လူတိုင္းမွာ ကိုယ့္ကိုေစာင့္ေရွာက္ေနတဲ့ ပုဂၢိဳလ္ရွိပါတယ္။ မိမိကိုဘယ္ပုဂၢိဳလ္ေစာင့္ေရွာက္ေနသလဲ သိခ်င္ရင္ တြက္ၾကည့္ပါ ဘယ္ပုဂၢိဳလ္စာင့္သလဲ။
လူတိုင္း စိတ္ဝင္စားဆုံးတစ္ခုရွိပါတယ္။ အေရးႀကဳံရင္အားကိုးရွာစၿမဲပါ။ တခါတရံ
အလြန္အမင္း သတၱိရွိပါတယ္ဆိုတဲ့ သူေတြေတာင္အခက္အခဲအက်ပ္အတည္း ႀကဳံေတြ႕လာရင္ အားငယ္ေၾကာက္စိတ္ေတြ ဝင္လာတက္ပါတယ္။
အဲ့လိုအခ်ိန္အခါမ်ိဴးမွာ အားကိုး ရွာတက္ပါတယ္။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနေႏၲာအနႏၲငါးပါးအား တိုင္တည္တက္ သိမွတ္သမွ် ဂါထာေတြ႐ြတ္ေပါ့။
ဒါနဲ႔အားမရဘူး ဆိုပါေတာ… မိမိအားေစာင့္ေရွာက္ေနေသာ ပုဂၢိဳလ္ရွိတာပဲ။ဘာအေရးလဲ ဘာေၾကာက္ရမလဲ။ မိမိအေစာင့္က ဖယ္ရွား ပစ္လိမ့္မယ္။
ဒီအခ်က္ကို ႀကိဳတင္သိၿပီး ကိုးကြယ္ခ်င္မွာပဲ မိမိအား ေစာင့္ေသာပုဂၢိဳလ္ကို မဟာဘုတ္အရ တြက္ၾကည့္လို႔ရပါတယ္။
မိမိအား ေစာင့္ေရွာက္ေနေသာ ပုဂၢိဳလ္ကို ယုံၾကည္စြာ ကိုးကြယ္ႏိုင္ပါက ရန္အေပါင္းကင္းကြာ လာဘ္႐ႊင္ အက်ိဴးမ်ားခံစားရၿပီး လိုရာဆႏၵ ျပည့္ဝပါလိမ့္မယ္။
မိမိအားေစာင့္ေရွာက္ေသာ ပုဂၢိဳလ္မ်ားက ေကာင္းစြာေစာင့္ေရွာက္ပါလိမ့္မယ္။ တြက္နည္းေမြးတဲ့ ခုႏွစ္ လ ရက္ ေန႔ နာရီ တို႔ကို မဟာဘုတ္ (၅) ခြင္ ခ်ရပါမယ္…
၁။ မူလသကၠရာဇ္ကို တည္(၇)နဲ႔စား ရတဲ့အႂကြင္းကို မဟာဘုတ္ တိုင္ထူပါ
၂။ ေမြးတဲ့လကို တန္ခူးလမွစ၍ ေရတြက္ရတဲ့ သခ်ၤာကို (၇)နဲ႔စား ရတဲ့အႂကြင္း ကို မဟာဘုတ္တိုင္ထူပါ
၃။ ေမြးတဲ့ရက္ကို လျပည့္ေက်ာ္ရင္ (၁၅) နဲ႔ထပ္ေပါင္းၿပီး ရတဲ့ နံပတ္ကို (၇)နဲ႔စား အႂကြင္းကို မဟာဘုတ္တိုင္ထူပါ
၄။ ေမြးတဲ့ေန႔ကို မဟာဘုတ္တိုင္ထူပါ
၅။ ေမြးတဲ့အခ်ိန္ကို (၇)နဲ႔စား ရတဲ့အႂကြင္းကို မဟာဘုတ္တိုင္ထူပါ။ (မိနစ္စြန္းလွ်င္ နာရီမွာ (၁)တိုးရပါမယ္ )
