ျမန္မာ့႐ိုးရာ ႏွစ္ကူးအတာသၾကၤန္ ျဖစ္ေပၚလာပုံ သမိုင္း
သၾကၤန္ သမိုင္းေၾကာင္း – ယခုလို ႏွစ္သစ္ကူးတဲ့ အခ်ိန္သမယမွာ ျမန္မာေတြအေနနဲ႔ ျမန္မာ ႐ိုးရာသၾကၤန္ပြဲေတာ္ရဲ႕ ျဖစ္ေပၚလာပုံ သမိုင္း ေၾကာင္း အစကို သိထားဖို႔လိုပါတယ္။ သၾကၤန္ မူလက သၾကၤန္ပြဲေတာ္ဟာ ဗုဒၶဘာသာဝင္ေတြ က်င္းပခဲ့ ျခင္းမရွိပါဘူး။
ဒါဟာ ဟိႏၵဴဘာ သာဝင္ေတြရဲ႕ ဘာသာေရးပြဲေတာ္ တစ္ခုပဲျဖစ္ပါတယ္။ သိၾကားမင္း -ျဗဟၼာမင္း တစ္ခါက (ဗရာမာလို႔ေခၚတဲ့) ျဗဟၼာမင္း အာစိ ဟာ ေဒဝနတ္အေပါင္းတို႔ရဲ႕ ဘုရင္ သၾကားမင္းကို စစ္ရႈံးခဲ့ပါတယ္။
အဲဒီအခ်ိန္မွာ သိၾကားမင္းဟာ စစ္ရႈံး ခဲ့တဲ့ျဗဟၼာမင္း အာစိရဲ႕ ဦးေခါင္းကို ျဖတ္ၿပီး ဆင္တစ္ေကာင္ရဲ႕ ဦးေခါင္းကို ျဗဟၼာမင္းရဲ႕ ခႏၶာကိုယ္မွာ ျပန္တပ္ေပးဖို႔ သိၾကားမင္းရဲ႕ ညႇိႏႈိင္း မႈကို စစ္ရႈံးတဲ့ ျဗဟၼာမင္းက သေဘာတူခဲ့ရပါတယ္။
ဒါနဲ႔ပဲ ဆင္ဦးေခါင္းနဲ႔ ျဗဟၼာမင္းခႏၶာ ကိုယ္ေပါင္း စပ္တဲ့ ဟိႏၵဴဘုရား ဂေနဆာျဖစ္လာပါတယ္။ဂေနဆာ ျဗဟၼာမင္းဟာ အလြန္အင္မ တန္တန္ခိုးႀကီးလြန္းတဲ့အတြက္ ျပတ္သြားတဲ့သူရဲ႕ေခါင္းကိုပင္လယ္ထဲပစ္လိုက္မယ္ဆိုရင္ လယ္ေရေတြခန္းေျခာက္ သြားႏိုင္ပါတယ္။
ပထ ဝီ ေျမႀကီးေပၚတင္မယ္ဆိုယင္လည္း ေျမႀကီးဟာ အပိုင္းပိုင္းကြဲအက္ေၾကမြသြားႏိုင္ပါတယ္။အကယ္လို႔မ်ား မိုးေကာင္းကင္ထဲ ကို ပစ္ လိုက္မယ္ဆိုယင္လဲ မိုးေကာင္းကင္ တစ္ခုလုံး မီးေတာက္ေလာင္ႂကြမ္းသြားႏိုင္ပါတယ္။
ဒါကိုသိတဲ့ သိၾကားမင္း က အဲဒီျဗဟၼာႀကီးရဲ႕ ေခါင္းကို အဲဒီလို မျဖစ္ေစဖို႔အတြက္ နတ္သမီး တစ္ပါးစီကို တစ္ႏွစ္တစ္ခါအလွည့္က်စီကိုင္ထားရမယ္ ဆိုၿပီး မိန႔္ေတာ္မူပါတယ္။တစ္ႏွစ္ကုန္လို႔ ေနာက္တစ္ ႏွစ္ကို ကူးတဲ့အခါက်ယင္ အလွည့္ေျပာင္းတဲ့ အခ်ိန္ကို သၾကၤန္ပြဲေတာ္ဆင္ႏြဲခဲ့ၾကပါတယ္။
သၾကၤန္ပြဲေတာ္ကို တစ္ခ်ိန္က ဟိႏၵဴယဥ္ေက်းမႈ လႊမ္းမိုးခံခဲ့ရတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံ အေတာ္မ်ားမ်ားမွာ ႏွစ္သစ္ကူးပြဲေတာ္အျဖစ္က်င္းပ ခဲ့ပါတယ္။ ယခုအခ်ိန္မွာ ျမန္မာ ႏိုင္ငံအျပင္ ထိုင္းႏိုင္ငံ ၊ေလာႏိုင္ငံ နဲ႔ ကေမာၻဒီးယားႏိုင္ငံေတြမွာ ဆက္လက္က်င္းပဆဲျဖစ္တာကိုေတြရပါတယ္။
ပုဂံေခတ္ျမန္မာသၾကၤန္ – အႀကိဳေန႔ – သၾကၤန္အႀကိဳေန႔နဲ႔ပတ္သက္ၿပီး ေတြ႕ရွိခ်က္က ဥေပါသဓ မင္းႀကီး ရဲ႕ ေခါင္းေဆးမဂၤလာျပဳရာက စတယ္လို႔ ဆိုပါတယ္။ အဲဒီအခ်ိန္က ဘုရင္မ်ားဟာ တစ္ႏွစ္မွာတစ္ခါ ဦးေခါင္းေတာ္ေဆးတဲ့ မဂၤလာကိုက်င္းပေလ့ရွိပါတယ္။ ျမန္မာမင္းမ်ားစြာ ကလည္း အဲဒီအခ်ိန္ေရာက္ရင္ ယခုေမာ္လၿမိဳင္မွာ ရွိတဲ့မုတၱမေကြ႕က ေခါင္းေဆးကြၽန္းမွာေခါင္းေဆးမဂၤလာျပဳၾကပါတယ္။
အက်ေန႔ – ဒီေန႔မွာေတာ့ သိၾကား မင္းဟာ နတ္ျပည္ကေန လူ႔ျပည္ကို ဆင္းသက္ လာပါတယ္..ဒီလိုဆင္းလာတဲ့အခ်ိန္ကို သိေစဖို႔သၾကၤန္အေျမာက္ကို ေဖါက္ပါတယ္ ။ အဲဒီအခါ လူေတြဟာ အတာအိုးထဲေရထည့္ကာ သေျပခက္နဲ႔ ေျမႀကီးကို ေရျဖန္းလို႔ ရွိခိုးပူေဇာ္ၾကပါတယ္။ဒီအခါမွာ ဘုရင့္ ဆရာမ်ားျဖစ္တဲ့ အိႏၵိယကဇာတ္ျမင့္မ်ိဳးႏြယ္ ဗရာမန္ဇာတ္ဝင္ ပုဏၰားက ေနာင္လာမဲ့ႏွစ္အတြက္ေဟာကိန္းျဖစ္တဲ့ သၾကၤန္စာကို ႐ြတ္ဖတ္ေၾကျငာပါေတာ့တယ္။
