ဒီမယ္ အမိတို႔ ညည္းတို႔ကို ညည္းတို႔ အဘြားေတြ ႀကီးေတာ္ေတြ အေဒၚေတြ အေမေတြက အမေလး အခုေခတ္မိန္းကေလးေတြမ်ား စပ္ေကာ့ လတ္ေကာ့ မိန္းမတန္မဲ့ အိေျႏၵမရွိ ဟီလာထေနတယ္ ငါတို႔ေခတ္နဲ႔မ်ား ကြာပါ့ဆိုရင္။ ျပန္သာေခ်ပၾက။
သမီးတို႔ေခတ္မွ လင္တ-ူးတာမဟုတ္ဘူး ဟိုးေရွးေခတ္ ေတာင္တြင္းရွင္ၿငိမ္းမယ္တို႔ ေခတ္က ဆိုလဲ သူ႔မွာ နန္းတြင္းက အရာခံ မင္းမႈထမ္း ရည္းစားေလးတစ္ေယာက္ရတာကို ခ်စ္တဲ့သူငယ္ေလ သူငယ္ခ်င္းေကာင္း ေယာင္းမ တို႔ေရ ဆိုၿပီး ႂကြယ္တာ ႂကြယ္တာ။
အဲ့ဒါဘာဟုတ္ေသးလို႔လဲ မယ္ေခြတို႔ ေခတ္ကိုလဲ တစ္ခ်က္ရႈိးလိုက္ အင္းဝသြားတဲ့ ရည္းစားကို လက္ေဆာင္ေပးၿပီး အမ္းတာ အမ္းတာ ဆိုတာ ဘယ္လိုေတာင္ အမ္းလဲေမး။ မဝယ္ဘူး မယ္ခူးတဲ့ ဖက္စို မီးမကူေနပူမွာ မကင္အားလို႔ ထားရတယ္ အိပ္ယာေအာက္မွာ မင္းေသာက္ဖို႔ကိုတဲ့။
သေဘာကေတာ့ ေဆးလိပ္လိပ္တဲ့ ဖက္ကို ေဈးကေတာင္ မဝယ္ဘဲ ကိုယ္တိုင္ ေကာင္းတာ သြားခူးၿပီး မီးနဲ႔လဲ မကင္ ေနနဲ႔မလွန္းဘဲ သူ႔ကိုယ္ေငြ႕နဲ႔ ေျခာက္ေအာင္ထားၿပီး အင္းဝမာေရာက္ေနတဲ့ ဘဲကို လွမ္းအမ္းခ်တာ။
လႈိင္ထိပ္ေခါင္တင္ ေခတ္က်ေတာ့ သုံးခ်က္စည္ေတာ္ ႐ိုက္ေဆာ္ညႇင္းတယ္ေလး လင္းေ႐ႊၾကက္ေဆာ္ ။ သဇင္သင္းပါတဲ့ ခင္းျပန႔္ေပၚ လာႏိုးငယ္ မယ္ေမွ်ာ္လို႔ တစ္ကိုယ္ေတာ္ထူး (သေဘာကေတာ့ ဘဲကို သဇင္နံ႔ သင္းေနတဲ့ အိပ္ယာ ဘာညာ ျပင္ၿပီးေစာင့္ေနတာ၊ ေ႐ႊဗဟိုရ္စည္က သုံးခ်က္တီးရွိၿပီ၊ သူ႔မွာ အိပ္စရာရွိတာ မအိပ္ႏိုင္ေသးဘူး။ ေဂါဝိန္ဆိပ္ကို Night out ထြက္ၿပီး မိမွတိႀကီးတို႔ နဲ႔ တစ္ည မတ္တပ္သြားရပ္တဲ့ ကေနာင္ကို ေမွ်ာ္ၿပီး လင္ထိပ္ထားစံလုပ္ေနရတာခမ်ာမွာ)
ဒီဘက္ေခတ္ စစ္ႀကိဳေခတ္ေရာက္လာေတာ့ စန္းေသာ္တာတို႔ ေခတ္ ေ႐ႊမိုးညိဳ သီခ်င္းဆို ခင္နဲ႔ ေမာင္ေလာင္းေလွစီးကာ ေလွ်ာင္းေမြ႕လို႔ရယ္ ေစာင္း ပေလြ ဘာဂ်ာ စုံတယ္ သာယာပုံေတြႏွယ္ (ဘာလား ေလွလဲ စီးတယ္ေျပာေသးတယ္ ေလွ်ာင္းေမြ႕ = (လွဲေလ်ာင္း) လဲေနေသးတယ္ ၿပီးေတာ့ ဘာလို႔ ေစာင္းေတြ ပေလြေတြ ဘာညာေတြ စုံၿပီး သာယာေနရတာလဲ ရွင္းရွင္း အဲ့ဒါအခုရွင္း)
