ဗေဒင်
🙏ဆုတောင်းစာ🙏
uniocde
(၇)ရက်သားသမီးများ စီးပွားလာဘ်လာဘတိုးပွားစေဖို့ တန်ခူးလအတွက် အကောင်းဆုံးယတြာ
တန်ခူးလအတွက် အကောင်းဆုံးယတြာ နှောင်းတန်ခူးလဆန်း(၁)ရက်နေ့ (21.3.2023) မှ တန်ခူးလကွယ်(18.4.2023)အထိတစ်လတာလုံး
“ကြွေပန်းကန်လုံးအသေး တစ်လုံးထဲတွင် ဆန်အပြည့် နီးပါးထည့်ထားလိုက်ပါ။ပြီးလျှင်သရက်ရွက်အသန့် တစ်ရွက်‌ပေါ်တွင် ဆော့ပင် (သို့)ဘောပင် အပြာဖြင့် ပုံမှာပြထားသည့်အတိုင်းငွေဝင်မြဲပါစေ ဟူ၍အောက်မှအပေါ်သို့ အတက် ရေးပေးလိုက်ရမည်။
ထိုသရက်ရွက်ကို ဆန်ထည့်ထားသော ပန်းကန်လုံးမှ ဆန်ထဲတွင် ထိုးထည့်၍ ထောင်ထားပေးရပါမည်။
ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်၍မြတ်စွာဘုရားရှင်အား‌ ရိုသေစွာ လှူဒါန်းပေး‌ထားရပါမည်။
ယခုလတစ်လတာတွင် #သကြားရည်တစ်ခွက်နေ့စဉ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဉ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစား‌နေရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။*နေ့စဉ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*
ဣတိပိသောဘဂဝါ အရဟံ=၁၅ခေါက် / ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓေါ=၈ခေါက် / ဣတိပိသောဘဂဝါ သတ္တာဒေဝမနုဿာနံ=၂၁
တန်ခူးလနေ့စဉ်လာဘ်ပွင့်အရပ်မျက်နှာများ တနင်္ဂနွေနေ့=မြောက်အရပ် /တနင်္လာနေ့=‌တောင်အရပ်/ အင်္ဂါနေ့=အရှေ့အရပ် /ဗုဒ္ဓဟူးနေ့=အ‌နောက်အရပ် /ကြာသပတေးနေ့=အရှေ့အရပ်/သောကြာနေ့=မြောက်အရပ် / စနေနေ့=တောင်အရပ်
အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်းအရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။
🙏ဆုတောင်းစာ🙏
“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခုတန်ခူးလတစ်လတာတွင် ကိုယ်ရောကျန်းမာ၊
စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး
ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်‌၍စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”
ဤယတြာအစီအရင်ကို ၃ရက်လျှင် တစ်ကြိမ် အထက်ပါနည်းအတိုင်း သတိတရလေးနှင့်
တိကျစွာပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့် ယခုတန်ခူးလအတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါခင်ဗျ။
ယတြာပြုပြီး ဆန်များကို ခိုစာ၊ငှက်စာ အဖြစ် ကျွေးမွေး ဒါနပြုလိုက်ပါ။သရက်ရွက်ခြောက်ကို စွန့်ပစ်နိုင်၍ ပြန်အသစ်ပြုပြီး ယတြာလုပ်ကြပါ။
ဤယတြာကို ယခုတန်ခူးလ တစ်လတာလုံး၌မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။
ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါကယခု တန်ခူးလတစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက် အနှောင့်အယှက်များကင်းဝေးစေ၍
စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။
ဆရာဦးမင်းနိုင် နှင့်တကွ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများကို အစဉ် လေးစားဦးခိုက်နေလျက်။✓ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက်✓
ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း 09776478912