ၾကားသိရသမွ်

အဖမ္းခံရတယ္လို႔ သတင္းေတြထြက္ေနတဲ့ မင္းသမီး ၃ ေယာက္

ယမန္ေန႔ ဇြန္၁၉ရက္မွာ က်ေရာက္တဲ့ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ၇၈ႏွစ္ျပည့္ေမြးေန႔ပြဲအတြက္

၇၈ႏွစ္ျပည့္ ေမြးေန႔မွာ တိုင္းနဲ႔ျပည္နယ္ အသီးသီးကျပည္သူေတြ၊ PDFေတြ၊ ေတာ္လွန္ေရးအင္အားစုေတြ၊

အႏုပညာရွင္ေတြက ပန္းသပိတ္‌လႈပ္ရွားမႈေတြ၊ကမ္ပိန္းေတြ၊ ဆႏၵထုတ္ေဖာ္မႈေတြ၊

အရႈံးမေပးနဲ႔မိငယ္ေရ သီခ်င္းသီဆိုမႈေတြအျပင္ ျပည္ပႏိုင္ငံအသီးသီးမွာရွိတဲ့

ျမန္မာႏိုင္ငံသားေတြကလည္း ပုံစံေတြအမ်ိဳးမ်ိဳးနဲ႔ ပါဝင္ဆင္ႏႊဲခဲ့ၾကပါတယ္။

အႏုပညာရွင္မ်ားျဖစ္ၾကတဲ့ မင္းသမီး ပိုးၾကာျဖဴခင္၊ ခင္ဝင့္ဝါ နဲ႔ မိုးျပည့္ျပည့္ေမာင္တို႔ကို

ယမန္ေန႔ညက ဖမ္းဆီးလိုက္တယ္လို႔ စစ္တပ္ေလာ္ဘီ တယ္လီဂရမ္ ခ်န္နယ္မ်ားမွ တင္ထားသည္ကိုေတြ႕ရွိရသည္။

စိတ္ထင္တိုင္း ဖမ္းစီးေနသည့္ စကစအေနျဖင့္ ၎တို႔ကို ဖမ္းစီးရသည့္ အေသးစိတ္အေၾကာင္းရင္းကိုမူ မသိရွိရေသးပါ။

unicode

ယမန်နေ့ ဇွန်၁၉ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇၈နှစ်ပြည့်မွေးနေ့ပွဲအတွက်

၇၈နှစ်ပြည့် မွေးနေ့မှာ တိုင်းနဲ့ပြည်နယ် အသီးသီးကပြည်သူတွေ၊ PDFတွေ၊ တော်လှန်ရေးအင်အားစုတွေ၊

အနုပညာရှင်တွေက ပန်းသပိတ်‌လှုပ်ရှားမှုတွေ၊ကမ်ပိန်းတွေ၊ ဆန္ဒထုတ်ဖော်မှုတွေ၊

အရှုံးမပေးနဲ့မိငယ်ရေ သီချင်းသီဆိုမှုတွေအပြင် ပြည်ပနိုင်ငံအသီးသီးမှာရှိတဲ့

မြန်မာနိုင်ငံသားတွေကလည်း ပုံစံတွေအမျိုးမျိုးနဲ့ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

အနုပညာရှင်များဖြစ်ကြတဲ့ မင်းသမီး ပိုးကြာဖြူခင်၊ ခင်ဝင့်ဝါ နဲ့ မိုးပြည့်ပြည့်မောင်တို့ကို

ယမန်နေ့ညက ဖမ်းဆီးလိုက်တယ်လို့ စစ်တပ်လော်ဘီ တယ်လီဂရမ် ချန်နယ်များမှ တင်ထားသည်ကိုတွေ့ရှိရသည်။

စိတ်ထင်တိုင်း ဖမ်းစီးနေသည့် စကစအနေဖြင့် ၎င်းတို့ကို ဖမ်းစီးရသည့် အသေးစိတ်အကြောင်းရင်းကိုမူ မသိရှိရသေးပါ။