“ကေလးမုန္႔ဖိုး အစိုးရေပးႏိုင္ပါေစ”
‘ေမေမ မုန႔္ဖိုး’ ‘ေသနာေလး…ဒီမွာ ႏွစ္လုံးမေပါက္တဲ့ၾကားထဲ ဒင္းကတစ္ေမွာင့္’ ၾကားလိုက္ရတဲ့အသံက ကြၽန္ေတာ့္ကို ေတာ္ေတာ္ ၾကက္သီးထသြားေစသည္။ မုန႔္စားဆင္းခ်ိန္ သူမ်ားေတြ မုန႔္စားသလို စားခ်င္၍ မိခင္ထံတြင္ မုန႔္ဖိုးျပန္လာေတာင္းသည့္ ကေလးငယ္ကို မိခင္ျဖစ္သူကိုယ္တိုင္ တုံ႔ျပန္လိုက္သည့္စကားက ထိုကေလးငယ္ ဘယ္လိုခံစားလိုက္ရသည္ေတာ့မသိ၊ ေဘးကၾကားလိုက္ရသည့္ ကြၽန္ေတာ့္အတြက္ေတာ့ ေတာ္ေတာ္ႀကီးကို ရင္ထဲမခ်ိျဖစ္သြားရသည္။
ျမန္မာျပည္ရွိ သားသည္မိခင္တစ္ေယာက္ အဘယ့္ေၾကာင့္ ထိုကဲ့သို႔ မိမိ၏သားငယ္ကို ဆက္ဆံျပဳမူရသနည္း။
‘ဘာထြက္သြားလဲဆိုတဲ့အသံ’ ေန႔စဥ္ ရပ္ကြက္ထဲမွာ တစ္ရက္ကို ႏွစ္ႀကိမ္ၾကားေနရသည္။ ျပည္သူေတြၾကားမွာ ဘိန္းစြဲသလို စြဲေနတဲ့ ေလာင္းကစားတစ္ခုျဖစ္တဲ့ ႏွစ္လုံးေလာင္းကစားဟာ ႏိုင္ငံရဲ႕ မီးဖိုေခ်ာင္ကို ကိုင္တြယ္ထိန္းသိမ္းေနရသူ အိမ္ရွင္မေတြၾကားမွာ ဗိုင္းရပ္စ္ေရာဂါပိုးတစ္ခုလို အျမစ္တြယ္ျပန႔္ ပြားေနသည္။ ဝင္ေငြေကာင္းသည့္ အိမ္ေထာင္စုေရာ ဝင္ေငြမေကာင္းသည့္ တစ္ေန႔လုပ္တစ္ေန႔စား အိမ္ေထာင္စုမ်ား၏ အိမ္ရွင္မမ်ားပါ တစ္ရႈိက္မက္မက္ စြဲလမ္းေနသည့္ ဒီႏွစ္လုံး ေလာင္းကစားကို စေပၚသည့္ အခ်ိန္မွစ၍ ယေန႔အခ်ိန္အထိ အျမစ္ျပတ္ေအာင္ မႏွိမ္နင္းႏိုင္ခဲ့ျခင္းက ျမန္မာ့လူ႔အဖြဲ႕အစည္းအတြင္းက ယဥ္ေက်းမႈေတြကို ပ်က္သုန္းေစခဲ့သည္။
တကယ္တမ္းက် ဒီကစားနည္းသည္ ထီကစားနည္းမဟုတ္ေပ။ ဒီႏွစ္လုံးေလာင္း ကစားနည္းကို အစေဖာ္ခဲ့သည့္ လူတစ္စုက အစိုးရကလစဥ္ဖြင့္လွစ္ေပးခဲ့သည့္ ေအာင္ဘာေလထီ သိန္း ၅ဝ ေပါက္ဂဏန္း၏ ေနာက္ဆုံးႏွစ္လုံးကို ေပါက္ဂဏန္းအျဖစ္ သတ္မွတ္ၿပီးကစားခဲ့ေသာေၾကာင့္ ႏွစ္လုံးထီလို႔ အမည္တြင္ခဲ့ျခင္းျဖစ္သည္။ လြန္ခဲ့သည့္ ၁၅ ႏွစ္ေက်ာ္က ေအာင္ဘာေလထီေပါက္ဂဏန္းကို အမွီျပဳ၍ ႏွစ္လုံးထီေလာင္းကစားကို တရားမဝင္ တြင္တြင္က်ယ္က်ယ္လုပ္ခဲ့သျဖင့္ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနက ထီဖြင့္ရက္ကို တစ္လကို ခုႏွစ္ရက္လုပ္ရာမွ တစ္ရက္တည္းျဖင့္ ထီဆုအားလုံးကို ဖြင့္လွစ္ေပးခဲ့ရာ ဘုရားပြဲေတာ္လို စည္ကားခဲ့သည့္ ႏွစ္လုံးထိုးပြဲေတာ္ႀကီး ျမန္မာႏိုင္ငံမွာ အခ်ိန္ကာလတစ္ခုအေနျဖင့္ ရပ္တန႔္သြားခဲ့သည္။
