မိုးကောင်းမြို့၊ စင်ရော် စက်သုံးဆီပိုင်ရှင် ဒေါ်ခင်မာရွှေကို PDF ထောက်ပံ့ သည်ဆိုသော စွပ်စွဲချက် ဖြင့် အမှတ်(၃)ခြေလျင်တပ်မဟာမှ ဗိုလ်မှူးနှင့်အဖွဲ့က ရိုက်နှက်သတ်ဖြတ်၊ စစ်တပ်ထဲသို့ ခေါ်ပြီး နာရီအနည်းငယ်အတွင်း ရိုက်နှက် သတ်ဖြတ်ခဲ့
စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ရှိ စင်ရော် စက်သုံးဆီပိုင်ရှင် ဒေါ်ခင်မာရွှေကို PDF ထောက်ပံ့ သည်ဆိုသော စွပ်စွဲချက်ဖြင့် မိုးကောင်းမြို့အခြေစိုက် အမှတ် ၃ ခြေလျင် တပ်မဟာမှ ဗိုလ်မှူးနှင့် အဖွဲ့က ရိုက်နှက်သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။
စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန် မိုးကောင်းမြို့နယ် ရဲစခန်းတွင် PDF ထောက်ပံ့သည် ဆိုသော စွပ်စွဲချက်ဖြင့် (ပ) နံပါတ် ၅၉/၂၀၂၃ ၊ အကြမ်း ဖက်တိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)/၅၂(က)/၅၄ဖြင့်တရားစွဲခံထားရသော ဒေါ်ခင်မာရွှေကို စစ်ဆေးရန် မိုးကောင်းမြို့အခြေစိုက်
အမှတ် ၃ ခြေလျင် တပ်မဟာမှ ဗိုလ်မှူးတင်မျိုးလွင်က မိုးကောင်း ရဲစခန်းကို ဖုန်းဆက်လာကြောင်း၊ ထို့ကြောင့် ရဲအုပ်ဇာနည်ဇော်၊ ရဲမေ တပ်သား ကျော့ကဆုန်တို့ က ဒေါ်ခင်မာရွှေကို စစ်တပ်လက်ထဲသို့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် အပြီး လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း၊ စစ်တပ်မှ ဗိုလ်မှူး တင်မျိုးလွင် လက်ထဲသို့ လွှဲပြောင်းချိန်က ဒေါ်ခင်မာရွှေသည် ကျန်းမာရေး အလွန်ကောင်းမွန်ကြောင်း သိရှိရသည်။
ယင်းနောက် နာရီအနည်းငယ်အကြာ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ် နာရီခန့်တွင် အမှတ် ၃ ခြေလျင် တပ်မဟာမှ ဗိုလ်ကြီးတင်ကိုကိုဇော်နှင့်အဖွဲ့က ဒေါ်ခင်မာရွှေကို မိုးကောင်းရဲစခန်းသို့ ပြန်လည် ခေါ်ဆောင်လာကြောင်း၊ ယင်းသို့ ခေါ်ဆောင်လာချိန်တွင် ဒေါ်ခင်မာရွှေမှာ ရိုက်နှက်ခံရသည့်ဒဏ်ရာများဖြင့် မေ့မျှောနေခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် စစ်ကြောရေး လုပ်ခဲ့သူ ဗိုလ်မှူးတင်မျိုးလွင်က ဒေါ်ခင်မာရွှေကို တပ်နယ်ဆေးခန်း သို့ခေါ်ဆောင်လာရန် ညွှန်ကြားလာသဖြင့် မိုးကောင်းမြို့နယ် စခန်းမှူး ဒုရဲမှူး၀င်းမင်းသိန်း ၊ရဲမေ ကျော့ကဆုန်တို့က စက်တင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် ဆေးခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊
စစ်ဆေးဗိုလ်ကြီးကျော်ဇေယျက ဒေါ်ခင်မာရွှေကို စမ်းသပ်ခဲ့ပြီးနောက် အခြေအနေ မကောင်းတော့ကြောင်း၊ စက်တင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကြောရေးတွင် ရိုက်နှက်ခဲ့သော ဒဏ်ရာများဖြင့် ဒေါ်ခင်မာရွှေ သေဆုံးခဲ့ရကြောင်း သိရှိရသည်။
မိုးကောင်းမြို့၊ စင်ရော်စက်သုံးဆီဆိုင် ပိုင်ရှင် ဒေါ်ခင်မာရွှေသည် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးချိန်တွင် အသက်(၅၀)နှစ်ရှိနေပြီဖြစ်ပြီး ၎င်း၏ အမျိုးသားအပါအဝင် ဆိုင်အလုပ်သမား များမှာ ဆက်လက် အဖမ်းခံထားရဆဲဖြစ်ကြောင်း၊ ဒေါ်ခင်မာရွှေ ပိုင်ဆိုင်သော စင်ရော် စက်သုံးဆီ ဆိုင်ကိုလည်း စစ်တပ်က မြေကော်စက်များဖြင့် အိမ်ရော၊ ဆိုင်ပါ ဖြိုချ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
မိုးေကာင္းၿမိဳ႕၊ စင္ေရာ္ စက္သုံးဆီပိုင္ရွင္ ေဒၚခင္မာေရႊကို PDF ေထာက္ပံ့ သည္ဆိုေသာ စြပ္စြဲခ်က္ ျဖင့္ အမွတ္(၃)ေျခလ်င္တပ္မဟာမွ ဗိုလ္မႉးႏွင့္အဖြဲ႕က ရိုက္ႏွက္သတ္ျဖတ္၊ စစ္တပ္ထဲသို႔ ေခၚၿပီး နာရီအနည္းငယ္အတြင္း ရိုက္ႏွက္ သတ္ျဖတ္ခဲ့
စက္တင္ဘာ ၁၅
ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕ ရွိ စင္ေရာ္ စက္သုံးဆီပိုင္ရွင္ ေဒၚခင္မာေရႊကို PDF ေထာက္ပံ့ သည္ဆိုေသာ စြပ္စြဲခ်က္ျဖင့္ မိုးေကာင္းၿမိဳ႕အေျခစိုက္ အမွတ္ ၃ ေျခလ်င္ တပ္မဟာမွ ဗိုလ္မႉးႏွင့္ အဖြဲ႕က ရိုက္ႏွက္သတ္ျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း စစ္တပ္သတင္းရင္းျမစ္က အတည္ျပဳ ေျပာဆိုသည္။
စက္တင္ဘာလ ၁၁ ရက္ေန႔ ညေန ၃ နာရီအခ်ိန္ မိုးေကာင္းၿမိဳ႕နယ္ ရဲစခန္းတြင္ PDF ေထာက္ပံ့သည္ ဆိုေသာ စြပ္စြဲခ်က္ျဖင့္ (ပ) နံပါတ္ ၅၉/၂၀၂၃ ၊ အၾကမ္း ဖက္တိုက္ ဖ်က္ေရးဥပေဒပုဒ္မ ၅၀(ည)/၅၂(က)/၅၄ျဖင့္တရားစြဲခံထားရေသာ ေဒၚခင္မာေရႊကို စစ္ေဆးရန္ မိုးေကာင္းၿမိဳ႕အေျခစိုက္
