အလွပေရးရာ
မျက်နှာပေါ်ကဝက်ခြံကြောင့်ကျန်ခဲ့တဲ့ချိုင့်ခွက်နဲ့(အမာရွတ်)တွေတစ်ပတ်အတွင်းပျောက်ကင်းစေသောနည်း
credit
unicode
ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမာရွတ်တွေတစ်ပတ်အတွင်းပျောက်ကင်းစေဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်နော်။
(၁) ဝက်ခြံဖြစ်တဲ့အသားအရေဟာ အဆီပြန်တဲ့အသားအရေဖြစ်တတ်ပါတယ်။ ဒါကြောင့်မနက်(အိပ်ရာထမဟုတ်ပါ) ကျောင်းမသွားခင်၊ရုံးမသွားခင် မျက်နှာသစ်ပေးပါ။ညအိပ်ရာဝင်ခါနီးတစ်ကြိမ်မျက်နှာသစ်ပေးပါ။
(၂) အာလူးသုံးပါ။ အာလူးကိုအကွင်းလေးတွေလှီးပါ။သို့မဟုတ် ချေလိုက်ပါ။ပြီးရင်အမာရွတ်တွေကိုအုပ်ထားပါ။မိနစ်၃၀ လောက်ကြာရင်ခွာပြီး မျက်နှာသစ်ပါ ။ တစ်ပတ် နှစ်ကြိမ်လောက်ပြုလုပ်ပေးရင် ဝက်ခြံအမာရွတ်မှမဟုတ်ပဲ အခြားအမာရွတ်တွေပါသက်သာပျောက်ကင်းစေပါတယ်။
(၃) ဗီတာမင်စီမှီဝဲပါ။ အရှင်းဆုံးနည်းလမ်းကတော့သံပရာသီးတစ်နေ့တစ်လုံးကိုဒီတိုင်းပဲစားစား၊ဖျော်ရည်ပဲ လုပ်သောက်သောက်တစ်နေ့တစ်လုံးသောက်ပေးရပါမယ်။အလုပ်များတယ်ဆိုရင်တော့ဗိုက်တာမင်စီ ဆေးပြားလေးတွေတစ်နေ့နှစ်ကြိမ် သောက်ပေနိုင်ပါတယ်။ဗိုက်တာမင်စီဟာအသားအရေအတွက် အထူးကောင်းမွန်ပြီးအစက်အပြောက်လေးတွေကိုသေးငယ်စေပါတယ်။
(၄) အမာရွတ်တွေကို ပြန်လည်အစားထိုးဖို့ဆဲလ်တွေက ရေဓါတ်ကိုလိုအပ်ပါတယ်။ ဒါကြောင့်moisturizerကိုအသုံးပြုပါ အများကြီးအသုံးမပြုပါနှင့် အချို့ moisturizer တွေကအဆီပြန်တတ်လို့ပါ။
(၅) ရေများများသောက်ပါ။ ရေကိုတစ်နေ့အနည်းဆုံး၁၅ခွက်သောက်သုံးပါ။ ရေသောက်ချင်းကြောင့်အသားအရေစိုပြေမှုရရှိပါလိမ့်မယ်။
(၆) ကိုယ်တိုက်ဆပ်ပြာတွေရှောင်ကြဉ်ပါ။ ကိုယ်တိုက်ဆပ်ပြာတွေမှာအပြင်းစားဓါတုပစ္စည်းတွေပါဝင်နေတဲ့အတွက် ဝက်ခြံအမာရွတ်တွေနဲ့ထိလျှင်အမာရွတ်တွေမဲသွားနိုင်ပါတယ်။
(၇) မိတ်ကပ်တွေနဲ့မဖုံးပါနဲ့မိတ်ကပ်တွေနဲ့ဖုံးအုပ်ထားရင် ချွေးပေါက်တွေကိုပိတ်သွားစေပြီးပိုမိုဆိုးဝါးလာနိုင်ပါတယ်။
(၈) ခေါင်းအုံးစွပ်တွေကို လျှော်ဖွတ်ပါ။ ခေါင်းအုံးစွပ်တွေကိုတစ်ပတ်စ်ခါ ဖြစ်နိုင်လျင်လျှော်ပါ။ အနည်းဆုံးတစ်လတစ်ခါလျော်ပါ။ လျှော်သည့်အခါ ဆပ်ပြာမှုန့်တွေသိပ်မသုံးပါနှင့်ရေနွေးထဲစိမ်ပြီးမှလျှော်လျှင်ပိုကောင်းပါသည်။
(၉) အရမ်းစိတ်မပူပန်ပါနှင့် အမာရွတ်တွေမပျောက်မှာစိုးပြီးအရမ်းမပူပန်ပါနှင့်။ စိတ်ဖိစီးမှုကြောင့် ဝက်ခြံထွက်နိုင်တယ်ဆိုတာသတိထားပါ။
credit