ဒီေဟာကိန္းကိုေတာ့ သိၾကားမင္း ဘာတိရစာၦန္ကို စီးၿပီး ဘာကိုင္လာသလဲဆိုတာကို အေျခခံၿပီး ေဟာတာျဖစ္ပါတယ္။ ခေလးေတြကို ဒီအခ်ိန္မွာ လူႀကီးေတြေျပာ ေလ့ရွိတာက ေကာင္းတာလုပ္တဲ့သူေတြရဲ႕ အမည္စာရင္းကို သိၾကားမင္းက ေ႐ြပုရပိုက္မွာ ေရးမွတ္ၿပီး ဆိုးသြမ္းသူေတြရဲ႕ နံမယ္ကို ေခြးသားေရ ပုရပိုက္မွာ ေရးမွတ္တယ္လို႔ ေျပာေလ့ရွိပါတယ္။တကယ္ေတာ့ သၾကၤန္ဟာ ဟိႏၵဴ ဝါဒယုံၾကည္မႈ ထုံးတမ္း စဥ္လာတစ္ရပ္ကဆင္းသက္လာခဲ့တာပါ။
ဒါေပမဲ့ ေရွး ပညာရွင္ကဝိမ်ားက ဒါကိုေထရဝါဒ ဗုဒၶဘာသာ ရဲ႕ အဆုံးအမမ်ားနဲ႔ ျပဳျပင္ယူခဲ့ၾကၿပီး ႏွစ္သစ္ကူးကစလို႔ ရွင္ျပဳျခင္း ဓေလ့၊ ဘုရားေက်ာင္းကန္မ်ားမွာ ဥပုသ္သီလေစာင့္ျခင္း ဓေလ့၊ လူႀကီးသူမေတြကိုေခါင္းေလွ်ာ္ေပးျခင္း ေျခသည္း လက္သည္းညႇပ္ေပးျခင္း၊ သတၱဝါေတြကို ေဘးမဲ့လႊတ္ေပးျခင္းဓေလ့ ေတြနဲ႔ေပါင္းစပ္ေပးခဲ့ပါတယ္။
ျမန္မာ့သၾကၤန္ဟာ ယဥ္ ေက်းမႈမ်ားေပါင္းစုံျခင္းရဲ႕ အမွတ္သညာတစ္ခုပါ..ႏိုင္ငံတကာရဲ႕ အာ႐ုံကို စြဲေဆာင္ႏိုင္တဲ့ပြဲေတာ္ဆိုလဲမမွားပါဘူး။ ဒီလိုထူးျခားမႈေတြ အႏွစ္ သာရေတြနဲ႔ထုံမႊမ္းေနတဲ့ အခ်ိန္အခါမွာ ျမန္မာေတြေမတၱာတရား မ်ားပြားႏိုင္ၾကၿပီး လူလူျခင္း ႏိုင္ထက္စီးနင္းျပဳျခင္း ေဘးအႏၲရာယ္မွ ေနာင္ႏွစ္မ်ားမွာ ကင္းေဝးႏိုင္ၾကပါေစ။ သတၱဝါအေပါင္း က်န္းမာၾကပါေစ ခ်မ္းသာၾကပါေစ။ ေဘးကင္းရန္ကြာၾကပါေစ ရန္သူမ်ိဳးငါးပါးရန္မွ ကင္းေဝးၾကပါေစ ႏွလုံးစိတ္ဝမ္းေအးခ်မ္းၾကပါေစလို႔ ႏွစ္သစ္မွာဆႏၵျပဳလိုက္ပါတယ္။
ကြၽန္မတို႔ ျမန္မာ ေတြ ဟာ သၾကၤန္လို႔ၾကား လိုက္ၾကတာ နဲ႔ လူငယ္ေတြ နဲ႔ တခ်ိဳ႕ လူႀကီးေတြ ရဲ႕ စိတ္ေတြထဲမွာဆိုရင္အလိုလိုကို ျမဴးႂကြ လာခဲ့ၾကပါတယ္။တစ္ခ်ိဳ႕ၾက ေတာ့လည္း ဒီရက္ေတြမွာဦးပဇင္း ဝတ္ဖို႔ တို႔ ၊ ရိပ္သာ ဝင္ဖို႔ တို႔ သီတင္းသီလ ေဆာက္တည္ဖို႔ အတြက္သၾကၤန္ရက္ မတိုင္ခင္ ကတည္းက ႀကိဳတင္ျပင္ ဆင္မႈေတြ ျပဳလုပ္ေနၾကပါတယ္။တခ်ိဳ႕ လူငယ္ေတြကေတာ့ တစ္ႏွစ္တစ္ခါႏွစ္သစ္ကူးတဲ့ သၾကၤန္ ရက္ကို မေရာက္ခင္ကတည္းက သၾကၤန္ သီခ်င္းေတြ ၾကားေနရခ်ိန္မွာပဲ စိတ္ဓာတ္ေတြက ျမဴးႂကြလို႔၊တက္ႂကြလို႔ ။
ဒီႏွစ္သၾကၤန္မွာ ငါတို႔ ဘယ္လိုကဲလိုက္မယ္ေဟ့ ၊ ဘယ္ လိုလည္လိုက္မယ္ ေဟ့ ဆိုၿပီးေတြးေတာ ႀကံစည္ေနၾကတဲ့ လူငယ္ေပါင္းကလည္း မနည္းပါဘူး။ဒါေပမယ့္ ဒီလို သၾကၤန္ကို ဘာေၾကာင့္ျဖစ္ေပၚလာတယ္ ဆိုတာကိုေတာ့ သိတဲ့သူနည္းလိမ့္မယ္လို႔ ထင္ပါတယ္။
ကြၽန္မကိုယ္တိုင္လည္း ေသခ်ာ မသိခဲ့ပါဘူး။ဒါေၾကာင့္ မသိေသးတဲ့ လူငယ္လူႀကီးမ်ားႏွင့္သူငယ္ခ်င္း တို႔ အတြက္ ဒီသၾကၤန္သမိုင္းေၾကာင္း ေလးကို ျပန္လည္ မွ်ေဝလိုက္ျခင္းျဖစ္ပါတယ္။
Credit – မူရင္း
unicode
မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန် ဖြစ်ပေါ်လာပုံ သမိုင်း