ရွိေသးတယ္ ေမာင့္မ်က္ႏွာ တေျဖးေျဖး ၿပဳံးလို႔ ေလွာ္ပုံေတြ ဆန္းၾကယ္ ၾကက္သီးမ်ား ထျဖန္းျဖန္း ထလို႔ ခင့္ကိုကို ရယ္ ရွက္အားႂကြယ္ (သူတို႔ က ေခ်ာင္းထဲမွာ ေလွကို ဘယ္လိုေတာင္ေလွာ္ပုံ ဆန္းၾကယ္ေနတာလဲ ကင္းမွီးေကာက္ေထာင္ေလွာ္ေနတာလား။ ဘဲက သူ႔ဘာသာ ေလွေလွာ္တာ သူက ဘာကိစၥ ၾကက္သီးက ထျဖန္းျဖန္းထၿပီး ရွက္အားက ထႂကြယ္ရတာလဲ ရွင္းရွင္းဒါလဲ)
ၾကည္ၾကည္ေဌး တို႔ ေခတ္က်ေတာ့ ႏွစ္ကိုယ္ၾကင္တဲ့ အကိုလင္ရဲ႕ ပ်ိဳခင္ရဲ႕ ေမွ်ာ္တဲ့ ေလးနာရီ ထိုးၿပီ ထိုးၿပီ လာပါေတာ့ အခါခါေမာ့ ေမွ်ာ္ေပါ့ ေလးနာရီ ထိုးၿပီ ထိုးၿပီ (ေလးနာရီ ေဒါင္အတိ ဆိုတာနဲ႔ ဘဲကို ေမွ်ာ္တာေနာ္ သြားေနာက္လို႔ေတာ့မရဘူး)
အဲ့ကေန စႏၵားလွထြဋ္ရဲ႕ ဇနီး ခ်ိဳေဝလြင္တို႔ေခတ္က်ေတာ့ ေလယာဥ္ပ်ံေပၚဝယ္ ေတြ႕ဆုံတဲ့ ခရီးသြားသူကို သတိရတယ္ ထိုင္ခုံအပိုေတြရွိေပမဲ့ သူေလက်မေဘးက ခုံကို ေ႐ြးလို႔ရယ္ English လို ေျပာေသးတယ္ ခြင့္ျပဳပါ မိန္းကေလးရယ္တဲ့ကြယ္
(အဲ့သီခ်င္းမွာဆိုလဲ ရႈိး လားရႈိးကေန ရန္ကုန္ေလယာဥ္ခရီးစဥ္မွာ က်မမွာ ဘဲရွိတယ္ေျပာရင္ ရတာကို သက္သက္ တစ္ဘက္လူကို Play ၿပီး ဘာတဲ့ ရန္ကုန္သို႔ အေရာက္ဝယ္ လင္ေတာ္ေမာင္ နဲ႔ ၂ ေယာက္ ကြယ္ လိေမၼာ္သီးစားရင္း ရယ္ရတယ္တဲ့ ၾကည့္အုမ္း play တာ play တာမ်ား သူ႔လင္ေတာ္ေမာင္ ကို ျပန္ေျပာၿပီး ခြီယုံတင္ အားမရ တစ္ႏိုင္ငံလုံးကို ဓာတ္ျပားပါ ထုတ္လိုက္ေသးတာ)
အဲ့ကေန Lခြန္းရီတို႔ ေခတ္က်ေတာ့ တစ္ပတ္မွာ စေနဆိုရင္ ေတြ႕ၾကတာ ေန႔ဝက္စာ ေမ့မရပါ ေမာင္နဲ႔အတူသြားတာ (ဘယ္ကိုသြားလို႔ ေမ့မရတာလဲမသိဘူး ေမးအုမ္းလို႔)၊ တနဂၤေႏြ ဆိုရင္ ေမာင္ရယ္ ဘုရားေစ့ေအာင္ဖူးၾကမယ္ ေတာင္းဆုေႁခြ ဘဝတိုင္းဆုံရေအာင္ (စေနက ပင္ပန္းထားတာကို သူ႔မွာ မနားႏိုင္ဘူး ၿမိဳ႕ပတ္ၿပီး ဘုရားအစုံက ဖူးခ်င္ေသးတာ)