ထိုသို႔ရပ္တန႔္သြားသည္မွာ အခ်ိန္သိပ္မၾကာလိုက္ပါ။ ဒီႏွစ္လုံးထီေလာင္းကစားကို အစၿပိဳးခဲ့သူ (ဝါ) ဒီေလာင္းကစားနည္းနဲ႔ စီးပြားျဖစ္ခဲ့သူပင္မဒိုင္ေတြက ႏွစ္လုံးေလာင္းကစားကို ထိုင္းႏိုင္ငံက ေန႔စဥ္ျပဳလုပ္ေနသည့္ စေတာ့ခ္ေဈးကြက္က ေန႔စဥ္ေျပာင္းလဲေနသည့္ ကိန္းဂဏန္းမ်ားကို အေျချပဳ၍ ျပန္လည္အသက္သြင္းခဲ့ၾကသည္။ ထိုဥာဏ္ႀကီးရွင္မ်ား၏ က်ားကုတ္က်ားခဲ အားထုတ္မႈေၾကာင့္ ယခင္တစ္လလွ်င္ ခုႏွစ္ရက္သာ အေလာင္းအစားျပဳလုပ္ႏိုင္ခဲ့သည့္ ႏွစ္လုံးထီေလာင္းကစားမွာ တစ္လလွ်င္ ရက္ေပါင္း၂ဝ ေက်ာ္ ကစားႏိုင္သည့္ အေျခအေနသို႔ ေရာက္ရွိခဲ့သည္။ ထို႔အျပင္ ယခင္ ျမန္မာ ႏွစ္လုံးထီဟုေခၚသည့္ ေအာင္ဘာေလထီကို အမွီျပဳ၍ ျပဳလုပ္ခဲ့ခ်ိန္တြင္ ျမန္မာႏိုင္ငံ၏ ဆက္သြယ္ေရးအေျခအေနအရ ေတာ႐ြာမ်ားသို႔ပ်ံ႕ႏွံ႔မႈ အားနည္းခဲ့ေသာ္လည္း ယခု ထိုင္းႏိုင္ငံ၏ စေတာ့ခ္ေဈးကြက္ကို အေျချပဳၿပီး အေလာင္းအစား ျပဳလုပ္သည့္အခ်ိန္တြင္မူ ၿဂိဳလ္တု စေလာင္းတစ္စုံရွိသည္ဆို႐ုံျဖင့္ ေတာ႐ြာတစ္႐ြာတြင္ ယင္းႏွစ္လုံးေလာင္း ကစားကို ျပဳလုပ္လာႏိုင္ခဲ့ၾကသည္။
ဒီေနရာမွာ ထိုင္းႏွစ္လုံးထီကို ဘယ္လိုကစားၾကသည္။ ဒီေပါက္ဂဏန္းအျဖစ္ကစား ၾကတဲ့ ကိန္းဂဏန္းေတြအေၾကာင္းကို စိတ္ဝင္စား၍ ေလ့လာမိသည္။
ထိုင္းႏွစ္လုံးထီေပါက္ဂဏန္းက တစ္ရက္ကို ပ်မ္းမွ်အားျဖင့္ မနက္၊ ေန႔လယ္၊ ညေန ဆိုၿပီး သုံးႀကိမ္ထြက္သည္။ တခ်ိဳ႕ေနရာေတြမွာ ေန႔လယ္နဲ႔ ညေန ႏွစ္ႀကိမ္သာ ကစားၾကေသာ္လည္း တခ်ိဳ႕ေနရာမ်ားတြင္ မနက္ ၊ ေန႔လယ္၊ ညေနဆိုၿပီး သုံးႀကိမ္လုံး ကစားၾကပါတယ္။ ေပါက္လွ်င္ေလ်ာ္ေၾကးကလည္း အဆ ၇ဝ၊ ၈ဝ ဆိုၿပီး အမ်ိဳးမ်ိဳးရွိတတ္သည္။
ဒီေပါက္ဂဏန္းေတြကို ထိုင္းႏိုင္ငံ စေတာ့ခ္အိပ္ခ်ိန္းတြင္ မွတ္ပုံတင္ေရာင္းဝယ္ေနသည့္ စေတာ့ရွယ္ယာကုမၸဏီ အားလုံး၏ အေရအတြက္ႏွင့္ ယင္းအစုရွယ္ယာတန္ဖိုး စုစုေပါင္း၏ အေရအတြက္ကိန္းဂဏန္းေတြက တစ္ဆင့္ ရယူျခင္းျဖစ္ၿပီး ယင္းျဖစ္စဥ္မ်ားကို ျပည္တြင္းရွိ ႏွစ္လုံးေလာင္းကစားဒိုင္အခ်ိဳ႕ပင္ ေရေရလည္လည္ သိရွိျခင္းမရွိေၾကာင္း သိရသည္။
ထိုႏွစ္လုံးထီေလာင္းကစား၏ ေပါက္ဂဏန္းျဖစ္ေပၚပုံႏွင့္ ပတ္သက္၍လည္း စေတာ့ခ္အိပ္ခ်ိန္း ကြၽမ္းက်င္သူ Thura Swiss သုေတသနႏွင့္ စီးပြားေရး အႀကံေပးကုမၸဏီ ၏ စီအီးအိုဦးေအာင္သူရကို ေမးျမန္းၾကည့္ရာ ယင္းႏွစ္လုံးေပါက္ဂဏန္းကို ထိုင္းစေတာ့ခ္ေဈးကြက္ သေဘာအရ ထိပ္စီးဂဏန္းမွာ အစုရွယ္ယာစုစုေပါင္း၏ အေရအတြက္ျဖစ္သျဖင့္ ျပင္ႏိုင္ရန္ခက္ခဲေၾကာင္းသိရၿပီး ေနာက္ပိတ္ ဂဏန္းမွာမူ ထိုင္းႏိုင္ငံဖက္မွ အစုရွယ္ယာ လုပ္ငန္းႀကီးႀကီးမားမား လုပ္ကိုင္ေနသူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံမွ တရားမဝင္ ႏွလုံးထီလုပ္ငန္းတြင္ ပါဝင္ပတ္သက္ေနပါက ျပင္ႏိုင္ရန္ျဖစ္ႏိုင္ေျခရွိေၾကာင္း သိရသည္။
