ကလေးတဖက်နဲ့ မုန့်ဟင်းခါး ရောင်းနေတဲ့ ရည်းစားဟောင်းကို ရုတ်တရက် တွေ့လိုက်တဲ့အခါ စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး … တနေ့က သွားရင်းလာရင်း ဘီယာဆိုင်တစ်ဆိုင်ရှေ့မှာ အရင်ရည်းစားဟောင်းနဲ့ပြန်တွေ့တယ်။ တွေ့တော့လည်း သူငယ်ချင်းလိုပါပဲ ညီမ အဆင်ပြေလား နေကောင်းလား ဘာညာပေါ့။
သူ အဆင်မပြေမှန်းတော့ ကျနော်သိတယ် ထမီကို ခပ်နွမ်းနွမ်း တီရှပ်အင်္ကျီအပေါ်ကနေ တင်းနေအောင်ဆွဲဝတ်ပြီး ဘီယာဆိုင်ရှေ့မှာ ကလေးတွဲလောင်းနဲ့ မုန့်ဟင်းခါးရောင်းနေရ ရှာတာကိုး။သူ့ယောက်ျားကလည်း ရွှေတောဖက်သွားလိုက်ပြီး အဆက်သွယ်လည်းမရ ၊ ပိုက်ဆံလည်းမပို့တော့ ဝမ်းရေးကိုအဆင်ပြေသလို ဖြေရှင်းနေပုံရတယ် အဲဒါနဲ့ သူကလည်း သူ့အကြောင်းတွေပြော၊ ကိုယ်ကလည်း ကိုယ့်အကြောင်းတွေပြောရင်း မုန့်ဟင်းခါး တစ်ပွဲ ကုန်သွားတာတောင် မသိလိုက်ဘူး။
ပိုက်ဆံရှင်းမယ်လုပ်တော့ ရတယ်အစ်ကို ညီမကျွေးတာပါ တဲ့။ အဲဒါနဲ့ မပြီးသေးဘူး ဒါက အစ်ကို့အမေအတွက်ဆိုပြီး ပါဆယ် တစ်ပွဲပါထပ်ထုပ်ပေးသေးတယ် ။ မယူဘူးလို့ ပြောပြန်ရင်လည်း သူစိတ်မကောင်းဖြစ်မှာစိုးလို့ ယူခဲ့လိုက်ပါတယ်။ ဒါပေမဲ့ ကျနော်သူ မသိအောင် မုန့်ဟင်းခါးပန်းကန်အောက်မှာ တစ်ထောင်တန် တစ်ရွက်ထားပေးခဲ့ပြီး ခပ်သုတ်သုတ်ထွက်လာလိုက်တယ်။
ခဏကြာတော့ ကိုကြီးဆိုပြီး ကျနော့်နောက်ကို သူမ ပြေးလိုက်လာတယ် လက်ထဲမှာလည်း အထုပ်တစ်ထုပ်နဲ့ သူ့မျက်ဝန်းမှာလည်း မျက်ရည်စ အချို့ကို ကျနော်တွေ့နေရတယ်။ ကျနော့်ကို သေချာစူးစိုက်ကြည့်ပြီး သူ့လက်ထဲက အထုပ်ကို ကျနော့် လက်တွန်းလှည်းပေါ်တင်လိုက်တယ်။
ဘီယာဘူးခွံတွေပါ အစ်ကို ၊ နောက်လည်း မကြာမကြာလာပါ ။ ညီမ အားတဲ့အချိန် ဘီယာခွံတွေ ရသလောက်စုထားပေးမယ်ဆိုပြီး ပြန်ပြေးထွက်သွားတယ်။
အစ်ကိုပြန်လာဖြစ်အုံးမှာပါ။