တနလၤာ အဂၤါမွာဆို အတြဲေလးနဲ႔ၿမိဳ႕ပတိၿပီး ဘိုင္စကုပ္ဝင္ၾကည့္မယ္ (ပုံမွန္ ႐ုပ္ရွင္႐ုံေတြသေဘာက တစ္ပတ္လုံး ႐ုပ္ရွင္တစ္ကားတည္းအတူတူတင္တာပါ အဲ့ဒါကို တနလၤာေကာ အဂၤါေကာ ၾကည့္ၿပီးသား ႐ုပ္ရွင္ကို ဘာလို႔ ထပ္ကာထပ္ကာ ၾကည့္ခ်င္တာလဲ ရွင္း အဲ့ဒါရွင္း) ၿပီးဘဲကိုလဲ အလုပ္မလုပ္ခိုင္းဘူး တစ္ပတ္လုံးေလွ်ာက္လည္ေနတာ လတ္ယ်ား လတ္ယ်ားနဲ႔ ။
ဒါေတာင္ ရွိေသးတယ္ ေရွးေခတ္က အဆိုေတာ္ ဘယ္သူဆိုတာလဲ မသိဘူး သူတို႔အတြဲကို လာေခ်ာင္းလို႔ ခဲနဲ႔ထုလိုက္ၿပီး ေ-သနာက်ေတြ သြားမွ တို႔ (၂) ေယာက္ခ်စ္ၾကမယ္တို႔ ဘာတို႔။ ၿပီးရင္ သူတို႔ မဟုတ္တဲ့အတိုင္း ငါတို႔ေခတ္က မိန္းကေလးေတြဆိုတာ ဒီလိုမဟုတ္ဘူး မိန္းကေလးဆိုတာ ဗိုင္းေကာင္း ေက်ာက္ပိဆိုၿပီး ႐ုပ္တည္ႀကီးနဲ႔ ညည္းတို႔ကို ၾကပ္တာေနာ္။
(Phyo Aung) (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – credit)
unicode
ဒီမယ် အမိတို့ ညည်းတို့ကို ညည်းတို့ အဘွားတွေ ကြီးတော်တွေ အဒေါ်တွေ အမေတွေက အမလေး အခုခေတ်မိန်းကလေးတွေများ စပ်ကော့ လတ်ကော့ မိန်းမတန်မဲ့ အိန္ဒြေမရှိ ဟီလာထနေတယ် ငါတို့ခေတ်နဲ့များ ကွာပါ့ဆိုရင်။ ပြန်သာချေပကြ။
သမီးတို့ခေတ်မှ လင်တ-ူးတာမဟုတ်ဘူး ဟိုးရှေးခေတ် တောင်တွင်းရှင်ငြိမ်းမယ်တို့ ခေတ်က ဆိုလဲ သူ့မှာ နန်းတွင်းက အရာခံ မင်းမှုထမ်း ရည်းစားလေးတစ်ယောက်ရတာကို ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောင်းမ တို့ရေ ဆိုပြီး ကြွယ်တာ ကြွယ်တာ။
အဲ့ဒါဘာဟုတ်သေးလို့လဲ မယ်ခွေတို့ ခေတ်ကိုလဲ တစ်ချက်ရှိုးလိုက် အင်းဝသွားတဲ့ ရည်းစားကို လက်ဆောင်ပေးပြီး အမ်းတာ အမ်းတာ ဆိုတာ ဘယ်လိုတောင် အမ်းလဲမေး။ မဝယ်ဘူး မယ်ခူးတဲ့ ဖက်စို မီးမကူနေပူမှာ မကင်အားလို့ ထားရတယ် အိပ်ယာအောက်မှာ မင်းသောက်ဖို့ကိုတဲ့။
