်မကြာလိုက်….
“လမ်းဖယ်လမ်းဖယ် ဆရာလာပြီ´”
အဖေကြီးက “မင်းဘယ်လို လုပ်လိုက်တာလဲ ဆရာ့ကို ပြောပြလိုက်´´”
“ကျွန်တော် ဘာမှမလုပ်ရသေးဘူး ဆရာရဲ့”
ကန်တော့ပါရဲ့ ကျွန်တော်ကလဲ ညအိပ်ဖို့ ပုဆိုးလဲနေတုန်း သူကထအော်ပြီး သတိလစ်သွားတာပဲ´”
“နှလုံးတော့ခုန်သေးတယ် အသက်ရှိသေးတယ် သွေးအားနည်းနေတော့ ဆေးချိတ်ပေးခဲ့လိုက်မယ် ”
“ကောင်းသလိုသာ လုပ်ပါဆရာ”
“ နိုးလာမှ ဘာဖြစ်လဲ မေးကြည့်ပေါ့ ”
အမေက….. “နင်အတော်မွှေတဲ့ကောင်” ဆိုပြီး ရှက်ကိုးရှက်ကန်းနှင့် ထွက်သွား၏´
´မိုးစင်စင်လင်းသွားမှ ငတိမကနိုးလာပြီး ပြူးတုပြူးပြဲဖြင့် အိပ်ယာခြင်ထောင်တွေ လိုက်လှန်လှောရှာလေ၏ ။
သူ့ဘေးနားက လူတွေကို ဂရုမစိုက်အားသေး …။
အမေက …. “သမီးဘာရှာနေလဲ” မေးလိုက်တော့မှ …
“မျှော့´´“
“ဘယ်ကမျှော့လဲ´´“
“ညကလေ ကို Moe Aung ပုဆိုးလဲနေတုန်းက သူ့ပေါင်ကြားမှာ မျော့ကြီးကပ်နေတာ လက်သန်းလုံးလောက်ရှိတယ် …။
သမီးက မျော့ဆို အရမ်းကြောက်လို့. ..အိပ်ယာထဲ ရှိ သေးလား လိုက်ရှာနေတာ ”
တိန်´!!!´´´
ထိုအချိန်မှ ကို Moe Aungမှာ ငမျှော့ ဟုအမည်တွင် သွားလေတော့သတည်းးးး ။ ။
အပျင်းပြေ ဟာသအမြင်လေးနဲ့ဖတ်ပီး သဘောကျပါက ရှယ်သွားလိုက်ပါ….။
မူရင်းရေးသားသူအား လေးစားစွာဖြင့်