၆။ အဲ့ဒီ မဟာဘုတ္ (၅)ခြင္မွာ မူလဘုတ္ေဟာခြင္ (မူလသကၠရာဇ္ေမြးနံ) ႒ာနကၿဂိဳလ္ေလးလုံးကိုယူၿပီး သခ်ၤာအရေပါင္း ေမြးနံပါ သခ်ၤာကိုပါထပ္ေပါင္း ၿပီးရင္(၇)နဲ႔စားပါ။ ရတဲ့အႂကြင္းကိုမဟာဘုတ္တိုင္ျပန္ထူပါ။ အေျဖေဟာကိန္း ေတြကေတာ့
( က) တနဂၤေႏြျဖစ္ခဲ့ရင္… ထြက္ရပ္ေပါက္ လူပုဂၢိဳလ္စတဲ့ ပုဂၢိဳလ္ထူးႀကီးမ်ား ကြယ္လြန္သြားၿပီျဖစ္တဲ့ ဘဝကဖခင္ အတိပ္ဘဝကဖခင္ ဝိဇၨာႀကီးမ်ားက ေစာင့္ေရွာက္ပါတယ္
(ခ) တနလၤာျဖစ္ခဲ့ရင္… ကြမ္ရင္မယ္ေတာ္ ဘဝေဟာင္းကမိခင္ လက္ရွိဘဝမွာ ကြယ္လြန္သြားေသာမိခင္ ႀကီးေဒၚ အေဒၚ လကၡဳမီးမယ္ေတာ္မ်ား ကေစာင့္ေရွာက္ပါတယ္
(ဂ) အဂၤါျဖစ္ခဲ့ရင္… ေအာက္နတ္(၃၇)မင္း ေဇာ္ဂ်ီမ်ား ႐ုကၡစိုးမ်ား မကြၽတ္မလြပ္သူမ်ား (ပရေလာကသားမ်ား) စႏၵီမယ္ေတာ္ ဂႏၶဗၺနတ္မင္းမ်ားက ေစာင့္ေရွာက္ပါတယ္
(ဃ) ဗုဒၶဟူးျဖစ္ခဲ့ရင္… ဝိဇၨာႀကီးမ်ား (ထုံက်င့္ရၿပီးသြားေသာပုဂၢိဳလ္အားလုံး) ေရေစာင့္နတ္ ႐ြာေစာင့္နတ္႐ုကၡစိုးနတ္ ထြက္ရပ္ေပါက္ပုဂၢိဳလ္မ်ား ရဟန္းပုဂၢိဳလ္မ်ား ေစာင့္ေရွာက္ပါတယ္
( င ) ၾကာသပေတးျဖစ္ခဲ့ရင္… ျဗဟၼာႀကီးမ်ား ရဟႏၲာပုဂၢိဳလ္မ်ား ရွင္သီဝလိ ရွင္ဥပဂုတၱ ရွင္ဗာကူလစေသာရဟႏၲာမ်ား အထက္လမ္းဂိုဏ္း ဆရာမ်ားျပဒါးဝိဇၨာ အင္းဝိဇၨာမ်ားက ေစာင့္ေရွာက္တယ္
(စ) ေသာၾကာျဖစ္ခဲ့ရင္… သူရႆတီမယ္ေတာ္ သံေသဝိဇၨာႀကီးမ်ား မိခင္ဘက္က အဖြားကြယ္လြန္ၿပီးျဖစ္တဲ့ သမီးမယ္ေတာ္မ်ား ေစာင့္ေရွာက္ပါတယ္
(ဆ) စေနျဖစ္ခဲ့ရင္… (၃၇)မင္းေအာက္နတ္မ်ား မကြၽတ္မလြပ္ေသးေသာပုဂၢိဳလ္ (ပရေလာကသား မိမိႏွင့္ေဆြမ်ိဴးေတာ္စပ္ဘူးသူ) ေလာကီက်င့္စဥ္နဲ႔ က်င့္ေနေသာ ပုဂၢိဳလ္မ်ား သမထနဲ႔ကိစၥၿပီးေနေသာ ပုဂၢိဳလ္မ်ားေစာင့္ေရွာက္ပါတယ္။
unicode
