အမ်ိဳးသမီးေတြ အဂၤါမွာ မွည့္ပါလာရင္ ဘာျဖစ္တတ္လဲဆိုတာ…
ခဏခဏ အေမးခံရလြန္းလို႔ မေမးေစလိုပါ ဆိုၿပီးလားပဲ ကြၽန္ေတာ္ ပိုစ့္ တစ္ပုဒ္ေတာင္ ေရးတင္ေပးခဲ့ဖူးပါတယ္။
ဘာေမးခြန္းလဲ ဆိုေတာ့ ဆရာ မိန္းမအဂၤါမွာ မွည့္ပါတာ ဘာျဖစ္တတ္သလဲရွင့္ ဆိုတဲ့ေမးခြန္းပါပဲ။
ဒီေမးခြန္းကို အနီးဆုံးကာလအျဖစ္… ၿပီးခဲ့တဲ့လထဲကလည္း တစ္ခါထပ္ေမးခံရျပန္ပါတယ္။
ကြၽန္ေတာ္မွတ္မိသေလာက္ သူမ ေမးခြန္းက ေအာက္ပါအတိုင္းပါ။ ဆရာ မိန္းမအဂၤါမွာ မွည့္ပါရင္ ေယာက်ာ္းေသတတ္တယ္ ဆိုတာ ဟုတ္သလားရွင့္တဲ့။
အစကေတာ့ ကြၽန္ေတာ္ ဒီေမးခြန္းမ်ိဳးေတြကို စိတ္လည္းကုန္ေနတာမို႔တစ္ေၾကာင္း၊
သူစိမ္းေယာက်ာ္းသား တစ္ေယာက္နဲ႔ မိန္းမတစ္ေယာက္ လိင္အဂၤါအေၾကာင္းလည္း မေဆြးေႏြးသင့္လို႔လည္း ယူဆမိတာေၾကာင့္ တစ္ေၾကာင္း မေျဖဘူးလို႔ ေနတာပါ။
ဒါေပမယ့္ အမ်ိဳးသမီးငယ္ စိတၱဇကပ္ေနၿပီး စိတ္ေသာကေရာက္ေနပုံရတာေၾကာင့္ ေျဖေပးလိုက္ပါတယ္။ (ေနာက္ကိုေတာ့ ဒါမ်ိဳးမေမးပါနဲ႔ေတာ့ ဆိုၿပီး တားရပါေသးတယ္)။
ကြၽန္ေတာ္ေျဖေပးလိုက္တာကေတာ့ အမ်ိဳးသမီးအဂၤါမွာ ျဖစ္ေစ အမ်ိဳးသားအဂၤါမွာ ျဖစ္ေစ မွည့္ပါေနခဲ့ရင္ အိမ္ေထာင္ဖက္ကို ေသဆုံးေစႏိုင္သည္ ဟူသည္မွာ လုံးဝမဟုတ္ပါ။
ထိုသို႔မွည့္ပါေနခဲ့ရင္ ဆန႔္က်င္ဘက္ လိင္ကို (တနည္း) အိမ္ေထာင္ဖက္ကို အိမ္ေထာင္ေရးသုခ (ကာမသုခ) ပိုမိုေပးႏိုင္သည့္ လကၡဏာသာ ျဖစ္ပါေၾကာင္း။
ဒီေနရာမွာ ကြၽန္ေတာ္ စဥ္းစားမိလာတာေလးတစ္ခ်က္ ေျပာခ်င္တာရွိပါတယ္။
ခုေနာက္ပိုင္း ဒီေခတ္ ဒီကာလမွာ အခ်ိဳ႕ေသာ ယုတ္မာေသာ ပညာခုတုံးလုပ္အသက္ေမြးေနသည့္ ေဗဒင္ဆရာတစ္ခ်ိဳ႕သည္အမ်ိဳးသမီးအ႐ြယ္ေကာင္းမ်ားကို ေဗဒင္ေဟာဆိုသည့္အခါမွာ နင့္ရဲ႕ မိန္းမကိုယ္မွာ မွည့္ပါသလားပါရင္ ေယာက်ာ္းေ-သတတ္တယ္။
ခ်စ္သူရည္းစားနဲ႔ ေသကြဲကြဲတတ္တယ္ စသည္ျဖင့္ ေဟာဆိုမႈ စတင္ပါတယ္။ မပါခဲ့သည့္မိန္းကေလးက ကိစၥမရွိေပမယ့္ ၊ တစ္ကယ္ ပါေနတဲ့ မိန္းကေလးတစ္ခ်ိဳ႕မွာ စိတ္ေသာက ၊ စိတ္ဥပါဒ္ စတင္ ျဖစ္ေစေတာ့တာပါပဲ။
ဒါနဲ႔ၿပီးၿပီလား ဆိုေတာ့ မၿပီးေသးပါဘူး။ အဲလိုစိုးရိမ္စိတ္ဝင္သြားတဲ့ မိန္းကေလးရဲ႕ မ်က္ႏွာရိပ္မ်က္ႏွာကဲ ျမင္ၿပီဆိုတာနဲ႔ ဒီလိုလူယုတ္မာမ်ိဳးေတြက. ဒီမွည့္ကို ေဖ်ာက္မွျဖစ္မယ္။ ေဖ်ာက္ခ်င္ရင္ ဆရာ့ဆီ ဘယ္ေန႔လာခဲ့။