😁😁😁
ကေလးတဖက္နဲ႔ မုန္႔ဟင္းခါး ေရာင္းေနတဲ့ ရည္းစားေဟာင္းကို ႐ုတ္တရက္ ေတြ႕လိုက္တဲ့အခါ စိတ္မေကာင္းျဖစ္႐ုံကလြဲလို႔ ဘာမွမတတ္ႏိုင္ဘူး … တေန႔က သြားရင္းလာရင္း ဘီယာဆိုင္တစ္ဆိုင္ေရွ႕မွာ အရင္ရည္းစားေဟာင္းနဲ႔ျပန္ေတြ႕တယ္။ ေတြ႕ေတာ့လည္း သူငယ္ခ်င္းလိုပါပဲ ညီမ အဆင္ေျပလား ေနေကာင္းလား ဘာညာေပါ့။
သူ အဆင္မေျပမွန္းေတာ့ က်ေနာ္သိတယ္ ထမီကို ခပ္ႏြမ္းႏြမ္း တီရွပ္အက်ႌအေပၚကေန တင္းေနေအာင္ဆြဲဝတ္ၿပီး ဘီယာဆိုင္ေရွ႕မွာ ကေလးတြဲေလာင္းနဲ႔ မုန္႔ဟင္းခါးေရာင္းေနရ ရွာတာကိုး။သူ႔ေယာက္်ားကလည္း ေ႐ႊေတာဖက္သြားလိုက္ၿပီး အဆက္သြယ္လည္းမရ ၊ ပိုက္ဆံလည္းမပို႔ေတာ့ ဝမ္းေရးကိုအဆင္ေျပသလို ေျဖရွင္းေနပုံရတယ္ အဲဒါနဲ႔ သူကလည္း သူ႔အေၾကာင္းေတြေျပာ၊ ကိုယ္ကလည္း ကိုယ့္အေၾကာင္းေတြေျပာရင္း မုန္႔ဟင္းခါး တစ္ပြဲ ကုန္သြားတာေတာင္ မသိလိုက္ဘူး။
ပိုက္ဆံရွင္းမယ္လုပ္ေတာ့ ရတယ္အစ္ကို ညီမေကြၽးတာပါ တဲ့။ အဲဒါနဲ႔ မၿပီးေသးဘူး ဒါက အစ္ကို႔အေမအတြက္ဆိုၿပီး ပါဆယ္ တစ္ပြဲပါထပ္ထုပ္ေပးေသးတယ္ ။ မယူဘူးလို႔ ေျပာျပန္ရင္လည္း သူစိတ္မေကာင္းျဖစ္မွာစိုးလို႔ ယူခဲ့လိုက္ပါတယ္။ ဒါေပမဲ့ က်ေနာ္သူ မသိေအာင္ မုန္႔ဟင္းခါးပန္းကန္ေအာက္မွာ တစ္ေထာင္တန္ တစ္႐ြက္ထားေပးခဲ့ၿပီး ခပ္သုတ္သုတ္ထြက္လာလိုက္တယ္။
ခဏၾကာေတာ့ ကိုႀကီးဆိုၿပီး က်ေနာ့္ေနာက္ကို သူမ ေျပးလိုက္လာတယ္ လက္ထဲမွာလည္း အထုပ္တစ္ထုပ္နဲ႔ သူ႔မ်က္ဝန္းမွာလည္း မ်က္ရည္စ အခ်ိဳ႕ကို က်ေနာ္ေတြ႕ေနရတယ္။ က်ေနာ့္ကို ေသခ်ာစူးစိုက္ၾကည့္ၿပီး သူ႔လက္ထဲက အထုပ္ကို က်ေနာ့္ လက္တြန္းလွည္းေပၚတင္လိုက္တယ္။
ဘီယာဘူးခြံေတြပါ အစ္ကို ၊ ေနာက္လည္း မၾကာမၾကာလာပါ ။ ညီမ အားတဲ့အခ်ိန္ ဘီယာခြံေတြ ရသေလာက္စုထားေပးမယ္ဆိုၿပီး ျပန္ေျပးထြက္သြားတယ္။
အစ္ကိုျပန္လာျဖစ္အုံးမွာပါ။
😁😁😁