လူတိုင်းမှာ ကိုယ့်ကိုစောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်ရှိပါတယ်။ မိမိကိုဘယ်ပုဂ္ဂိုလ်စောင့်ရှောက်နေသလဲ သိချင်ရင် တွက်ကြည့်ပါ ဘယ်ပုဂ္ဂိုလ်စာင့်သလဲ။
လူတိုင်း စိတ်ဝင်စားဆုံးတစ်ခုရှိပါတယ်။ အရေးကြုံရင်အားကိုးရှာစမြဲပါ။ တခါတရံ
အလွန်အမင်း သတ္တိရှိပါတယ်ဆိုတဲ့ သူတွေတောင်အခက်အခဲအကျပ်အတည်း ကြုံတွေ့လာရင် အားငယ်ကြောက်စိတ်တွေ ဝင်လာတက်ပါတယ်။
အဲ့လိုအချိန်အခါမျိူးမှာ အားကိုး ရှာတက်ပါတယ်။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တောအနန္တငါးပါးအား တိုင်တည်တက် သိမှတ်သမျှ ဂါထာတွေရွတ်ပေါ့။
ဒါနဲ့အားမရဘူး ဆိုပါတော… မိမိအားစောင့်ရှောက်နေသော ပုဂ္ဂိုလ်ရှိတာပဲ။ဘာအရေးလဲ ဘာကြောက်ရမလဲ။ မိမိအစောင့်က ဖယ်ရှား ပစ်လိမ့်မယ်။
ဒီအချက်ကို ကြိုတင်သိပြီး ကိုးကွယ်ချင်မှာပဲ မိမိအား စောင့်သောပုဂ္ဂိုလ်ကို မဟာဘုတ်အရ တွက်ကြည့်လို့ရပါတယ်။
မိမိအား စောင့်ရှောက်နေသော ပုဂ္ဂိုလ်ကို ယုံကြည်စွာ ကိုးကွယ်နိုင်ပါက ရန်အပေါင်းကင်းကွာ လာဘ်ရွှင် အကျိူးများခံစားရပြီး လိုရာဆန္ဒ ပြည့်ဝပါလိမ့်မယ်။
မိမိအားစောင့်ရှောက်သော ပုဂ္ဂိုလ်များက ကောင်းစွာစောင့်ရှောက်ပါလိမ့်မယ်။ တွက်နည်းမွေးတဲ့ ခုနှစ် လ ရက် နေ့ နာရီ တို့ကို မဟာဘုတ် (၅) ခွင် ချရပါမယ်…
၁။ မူလသက္ကရာဇ်ကို တည်(၇)နဲ့စား ရတဲ့အကြွင်းကို မဟာဘုတ် တိုင်ထူပါ
၂။ မွေးတဲ့လကို တန်ခူးလမှစ၍ ရေတွက်ရတဲ့ သင်္ချာကို (၇)နဲ့စား ရတဲ့အကြွင်း ကို မဟာဘုတ်တိုင်ထူပါ
၃။ မွေးတဲ့ရက်ကို လပြည့်ကျော်ရင် (၁၅) နဲ့ထပ်ပေါင်းပြီး ရတဲ့ နံပတ်ကို (၇)နဲ့စား အကြွင်းကို မဟာဘုတ်တိုင်ထူပါ
၄။ မွေးတဲ့နေ့ကို မဟာဘုတ်တိုင်ထူပါ
၅။ မွေးတဲ့အချိန်ကို (၇)နဲ့စား ရတဲ့အကြွင်းကို မဟာဘုတ်တိုင်ထူပါ။ (မိနစ်စွန်းလျှင် နာရီမှာ (၁)တိုးရပါမယ် )