ကိုယ္တိုင္ ႏွစ္လုံးထိုးသူမ်ား၏ေျပာစကားအရလည္း ႏွစ္လုံး ေလာင္းကစားမႈ ျပဳလုပ္ရာတြင္ သုညမွ ကိုးအထိ ဂဏန္း ၁ဝ လုံးကို ပူး၍ အကြက္ ၁ဝဝ ကို ထိုးသားမွ ႀကိဳက္ရာထိုးရျခင္းျဖစ္ေသာ္လည္း အခ်ိဳ႕ရက္မ်ားတြင္ ဒိုင္လုပ္သူမွ ဂဏန္းတစ္ခုခ်င္းစီကို ေသာ္လည္းေကာင္း၊ အကြက္တစ္ကြက္ခ်င္းစီကိုေသာ္လည္းေကာင္း ထိုးခြင့္မေပးဘဲ ပိတ္ထားေလ့ရွိေၾကာင္း သိရသည္။ ထိုကဲသို႔ ထိုးသားမ်ားကို ထိုးခြင့္ပိတ္ထားသည့္ ဂဏန္းမ်ား ကလည္း အမ်ားအားျဖင့္ ေပါက္ဂဏန္းမ်ား ျဖစ္ေနတတ္ေၾကာင္း ကိုယ္တိုင္ ႏွစ္လုံးထီ ေလာင္းကစားကို ဒိုင္ကိုင္ေနသူတစ္ဦး၏ ေျပာျပခ်က္အရသိရသည္။ ထိုသို႔ ပိတ္ဂဏန္းမ်ားကိုလည္း ဒိုင္ခ်ဳပ္မ်ားက သတ္မွတ္ေပးျခင္းျဖစ္သည္ဟုလည္း ၎က ေျပာသည္။
ယင္းသို႔ဆိုလွ်င္ ယင္းေလာင္းကစားနည္းသည္ တရားမဝင္သည့္အျပင္ ဒိုင္ဖက္မွ ေပါက္ဂဏန္းမ်ားကို ႀကိဳက္သလို ခ်ယ္လွယ္၍ ရေသာ မမွ်တသည့္ ေလာင္းကစားနည္းတစ္ခုျဖစ္ေၾကာင္း သိႏိုင္ေပသည္။ သို႔ေသာ္ ျမန္မာ ႏိုင္ငံသားမ်ားတြင္ အ႐ိုးစြဲေနသည့္ ေရာဂါေၾကာင့္ တရားသည္ မတရားသည္ မသုံးသပ္ႏိုင္ေတာ့ဘဲ ဆက္လက္ျပဳလုပ္ေနျခင္းေၾကာင့္ ယင္းေလာင္းကစားမွာ ျမန္မာႏိုင္ငံတြင္ သက္ဆိုးရွည္စြာ ပန္းပန္လ်က္ရွိေနၿမဲျဖစ္သည္။
ဤေနရာတြင္ ျမန္မာႏိုင္ငံ၏ တရားဥပေဒစိုးမိုးေရးအတြက္ တာဝန္ယူထားသည့္ အဖြဲ႕အစည္းမ်ား၏ လုပ္ေဆာင္ခ်က္ႏွင့္ အခန္းက႑ကို ေမးခြန္းထုတ္စရာမ်ားျဖစ္လာသည္။ ႏွစ္လုံးထီ ဒိုင္ကေပးသည့္ လိုင္းေၾကးကို မွီခိုေနရသည့္ တရားဥပေဒဘက္ေတာ္သားမ်ားေၾကာင့္ ယင္းေလာင္းကစားသည္ ၿမိဳ႕႐ြာအႏွံ႔တြင္ တရားဝင္နီးပါး ျဖစ္လာၾကသည္။ ယင္း၏အက်ိဳးဆက္က ႏိုင္ငံတည္ေဆာက္ေရးအတြက္ အေရးႀကီးသည့္ လူ႔စြမ္းအားအရင္း အျမစ္မ်ား၊ အခ်ိန္မ်ားကို တိုက္႐ိုက္ေသာ္ လည္းေကာင္း၊ သြယ္ဝိုက္၍လည္းေကာင္း ဖ်က္စီးျခင္းခံေနရသည္။ လူတစ္ဦးခ်င္း၊ မိသားတစ္စု၊ လူ႔အဖြဲ႕အစည္းတစ္ခု၏ ဂုဏ္သိကၡာ၊ လုပ္အားႏွင့္ ႀကိဳးစားအားထုတ္မႈတို႔ တျဖည္းျဖည္း ေမွးမွိန္လာသည္။
တရားဥပေဒ ဘက္ေတာ္သားမ်ားအက်င့္ ပ်က္ျခစားမႈတို႔ ကို ထင္ထင္ေပၚေပၚ ျပဳက်င့္ ရဲလာသည္။ ေအာက္ေျခမွ ၿမိဳ႕နယ္အဆင့္ ရဲစခန္းမ်ားတြင္ လိုင္းေၾကးခြဲရသည့္အလုပ္မွာ အပတ္စဥ္ လုပ္ငန္းတာဝန္ေတြထဲ ပါဝင္လာသည္။