ဘာပြဲညာပြဲ ထိုးရမယ္။ ဆရာဂါထာမန္းၿပီး မွည့္ကေနအျပစ္မျဖစ္ႏိုင္ေအာင္…ဘယ္လိုလုပ္ေပးမယ္ ညာလိုလုပ္ေပးမယ္နဲ႔ ထပ္ဆင့္ လာႏိုင္ပါတယ္။ တစ္ခ်ိဳ႕ဆို ကာမလိမ္လည္ ရယူခံရသည္အထိ ျဖစ္သြားခဲ့ၾကတာလည္း ၾကားခဲ့ရဖူးပါတယ္။
ဆိုေတာ့ ႏွမေတြ ၊ အစ္မေတြ ကို တစ္ခုေလးသတိေပးလိုတာက မွည့္ဆိုတာ မွည့္ပါပဲ။
ထူးျခားေသာ ေမြးရာပါ မွည့္မ်ိဳးကသာလ်င္ အက်ိဳးအျပစ္ကို ထင္ရွားေစပါတယ္။ ခါေတာ္မီမွည့္ေတြဆိုတာကေတာ့ အသက္ႀကီးလာေလေလ ဟိုသည္ ေနရာအႏွံ႔ ေပၚလာေလေလ။
ဉာဏ္မတိမ္ပါနဲ႔။ မေၾကာက္ပါနဲ႔။ ေၾကာက္တတ္သူ ၊ဉာဏ္တိမ္သူကိုပဲ လူယုတ္မာေတြက ပစ္မွတ္ထားၾကတာပါ။
မိမိဉာဏ္ နဲ႔ မိမိရဲ႕ ယုံၾကည္ခ်က္ခိုင္မာမႈကသာလ်င္ မိမိကိုယ္ကို ေစာင့္ေရွာက္ကာကြယ္ႏိုင္ပါလိမ့္မယ္။
ဒီေခတ္ကေတာ့ လူယုတ္မာေတြ အလႊာအသီးသီး ၊ နယ္ပယ္အသီးသီးမွာ သိပ္ေပါသည့္ေခတ္ပါ။ ဘယ္သူေျပာတာမွ လြယ္လင့္တစ္ကူ မယုံစားေစလိုပါ။
ေလးစားစြာျဖင့္ – ဆရာစိုးမိုးထြန္း (ေခၚ) ဆရာေဝသာလီေမာင္ဖုန္း 09 789 333 791
unicode
အမျိုးသမီးတွေ အင်္ဂါမှာ မှည့်ပါလာရင် ဘာဖြစ်တတ်လဲဆိုတာ…
ခဏခဏ အမေးခံရလွန်းလို့ မမေးစေလိုပါ ဆိုပြီးလားပဲ ကျွန်တော် ပိုစ့် တစ်ပုဒ်တောင် ရေးတင်ပေးခဲ့ဖူးပါတယ်။
ဘာမေးခွန်းလဲ ဆိုတော့ ဆရာ မိန်းမအင်္ဂါမှာ မှည့်ပါတာ ဘာဖြစ်တတ်သလဲရှင့် ဆိုတဲ့မေးခွန်းပါပဲ။
ဒီမေးခွန်းကို အနီးဆုံးကာလအဖြစ်… ပြီးခဲ့တဲ့လထဲကလည်း တစ်ခါထပ်မေးခံရပြန်ပါတယ်။
ကျွန်တော်မှတ်မိသလောက် သူမ မေးခွန်းက အောက်ပါအတိုင်းပါ။ ဆရာ မိန်းမအင်္ဂါမှာ မှည့်ပါရင် ယောကျာ်းသေတတ်တယ် ဆိုတာ ဟုတ်သလားရှင့်တဲ့။
အစကတော့ ကျွန်တော် ဒီမေးခွန်းမျိုးတွေကို စိတ်လည်းကုန်နေတာမို့တစ်ကြောင်း၊
သူစိမ်းယောကျာ်းသား တစ်ယောက်နဲ့ မိန်းမတစ်ယောက် လိင်အင်္ဂါအကြောင်းလည်း မဆွေးနွေးသင့်လို့လည်း ယူဆမိတာကြောင့် တစ်ကြောင်း မဖြေဘူးလို့ နေတာပါ။
ဒါပေမယ့် အမျိုးသမီးငယ် စိတ္တဇကပ်နေပြီး စိတ်သောကရောက်နေပုံရတာကြောင့် ဖြေပေးလိုက်ပါတယ်။ (နောက်ကိုတော့ ဒါမျိုးမမေးပါနဲ့တော့ ဆိုပြီး တားရပါသေးတယ်)။