သင်္ကြန် သမိုင်းကြောင်း – ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာ ရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်း ကြောင်း အစကို သိထားဖို့လိုပါတယ်။ သင်္ကြန် မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ ခြင်းမရှိပါဘူး။
ဒါဟာ ဟိန္ဒူဘာ သာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။ သိကြားမင်း -ဗြဟ္မာမင်း တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေဝနတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။
အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံး ခဲ့တဲ့ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓာကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်း မှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။
ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာ ကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာဖြစ်လာပါတယ်။ဂနေဆာ ဗြဟ္မာမင်းဟာ အလွန်အင်မ တန်တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူရဲ့ခေါင်းကိုပင်လယ်ထဲပစ်လိုက်မယ်ဆိုရင် လယ်ရေတွေခန်းခြောက် သွားနိုင်ပါတယ်။
ပထ ဝီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။အကယ်လို့များ မိုးကောင်းကင်ထဲ ကို ပစ် လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင် တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။
ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါအလှည့်ကျစီကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။တစ်နှစ်ကုန်လို့ နောက်တစ် နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။
သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူးပွဲတော်အဖြစ်ကျင်းပ ခဲ့ပါတယ်။ ယခုအချိန်မှာ မြန်မာ နိုင်ငံအပြင် ထိုင်းနိုင်ငံ ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။
ပုဂံခေတ်မြန်မာသင်္ကြန် – အကြိုနေ့ – သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး တွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာတစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကိုကျင်းပလေ့ရှိပါတယ်။ မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ရင် ယခုမော်လမြိုင်မှာ ရှိတဲ့မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာခေါင်းဆေးမင်္ဂလာပြုကြပါတယ်။
အကျနေ့ – ဒီနေ့မှာတော့ သိကြား မင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်..ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့သင်္ကြန်အမြောက်ကို ဖေါက်ပါတယ် ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်။ဒီအခါမှာ ဘုရင့် ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်ဝင် ပုဏ္ဏားက နောင်လာမဲ့နှစ်အတွက်ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ်ကြေငြာပါတော့တယ်။
ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာတိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီး ဟောတာဖြစ်ပါတယ်။ ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြော လေ့ရှိတာက ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ဝါဒယုံကြည်မှု ထုံးတမ်း စဉ်လာတစ်ရပ်ကဆင်းသက်လာခဲ့တာပါ။
ဒါပေမဲ့ ရှေး ပညာရှင်ကဝိများက ဒါကိုထေရဝါဒ ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်း ဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကိုခေါင်းလျှော်ပေးခြင်း ခြေသည်း လက်သည်းညှပ်ပေးခြင်း၊ သတ္တဝါတွေကို ဘေးမဲ့လွှတ်ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။
မြန်မာ့သင်္ကြန်ဟာ ယဉ် ကျေးမှုများပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ..နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ပွဲတော်ဆိုလဲမမှားပါဘူး။ ဒီလိုထူးခြားမှုတွေ အနှစ် သာရတွေနဲ့ထုံမွှမ်းနေတဲ့ အချိန်အခါမှာ မြန်မာတွေမေတ္တာတရား များပွားနိုင်ကြပြီး လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ။ သတ္တဝါအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ။ ဘေးကင်းရန်ကွာကြပါစေ ရန်သူမျိုးငါးပါးရန်မှ ကင်းဝေးကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာဆန္ဒပြုလိုက်ပါတယ်။
ကျွန်မတို့ မြန်မာ တွေ ဟာ သင်္ကြန်လို့ကြား လိုက်ကြတာ နဲ့ လူငယ်တွေ နဲ့ တချို့ လူကြီးတွေ ရဲ့ စိတ်တွေထဲမှာဆိုရင်အလိုလိုကို မြူးကြွ လာခဲ့ကြပါတယ်။တစ်ချို့ကြ တော့လည်း ဒီရက်တွေမှာဦးပဇင်း ဝတ်ဖို့ တို့ ၊ ရိပ်သာ ဝင်ဖို့ တို့ သီတင်းသီလ ဆောက်တည်ဖို့ အတွက်သင်္ကြန်ရက် မတိုင်ခင် ကတည်းက ကြိုတင်ပြင် ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။တချို့ လူငယ်တွေကတော့ တစ်နှစ်တစ်ခါနှစ်သစ်ကူးတဲ့ သင်္ကြန် ရက်ကို မရောက်ခင်ကတည်းက သင်္ကြန် သီချင်းတွေ ကြားနေရချိန်မှာပဲ စိတ်ဓာတ်တွေက မြူးကြွလို့၊တက်ကြွလို့ ။
ဒီနှစ်သင်္ကြန်မှာ ငါတို့ ဘယ်လိုကဲလိုက်မယ်ဟေ့ ၊ ဘယ် လိုလည်လိုက်မယ် ဟေ့ ဆိုပြီးတွေးတော ကြံစည်နေကြတဲ့ လူငယ်ပေါင်းကလည်း မနည်းပါဘူး။ဒါပေမယ့် ဒီလို သင်္ကြန်ကို ဘာကြောင့်ဖြစ်ပေါ်လာတယ် ဆိုတာကိုတော့ သိတဲ့သူနည်းလိမ့်မယ်လို့ ထင်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း သေချာ မသိခဲ့ပါဘူး။ဒါကြောင့် မသိသေးတဲ့ လူငယ်လူကြီးများနှင့်သူငယ်ချင်း တို့ အတွက် ဒီသင်္ကြန်သမိုင်းကြောင်း လေးကို ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
Credit – မူရင်း