အေထြအေထြဗဟုသုတ
မှိုကွန်ချာ
နောက် ပရဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ “ဒုတ္ထာ” ကို ကြိတ်၍ အမှုန့် ပြုလုပ်ပြီး မှိုကွန်ချာနှင့် အရက်ပျံ စိမ်ထားသော ပုလင်းထဲသို့ စိမ်ထားပါက
အထူးမှတ်ချက်
unicode
တန်ဖိုးဖြတ်လို့ မရတဲ့ မှိုကွန်ချာကို တွေ့ရင် မဖြစ်မနေ အရယူထားသင့်တဲ့ အကြောင်းအရင်း
တန်ဖိုးဖြတ်လို့ မရတဲ့ မှိုကွန်ချာကို တွေ့ရင် မဖြစ်မနေ အရယူထားပါ …
မှိုကွန်ချာ
မိုးဦးကာလမှာ နေရာဒေသ အတောများများမှာ ပေါက်ပါတယ်။
မနက် အစောပိုင်းမှာ ပွင့်တတ်ပြီး ညနေစောင်း ဆိုရင် ညှိုးသွားပြီး ပုတ်သွားပါတယ်။ ပုတ်စော်လည်း အရမ်းနံပါတယ်။ လောက် တွယ်တဲ့အထိကို ပုတ်စော်နံတဲ့ မှိုမျိုးပါ။
ပိုးကောင်ငယ်လေးများမှ ၎င်းမှိုကို ကိုက်ဖဲ့ စားသောက်ပစ်ပါ၏။ တွေ့တာနဲ့ အချိန်မီ မြေကြီးမှ နှိုက်၍ ခူးပါ။
အရင်းက ကိုင်ပြီး နှုတ်ပါက ဂျွတ်ကနဲဆို ကျိုးသွားပြီး အောက်ခြေ မြေကြီးထဲဝင်နေသော အပိုင်း မပါလာတတ်ပါ။
မှိုကွန်ချာကို တွေ့တာနဲ့ နှုတ်ပြီး မြေကြီးများ သဲများ သန့်စင်ကာ အရက်ပြန် ပုလင်းထည့် စိမ်ပြီး လေလုံစွာ ပိတ်၍ ထားပါက
အနာစိမ်း၊ အနာစက်၊ ပွေး၊ ဝဲ၊ ယားနာ၊ ဝဲ၊ နှင်းခူ အစို/အခြောက်၊ ရေယုံ စသည်တို့ကို ချက်ချင်း လက်ငင်း ပျောက်စေ၏။
ကန္နရာအကြိတ် အနာစိမ်းများ ဆိုလျှင် ထို မှိုဆေးရည်ကို ဂွမ်းဖြင့် စွတ် ပတ်တီးဖြင့် စီးထားးး
ည စီးထားလျှင် မနက်ဆိုလျှင် ခွဲစိတ်စရာမလိုပဲ အမြစ်ပါမကျန် ပေါက်ထွက်လာ၏။
နောက် ပရဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ “ဒုတ္ထာ” ကို ကြိတ်၍ အမှုန့် ပြုလုပ်ပြီး မှိုှိုကွန်ချာနှင့် အရက်ပျံ စိမ်ထားသော ပုလင်းထဲသို့ စိမ်ထားပါက
အရိုးကင်ဆာ နေရာကို နေ့စဉ် မနက် ည လိမ်းပေးပါက တဖြေးဖြေး သိသာစွာ နာကျင် ကိုက်ခဲနေသော ဝေဒနာဟာ သက်သာလာပြီး ခြေထောက် ဖြတ်ရမည်ဟု ဆိုသော အရိုးကင်ဆာသည် ဖြတ်စရာ မလိုဘဲ အကောင်း ပကတိအတိုင်း ပြန်ဖြစ်နိုင်ပါ၏။
အရက်ပြန် ပုလင်းထဲ စိမ်ထားပါက နှစ်နှင့်ချီကြာလေ အာနိသင် ပိုရှိလေပင် ဖြစ်၏။
မှိုကွန်ချာ စိမ်ထားသော အရက်ပျံ ကုန်သွားလျှင် အရက်ပျံအသစ် ထပ်ထည့်၍ ရပါ၏။
ဘယ်ဘက်အခြမ်းက ပုလင်းသည် မှိုကွန်ချာနှင့် အရက်ပျံသာ စိမ်ထားပါ၏။ ညာဘက်အခြမ်းက ပုလင်းသည် မှိုကွန်ချာ နှင့် အရည်ပျံ ဒုတ္တာအမှုန့်ပါထည့်စိမ်ထားသော ပုလင်းဖြစ်၏။ စိမ်ထားတာ ၃ နှစ်ကျော်ပြီး ဖြစ်၏။ လိုအပ်သောသူများအား လှုရင်း ထို နှစ်ပုလင်းပင် ကျန်တော့၏။
အထူးမှတ်ချက်
မှိုကွန်ချာသည် အလွန် အဆိပ်ပြင်း၏။ နှုတ်သည့်အခါ ပလပ်စတစ်အိတ်ဖြင့်စွတ်၍ နှုတ်ပြီး ရေဆေးပါ။ လက်ဖြင့် နှုတ်၍ ရေဆေးပါမူ လက်များ ပါးသွားပြီး ကြိမ်းစပ်စပ် ဖြစ်နေပါလိမ့်မည်။
ကလေးငယ်များ မှိုကွန်ချာကို မကိုင်မိပါစေနဲ့။ မှိုကွန်ချာ ဆေးပုလင်းကို ကလေးငယ်များနှင့် ဝေးရာကိုသာ ထားပါ။
