knewledge

ျမန္မာျပည္မွာ စိမ္းျပာေရညႇိကို ပထမဆုံး ေတြ႕ရွိခဲ့တဲ့ ပညာရွင္ ေဒါက္တာ မင္းသိမ္းအေၾကာင္း

ဒုကၡ သုခေတြ ႀကဳံေတြ႕ရတိုင္း တမ္းတမိရပါေသာ ျမန္မာႏိုင္ငံ၏ SPIRULINA စိမ္းျပာေရညႇိကို စတင္ ေတြ႕ရွိခဲ့သူ၊ ဖခင္ႀကီး ေဒါက္တာ မင္းသိမ္း ႏွင့္အတူ၊ ေမၿမိဳ႕ ဥယ်ာဥ္ထဲ အမွတ္တရ အတူရွိခဲ့စဥ္၊

ငယ္ငယ္႐ြယ္႐ြယ္ နဲ႔ မႏၲေလးတကၠသိုလ္ႀကီးမွာ “ဆရာဂုဏ္” ရခဲ့သူ၊ ခ်စ္ဇနီးကို အမိႏိုင္ငံမွာ ထားရစ္ၿပီး ေရျခားေျမျခား ပါရဂူဘြဲ႕ (Ph.D) ဆည္းပူးခဲ့ရလို႔ သားသမီးရ ေနာက္က်ၿပီးအိမ္ေထာင္သက္ ၇ ႏွစ္ မွ သားသမီး စတင္ထြန္းကားခဲ့သူ၊

ေမာ္လၿမိဳင္ တကၠသိုလ္ရဲ႕ အဏၰဝါသိပၸံဌာန စတင္ တည္ေထာင္စဥ္ ေရညႇိဌာန ပညာရပ္အတြက္ တာဝန္ေပးခံရသူ၊ လူရည္ခြၽန္ မ်ားစြာကို အႀကိမ္ေပါင္းမ်ားစြာ ေလ့လာေရးခရီး ပို႔ေဆာင္ သင္ၾကားျပသေပးခဲ့သူ၊

ျမန္မာႏိုင္ငံမွာ စိမ္းျပာေရညႇိ ရွိႏိုင္မွန္း သိၿပီး ေရစိမ္းစိမ္း ျမင္သမွ် ခပ္ယူလို႔၊ အဏုၾကည့္မွန္ဘီလူးေအာက္မွာ မေမာႏိုင္ မပန္းႏိုင္၊ အႀကိမ္ဖန္မ်ားစြာ ၾကည့္ရႈ ရွာေဖြခဲ့သူ၊

ပန္း႐ိုးမ ျပကၡဒိန္မွာ ပါတဲ့ တြင္းေတာင္အင္းရဲ႕ပုံကို ျမင္ၿပီး စပီ႐ူလိုင္းနား ရွိႏိုင္ေၾကာင္း ေတြးေတာသုံးသပ္ သြားေရာက္ အတည္ျပဳ ရွာေဖြ ေတြ႕ရွိခဲ့သူ၊

စီးပြားေရး လုပ္ငန္းရွင္ ေငြႏွင္းျဖဴ လၻက္ရည္ဆိုင္ မိဘမ်ားရဲ႕ ေငြေၾကး အေထာက္အပံ့နဲ႔ ဘဝတစ္ေလွ်ာက္ ေငြေၾကးအတြက္ မပူမပင္ သုေတသနမ်ားစြာျပဳ လုပ္ကိုင္ႏိုင္ခဲ့သူ၊

ျမန္မာႏိုင္ငံသားမ်ားအတြက္ PROVIMIN စိမ္းျပာေရညႇိ အားေဆးမ်ား ထုတ္လုပ္ဖို႔ ေရညႇိကုန္ၾကမ္းမ်ားကို

အခက္အခဲမ်ားႏွင့္ မျပည့္စုံသည့္ အေျခအေနမ်ားၾကားမွ ခ်စ္တပည့္မ်ားႏွင့္အတူ ၿပီးျပည့္စုံတဲ့ အာဟာရ စိမ္းျပာေရညႇိေဆးကို စတင္ထုတ္လုပ္ေပးႏိုင္ခဲ့သူ၊

စိမ္းျပာေရညႇိ စက္႐ုံႀကီး အခိုင္အမာ ျဖစ္လာေစဖို႔ ႏိုင္ငံအတြက္ တစိုက္မတ္မတ္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့သူ၊ စိမ္းျပာေရညႇိ အေၾကာင္းကို မေမာမပန္း ေဟာေျပာႏိုင္သူ၊ ေက်ာင္းသားမ်ားကို ေန႔၊ ည မေ႐ြး သင္ၾကားျပသလိုသူ၊

