ေက်ာင္းသားအခ်င္းခ်င္း ရန္ျဖစ္ရာမွ ပုဆိန္ျဖင့္ ခုတ္မႈျဖစ္ပြားၿပီး ေက်ာင္းသားတစ္ဦး ေသဆုံး
သွ်မ္းသံေတာ္ဆင့္၊ ဇြန္ (၂၁) ရက္
ခ်င္းမိုင္ခ႐ိုင္ မယ္အိုင္းၿမိဳ႕နယ္ မယ္ေဆာင္ေက်း႐ြာအုပ္စုရွိ စာသင္ေက်ာင္း တစ္ေက်ာင္းတြင္
(၁၀) ႏွစ္ေက်ာ္ အ႐ြယ္ရွိ ေက်ာင္းသား အခ်င္းခ်င္း ရန္ျဖစ္ပြားရာမွ ပုဆိန္ျဖင့္ ခုတ္ၾကၿပီး
ေက်ာင္းသားတစ္ဦး ေသဆုံးသည့္အထိ ျဖစ္ပြားခဲ့ေၾကာင္း စုံစမ္းသိရသည္။
အဆိုပါ ရန္ျဖစ္သည့္ ေက်ာင္းသား (၂) ဦးသည္ (၆) လနီးပါး အခ်င္းခ်င္း မတည့္ရာမွ
စာသင္ခန္းအတြင္း အျငင္းပြားဖြယ္ရာ စကားအၿမဲ ေျပာဆိုၾကသည္။
“ေန႔လည္ ထမင္းစားခ်ိန္မွာ ေက်ာင္းသားေတြ ထမင္းခူးေပးေနခ်ိန္မွာ ျဖစ္ပြားခဲ့တာပါ။
သူ ပုဆိန္ကို ထမင္းစားေဆာင္မွာ သိမ္းထားမယ္ဆိုတာ လုံးဝ မထင္ထားဘူး။
ေသဆုံးသူ ေက်ာင္းသားရဲ႕ ဦးေခါင္းကို ပုဆိန္ (၅) ခ်က္ေလာက္ သူ က ခုတ္လိုက္တာ။
ဘယ္သူမွ ဝင္မတားရဲၾကဘူး။ အသက္ (၁၀) ႏွစ္ေက်ာ္ေလာက္ပဲ ရွိမယ္” ဟု ေက်ာင္း တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
ျပစ္မႈက်ဴးလြန္သူသည္ အသက္ (၁၆) ႏွစ္အ႐ြယ္ လားဟူတိုင္းရင္းသားျဖစ္ၿပီး ေသဆုံးသူ
ေက်ာင္းသားသည္ အသက္ (၁၄) ႏွစ္ အ႐ြယ္ မယ္အိုင္းၿမိဳ႕နယ္က ေဒသခံ ျဖစ္ေၾကာင္း သိရွိရသည္။
လက္ရွိ ေက်ာင္းကို သက္ဆိုင္ရာ အာဏာပိုင္မ်ားက ေက်ာင္း (၃) ရက္ ပိတ္ခိုင္းထားၿပီး
ေက်ာင္းသား/သူ မ်ား၏ စိတ္ပိုင္းဆိုင္ရာမ်ား ႏွင့္ ေသဆုံးသူ မိသားစုတို႔ဘက္မွ
တရားစြဲဆိုမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
မယ္အိုင္းၿမိဳ႕နယ္ မယ္ေဆာင္ေက်း႐ြာအုပ္စု မယ္ဟန႔္ေက်း႐ြာရွိ စာသင္ေက်ာင္းသည္
ယခင္က ေက်ာင္းသား/သူ (၂၀၀) ေက်ာ္ရွိခဲ့ၿပီး ယခု စာသင္ႏွစ္အတြင္း ေက်ာင္းသား (၄၀၀) ေက်ာ္ ရွိလာသည္။
ထို႔ေၾကာင့္ ဆရာမမ်ား လုံေလာက္မႈ မရွိသျဖင့္ ျပႆနာမ်ားကို ထိန္းသိမ္းႏိုင္မႈ
အားနည္းခဲ့ျခင္းျဖစ္ေၾကာင္း ေက်ာင္းအုပ္ဆရာ က ေျပာၾကားသည္။
unicode
ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာမှ ပုဆိန်ဖြင့် ခုတ်မှုဖြစ်ပွားပြီး ကျောင်းသားတစ်ဦး သေဆုံး
သျှမ်းသံတော်ဆင့်၊ ဇွန် (၂၁) ရက်
ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ် မယ်ဆောင်ကျေးရွာအုပ်စုရှိ စာသင်ကျောင်း တစ်ကျောင်းတွင်
(၁၀) နှစ်ကျော် အရွယ်ရှိ ကျောင်းသား အချင်းချင်း ရန်ဖြစ်ပွားရာမှ ပုဆိန်ဖြင့် ခုတ်ကြပြီး
ကျောင်းသားတစ်ဦး သေဆုံးသည့်အထိ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
အဆိုပါ ရန်ဖြစ်သည့် ကျောင်းသား (၂) ဦးသည် (၆) လနီးပါး အချင်းချင်း မတည့်ရာမှ
စာသင်ခန်းအတွင်း အငြင်းပွားဖွယ်ရာ စကားအမြဲ ပြောဆိုကြသည်။
“နေ့လည် ထမင်းစားချိန်မှာ ကျောင်းသားတွေ ထမင်းခူးပေးနေချိန်မှာ ဖြစ်ပွားခဲ့တာပါ။
သူ ပုဆိန်ကို ထမင်းစားဆောင်မှာ သိမ်းထားမယ်ဆိုတာ လုံးဝ မထင်ထားဘူး။
သေဆုံးသူ ကျောင်းသားရဲ့ ဦးခေါင်းကို ပုဆိန် (၅) ချက်လောက် သူ က ခုတ်လိုက်တာ။
ဘယ်သူမှ ဝင်မတားရဲကြဘူး။ အသက် (၁၀) နှစ်ကျော်လောက်ပဲ ရှိမယ်” ဟု ကျောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်သူသည် အသက် (၁၆) နှစ်အရွယ် လားဟူတိုင်းရင်းသားဖြစ်ပြီး သေဆုံးသူ
ကျောင်းသားသည် အသက် (၁၄) နှစ် အရွယ် မယ်အိုင်းမြို့နယ်က ဒေသခံ ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ ကျောင်းကို သက်ဆိုင်ရာ အာဏာပိုင်များက ကျောင်း (၃) ရက် ပိတ်ခိုင်းထားပြီး
ကျောင်းသား/သူ များ၏ စိတ်ပိုင်းဆိုင်ရာများ နှင့် သေဆုံးသူ မိသားစုတို့ဘက်မှ
တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မယ်အိုင်းမြို့နယ် မယ်ဆောင်ကျေးရွာအုပ်စု မယ်ဟန့်ကျေးရွာရှိ စာသင်ကျောင်းသည်
ယခင်က ကျောင်းသား/သူ (၂၀၀) ကျော်ရှိခဲ့ပြီး ယခု စာသင်နှစ်အတွင်း ကျောင်းသား (၄၀၀) ကျော် ရှိလာသည်။
ထို့ကြောင့် ဆရာမများ လုံလောက်မှု မရှိသဖြင့် ပြဿနာများကို ထိန်းသိမ်းနိုင်မှု
အားနည်းခဲ့ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာ က ပြောကြားသည်။