သတင်း













unicode

ဖြစ်မှဖြစ်ရလေ အသက်(၂၀)ဝန်းကျင်လေးတွေပဲ ရှိသေးတာ အပျော်မလွန်ကြပါနဲ့

စမုံမြစ်အတွင်း ရေဆင်းကစားရာမှ ရေနစ်သေဆုံး ၄ ဦး၏ရုပ်အလောင်းများအား ၃ နာရီခန့်အကြာတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။

မန္တလေးတိုင်း၊ကျောက်ဆည်မြို့နယ်၊ကောင်းတင်ကျေးရွာရှိ စမုံမြစ်အတွင်း ဧပြီ ၁၇ ရက်နေ့လည် ၃ နာရီခန့်က

လူငယ်အမျိုးသား ၄ ဦးရေဆင်းကစားရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ-တိုင်းရုံး)မှ သိရသည်။

ထို့ကြောင့် ရေနစ်ပျောက်ဆုံးသွားသူ ၄ ဦးအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းဒေသကြီးကော်မတီ-တိုင်းရုံး)၏ Mandalay Rescue Diver Team မှရှာဖွေမှုများပြုလုပ်ခဲ့ကြသည်။

“ကျွန်တော့်ဆီကို ကောင်လေး ၄ ယောက် စမုံမြစ်ထဲမှာရေဆင်းကစားရင်း ရေနစ်သွားလို့ကူညီရှာပေးပါဆိုပြီး ကောင်းတင်ရွာခံတွေကဖုန်းဆက်ပြီး အကူအညီတောင်းလို့သွားရှာပေးခဲ့ပါတယ်

ရေနစ်သေဆုံးသွားတဲ့ ၄ ယောက်လုံးက အဲဒီရွာကပါပဲ ရုပ်အလောင်းတွေရှာတွေ့ပြီးချိန်မှာ ကျွန်တော်တို့က သူတို့ရွာကလှည်းတွေပေါ်တင်ပေးခဲ့ပါတယ်”ဟု

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းဒေသကြီးကော်မတီ-တိုင်းရုံး)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှ ရေနစ်ပျောက်ဆုံးသွားခဲ့ကြသည့် အ သက်(၂၀)နှစ်ခန့်မှ(၂၅)နှစ်ခန့်ရှိ ကိုစည်သူဖြိုး၊ကိုခန့်ခန့်၊ကိုဖိုးသား၊ကိုအောင်အောင်ဦး တို့အား

ည နေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

Photo-လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)