credit
unicode
(၁) သိန်းကြီး ပေးမှတော့ အကုန်ယူသွားပါ သားရယ်။ အဖွားရေ ဦးထုပ်လေးတွေ ဘယ်လိုရောင်းလဲ ဗျ၊ တလုံး (၂)ထောင်ပါ သားရယ်။
အသက် ဘယ်လောက်ရှိပြီလဲ ဗျ၊ အဖွားက (၈၇)နှစ်ရှိပါပြီ သားရယ် တယောက်တည်းသမားမလို့ ဒါလေးတွေ ရောင်းနေတာပါ။ ဟုတ် အဖွား မျက်စိခွဲချင်တယ်လို့ ကြားသိရတယ် ဟုတ်လား ဗျ။
ဟုတ်တယ် သားရယ် ဒါမဲ့ အဖွားက ဆင်းရဲတော့ မခွဲနိုင်ပါဘူး သားရယ် ဘာမှ စိတ်မပူနဲ့ သားခွဲပေးမှာပေါ့။
ဟုတ်ပြီလား သား တကယ် ပြောတာလား။ တကယ်ပေါ့ အဖွားရဲ့ အဖွား မနက်သွားမလား။
အဖွား ကြောက်လဲ ကြောက်တယ် သားရယ်။ အဖွားကို အချိန်လေး ပေးပါနော်။ ဟုတ် အဖွား သားကတိပေးတယ်နော် အဖွားအဆင်သင့်ဖြစ်ရင် ဖုန်းဆက်နော်။
အဖွား မှတ်ထားမယ်နော် သမီးလေးတွက်လဲ ဦးထုပ်လေး ယူပါလား။ ဟုတ် အဖွား သူ တလုံး၊ သား တလုံး ယူလိုက်မယ်နော် အဖွား ရော့ တသိန်းကျပ်။
ဟာ သားရယ် ပိုက်ဆံတွေ အများကြီးပဲ။ ဟုတ်တယ် အဖွား၊ ဦးထုပ်ဖိုးပါ။
ဟယ် (၁)သိန်းကြီးတောင် ပေးမှတော့ အကုန်သာ ယူသွားပါတော့ သားရယ်။ အကုန် ယူပြီး ကမ်းခြေသွားလိုက်မှာနော် ဆိုတော့ (အဖွားက အားရပါးရ ရယ်ရှာတယ်) အဖွား မျက်စိခွဲမယ်ဆို ပြောနော် ဟုတ်ပြီလား။
အဖွား မှတ်ထားတယ်နော် သား အဖွား ပြောမယ်နော် ဒါဆို ပြန်တော့နော် (၄)နာရီကျော်နေပြီ အဖွား ပြန်မှာ ပြန်မယ် ပိုက်ဆံ (၁)သိန်းကြီးတောင် ပြန်တော့မယ် သားရေ။
ဪ ကျနော့် အဖွားလဲ အဲ့အရွယ်မှာ မျက်စိ(၂)ဖက် ခွဲခဲ့ရတာ၊ ဒါကြောင့် အဖွားကို သတိရလို့ ခွဲပေးမယ်
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါများ
credit