တကယ္တမ္း ႏွစ္လုံးဒိုင္ေတြကို ဖမ္းဆီးသည္ဟု ၾကားတိုင္းလည္း ေအာက္ေျခလက္ခြဲ ဒိုင္မ်ားသာ ျဖစ္ေနတတ္သည္။ ဒိုင္ခ်ဳပ္ဆိုသူမ်ား၊ သိန္းေထာင္ခ်ီ ေလာင္းကစားေနသူမ်ားကို ဖမ္းဆီးမိသည္ဆိုသည္ကလည္း မရွိသေလာက္ရွားသည္။ ႏိုင္ငံတစ္ခု၏ တရားဥပေဒစိုးမိုးေရးတြင္ ပါဝင္သည့္ အင္စတီက်ဴးရွင္းမ်ားအေနျဖင့္ အရပ္ထဲလမ္းထဲတြင္ တရားဝင္ ခုံခင္းကာျပဳလုပ္ေနသည့္ ေလာင္းကစား တစ္ခုကို အျမစ္ျပတ္ေအာင္ျပဳလုပ္ရန္သည္ ခက္ခဲေသာလုပ္ငန္းစဥ္တစ္ခုမျဖစ္ႏိုင္ေပ။ အက်င့္ပ်က္လာဘ္စားေနျခင္းေၾကာင့္ ႀကဳံရာက်ပန္း အေရးယူေနမႈ (Random Campaing ) ေၾကာင့္ ျပည္သူ႔တန္ဖိုး (Civic Value) မ်ားထိခိုက္ေနမႈမ်ားျဖစ္ေပၚေနသည္ ဆိုသည္ကို အထက္ပိုင္းတာဝန္ရွိသူမ်ား ေရေရရာရာသိရွိရန္သာ လိုအပ္ပါသည္။
ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံသည္ ႏွစ္ေပါင္းမ်ားစြာ စနစ္အလြဲမ်ားကို က်င့္သုံးခဲ့မႈေၾကာင့္ လက္ရွိ ႏိုင္ငံတည္ေဆာက္ေနခ်ိန္တြင္ အခက္အခဲ ျပႆနာေပါင္းစုံကို ရင္ဆိုင္ေျဖရွင္းေန ရပါသည္။ ဒီမိုကေရစီ ၁၀ ႏွစ္သက္တမ္းသို႔ေရာက္ရွိလာသည့္ အေျပာင္းအလဲ ကာလတြင္ ကြၽန္ေတာ္တို႔ ေအာင္ျမင္သည္မ်ား ရွိခဲ့သလို ရႈံးနိမ့္မႈ၊ အားမရမႈ၊ စိတ္ပ်က္မႈမ်ား လည္း ရွိခဲ့သည္။ ၂ဝ၁၅ ေ႐ြးေကာက္ပြဲ ရလဒ္ေၾကာင့္လည္း ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္တာဝန္ယူရသည့္ အစိုးရတစ္ရပ္ကို ႏိုင္ငံသားမ်ား ပိုင္ဆိုင္ခြင့္ရလာခဲ့ၿပီျဖစ္ပါသည္။ ေ႐ြးေကာက္ပြဲမ်ားမွသည္ ဒီမိုကရက္တစ္ဆန္သည့္ အစိုးရမ်ားကို ပိုင္ဆိုင္ႏိုင္သည္ဆိုေသာ္လည္း အျပည့္အဝယုံၾကည္ကိုးစားႏိုင္သည့္ ၿပီးျပည့္စုံသည့္ အစိုးရမ်ိဳးေတာ့ရရွိႏိုင္မည္မဟုတ္သည္ကိုလည္း ကြၽန္ေတာ္တို႔ ႏွလုံးသြင္းထားႏိုင္ရန္လိုပါသည္။
မည္သို႔ပင္ဆိုေစကာမူ လူတစ္ဦးတစ္ေယာက္ခ်င္း တိုးတက္မွသာ ႏိုင္ငံတိုးတက္သည္ဆိုသည့္အဆိုအရ အေျခခံလူတန္းစားမ်ား ဘဝတိုးတက္ေရးအတြက္ အဟန႔္အတား ျဖစ္ေနသည့္ ႏွစ္လုံး ေလာင္းကစားကို အျမစ္ ျဖတ္ႏိုင္ရန္၊ မုန႔္ဆာေနေသာ ကေလးငယ္ကို မိခင္မွ စိတ္လက္ၾကည္သာစြာ ဝယ္ေကြၽးႏိုင္ရန္ လက္ရွိအစိုးရ ႏွင့္ ေနာင္ထပ္ျဖစ္လာမည့္ ျမန္မာႏိုင္ငံ၏အစိုးရ အဆက္ဆက္တြင္ တာဝန္ရွိပါေၾကာင္း။
credit#ေၾကးမုံေဆာင္းပါး (သီဟသူ)
unicode
“ကလေးမုန့်ဖိုး အစိုးရပေးနိုင်ပါစေ”
