အေထြအေထြဗဟုသုတ

အြန္လိုင္းေပၚက ခ်စ္သူေနာက္ကို လိုက္လာတာတဲ့

အြန္လိုင္းေပၚက ခ်စ္သူေနာက္ကို လိုက္လာတာတဲ့

အြန္လိုင္းေပၚက ခ်စ္သူေနာက္ကို လိုက္လာတာတဲ့ (ဒီအ႐ြယ္ေလးေတြကို မိဘမ်ား ပိုထိန္းသိမ္းၾကပါ)..

(၁၂/၃/၂၀၂၂) ေန႔က သန္လ်င္ YBS ၃၁ ကားေပၚမွာ အသက္ ၁၈ ႏွစ္ခန႔္ရွိ အမ်ိဳးသမီးငယ္ေလးတစ္ဦး ေယာင္လည္လည္ျဖစ္ေနတာ ေတြ႕လို႔၊

ေအာင္ခ်မ္းသာ မွတ္တိုင္မွာ သူ႔ကိုပါ ဆင္းခိုင္းေစၿပီး စားေသာက္ဆိုင္တစ္ခုမွာ ဆီခ်က္ေခါက္ဆြဲနဲ႔ ဧည့္ခံေကြၽးေမြးကာ သူ႔အေၾကာင္းကို ေခ်ာ့ေမာ့ေမးျမန္းခဲ့ပါတယ္။

မိဘနဲ႔စိတ္ဆိုးၿပီး သုံးခြၿမိဳ႕မွာေနတဲ့ လိုင္းေပၚက ခ်စ္သူေနာက္ကို လိုက္လာတာဆိုပဲ၊ ခ်စ္သူရဲ႕ အသက္က ၃၀ ႏွစ္တဲ့၊

ဘယ္မွာေနမွန္းမသိတဲ့ လိုင္းေပၚက ခ်စ္သူကို လာရွာတာမေတြ႕ခဲ့ပဲ ေယာင္လည္လည္ဘယ္ျပန္ရမွန္းမသိျဖစ္ေနတဲ့ အမ်ိဳးသမီးငယ္ကို မသက္ာလို႔ အခုလိုကားေပၚက ဆင္းခိုင္းေစၿပီး ေမးျမန္းခဲ့တာပါ။

သားသမီးခ်င္း ကိုယ္ခ်င္းစာနာတဲ့စိတ္ေတြေပါ့။  မေတာ္လို႔မ်ား လူကုန္ကူးအဖြဲ႕နဲ႔ ေတြ႕သြားခဲ့ရင္ ဘယ္လိုလုပ္မလဲ (ငယ္ငယ္႐ြယ္႐ြယ္ ေခ်ာေခ်ာလွလွ ကရင္မေလး)။

ညေနေစာင္းဆိုေတာ့ အခ်ိန္မရွိေတာ့ဘူး။ သန္လ်င္က ကြၽန္မအိမ္ကိုေခၚသြားခဲ့ပါတယ္။

ရာအိမ္မႉးကို အေၾကာင္းၾကား ဧည့္စာရင္းတိုင္ ကေလးမေလးကို စိတ္မေလဖို႔ ဆုံးမေျပာဆိုကာ

တစ္ညသိပ္ၿပီးမနက္လင္းေတာ့ အုပ္ခ်ဳပ္ေရးမႉး ႐ုံးကိုသြားေတာ့ ႐ုံးမဖြင့္ပါဘူး။

ဒါေၾကာင့္ ကြၽန္မတို႔ CEO နဲ႔ ေလးစားရတဲ့သူေတြထံ ထပ္မံအၾကာင္းၾကား အႀကံဉာဏ္မ်ားရယူ ကေလးမေလးေနတဲ့

ဧရာဝတီတိုင္းက မအူပင္ ၿမိဳ႕နယ္မႉးနဲ႔ သတင္းအဖြဲ႕ထံ အေၾကာင္းၾကား သန္လ်င္က နယ္ထိန္းအဖြဲ႕ထံသြားေရာက္အေၾကာင္းၾကား အလုပ္ေတာ္ေတာ္ရႈပ္သြားပါတယ္။

ကြၽန္မ မအူပင္သတင္းအဖြဲ႕နဲ႔ အခ်ိတ္အဆက္ရသြားလို႔ မနက္ျဖန္သတင္းအဖြဲ႕က သူ႔မိဘေတြသြားေခၚၿပီး

ေရနံေျမလမ္းဆုံက လာေစာင့္ေခၚယူၾကမွာပါ။ ကြၽန္မက ပုသိမ္တရား႐ုံးသြားစရာရွိလို႔ ပိုအဆင္ေျပ သြားပါတယ္။

ဒီအ႐ြယ္ေလးေတြကို မိဘမ်ား ပိုထိန္းသိမ္းၾကပါ။

လိုင္းေပၚက ခ်စ္သူရည္းစားဟာ အိမ္ေထာင္သည္ ျဖစ္ခဲ့ရင္ေရာ? မေတြးရဲစရာပါ။

ကြၽန္မအခ်ိန္ကုန္ခံၿပီး ကူညီေဆာင္ ႐ြက္ေပးေနတာ မႏူးမနပ္တိုင္းရင္းသားသမီးပ်ိဳေလး ဘဝပ်က္သြားမွာ စိုးရိမ္မိတာရယ္၊ ၿပီးေတာ့ ကြၽန္မတို႔ သတင္းသမားေတြရဲ႕ စိတ္ဓာတ္ကို ေဖာ္ျပခ်င္တာပါပဲ။

ကေလးမေလးက ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕နယ္ လႈိင္းတာေက်း႐ြာအုပ္စု၊ နတ္မူကုန္းေက်း႐ြာေန (အဘ) ဦးေက်ာ္ႏိုင္ထြန္းနဲ႔ (အမိ) ေဒၚခ်ိဳေလးတို႔ သမီးျဖစ္ပါတယ္။

လွလွဝင္း (သန္လ်င္) (ေခတ္ပုံရိပ္သတင္းဂ်ာနယ္ ရန္ကုန္တိုင္းတာဝန္ခံ)

credit

unicode

အွန်လိုင်းပေါ်က ချစ်သူနောက်ကို လိုက်လာတာတဲ့

အွန်လိုင်းပေါ်က ချစ်သူနောက်ကို လိုက်လာတာတဲ့ (ဒီအရွယ်လေးတွေကို မိဘများ ပိုထိန်းသိမ်းကြပါ)..

