နမ်ဆန်ယာန်ကိုလာသည့် စစ်ယာဉ်တန်း KIA တိုက်ခိုက်မှုကြောင့် ယာဥ်အများအပြား ပျက်စီး
People’s Spring
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ရွာသို့ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့တွင် တိုက်ခိုက်ခဲ့ရာ ယာဉ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဒေါ့ဖုန်းယန်မှလာသည့် ယာဥ်အစီးရေ ၂၅စီးပါး စစ်ယာဉ်တန်းကို စက်တင်ဘာ ၁၀ရက် နေ့လယ်ပိုင်းက ခလားယန်၌ KIAက ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KIA၏ လက်နက်ကြီးကြောင့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းတင် ယာဉ်တစ်စီး မီးလောင်ကာ လက်နက်ခဲယမ်းများထပ်ဆင့်ပေါက်ကွဲမှု ဖြစ်ခဲ့သည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က “မနေ့ကဟာ ကား ၁၅စီး ပျက်စီးသွားပြီ။ ကျန်တဲ့ ၁၀စီး ၁၂၄တပ်(ဒေါ့ဖုန်းယန်အခြေစိုက် စစ်ကောင်စီတပ်)သို့ ပြန်ခေါက်သွား။၂၅ စီးထဲက ၁၅ စီးပျက်စီးသွားတယ်”ဟု ပြောသည်။
KIA၏ တိုက်ခိုက်မှုကြောင့် မီးလောင်ပေါက်ကွဲမှုဖြစ်နေသည့် ယာဉ်နှင့် ရပ်ထားသည့် စစ်ကောင်စီယာဉ်တန်း၏ ရုပ်သံမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်းများလည်း ကချင်သတင်းဌာနအချို့က ဖော်ပြထားသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်း အထိနာသည့် အခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
(နမ့်ဆန်ယန်ရွာသို့ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်နေစဥ်။
နမ္ဆန္ယာန္ကိုလာသည့္ စစ္ယာဥ္တန္း KIA တိုက္ခိုက္မႈေၾကာင့္ ယာဥ္အမ်ားအျပား ပ်က္စီး
People’s Spring
ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္ ေဒါ့ဖုန္းယန္ၿမိဳ႕မွ ဝိုင္းေမာ္ၿမိဳ႕နယ္ နမ့္ဆန္ယန္ရြာသို႔ဦးတည္လာသည့္ စစ္ေကာင္စီယာဥ္တန္းအား ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA)က ယမန္ေန႔တြင္ တိုက္ခိုက္ခဲ့ရာ ယာဥ္အမ်ားအျပား ထိခိုက္ပ်က္စီးသြားခဲ့ေၾကာင္း ကခ်င္ စစ္ေရးသတင္းရင္းျမစ္က ေျပာသည္။
ေဒါ့ဖုန္းယန္မွလာသည့္ ယာဥ္အစီးေရ ၂၅စီးပါး စစ္ယာဥ္တန္းကို စက္တင္ဘာ ၁၀ရက္ ေန႔လယ္ပိုင္းက ခလားယန္၌ KIAက ပိတ္ဆို႔တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး KIA၏ လက္နက္ႀကီးေၾကာင့္ စစ္ေကာင္စီ၏ လက္နက္ခဲယမ္းတင္ ယာဥ္တစ္စီး မီးေလာင္ကာ လက္နက္ခဲယမ္းမ်ားထပ္ဆင့္ေပါက္ကြဲမႈ ျဖစ္ခဲ့သည္။
ယင္းအေျခအေနႏွင့္ပတ္သက္ၿပီး ကခ်င္ေဒသစစ္ေရးသတင္းရင္းျမစ္က “မေန႔ကဟာ ကား ၁၅စီး ပ်က္စီးသြားၿပီ။ က်န္တဲ့ ၁၀စီး ၁၂၄တပ္(ေဒါ့ဖုန္းယန္အေျခစိုက္ စစ္ေကာင္စီတပ္)သို႔ ျပန္ေခါက္သြား။၂၅ စီးထဲက ၁၅ စီးပ်က္စီးသြားတယ္”ဟု ေျပာသည္။
KIA၏ တိုက္ခိုက္မႈေၾကာင့္ မီးေလာင္ေပါက္ကြဲမႈျဖစ္ေနသည့္ ယာဥ္ႏွင့္ ရပ္ထားသည့္ စစ္ေကာင္စီယာဥ္တန္း၏ ႐ုပ္သံမွတ္တမ္း၊ ဓာတ္ပုံမွတ္တမ္းမ်ားလည္း ကခ်င္သတင္းဌာနအခ်ိဳ႕က ေဖာ္ျပထားသည္။
အဆိုပါ စစ္ေကာင္စီယာဥ္တန္း အထိနာသည့္ အေျခအေနႏွင့္ပတ္သက္ၿပီး KIA သတင္းျပန္ၾကားေရးဌာန တာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူထံသို႔ ဆက္သြယ္ေမးျမန္းထားဆဲျဖစ္ၿပီး အဆက္အသြယ္မရေသးေပ။
(နမ့္ဆန္ယန္ရြာသို႔ဦးတည္လာသည့္ စစ္ေကာင္စီယာဥ္တန္းအား ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA)က တိုက္ခိုက္ေနစဥ္။