သဘောကတော့ ဆေးလိပ်လိပ်တဲ့ ဖက်ကို ဈေးကတောင် မဝယ်ဘဲ ကိုယ်တိုင် ကောင်းတာ သွားခူးပြီး မီးနဲ့လဲ မကင် နေနဲ့မလှန်းဘဲ သူ့ကိုယ်ငွေ့နဲ့ ခြောက်အောင်ထားပြီး အင်းဝမာရောက်နေတဲ့ ဘဲကို လှမ်းအမ်းချတာ။
လှိုင်ထိပ်ခေါင်တင် ခေတ်ကျတော့ သုံးချက်စည်တော် ရိုက်ဆော်ညှင်းတယ်လေး လင်းရွှေကြက်ဆော် ။ သဇင်သင်းပါတဲ့ ခင်းပြန့်ပေါ် လာနိုးငယ် မယ်မျှော်လို့ တစ်ကိုယ်တော်ထူး (သဘောကတော့ ဘဲကို သဇင်နံ့ သင်းနေတဲ့ အိပ်ယာ ဘာညာ ပြင်ပြီးစောင့်နေတာ၊ ရွှေဗဟိုရ်စည်က သုံးချက်တီးရှိပြီ၊ သူ့မှာ အိပ်စရာရှိတာ မအိပ်နိုင်သေးဘူး။ ဂေါဝိန်ဆိပ်ကို Night out ထွက်ပြီး မိမှတိကြီးတို့ နဲ့ တစ်ည မတ်တပ်သွားရပ်တဲ့ ကနောင်ကို မျှော်ပြီး လင်ထိပ်ထားစံလုပ်နေရတာခမျာမှာ)
ဒီဘက်ခေတ် စစ်ကြိုခေတ်ရောက်လာတော့ စန်းသော်တာတို့ ခေတ် ရွှေမိုးညို သီချင်းဆို ခင်နဲ့ မောင်လောင်းလှေစီးကာ လျှောင်းမွေ့လို့ရယ် စောင်း ပလွေ ဘာဂျာ စုံတယ် သာယာပုံတွေနှယ် (ဘာလား လှေလဲ စီးတယ်ပြောသေးတယ် လျှောင်းမွေ့ = (လှဲလျောင်း) လဲနေသေးတယ် ပြီးတော့ ဘာလို့ စောင်းတွေ ပလွေတွေ ဘာညာတွေ စုံပြီး သာယာနေရတာလဲ ရှင်းရှင်း အဲ့ဒါအခုရှင်း)
ရှိသေးတယ် မောင့်မျက်နှာ တဖြေးဖြေး ပြုံးလို့ လှော်ပုံတွေ ဆန်းကြယ် ကြက်သီးများ ထဖြန်းဖြန်း ထလို့ ခင့်ကိုကို ရယ် ရှက်အားကြွယ် (သူတို့ က ချောင်းထဲမှာ လှေကို ဘယ်လိုတောင်လှော်ပုံ ဆန်းကြယ်နေတာလဲ ကင်းမှီးကောက်ထောင်လှော်နေတာလား။ ဘဲက သူ့ဘာသာ လှေလှော်တာ သူက ဘာကိစ္စ ကြက်သီးက ထဖြန်းဖြန်းထပြီး ရှက်အားက ထကြွယ်ရတာလဲ ရှင်းရှင်းဒါလဲ)
ကြည်ကြည်ဌေး တို့ ခေတ်ကျတော့ နှစ်ကိုယ်ကြင်တဲ့ အကိုလင်ရဲ့ ပျိုခင်ရဲ့ မျှော်တဲ့ လေးနာရီ ထိုးပြီ ထိုးပြီ လာပါတော့ အခါခါမော့ မျှော်ပေါ့ လေးနာရီ ထိုးပြီ ထိုးပြီ (လေးနာရီ ဒေါင်အတိ ဆိုတာနဲ့ ဘဲကို မျှော်တာနော် သွားနောက်လို့တော့မရဘူး)