၆။ အဲ့ဒီ မဟာဘုတ် (၅)ခွင်မှာ မူလဘုတ်ဟောခွင် (မူလသက္ကရာဇ်မွေးနံ) ဋ္ဌာနကဂြိုလ်လေးလုံးကိုယူပြီး သင်္ချာအရပေါင်း မွေးနံပါ သင်္ချာကိုပါထပ်ပေါင်း ပြီးရင်(၇)နဲ့စားပါ။ ရတဲ့အကြွင်းကိုမဟာဘုတ်တိုင်ပြန်ထူပါ။ အဖြေဟောကိန်း တွေကတော့
( က) တနင်္ဂနွေဖြစ်ခဲ့ရင်… ထွက်ရပ်ပေါက် လူပုဂ္ဂိုလ်စတဲ့ ပုဂ္ဂိုလ်ထူးကြီးများ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘဝကဖခင် အတိပ်ဘဝကဖခင် ဝိဇ္ဇာကြီးများက စောင့်ရှောက်ပါတယ်
(ခ) တနင်္လာဖြစ်ခဲ့ရင်… ကွမ်ရင်မယ်တော် ဘဝဟောင်းကမိခင် လက်ရှိဘဝမှာ ကွယ်လွန်သွားသောမိခင် ကြီးဒေါ် အဒေါ် လက္ခုမီးမယ်တော်များ ကစောင့်ရှောက်ပါတယ်
(ဂ) အင်္ဂါဖြစ်ခဲ့ရင်… အောက်နတ်(၃၇)မင်း ဇော်ဂျီများ ရုက္ခစိုးများ မကျွတ်မလွပ်သူများ (ပရလောကသားများ) စန္ဒီမယ်တော် ဂန္ဓဗ္ဗနတ်မင်းများက စောင့်ရှောက်ပါတယ်
(ဃ) ဗုဒ္ဓဟူးဖြစ်ခဲ့ရင်… ဝိဇ္ဇာကြီးများ (ထုံကျင့်ရပြီးသွားသောပုဂ္ဂိုလ်အားလုံး) ရေစောင့်နတ် ရွာစောင့်နတ်ရုက္ခစိုးနတ် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ ရဟန်းပုဂ္ဂိုလ်များ စောင့်ရှောက်ပါတယ်
( င ) ကြာသပတေးဖြစ်ခဲ့ရင်… ဗြဟ္မာကြီးများ ရဟန္တာပုဂ္ဂိုလ်များ ရှင်သီဝလိ ရှင်ဥပဂုတ္တ ရှင်ဗာကူလစသောရဟန္တာများ အထက်လမ်းဂိုဏ်း ဆရာများပြဒါးဝိဇ္ဇာ အင်းဝိဇ္ဇာများက စောင့်ရှောက်တယ်
(စ) သောကြာဖြစ်ခဲ့ရင်… သူရဿတီမယ်တော် သံသေဝိဇ္ဇာကြီးများ မိခင်ဘက်က အဖွားကွယ်လွန်ပြီးဖြစ်တဲ့ သမီးမယ်တော်များ စောင့်ရှောက်ပါတယ်
(ဆ) စနေဖြစ်ခဲ့ရင်… (၃၇)မင်းအောက်နတ်များ မကျွတ်မလွပ်သေးသောပုဂ္ဂိုလ် (ပရလောကသား မိမိနှင့်ဆွေမျိူးတော်စပ်ဘူးသူ) လောကီကျင့်စဉ်နဲ့ ကျင့်နေသော ပုဂ္ဂိုလ်များ သမထနဲ့ကိစ္စပြီးနေသော ပုဂ္ဂိုလ်များစောင့်ရှောက်ပါတယ်။