နောက်တနည်း = အရိုးကင်ဆာကို ပျောက်ကင်းနိုင်စွမ်းသော မှိုကွန်ချာ အစွမ်း …
ဟင်္သာတမြို့နယ် တောရွာဘက်က ဦးလေးတယောက်ဟာ အရိုးကင်ဆာ ဖြစ်လို့ ဆေးရုံက ခြေထောက်တစ်ဖက် ဖြတ်ဖို့ ရက်ချိန်း ပေးလိုက်ပါတယ်တဲ့။
ထိုဦးလေးဟာ ခြေထောက်တဖက်တော့ မဖြတ်တော့ဘူး။ ဒီအတိုင်းသာ အသေခံသွားမယ်ဟု ဆိုကာ အရိုးကွဲမတတ့် ကိုက်ခဲနေသော ဝေဒနာကို ကြိတ်မှိတ်ပြီး အန်တုကာ ခံနေပြီး ဆေးရုံရက်ချိန်းကို မသွားတော့ပါဘူးတဲ့။
ဒီလို ဖြစ်နေချိန်မှာ တိုက်ဆိုင်စွာ တောဘက်ကဘဲ ဝါသနာရှင် ရွက်ပုံးသီး ဗိန္ဓောဝါရင့်ဆရာကြီးက ဒီနည်းလေးကို ပေးခဲ့ပါသတဲ့။
မှိုကွန်ချာ မနုမရင့်အချိန်ကို နှုတ်ပြီး မြေကြီးများ သဲများ သန့်စင်ကာ အရက်ပြန် ပုလင်းထဲကိုထည့် စိမ်ပြီး ပရဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ “ဒုတ္ထာ” အမှုန့်နဲ့ ရောပြီး နေတိုင်း သုပ်လိမ်းပေးနေရုံပါပဲ ။
အဲဒီလို လိမ်းပေးနေပြီး တဖြေးဖြေး သိသာစွာ နာကျင် ကိုက်ခဲနေသော ဝေဒနာဟာ သက်သာလာပြီး ခြေထောက်ဖြတ်ရမည်ဟု ဆိုသော အရိုးကင်ဆာဟာ ဖြတ်စရာ မလိုဘဲ အကောင်း ပကတိအတိုင်း ပျောက်ကင်းသွားကြောင်း နေရပ်အတိအကျ ရွာအမည် နာမည်နှင့်တကွ ရေးသားထားတာကို ဖတ်ခဲ့ဘူးပါတယ် ။
အတိအကျ နာမည် ကိုတော့ မမှတ်မိပေမယ့် စွဲနေအောင် မှတ်ထားတာကတော့ မှိုကွန်ချာ , အရက်ပြန်, ဒုတ္ထာ ဒီသုံးမျိုးကို ရောစပ်ပြီး လိမ်းပေးရင် အရိုးကင်ဆာကို ပျောက်သွားတယ် ဆိုတာပါပဲ။ အဓိကကတော့ ဒုတ္ထာအမှုန့် ပါမယ်ဟု ဆိုပါသည် ။
တောနယ်ဘက်တွေမှာ ထိုကဲ့သို့ ဆေးနည်းလေးက အင်မတန် အသုံးဝင်ပါတယ်။ ဒါ့ကြောင့် ကျနော် သိသလောက် မျှဝေ လိုက်ပါရစေဗျာ။
တင်ပြတာ မှန်ပါတယ်။ ဒါပေမဲ့ ဖော်စပ်ပုံမပြည့်စုံတော့ ကျန်တဲ့သူတွေ ဘယ်သိပါ့မလဲဗျာ။
ဖော်စပ်ပုံမှာ … (၁) မှိုကွန်ချာ ၃၀ သား (၂) ဒုတ္တာ ၅ ကျပ်သား (၃) အရက်ပြန်တစ်ပုလင်း (၄) တောအရက်
မရခဲ့ရင် အရက်ဆီ ၅ဝသား ၊ ဖန်ပုလင်းထဲမှာ စိမ်ထားပါ။ ၁၀ ရက်ခန့်လောက်ဆို အသုံးပြုလို့ ရပါပြီ
သတိ=( မှိုကွန်ချာ ဟာ စား၍ လုံးဝမရသော မှိုပါ။ မိုးဦးကာလမှာ နေရာဒေသ အတောများများ ပေါက်ပါတယ်။ ပုံပါအတိုင်း မှိုပါ ရင့်သွားလို့ရှိရင် ပုတ်စော် အရမ်းနံပါတယ်။ လောက်တွယ်တဲ့အထိကို ပုတ်စော်နံတဲ့ မှိုမျိုးပါ )
အဲလို မရင့်မစွန့်ခင် အနုကို နှုတ်ပြီး အရက်ပြန်ပုလင်းနှင့် စိမ်ထားပါက နှစ်နှင့်ချီပြီး ကြာနေတောင်မှ အာနိသင် မပျက်ဘူးဟု ဆိုပါသည် ။
ဒုတ္ထာ အမှုန့် မပါဘဲနဲ့ အရက်ပြန်နဲ့ စိမ်ထားပြီး အရည်ကို သွေးစူနာ၊ အနာစိမ်း၊ အနာပဆုတ် ယားနာ၊ ပွေးနင်းကူး စသည့် အရေပြား အနာမျိုးစုံကိုလည်း ပျောက်ကင်းကြောင်း ဆိုပါသည် ။
မူရင်းရေးသားသူကို လေးစားစွာဖြင့် ကူးယူ ဖော်ပြပါသည်။ ယုံကြည်မှုရှိလျှင် သုံးကြည့်ပါ။