အဲ့ကနေ စန္ဒားလှထွဋ်ရဲ့ ဇနီး ချိုဝေလွင်တို့ခေတ်ကျတော့ လေယာဉ်ပျံပေါ်ဝယ် တွေ့ဆုံတဲ့ ခရီးသွားသူကို သတိရတယ် ထိုင်ခုံအပိုတွေရှိပေမဲ့ သူလေကျမဘေးက ခုံကို ရွေးလို့ရယ် English လို ပြောသေးတယ် ခွင့်ပြုပါ မိန်းကလေးရယ်တဲ့ကွယ်
(အဲ့သီချင်းမှာဆိုလဲ ရှိုး လားရှိုးကနေ ရန်ကုန်လေယာဉ်ခရီးစဉ်မှာ ကျမမှာ ဘဲရှိတယ်ပြောရင် ရတာကို သက်သက် တစ်ဘက်လူကို Play ပြီး ဘာတဲ့ ရန်ကုန်သို့ အရောက်ဝယ် လင်တော်မောင် နဲ့ ၂ ယောက် ကွယ် လိမ္မော်သီးစားရင်း ရယ်ရတယ်တဲ့ ကြည့်အုမ်း play တာ play တာများ သူ့လင်တော်မောင် ကို ပြန်ပြောပြီး ခွီယုံတင် အားမရ တစ်နိုင်ငံလုံးကို ဓာတ်ပြားပါ ထုတ်လိုက်သေးတာ)
အဲ့ကနေ Lခွန်းရီတို့ ခေတ်ကျတော့ တစ်ပတ်မှာ စနေဆိုရင် တွေ့ကြတာ နေ့ဝက်စာ မေ့မရပါ မောင်နဲ့အတူသွားတာ (ဘယ်ကိုသွားလို့ မေ့မရတာလဲမသိဘူး မေးအုမ်းလို့)၊ တနင်္ဂနွေ ဆိုရင် မောင်ရယ် ဘုရားစေ့အောင်ဖူးကြမယ် တောင်းဆုခြွေ ဘဝတိုင်းဆုံရအောင် (စနေက ပင်ပန်းထားတာကို သူ့မှာ မနားနိုင်ဘူး မြို့ပတ်ပြီး ဘုရားအစုံက ဖူးချင်သေးတာ)
တနင်္လာ အင်္ဂါမှာဆို အတွဲလေးနဲ့မြို့ပတိပြီး ဘိုင်စကုပ်ဝင်ကြည့်မယ် (ပုံမှန် ရုပ်ရှင်ရုံတွေသဘောက တစ်ပတ်လုံး ရုပ်ရှင်တစ်ကားတည်းအတူတူတင်တာပါ အဲ့ဒါကို တနင်္လာကော အင်္ဂါကော ကြည့်ပြီးသား ရုပ်ရှင်ကို ဘာလို့ ထပ်ကာထပ်ကာ ကြည့်ချင်တာလဲ ရှင်း အဲ့ဒါရှင်း) ပြီးဘဲကိုလဲ အလုပ်မလုပ်ခိုင်းဘူး တစ်ပတ်လုံးလျှောက်လည်နေတာ လတ်ယျား လတ်ယျားနဲ့ ။
ဒါတောင် ရှိသေးတယ် ရှေးခေတ်က အဆိုတော် ဘယ်သူဆိုတာလဲ မသိဘူး သူတို့အတွဲကို လာချောင်းလို့ ခဲနဲ့ထုလိုက်ပြီး ေ-သနာကျတွေ သွားမှ တို့ (၂) ယောက်ချစ်ကြမယ်တို့ ဘာတို့။ ပြီးရင် သူတို့ မဟုတ်တဲ့အတိုင်း ငါတို့ခေတ်က မိန်းကလေးတွေဆိုတာ ဒီလိုမဟုတ်ဘူး မိန်းကလေးဆိုတာ ဗိုင်းကောင်း ကျောက်ပိဆိုပြီး ရုပ်တည်ကြီးနဲ့ ညည်းတို့ကို ကြပ်တာနော်။
(Phyo Aung) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – credit)