ေ႐ႊဆိုင္ေတြ ဘယ္လိုလည္ပတ္သလဲ၊ ေ႐ႊဆိုင္ေတြက ေ႐ႊနဲ႔ပဲလည္ပတ္ပါတယ္။
ေငြနဲ႔မလည္ပတ္ပါဘူး။
ေ႐ႊဆိုင္တစ္ဆိုင္မွာ အရင္း လည္ပတ္ေ႐ႊ ၁ ပိသာရွိတယ္ဆိုပါစို႔ သူက ဒီတစ္ပိသာေပၚမွာအေျခခံၿပီးပဲ လည္ပါတယ္။
ေ႐ႊ ၁ က်ပ္သား ၅ သိန္းပဲျဖစ္ျဖစ္ သိန္း ၅၀ ပဲျဖစ္ျဖစ္ သူတို႔ စိတ္မဝင္စားပါဘူး။
အဓိက သူ႔မွာေ႐ႊ ၁ ပိသာ အၿမဲရွိေနဖို႔ပါပဲ။
တစ္ႏွစ္ကုန္ စာရင္းခ်ဳပ္လို႔ ဆိုင္မွာ ၂ ပိသာျဖစ္လာတယ္ဆို သူ ၁ ပိသာျမတ္တာေပါ့ဗ်ာ။
၈၀ သားပဲရွိေတာ့တယ္ဆို သူ ၂၀ သားရႈံးတာေပါ့။
တျခားလုပ္ငန္းေတြလဲ ဒီသေဘာနဲ႔ လည္ပတ္ရင္ ဘာေဈးေတြ ဘယ္လိုတက္တက္ ရႈံးတယ္ဆိုတာမရွိႏိုင္ပါဘူး။
ဥပမာ ကားဝယ္ေရာင္းဆိုပါစို႔ဗ်ာ။
ဟိုက္ဂ်က္ တစ္စီး သိန္း ၁၀၀ တုန္းက ၅ စီး အေရာင္းအဝယ္လုပ္ႏိုင္တဲ့သူက
ဟိုက္ဂ်က္တစ္စီး သိန္း ၃၀၀ မွာလဲ ၅ စီးအေရာင္းအဝယ္လုပ္ႏိုင္တုန္းဆိုသူ အရင္းပါပဲ။
၄ စီးပဲလုပ္ႏိုင္ေတာ့ရင္ သူ ၁ စီးရႈံးပါတယ္။ ၆ စီးျဖစ္လာတယ္ဆို သူ ၁ စီးျမတ္ပါတယ္။
ေ႐ႊ ၁ ပိသာကေန ၂ ပိသာျဖစ္ေအာင္ ကား ၅ စီးကေန ၁၀စီးျဖစ္ေအာင္ လုပ္ဖို႔ကေတာ့ အေရာင္းအဝယ္ပညာေပါ့ခင္ဗ်ာ။
မိတ္ေဆြတို႔ အခု ဘယ္လိုလဲ၊
credit#(PyiSoeOo)
unicode
ရွှေဆိုင်တွေ ဘယ်လိုလည်ပတ်သလဲ၊ ရွှေဆိုင်တွေက ရွှေနဲ့ပဲလည်ပတ်ပါတယ်။
ငွေနဲ့မလည်ပတ်ပါဘူး။
ရွှေဆိုင်တစ်ဆိုင်မှာ အရင်း လည်ပတ်ရွှေ ၁ ပိသာရှိတယ်ဆိုပါစို့ သူက ဒီတစ်ပိသာပေါ်မှာ အခြေခံပြီးပဲလည်ပါတယ်။
ရွှေ ၁ ကျပ်သား ၅ သိန်းပဲဖြစ်ဖြစ် သိန်း ၅၀ ပဲဖြစ်ဖြစ် သူတို့စိတ်မဝင်စားပါဘူး။
အဓိက သူ့မှာရွှေ ၁ ပိသာ အမြဲရှိနေဖို့ပါပဲ။
တစ်နှစ်ကုန်စာရင်းချုပ်လို့ ဆိုင်မှာ ၂ ပိသာဖြစ်လာတယ်ဆို သူ ၁ ပိသာမြတ်တာပေါ့ဗျာ။
၈၀ သားပဲရှိတော့တယ်ဆို သူ ၂၀ သားရှုံးတာပေါ့။
တခြားလုပ်ငန်းတွေလဲ ဒီသဘောနဲ့လည်ပတ်ရင် ဘာဈေးတွေဘယ်လိုတက်တက် ရှုံးတယ်ဆိုတာမရှိနိုင်ပါဘူး။
ဥပမာ ကားဝယ်ရောင်းဆိုပါစို့ဗျာ။
ဟိုက်ဂျက် တစ်စီး သိန်း ၁၀၀ တုန်းက ၅ စီး အရောင်းအဝယ်လုပ်နိုင်တဲ့သူက
ဟိုက်ဂျက်တစ်စီး သိန်း ၃၀၀ မှာလဲ ၅ စီးအရောင်းအဝယ်လုပ်နိုင်တုန်းဆိုသူ အရင်းပါပဲ။
၄ စီးပဲလုပ်နိုင်တော့ရင် သူ ၁ စီးရှုံးပါတယ်။ ၆ စီးဖြစ်လာတယ်ဆို သူ ၁ စီးမြတ်ပါတယ်။
ရွှေ ၁ ပိသာကနေ ၂ ပိသာဖြစ်အောင် ကား ၅ စီးကနေ ၁၀စီးဖြစ်အောင် လုပ်ဖို့ကတော့ အရောင်းအဝယ်ပညာပေါ့ခင်ဗျာ။
မိတ်ဆွေတို့ အခု ဘယ်လိုလဲ၊
credit#(PyiSoeOo)