‘မေမေ မုန့်ဖိုး’ ‘သေနာလေး…ဒီမှာ နှစ်လုံးမပေါက်တဲ့ကြားထဲ ဒင်းကတစ်မှောင့်’ ကြားလိုက်ရတဲ့အသံက ကျွန်တော့်ကို တော်တော် ကြက်သီးထသွားစေသည်။ မုန့်စားဆင်းချိန် သူများတွေ မုန့်စားသလို စားချင်၍ မိခင်ထံတွင် မုန့်ဖိုးပြန်လာတောင်းသည့် ကလေးငယ်ကို မိခင်ဖြစ်သူကိုယ်တိုင် တုံ့ပြန်လိုက်သည့်စကားက ထိုကလေးငယ် ဘယ်လိုခံစားလိုက်ရသည်တော့မသိ၊ ဘေးကကြားလိုက်ရသည့် ကျွန်တော့်အတွက်တော့ တော်တော်ကြီးကို ရင်ထဲမချိဖြစ်သွားရသည်။
မြန်မာပြည်ရှိ သားသည်မိခင်တစ်ယောက် အဘယ့်ကြောင့် ထိုကဲ့သို့ မိမိ၏သားငယ်ကို ဆက်ဆံပြုမူရသနည်း။
‘ဘာထွက်သွားလဲဆိုတဲ့အသံ’ နေ့စဉ် ရပ်ကွက်ထဲမှာ တစ်ရက်ကို နှစ်ကြိမ်ကြားနေရသည်။ ပြည်သူတွေကြားမှာ ဘိန်းစွဲသလို စွဲနေတဲ့ လောင်းကစားတစ်ခုဖြစ်တဲ့ နှစ်လုံးလောင်းကစားဟာ နိုင်ငံရဲ့ မီးဖိုချောင်ကို ကိုင်တွယ်ထိန်းသိမ်းနေရသူ အိမ်ရှင်မတွေကြားမှာ ဗိုင်းရပ်စ်ရောဂါပိုးတစ်ခုလို အမြစ်တွယ်ပြန့် ပွားနေသည်။ ဝင်ငွေကောင်းသည့် အိမ်ထောင်စုရော ဝင်ငွေမကောင်းသည့် တစ်နေ့လုပ်တစ်နေ့စား အိမ်ထောင်စုများ၏ အိမ်ရှင်မများပါ တစ်ရှိုက်မက်မက် စွဲလမ်းနေသည့် ဒီနှစ်လုံး လောင်းကစားကို စပေါ်သည့် အချိန်မှစ၍ ယနေ့အချိန်အထိ အမြစ်ပြတ်အောင် မနှိမ်နင်းနိုင်ခဲ့ခြင်းက မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက ယဉ်ကျေးမှုတွေကို ပျက်သုန်းစေခဲ့သည်။
တကယ်တမ်းကျ ဒီကစားနည်းသည် ထီကစားနည်းမဟုတ်ပေ။ ဒီနှစ်လုံးလောင်း ကစားနည်းကို အစဖော်ခဲ့သည့် လူတစ်စုက အစိုးရကလစဉ်ဖွင့်လှစ်ပေးခဲ့သည့် အောင်ဘာလေထီ သိန်း ၅ဝ ပေါက်ဂဏန်း၏ နောက်ဆုံးနှစ်လုံးကို ပေါက်ဂဏန်းအဖြစ် သတ်မှတ်ပြီးကစားခဲ့သောကြောင့် နှစ်လုံးထီလို့ အမည်တွင်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၁၅ နှစ်ကျော်က အောင်ဘာလေထီပေါက်ဂဏန်းကို အမှီပြု၍ နှစ်လုံးထီလောင်းကစားကို တရားမဝင် တွင်တွင်ကျယ်ကျယ်လုပ်ခဲ့သဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာနက ထီဖွင့်ရက်ကို တစ်လကို ခုနှစ်ရက်လုပ်ရာမှ တစ်ရက်တည်းဖြင့် ထီဆုအားလုံးကို ဖွင့်လှစ်ပေးခဲ့ရာ ဘုရားပွဲတော်လို စည်ကားခဲ့သည့် နှစ်လုံးထိုးပွဲတော်ကြီး မြန်မာနိုင်ငံမှာ အချိန်ကာလတစ်ခုအနေဖြင့် ရပ်တန့်သွားခဲ့သည်။