ကျွန်တော်ဖြေပေးလိုက်တာကတော့ အမျိုးသမီးအင်္ဂါမှာ ဖြစ်စေ အမျိုးသားအင်္ဂါမှာ ဖြစ်စေ မှည့်ပါနေခဲ့ရင် အိမ်ထောင်ဖက်ကို သေဆုံးစေနိုင်သည် ဟူသည်မှာ လုံးဝမဟုတ်ပါ။
ထိုသို့မှည့်ပါနေခဲ့ရင် ဆန့်ကျင်ဘက် လိင်ကို (တနည်း) အိမ်ထောင်ဖက်ကို အိမ်ထောင်ရေးသုခ (ကာမသုခ) ပိုမိုပေးနိုင်သည့် လက္ခဏာသာ ဖြစ်ပါကြောင်း။
ဒီနေရာမှာ ကျွန်တော် စဉ်းစားမိလာတာလေးတစ်ချက် ပြောချင်တာရှိပါတယ်။
ခုနောက်ပိုင်း ဒီခေတ် ဒီကာလမှာ အချို့သော ယုတ်မာသော ပညာခုတုံးလုပ်အသက်မွေးနေသည့် ဗေဒင်ဆရာတစ်ချို့သည်အမျိုးသမီးအရွယ်ကောင်းများကို ဗေဒင်ဟောဆိုသည့်အခါမှာ နင့်ရဲ့ မိန်းမကိုယ်မှာ မှည့်ပါသလားပါရင် ယောကျာ်းေ-သတတ်တယ်။
ချစ်သူရည်းစားနဲ့ သေကွဲကွဲတတ်တယ် စသည်ဖြင့် ဟောဆိုမှု စတင်ပါတယ်။ မပါခဲ့သည့်မိန်းကလေးက ကိစ္စမရှိပေမယ့် ၊ တစ်ကယ် ပါနေတဲ့ မိန်းကလေးတစ်ချို့မှာ စိတ်သောက ၊ စိတ်ဥပါဒ် စတင် ဖြစ်စေတော့တာပါပဲ။
ဒါနဲ့ပြီးပြီလား ဆိုတော့ မပြီးသေးပါဘူး။ အဲလိုစိုးရိမ်စိတ်ဝင်သွားတဲ့ မိန်းကလေးရဲ့ မျက်နှာရိပ်မျက်နှာကဲ မြင်ပြီဆိုတာနဲ့ ဒီလိုလူယုတ်မာမျိုးတွေက. ဒီမှည့်ကို ဖျောက်မှဖြစ်မယ်။ ဖျောက်ချင်ရင် ဆရာ့ဆီ ဘယ်နေ့လာခဲ့။
ဘာပွဲညာပွဲ ထိုးရမယ်။ ဆရာဂါထာမန်းပြီး မှည့်ကနေအပြစ်မဖြစ်နိုင်အောင်…ဘယ်လိုလုပ်ပေးမယ် ညာလိုလုပ်ပေးမယ်နဲ့ ထပ်ဆင့် လာနိုင်ပါတယ်။ တစ်ချို့ဆို ကာမလိမ်လည် ရယူခံရသည်အထိ ဖြစ်သွားခဲ့ကြတာလည်း ကြားခဲ့ရဖူးပါတယ်။
ဆိုတော့ နှမတွေ ၊ အစ်မတွေ ကို တစ်ခုလေးသတိပေးလိုတာက မှည့်ဆိုတာ မှည့်ပါပဲ။
ထူးခြားသော မွေးရာပါ မှည့်မျိုးကသာလျင် အကျိုးအပြစ်ကို ထင်ရှားစေပါတယ်။ ခါတော်မီမှည့်တွေဆိုတာကတော့ အသက်ကြီးလာလေလေ ဟိုသည် နေရာအနှံ့ ပေါ်လာလေလေ။
ဉာဏ်မတိမ်ပါနဲ့။ မကြောက်ပါနဲ့။ ကြောက်တတ်သူ ၊ဉာဏ်တိမ်သူကိုပဲ လူယုတ်မာတွေက ပစ်မှတ်ထားကြတာပါ။
မိမိဉာဏ် နဲ့ မိမိရဲ့ ယုံကြည်ချက်ခိုင်မာမှုကသာလျင် မိမိကိုယ်ကို စောင့်ရှောက်ကာကွယ်နိုင်ပါလိမ့်မယ်။
ဒီခေတ်ကတော့ လူယုတ်မာတွေ အလွှာအသီးသီး ၊ နယ်ပယ်အသီးသီးမှာ သိပ်ပေါသည့်ခေတ်ပါ။ ဘယ်သူပြောတာမှ လွယ်လင့်တစ်ကူ မယုံစားစေလိုပါ။
လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791