knewledge
ရန်ကုန်သားတွေ မစားရဲခဲ့တဲ့ မြန်မာ့ရိုးရာ အညာကျေးလက် ထမင်းဝိုင်း တခုအကြောင်း…
unicode
ပေါက်မြို့နယ်အစွန် ပုံတောင် ပုံညာနားက ရွာတရွာကို ရေလှူဖို့အတွက်သွားတုန်းက အဲ့ဒီရွာက တည်ခင်းတဲ့ ဟင်းပွဲလေးတွေပါ။
ဖွတ်တို့ ပဒတ်တို့ ဟင်းပွဲတွေ ပုံရိုက်ထားတာ ပြပေးတာပါ။
သူတို့ ထမင်းဝိုင်းမှာ ဖွတ်၊ ပဒတ်၊ ပီလောဟင်းချို၊ ကြက်သားဟင်းနဲ့ အခြားဟင်းတွေ များစွာနဲ့ ဧည့်ခံတာ။
ရန်ကုန်သားတွေဆိုတော့ ဖွတ်လည်း မစားရဲ၊ ပဒတ်လဲ မစားရဲနဲ့ ဘာဟင်းစားရမလဲတွေးနေတုန်း
ပီလောရွက်ဟင်းချို ဆိုတာ စသောက်လိုက်တဲ့အချိန် လျှာပေါ်မှာ ချိုပြီး ချွဲချွဲလေးနဲ့ အရသာ ရတော့ စစားလိုက်တာ
ပြီးတော့ နောက်ဟင်းတစ်ခွက်က မာလာဖူးနဲ့ သရက်သီးစိမ်းကို ကြက်သွန်ဖြူငရုတ်သီးစိမ်းနဲ့ ထောင်းထားတာလေးလဲ
အရသာထူးနဲ့ သူတို့ချက်တဲ့ ကြက်သားဟင်းလည်းမထိဘဲ အဲ့ဒီ ဟင်းနှစ်မယ်ရယ်နဲ့ ထမင်းနှစ်ပန်းကန်ကုန်ခဲ့တာပါ။
ပီလောရွက် ဟင်းချိုကို တကယ် သောက်ချင်သေးလို့ ပီလောရွက်က ရန်ကုန်မှာ ဝယ်ရရင်လည်း ပြောပေးပါဦးနော်။
စကားမစပ် အညာသူ၊ သားတွေ စကားဝဲတာကြားချင် အဲ့ဒီမှာ ရှိတယ်။ အကုန် ဝဲတာ။
အဲ့ဒီရွာလေးလည်း အခုတော့ လွတ်ရာကျွတ်ရာ ပြေးနေကြရတာ တစ်လကျော်တောင် ရှိတော့မယ်။
ရွာက အိမ်တွေ ဘာတွေလည်း ဘယ်လိုဖြစ်နေမှန်း သူတို့တောင် မသိရသေးပါတဲ့။
Thura Ye Soe (မူရင်းရေးသားသူအား လေးစားမှုဖြင့် – credit)