ဦးၿဖိဳးမင္းသိန္း၊ ေဒၚစႏၵာမင္းအပါအဝင္ ၄ ဦးကို ပါတီဝင္အျဖစ္မွ NLD က ထုတ္ပယ္
ဦးၿဖိဳးမင္းသိန္း၊ ေဒၚစႏၵာမင္းအပါအဝင္ ၄ ဦးတို႔ကို ပါတီဝင္အျဖစ္မွ ထုတ္ပယ္လိုက္ေၾကာင္း
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီက မတ္လ ၃ရက္ ရက္စြဲျဖင့္ သတင္းထုတ္ျပန္သည္။
NLD ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ၏ မတ္လ ၂ရက္ စည္းေဝးဆုံးျဖတ္ခ်က္အရ ပါတီဝင္ ၄ ဦးအား ထုတ္ပယ္ရျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။
ထုတ္ပယ္ခံရသူမ်ားမွာ NLD အစိုးရလက္ထက္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္ခဲ့သူ
ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ တာဝန္ထမ္းေဆာင္ခဲ့သူ ေဒၚစႏၵာမင္း၊ပါတီဗဟိုေကာ္မတီဝင္မ်ားျဖစ္သည့္ ဦးတိုးလြင္၊ ဦးဝင္းျမင့္ေအာင္တို႔ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ၄ ဦးမွာ အဖြဲ႕ခ်ဳပ္၏ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာျခင္းမရွိသည့္အတြက္ တိုင္ၾကားခ်က္မ်ားအရ ပါတီဝင္အျဖစ္မွ အၿပီးအပိုင္ရပ္စဲလိုက္ေၾကာင္း၊
၎တို႔၏ေျပာဆိုေဆာင္႐ြက္မႈမ်ားသည္ အဖြဲ႕ခ်ဳပ္ႏွင့္မသက္ဆိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။
credit
unicode
ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်းအပါအဝင် ၄ ဦးကို ပါတီဝင်အဖြစ်မှ NLD က ထုတ်ပယ်
ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်းအပါအဝင် ၄ ဦးတို့ကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မတ်လ ၃ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ မတ်လ ၂ရက် စည်းဝေးဆုံးဖြတ်ချက်အရ ပါတီဝင် ၄ ဦးအား ထုတ်ပယ်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ထုတ်ပယ်ခံရသူများမှာ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူ
ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်စန္ဒာမင်း၊ပါတီဗဟိုကော်မတီဝင်များဖြစ်သည့် ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၄ ဦးမှာ အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိသည့်အတွက် တိုင်ကြားချက်များအရ ပါတီဝင်အဖြစ်မှ အပြီးအပိုင်ရပ်စဲလိုက်ကြောင်း၊
၎င်းတို့၏ပြောဆိုဆောင်ရွက်မှုများသည် အဖွဲ့ချုပ်နှင့်မသက်ဆိုင်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
credit