အနုပညာ

တခေတ်တခါက လူကြိုက်များခဲ့သည့် တေးသံရှင် အဆိုတော်တစ်ဦးကွယ်လွန်😢😢

စတူဒီယိုေခတ္ဦး ႏိုင္ငံေက်ာ္ေတးသံရွင္တစ္ဦးျဖစ္တဲ့ အဆိုေတာ္စိမ္းမို႔မို႔သည္ ဇြန္ ၂၃ ရက္ ကြယ္လြန္သြားေၾကာင္း ဂီတအသိုင္းအဝိုင္းမွ သိခဲ့ရသည္။

အဆိုေတာ္ စိမ္းမို႔မို႔ (အမည္အရင္း ေဒၚစမ္းယုၾကည္) သည္ ကင္ဆာေရာဂါျဖင့္ ရန္ကုန္ၿမိဳ႕ရွိ Green Cross ေဆး႐ုံတြင္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္သည္။

အဆိုေတာ္ တင္ဇာေမာ္က “ခ်စ္ရတဲ့ မမို႔ (စိမ္းမို႔မို႔) သံသရာတေကြ႕မွာ ခဏေလးဆုံေတြ႕ခဲ့ၾကရတယ္။

ခ်စ္ခ်စ္ခင္ခင္ရွိခဲ့ၾကတဲ့ အခ်ိန္ေတြအေပၚ အၿမဲတန္ဖိုးထားပါတယ္။

မၿမဲတဲ့ ႏွိပ္စက္တတ္တဲ့ ခႏၶာရျခင္းမွ လြတ္ေျမာက္ရာသို႔ ေရာက္ရွိစံစားႏိုင္ပါေစ”ဟု ၎၏လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။

ေတးသံရွင္စိမ္းမို႔မို႔သည္ စတူဒီယိုေခတ္ဦးကာလႏွင့္ ျမန္မာ့႐ုပ္ျမင္သံၾကားေပၚစေခတ္မ်ားတြင္

လူႀကိဳက္မ်ားသည့္ အဆိုေတာ္တဦးျဖစ္ခဲ့ၿပီး စေတာ္ဘယ္ရီခ်စ္သည္းရွင္၊ မ်က္ဝန္းထဲမွာ၊ မ်က္ဝန္းစကား စသည့္သီခ်င္းမ်ားျဖင့္ ပရိသတ္ေတြရဲ႕အသိအမွတ္ျပဳမႈကို ရရွိခဲ့သည္။

“ေဆြး” ႏွင့္ “အခ်စ္ ေႏြမိုးေဆာင္း” ေတးစီးရီးမ်ားမွာ ၎၏ လူႀကိဳက္မ်ား ေက်ာ္ၾကားေသာ ေတးစီးရီးမ်ားျဖစ္ခဲ့သည္။

unicode

စတူဒီယိုခေတ်ဦး နိုင်ငံကျော်တေးသံရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်စိမ်းမို့မို့သည် ဇွန် ၂၃ ရက် ကွယ်လွန်သွားကြောင်း ဂီတအသိုင်းအဝိုင်းမှ သိခဲ့ရသည်။

အဆိုတော် စိမ်းမို့မို့ (အမည်အရင်း ဒေါ်စမ်းယုကြည်) သည် ကင်ဆာရောဂါဖြင့် ရန်ကုန်မြို့ရှိ Green Cross ဆေးရုံတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

အဆိုတော် တင်ဇာမော်က “ချစ်ရတဲ့ မမို့ (စိမ်းမို့မို့) သံသရာတကွေ့မှာ ခဏလေးဆုံတွေ့ခဲ့ကြရတယ်။

ချစ်ချစ်ခင်ခင်ရှိခဲ့ကြတဲ့ အချိန်တွေအပေါ် အမြဲတန်ဖိုးထားပါတယ်။

မမြဲတဲ့ နှိပ်စက်တတ်တဲ့ ခန္ဓာရခြင်းမှ လွတ်မြောက်ရာသို့ ရောက်ရှိစံစားနိုင်ပါစေ”ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

တေးသံရှင်စိမ်းမို့မို့သည် စတူဒီယိုခေတ်ဦးကာလနှင့် မြန်မာ့ရုပ်မြင်သံကြားပေါ်စခေတ်များတွင်

လူကြိုက်များသည့် အဆိုတော်တဦးဖြစ်ခဲ့ပြီး စတော်ဘယ်ရီချစ်သည်းရှင်၊ မျက်ဝန်းထဲမှာ၊ မျက်ဝန်းစကား စသည့်သီချင်းများဖြင့် ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။

“ဆွေး” နှင့် “အချစ် နွေမိုးဆောင်း” တေးစီးရီးများမှာ ၎င်း၏ လူကြိုက်များ ကျော်ကြားသော တေးစီးရီးများဖြစ်ခဲ့သည်။