အချိန်မတော် လင်မယားနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကို မသင်္ကာလို့ ရှာဖွေကြည့်လိုက်တဲ့အခါ
သနားစရာ ယောကျ်ားရဲ့အဖြစ်….
အရမ်းကိုယ်ချင်းစာ သနားမိရတဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေး တစ်ခုပါ…
အလုပ်ကပြန်လာ ပုံရပါတယ်….. ယောကျ်ားကို ကြည့်လိုက်တော့ နောက်ကို ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ကြည့်တယ်…
ကျတော်တို့လဲ ဒီလူ သိပ်ရိုးပုံ မရဘူး ဆိုပြီး ဆိုင်ကယ်ကို ရပ်ခိုင်းပြီး တားလိုက်တယ်…
“စိတ်မကောင်းပါဘူးဗျာ ဆိုင်ကယ် Tool box လေးဖွင့်ပြပါ ရှာပါရစေဆိုတော့”ဖွင့်ပြတယ် …
ပုဆိုးစလေးနဲ့ပတ်ထားတဲ့အထုပ်လေးဖွင့်ကြည့်မယ်လုပ်တော့ အတင်းပြန်ဆွဲလုတယ်…
ကိုယ်တွေလဲ ဘာရမလဲ မူးယစ်ဆေးဝါးဖြစ်မယ်ဆိုပြီး ပြန်ဆွဲယူပြီးဖြည်ကြည့်လိုက်တော့မှ
တစ်သောင်းတန်လေးတွေကျစ်နေအောင်လိပ်ထားတာ ဥပဒေနဲ့မလွတ်ကင်းတာဘာမှမပါရှာပါဘူး ….
ဘာလို့မျက်စိမျက်နှာပျက်နေလဲဆိုပြီး စဉ်းစားနေတုန်း နောက်ကပါလာတဲ့သူ့မိန်းမက အဲ့ပိုက်ဆံက ဘာလုပ်တာလဲပေးဆိုပြီး…
အိတ်ထဲ ဆောင့်ကြီးအောင့်ကြီးနဲ့ နဂါးမျက်စောင်းလို ယောကျ်ားဖြစ်သူကို ကြည့်ပြီး ဆွဲယူထည့်လိုက်တယ်….
လက်စသတ်တော့ မိန်းမ မသိအောင်ဘတ်ထားတဲ့ ဘတ်ငွေတွေဖြစ်နေတာကိုး…..
ကျတော်လဲ သူ့မိန်းမဖြစ်သူကို လှမ်းသတိပေးလိုက်ပါတယ်…“အိမ်ရောက်ရင် အဲ့ပိုက်ဆံလေး နဲ့ဆေးခန်းလိုက်ပြရအောင်ထိ မလုပ်ပါနဲ့လို့”
ရယ်မောပျော်ရွှင် ပြုံပျော် ကြပါစေ….။
Unicode
အခ်ိန္မေတာ္ လင္မယားႏွစ္ေယာက္စီးလာတဲ့ ဆိုင္ကယ္ကို မသကၤာလို႔ ရွာေဖြၾကည့္လိုက္တဲ့အခါ
သနားစရာ ေယာက်္ားရဲ႕အျဖစ္….
အရမ္းကိုယ္ခ်င္းစာ သနားမိရတဲ့ ကိုယ္ေတြ႕ အျဖစ္အပ်က္ေလး တစ္ခုပါ…
အလုပ္ကျပန္လာ ပုံရပါတယ္….. ေယာက်္ားကို ၾကည့္လိုက္ေတာ့ ေနာက္ကို ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ျပန္ၾကည့္တယ္…
က်ေတာ္တို႔လဲ ဒီလူ သိပ္႐ိုးပုံ မရဘူး ဆိုၿပီး ဆိုင္ကယ္ကို ရပ္ခိုင္းၿပီး တားလိုက္တယ္…
“စိတ္မေကာင္းပါဘူးဗ်ာ ဆိုင္ကယ္ Tool box ေလးဖြင့္ျပပါ ရွာပါရေစဆိုေတာ့”ဖြင့္ျပတယ္ …
ပုဆိုးစေလးနဲ႔ပတ္ထားတဲ့အထုပ္ေလးဖြင့္ၾကည့္မယ္လုပ္ေတာ့ အတင္းျပန္ဆြဲလုတယ္…
ကိုယ္ေတြလဲ ဘာရမလဲ မူးယစ္ေဆးဝါးျဖစ္မယ္ဆိုၿပီး ျပန္ဆြဲယူၿပီးျဖည္ၾကည့္လိုက္ေတာ့မွ
တစ္ေသာင္းတန္ေလးေတြက်စ္ေနေအာင္လိပ္ထားတာ ဥပေဒနဲ႔မလြတ္ကင္းတာဘာမွမပါရွာပါဘူး ….
ဘာလို႔မ်က္စိမ်က္ႏွာပ်က္ေနလဲဆိုၿပီး စဥ္းစားေနတုန္း ေနာက္ကပါလာတဲ့သူ႔မိန္းမက အဲ့ပိုက္ဆံက ဘာလုပ္တာလဲေပးဆိုၿပီး…
အိတ္ထဲ ေဆာင့္ႀကီးေအာင့္ႀကီးနဲ႔ နဂါးမ်က္ေစာင္းလို ေယာက်္ားျဖစ္သူကို ၾကည့္ၿပီး ဆြဲယူထည့္လိုက္တယ္….
လက္စသတ္ေတာ့ မိန္းမ မသိေအာင္ဘတ္ထားတဲ့ ဘတ္ေငြေတြျဖစ္ေနတာကိုး…..
က်ေတာ္လဲ သူ႔မိန္းမျဖစ္သူကို လွမ္းသတိေပးလိုက္ပါတယ္…“အိမ္ေရာက္ရင္ အဲ့ပိုက္ဆံေလး နဲ႔ေဆးခန္းလိုက္ျပရေအာင္ထိ မလုပ္ပါနဲ႔လို႔”
ရယ္ေမာေပ်ာ္႐ႊင္ ၿပဳံေပ်ာ္ ၾကပါေစ….။