ပါရဂူ ေဒါက္တာဘြဲ႕မ်ား ရရွိေစဖို႔ အစဥ္အၿမဲ သင္ၾကားျပသ အေထာက္အပံ့ ျပဳေပးခဲ့သူ၊ လြတ္လပ္ေရးေန႔မ်ား၌ ႏိုင္ငံေတာ္မွ ဂုဏ္ျပဳဆု ၃ ႀကိမ္ ဆုခ်ီးျမႇင့္ျခင္း ခံရသူ၊

ဘဝ တစ္သက္တာလုံး SPIRULINA စိမ္းျပာေရညႇိ တစ္မ်ိဳးထဲကို ႏွစ္ေပါင္း ၄၀ ခန္႔ ခ်စ္ျမတ္ႏိုး ယုံၾကည္မႈမ်ားျဖင့္ တစ္စိုက္မတ္မတ္ လုပ္ကိုင္ခဲ့လို႔

ဥေရာပ ေရညႇိသမၼဂၢ အစည္းအ႐ုံး မွ ဘဝတစ္သက္တာျမႇဳပ္ႏွံဆု Senior Lifetime Achievement Award ကို ခ်ီးျမႇင့္ခံခဲ့ရသူ၊

ဘဝရဲ႕ ေနဝင္ခါနီး အခ်ိန္မွာ ကိုယ္တိုင္ေဖာ္ထုတ္ လုပ္ကိုင္ခဲ့ေသာ လုပ္ငန္းတစ္ခု ပိုမို တိုးတက္ ေအာင္ျမင္ေစခ်င္လို႔ သမီးျဖစ္သူ စီးပြားေရးလုပ္ငန္းရွင္ ကြၽန္မ ေဒါက္တာ ႏုႏုဝင္းကို ဂ်ာမနီႏိုင္ငံသား သူငယ္ခ်င္း

စိမ္းျပာေရညႇိပညာရွင္ Professor Prof. Dr. Otto Pulz ႏွင့္အတူ နားခ်စည္း႐ုံး ေရညႇိလုပ္ငန္း ဆက္လက္ လုပ္ကိုင္ေစခဲ့သူ၊ ငယ္စဥ္ကေလးဘဝမွပင္ SPIRULINA စိမ္းျပာေရညႇိကို ဖခင္နဲ႔ထပ္တူ မိသားစုတစ္စုလုံး ျမတ္ႏိုး ခ်စ္ခင္ ယုံၾကည္စိတ္ကို မသိသာစြာ စိတ္ထဲထည့္ေပးခဲ့တဲ့သူ၊

၉ တန္းေအာင္ ၁၀ တန္းတက္ရန္ ေႏြရာသီ ေက်ာင္းပိတ္စဥ္ ကြၽန္မ ေဒါက္တာ ႏုႏုဝင္း ကို ၁၀ တန္း BIOLOGY TEXTBOOK ဇီဝေဗဒ သင္႐ိုးတစ္အုပ္ Cover to Cover(ေရွ႕မ်က္ႏွာဖုံး မွ ေနာက္မ်က္ႏွာဖုံး)

အကုန္အစင္ တစ္ရက္တည္း နဲ႔ လြယ္လြယ္ကူကူ နားလည္သြားေအာင္ သင္ၾကားျပသေပးခဲ့သူ (တစ္ရက္ သင္ေပးခဲ့ၿပီး ဘဝရဲ႕ အေရးပါတဲ့ ဆရာဝန္ဘဝ ရေစဖို႔ အေထာက္အပံ့ျပဳ အာစရိယဂုဏ္ ဆရာဂုဏ္ေျမာက္ခဲ့ေသာ ေမြးဖခင္)

“ေဒါက္တာႀကီး၊ ဆရာႀကီး” လို႔ လူအမ်ားမွ သြားရာ ေရာက္ရာ ေနရာတိုင္း ခ်စ္ခင္ခံခဲ့ရသူ ၂၂.၂.၂၀၁၇ ရက္ေန႔ မႏၲေလးၿမိဳ႕၌ ကြယ္လြန္ခဲ့သည္မွာ ၂၂.၂.၂၀၂၃ တြင္ (၆) ႏွစ္ ျပည့္ၿပီမို႔ သတိတရ တမ္းတမိပါသည္ အရင္တုန္းက အတူရွိခဲ့ဖူးတဲ့ ဘဝတစ္သက္တာ အခ်ိန္မ်ားဆီ။