ထိုသို့ရပ်တန့်သွားသည်မှာ အချိန်သိပ်မကြာလိုက်ပါ။ ဒီနှစ်လုံးထီလောင်းကစားကို အစပြိုးခဲ့သူ (ဝါ) ဒီလောင်းကစားနည်းနဲ့ စီးပွားဖြစ်ခဲ့သူပင်မဒိုင်တွေက နှစ်လုံးလောင်းကစားကို ထိုင်းနိုင်ငံက နေ့စဉ်ပြုလုပ်နေသည့် စတော့ခ်ဈေးကွက်က နေ့စဉ်ပြောင်းလဲနေသည့် ကိန်းဂဏန်းများကို အခြေပြု၍ ပြန်လည်အသက်သွင်းခဲ့ကြသည်။ ထိုဥာဏ်ကြီးရှင်များ၏ ကျားကုတ်ကျားခဲ အားထုတ်မှုကြောင့် ယခင်တစ်လလျှင် ခုနှစ်ရက်သာ အလောင်းအစားပြုလုပ်နိုင်ခဲ့သည့် နှစ်လုံးထီလောင်းကစားမှာ တစ်လလျှင် ရက်ပေါင်း၂ဝ ကျော် ကစားနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ ထို့အပြင် ယခင် မြန်မာ နှစ်လုံးထီဟုခေါ်သည့် အောင်ဘာလေထီကို အမှီပြု၍ ပြုလုပ်ခဲ့ချိန်တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအခြေအနေအရ တောရွာများသို့ပျံ့နှံ့မှု အားနည်းခဲ့သော်လည်း ယခု ထိုင်းနိုင်ငံ၏ စတော့ခ်ဈေးကွက်ကို အခြေပြုပြီး အလောင်းအစား ပြုလုပ်သည့်အချိန်တွင်မူ ဂြိုလ်တု စလောင်းတစ်စုံရှိသည်ဆိုရုံဖြင့် တောရွာတစ်ရွာတွင် ယင်းနှစ်လုံးလောင်း ကစားကို ပြုလုပ်လာနိုင်ခဲ့ကြသည်။
ဒီနေရာမှာ ထိုင်းနှစ်လုံးထီကို ဘယ်လိုကစားကြသည်။ ဒီပေါက်ဂဏန်းအဖြစ်ကစား ကြတဲ့ ကိန်းဂဏန်းတွေအကြောင်းကို စိတ်ဝင်စား၍ လေ့လာမိသည်။
ထိုင်းနှစ်လုံးထီပေါက်ဂဏန်းက တစ်ရက်ကို ပျမ်းမျှအားဖြင့် မနက်၊ နေ့လယ်၊ ညနေ ဆိုပြီး သုံးကြိမ်ထွက်သည်။ တချို့နေရာတွေမှာ နေ့လယ်နဲ့ ညနေ နှစ်ကြိမ်သာ ကစားကြသော်လည်း တချို့နေရာများတွင် မနက် ၊ နေ့လယ်၊ ညနေဆိုပြီး သုံးကြိမ်လုံး ကစားကြပါတယ်။ ပေါက်လျှင်လျော်ကြေးကလည်း အဆ ၇ဝ၊ ၈ဝ ဆိုပြီး အမျိုးမျိုးရှိတတ်သည်။
ဒီပေါက်ဂဏန်းတွေကို ထိုင်းနိုင်ငံ စတော့ခ်အိပ်ချိန်းတွင် မှတ်ပုံတင်ရောင်းဝယ်နေသည့် စတော့ရှယ်ယာကုမ္ပဏီ အားလုံး၏ အရေအတွက်နှင့် ယင်းအစုရှယ်ယာတန်ဖိုး စုစုပေါင်း၏ အရေအတွက်ကိန်းဂဏန်းတွေက တစ်ဆင့် ရယူခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်များကို ပြည်တွင်းရှိ နှစ်လုံးလောင်းကစားဒိုင်အချို့ပင် ရေရေလည်လည် သိရှိခြင်းမရှိကြောင်း သိရသည်။
ထိုနှစ်လုံးထီလောင်းကစား၏ ပေါက်ဂဏန်းဖြစ်ပေါ်ပုံနှင့် ပတ်သက်၍လည်း စတော့ခ်အိပ်ချိန်း ကျွမ်းကျင်သူ Thura Swiss သုတေသနနှင့် စီးပွားရေး အကြံပေးကုမ္ပဏီ ၏ စီအီးအိုဦးအောင်သူရကို မေးမြန်းကြည့်ရာ ယင်းနှစ်လုံးပေါက်ဂဏန်းကို ထိုင်းစတော့ခ်ဈေးကွက် သဘောအရ ထိပ်စီးဂဏန်းမှာ အစုရှယ်ယာစုစုပေါင်း၏ အရေအတွက်ဖြစ်သဖြင့် ပြင်နိုင်ရန်ခက်ခဲကြောင်းသိရပြီး နောက်ပိတ် ဂဏန်းမှာမူ ထိုင်းနိုင်ငံဖက်မှ အစုရှယ်ယာ လုပ်ငန်းကြီးကြီးမားမား လုပ်ကိုင်နေသူများအနေဖြင့် မြန်မာနိုင်ငံမှ တရားမဝင် နှလုံးထီလုပ်ငန်းတွင် ပါဝင်ပတ်သက်နေပါက ပြင်နိုင်ရန်ဖြစ်နိုင်ခြေရှိကြောင်း သိရသည်။