(၁၂/၃/၂၀၂၂) နေ့က သန်လျင် YBS ၃၁ ကားပေါ်မှာ အသက် ၁၈ နှစ်ခန့်ရှိ အမျိုးသမီးငယ်လေးတစ်ဦး ယောင်လည်လည်ဖြစ်နေတာ တွေ့လို့၊

အောင်ချမ်းသာ မှတ်တိုင်မှာ သူ့ကိုပါ ဆင်းခိုင်းစေပြီး စားသောက်ဆိုင်တစ်ခုမှာ ဆီချက်ခေါက်ဆွဲနဲ့ ဧည့်ခံကျွေးမွေးကာ သူ့အကြောင်းကို ချော့မော့မေးမြန်းခဲ့ပါတယ်။

မိဘနဲ့စိတ်ဆိုးပြီး သုံးခွမြို့မှာနေတဲ့ လိုင်းပေါ်က ချစ်သူနောက်ကို လိုက်လာတာဆိုပဲ၊ ချစ်သူရဲ့ အသက်က ၃၀ နှစ်တဲ့၊

ဘယ်မှာနေမှန်းမသိတဲ့ လိုင်းပေါ်က ချစ်သူကို လာရှာတာမတွေ့ခဲ့ပဲ ယောင်လည်လည်ဘယ်ပြန်ရမှန်းမသိဖြစ်နေတဲ့ အမျိုးသမီးငယ်ကို မသက်ာလို့ အခုလိုကားပေါ်က ဆင်းခိုင်းစေပြီး မေးမြန်းခဲ့တာပါ။

သားသမီးချင်း ကိုယ်ချင်းစာနာတဲ့စိတ်တွေပေါ့။ မတော်လို့များ လူကုန်ကူးအဖွဲ့နဲ့ တွေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ (ငယ်ငယ်ရွယ်ရွယ် ချောချောလှလှ ကရင်မလေး)။

ညနေစောင်းဆိုတော့ အချိန်မရှိတော့ဘူး။ သန်လျင်က ကျွန်မအိမ်ကိုခေါ်သွားခဲ့ပါတယ်။ ရာအိမ်မှူးကို အကြောင်းကြား ဧည့်စာရင်းတိုင် ကလေးမလေးကို စိတ်မလေဖို့ ဆုံးမပြောဆိုကာ တစ်ညသိပ်ပြီးမနက်လင်းတော့ အုပ်ချုပ်ရေးမှူး ရုံးကိုသွားတော့ ရုံးမဖွင့်ပါဘူး။

ဒါကြောင့် ကျွန်မတို့ CEO နဲ့ လေးစားရတဲ့သူတွေထံ ထပ်မံအကြာင်းကြား အကြံဉာဏ်များရယူ ကလေးမလေးနေတဲ့ ဧရာဝတီတိုင်းက မအူပင် မြို့နယ်မှူးနဲ့ သတင်းအဖွဲ့ထံ အကြောင်းကြား သန်လျင်က နယ်ထိန်းအဖွဲ့ထံသွားရောက်အကြောင်းကြား အလုပ်တော်တော်ရှုပ်သွားပါတယ်။

ကျွန်မ မအူပင်သတင်းအဖွဲ့နဲ့ အချိတ်အဆက်ရသွားလို့ မနက်ဖြန်သတင်းအဖွဲ့က သူ့မိဘတွေသွားခေါ်ပြီး ရေနံမြေလမ်းဆုံက လာစောင့်ခေါ်ယူကြမှာပါ။ ကျွန်မက ပုသိမ်တရားရုံးသွားစရာရှိလို့ ပိုအဆင်ပြေ သွားပါတယ်။ ဒီအရွယ်လေးတွေကို မိဘများ ပိုထိန်းသိမ်းကြပါ။

လိုင်းပေါ်က ချစ်သူရည်းစားဟာ အိမ်ထောင်သည် ဖြစ်ခဲ့ရင်ရော? မတွေးရဲစရာပါ။ ကျွန်မအချိန်ကုန်ခံပြီး ကူညီဆောင် ရွက်ပေးနေတာ မနူးမနပ်တိုင်းရင်းသားသမီးပျိုလေး ဘဝပျက်သွားမှာ စိုးရိမ်မိတာရယ်၊ ပြီးတော့ ကျွန်မတို့ သတင်းသမားတွေရဲ့ စိတ်ဓာတ်ကို ဖော်ပြချင်တာပါပဲ။

ကလေးမလေးက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် လှိုင်းတာကျေးရွာအုပ်စု၊ နတ်မူကုန်းကျေးရွာနေ (အဘ) ဦးကျော်နိုင်ထွန်းနဲ့ (အမိ) ဒေါ်ချိုလေးတို့ သမီးဖြစ်ပါတယ်။

လှလှဝင်း (သန်လျင်) (ခေတ်ပုံရိပ်သတင်းဂျာနယ် ရန်ကုန်တိုင်းတာဝန်ခံ)

credit