ဖခင္ႀကီးကို အေထာက္အပံ့ျပဳ ေစာင့္ေရွာက္ခဲ့ ေက်းဇူးျပဳခဲ့သူမ်ား အားလုံးကို ႐ိုေသျမတ္ႏိုး လက္စုံမိုး၍ ေက်းဇူးတင္စြာ ဂါရဝျပဳအပ္ပါသည္။

ေဒါက္တာ ႏုႏုဝင္း (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – credit)

unicode

ဒုက္ခ သုခတွေ ကြုံတွေ့ရတိုင်း တမ်းတမိရပါသော မြန်မာနိုင်ငံ၏ SPIRULINA စိမ်းပြာရေညှိကို စတင် တွေ့ရှိခဲ့သူ၊ ဖခင်ကြီး ဒေါက်တာ မင်းသိမ်း နှင့်အတူ၊ မေမြို့ ဥယျာဉ်ထဲ အမှတ်တရ အတူရှိခဲ့စဉ်၊

ငယ်ငယ်ရွယ်ရွယ် နဲ့ မန္တလေးတက္ကသိုလ်ကြီးမှာ “ဆရာဂုဏ်” ရခဲ့သူ၊ ချစ်ဇနီးကို အမိနိုင်ငံမှာ ထားရစ်ပြီး ရေခြားမြေခြား ပါရဂူဘွဲ့ (Ph.D) ဆည်းပူးခဲ့ရလို့ သားသမီးရ နောက်ကျပြီးအိမ်ထောင်သက် ၇ နှစ် မှ သားသမီး စတင်ထွန်းကားခဲ့သူ၊

မော်လမြိုင် တက္ကသိုလ်ရဲ့ အဏ္ဏဝါသိပ္ပံဌာန စတင် တည်ထောင်စဉ် ရေညှိဌာန ပညာရပ်အတွက် တာဝန်ပေးခံရသူ၊ လူရည်ချွန် များစွာကို အကြိမ်ပေါင်းများစွာ လေ့လာရေးခရီး ပို့ဆောင် သင်ကြားပြသပေးခဲ့သူ၊

မြန်မာနိုင်ငံမှာ စိမ်းပြာရေညှိ ရှိနိုင်မှန်း သိပြီး ရေစိမ်းစိမ်း မြင်သမျှ ခပ်ယူလို့၊ အဏုကြည့်မှန်ဘီလူးအောက်မှာ မမောနိုင် မပန်းနိုင်၊ အကြိမ်ဖန်များစွာ ကြည့်ရှု ရှာဖွေခဲ့သူ၊

ပန်းရိုးမ ပြက္ခဒိန်မှာ ပါတဲ့ တွင်းတောင်အင်းရဲ့ပုံကို မြင်ပြီး စပီရူလိုင်းနား ရှိနိုင်ကြောင်း တွေးတောသုံးသပ် သွားရောက် အတည်ပြု ရှာဖွေ တွေ့ရှိခဲ့သူ၊

စီးပွားရေး လုပ်ငန်းရှင် ငွေနှင်းဖြူ လ္ဘက်ရည်ဆိုင် မိဘများရဲ့ ငွေကြေး အထောက်အပံ့နဲ့ ဘဝတစ်လျှောက် ငွေကြေးအတွက် မပူမပင် သုတေသနများစွာပြု လုပ်ကိုင်နိုင်ခဲ့သူ၊

မြန်မာနိုင်ငံသားများအတွက် PROVIMIN စိမ်းပြာရေညှိ အားဆေးများ ထုတ်လုပ်ဖို့ ရေညှိကုန်ကြမ်းများကို

အခက်အခဲများနှင့် မပြည့်စုံသည့် အခြေအနေများကြားမှ ချစ်တပည့်များနှင့်အတူ ပြီးပြည့်စုံတဲ့ အာဟာရ စိမ်းပြာရေညှိဆေးကို စတင်ထုတ်လုပ်ပေးနိုင်ခဲ့သူ၊

စိမ်းပြာရေညှိ စက်ရုံကြီး အခိုင်အမာ ဖြစ်လာစေဖို့ နိုင်ငံအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့သူ၊ စိမ်းပြာရေညှိ အကြောင်းကို မမောမပန်း ဟောပြောနိုင်သူ၊ ကျောင်းသားများကို နေ့၊ ည မရွေး သင်ကြားပြသလိုသူ၊