ကိုယ်တိုင် နှစ်လုံးထိုးသူများ၏ပြောစကားအရလည်း နှစ်လုံး လောင်းကစားမှု ပြုလုပ်ရာတွင် သုညမှ ကိုးအထိ ဂဏန်း ၁ဝ လုံးကို ပူး၍ အကွက် ၁ဝဝ ကို ထိုးသားမှ ကြိုက်ရာထိုးရခြင်းဖြစ်သော်လည်း အချို့ရက်များတွင် ဒိုင်လုပ်သူမှ ဂဏန်းတစ်ခုချင်းစီကို သော်လည်းကောင်း၊ အကွက်တစ်ကွက်ချင်းစီကိုသော်လည်းကောင်း ထိုးခွင့်မပေးဘဲ ပိတ်ထားလေ့ရှိကြောင်း သိရသည်။ ထိုကဲသို့ ထိုးသားများကို ထိုးခွင့်ပိတ်ထားသည့် ဂဏန်းများ ကလည်း အများအားဖြင့် ပေါက်ဂဏန်းများ ဖြစ်နေတတ်ကြောင်း ကိုယ်တိုင် နှစ်လုံးထီ လောင်းကစားကို ဒိုင်ကိုင်နေသူတစ်ဦး၏ ပြောပြချက်အရသိရသည်။ ထိုသို့ ပိတ်ဂဏန်းများကိုလည်း ဒိုင်ချုပ်များက သတ်မှတ်ပေးခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ယင်းသို့ဆိုလျှင် ယင်းလောင်းကစားနည်းသည် တရားမဝင်သည့်အပြင် ဒိုင်ဖက်မှ ပေါက်ဂဏန်းများကို ကြိုက်သလို ချယ်လှယ်၍ ရသော မမျှတသည့် လောင်းကစားနည်းတစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။ သို့သော် မြန်မာ နိုင်ငံသားများတွင် အရိုးစွဲနေသည့် ရောဂါကြောင့် တရားသည် မတရားသည် မသုံးသပ်နိုင်တော့ဘဲ ဆက်လက်ပြုလုပ်နေခြင်းကြောင့် ယင်းလောင်းကစားမှာ မြန်မာနိုင်ငံတွင် သက်ဆိုးရှည်စွာ ပန်းပန်လျက်ရှိနေမြဲဖြစ်သည်။
ဤနေရာတွင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူထားသည့် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်နှင့် အခန်းကဏ္ဍကို မေးခွန်းထုတ်စရာများဖြစ်လာသည်။ နှစ်လုံးထီ ဒိုင်ကပေးသည့် လိုင်းကြေးကို မှီခိုနေရသည့် တရားဥပဒေဘက်တော်သားများကြောင့် ယင်းလောင်းကစားသည် မြို့ရွာအနှံ့တွင် တရားဝင်နီးပါး ဖြစ်လာကြသည်။ ယင်း၏အကျိုးဆက်က နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအားအရင်း အမြစ်များ၊ အချိန်များကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍လည်းကောင်း ဖျက်စီးခြင်းခံနေရသည်။ လူတစ်ဦးချင်း၊ မိသားတစ်စု၊ လူ့အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာ၊ လုပ်အားနှင့် ကြိုးစားအားထုတ်မှုတို့ တဖြည်းဖြည်း မှေးမှိန်လာသည်။