ပါရဂူ ဒေါက်တာဘွဲ့များ ရရှိစေဖို့ အစဉ်အမြဲ သင်ကြားပြသ အထောက်အပံ့ ပြုပေးခဲ့သူ၊ လွတ်လပ်ရေးနေ့များ၌ နိုင်ငံတော်မှ ဂုဏ်ပြုဆု ၃ ကြိမ် ဆုချီးမြှင့်ခြင်း ခံရသူ၊

ဘဝ တစ်သက်တာလုံး SPIRULINA စိမ်းပြာရေညှိ တစ်မျိုးထဲကို နှစ်ပေါင်း ၄၀ ခန့် ချစ်မြတ်နိုး ယုံကြည်မှုများဖြင့် တစ်စိုက်မတ်မတ် လုပ်ကိုင်ခဲ့လို့

ဥရောပ ရေညှိသမ္မဂ္ဂ အစည်းအရုံး မှ ဘဝတစ်သက်တာမြှုပ်နှံဆု Senior Lifetime Achievement Award ကို ချီးမြှင့်ခံခဲ့ရသူ၊

ဘဝရဲ့ နေဝင်ခါနီး အချိန်မှာ ကိုယ်တိုင်ဖော်ထုတ် လုပ်ကိုင်ခဲ့သော လုပ်ငန်းတစ်ခု ပိုမို တိုးတက် အောင်မြင်စေချင်လို့ သမီးဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ကျွန်မ ဒေါက်တာ နုနုဝင်းကို ဂျာမနီနိုင်ငံသား သူငယ်ချင်း

စိမ်းပြာရေညှိပညာရှင် Professor Prof. Dr. Otto Pulz နှင့်အတူ နားချစည်းရုံး ရေညှိလုပ်ငန်း ဆက်လက် လုပ်ကိုင်စေခဲ့သူ၊ ငယ်စဉ်ကလေးဘဝမှပင် SPIRULINA စိမ်းပြာရေညှိကို ဖခင်နဲ့ထပ်တူ မိသားစုတစ်စုလုံး မြတ်နိုး ချစ်ခင် ယုံကြည်စိတ်ကို မသိသာစွာ စိတ်ထဲထည့်ပေးခဲ့တဲ့သူ၊

၉ တန်းအောင် ၁၀ တန်းတက်ရန် နွေရာသီ ကျောင်းပိတ်စဉ် ကျွန်မ ဒေါက်တာ နုနုဝင်း ကို ၁၀ တန်း BIOLOGY TEXTBOOK ဇီဝဗေဒ သင်ရိုးတစ်အုပ် Cover to Cover(ရှေ့မျက်နှာဖုံး မှ နောက်မျက်နှာဖုံး)

အကုန်အစင် တစ်ရက်တည်း နဲ့ လွယ်လွယ်ကူကူ နားလည်သွားအောင် သင်ကြားပြသပေးခဲ့သူ (တစ်ရက် သင်ပေးခဲ့ပြီး ဘဝရဲ့ အရေးပါတဲ့ ဆရာဝန်ဘဝ ရစေဖို့ အထောက်အပံ့ပြု အာစရိယဂုဏ် ဆရာဂုဏ်မြောက်ခဲ့သော မွေးဖခင်)

“ဒေါက်တာကြီး၊ ဆရာကြီး” လို့ လူအများမှ သွားရာ ရောက်ရာ နေရာတိုင်း ချစ်ခင်ခံခဲ့ရသူ ၂၂.၂.၂၀၁၇ ရက်နေ့ မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်မှာ ၂၂.၂.၂၀၂၃ တွင် (၆) နှစ် ပြည့်ပြီမို့ သတိတရ တမ်းတမိပါသည် အရင်တုန်းက အတူရှိခဲ့ဖူးတဲ့ ဘဝတစ်သက်တာ အချိန်များဆီ။

ဖခင်ကြီးကို အထောက်အပံ့ပြု စောင့်ရှောက်ခဲ့ ကျေးဇူးပြုခဲ့သူများ အားလုံးကို ရိုသေမြတ်နိုး လက်စုံမိုး၍ ကျေးဇူးတင်စွာ ဂါရဝပြုအပ်ပါသည်။

ဒေါက်တာ နုနုဝင်း (မူရင်းရေးသားသူအား လေးစားမှုဖြင့် – credit)