တရားဥပဒေ ဘက်တော်သားများအကျင့် ပျက်ခြစားမှုတို့ ကို ထင်ထင်ပေါ်ပေါ် ပြုကျင့် ရဲလာသည်။ အောက်ခြေမှ မြို့နယ်အဆင့် ရဲစခန်းများတွင် လိုင်းကြေးခွဲရသည့်အလုပ်မှာ အပတ်စဉ် လုပ်ငန်းတာဝန်တွေထဲ ပါဝင်လာသည်။
တကယ်တမ်း နှစ်လုံးဒိုင်တွေကို ဖမ်းဆီးသည်ဟု ကြားတိုင်းလည်း အောက်ခြေလက်ခွဲ ဒိုင်များသာ ဖြစ်နေတတ်သည်။ ဒိုင်ချုပ်ဆိုသူများ၊ သိန်းထောင်ချီ လောင်းကစားနေသူများကို ဖမ်းဆီးမိသည်ဆိုသည်ကလည်း မရှိသလောက်ရှားသည်။ နိုင်ငံတစ်ခု၏ တရားဥပဒေစိုးမိုးရေးတွင် ပါဝင်သည့် အင်စတီကျူးရှင်းများအနေဖြင့် အရပ်ထဲလမ်းထဲတွင် တရားဝင် ခုံခင်းကာပြုလုပ်နေသည့် လောင်းကစား တစ်ခုကို အမြစ်ပြတ်အောင်ပြုလုပ်ရန်သည် ခက်ခဲသောလုပ်ငန်းစဉ်တစ်ခုမဖြစ်နိုင်ပေ။ အကျင့်ပျက်လာဘ်စားနေခြင်းကြောင့် ကြုံရာကျပန်း အရေးယူနေမှု (Random Campaing ) ကြောင့် ပြည်သူ့တန်ဖိုး (Civic Value) များထိခိုက်နေမှုများဖြစ်ပေါ်နေသည် ဆိုသည်ကို အထက်ပိုင်းတာဝန်ရှိသူများ ရေရေရာရာသိရှိရန်သာ လိုအပ်ပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ စနစ်အလွဲများကို ကျင့်သုံးခဲ့မှုကြောင့် လက်ရှိ နိုင်ငံတည်ဆောက်နေချိန်တွင် အခက်အခဲ ပြဿနာပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းနေ ရပါသည်။ ဒီမိုကရေစီ ၁၀ နှစ်သက်တမ်းသို့ရောက်ရှိလာသည့် အပြောင်းအလဲ ကာလတွင် ကျွန်တော်တို့ အောင်မြင်သည်များ ရှိခဲ့သလို ရှုံးနိမ့်မှု၊ အားမရမှု၊ စိတ်ပျက်မှုများ လည်း ရှိခဲ့သည်။ ၂ဝ၁၅ ရွေးကောက်ပွဲ ရလဒ်ကြောင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်တာဝန်ယူရသည့် အစိုးရတစ်ရပ်ကို နိုင်ငံသားများ ပိုင်ဆိုင်ခွင့်ရလာခဲ့ပြီဖြစ်ပါသည်။ ရွေးကောက်ပွဲများမှသည် ဒီမိုကရက်တစ်ဆန်သည့် အစိုးရများကို ပိုင်ဆိုင်နိုင်သည်ဆိုသော်လည်း အပြည့်အဝယုံကြည်ကိုးစားနိုင်သည့် ပြီးပြည့်စုံသည့် အစိုးရမျိုးတော့ရရှိနိုင်မည်မဟုတ်သည်ကိုလည်း ကျွန်တော်တို့ နှလုံးသွင်းထားနိုင်ရန်လိုပါသည်။
မည်သို့ပင်ဆိုစေကာမူ လူတစ်ဦးတစ်ယောက်ချင်း တိုးတက်မှသာ နိုင်ငံတိုးတက်သည်ဆိုသည့်အဆိုအရ အခြေခံလူတန်းစားများ ဘဝတိုးတက်ရေးအတွက် အဟန့်အတား ဖြစ်နေသည့် နှစ်လုံး လောင်းကစားကို အမြစ် ဖြတ်နိုင်ရန်၊ မုန့်ဆာနေသော ကလေးငယ်ကို မိခင်မှ စိတ်လက်ကြည်သာစွာ ဝယ်ကျွေးနိုင်ရန် လက်ရှိအစိုးရ နှင့် နောင်ထပ်ဖြစ်လာမည့် မြန်မာနိုင်ငံ၏အစိုးရ အဆက်ဆက်တွင် တာဝန်ရှိပါကြောင်း။
credit#ကြေးမုံဆောင်းပါး (သီဟသူ)