အမွတ္ ၃ ေျခလ်င္ တပ္မဟာမွ ဗိုလ္မႉးတင္မ်ိဳးလြင္က မိုးေကာင္း ရဲစခန္းကို ဖုန္းဆက္လာေၾကာင္း၊ ထို႔ေၾကာင့္ ရဲအုပ္ဇာနည္ေဇာ္၊ ရဲေမ တပ္သား ေက်ာ့ကဆုန္တို႔ က ေဒၚခင္မာေရႊကို စစ္တပ္လက္ထဲသို႔ စက္တင္ဘာလ ၁၁ ရက္ေန႔ ညေန ၃ နာရီ ၄၅ မိနစ္တြင္ အၿပီး လႊဲေျပာင္း ေပးအပ္ခဲ့ေၾကာင္း၊ စစ္တပ္မွ ဗိုလ္မႉး တင္မ်ိဳးလြင္ လက္ထဲသို႔ လႊဲေျပာင္းခ်ိန္က ေဒၚခင္မာေရႊသည္ က်န္းမာေရး အလြန္ေကာင္းမြန္ေၾကာင္း သိရွိရသည္။
ယင္းေနာက္ နာရီအနည္းငယ္အၾကာ စက္တင္ဘာလ ၁၁ ရက္ေန႔ ညေန ၆ နာရီ ၃၀ မိနစ္ နာရီခန႔္တြင္ အမွတ္ ၃ ေျခလ်င္ တပ္မဟာမွ ဗိုလ္ႀကီးတင္ကိုကိုေဇာ္ႏွင့္အဖြဲ႕က ေဒၚခင္မာေရႊကို မိုးေကာင္းရဲစခန္းသို႔ ျပန္လည္ ေခၚေဆာင္လာေၾကာင္း၊ ယင္းသို႔ ေခၚေဆာင္လာခ်ိန္တြင္ ေဒၚခင္မာေရႊမွာ ရိုက္ႏွက္ခံရသည့္ဒဏ္ရာမ်ားျဖင့္ ေမ့ေမၽွာေနခဲ့ၿပီျဖစ္ေၾကာင္း သိရွိရသည္။
ထို႔ေနာက္ စစ္ေၾကာေရး လုပ္ခဲ့သူ ဗိုလ္မႉးတင္မ်ိဳးလြင္က ေဒၚခင္မာေရႊကို တပ္နယ္ေဆးခန္း သို႔ေခၚေဆာင္လာရန္ ညႊန္ၾကားလာသျဖင့္ မိုးေကာင္းၿမိဳ႕နယ္ စခန္းမႉး ဒုရဲမႉး၀င္းမင္းသိန္း ၊ရဲေမ ေက်ာ့ကဆုန္တို႔က စက္တင္ဘာလ ၁၁ ရက္ေန႔ ည ၇ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ေဆးခန္းသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း၊
စစ္ေဆးဗိုလ္ႀကီးေက်ာ္ေဇယ်က ေဒၚခင္မာေရႊကို စမ္းသပ္ခဲ့ၿပီးေနာက္ အေျခအေန မေကာင္းေတာ့ေၾကာင္း၊ စက္တင္ဘာလ ၁၁ ရက္ေန႔ ည ၁၀ နာရီ ၁၅ မိနစ္အခ်ိန္တြင္ စစ္ေၾကာေရးတြင္ ရိုက္ႏွက္ခဲ့ေသာ ဒဏ္ရာမ်ားျဖင့္ ေဒၚခင္မာေရႊ ေသဆုံးခဲ့ရေၾကာင္း သိရွိရသည္။
မိုးေကာင္းၿမိဳ႕၊ စင္ေရာ္စက္သုံးဆီဆိုင္ ပိုင္ရွင္ ေဒၚခင္မာေရႊသည္ စစ္တပ္၏ သတ္ျဖတ္မႈေၾကာင့္ ေသဆုံးခ်ိန္တြင္ အသက္(၅၀)ႏွစ္ရွိေနၿပီျဖစ္ၿပီး ၎၏ အမ်ိဳးသားအပါအဝင္ ဆိုင္အလုပ္သမား မ်ားမွာ ဆက္လက္ အဖမ္းခံထားရဆဲျဖစ္ေၾကာင္း၊ ေဒၚခင္မာေရႊ ပိုင္ဆိုင္ေသာ စင္ေရာ္ စက္သုံးဆီ ဆိုင္ကိုလည္း စစ္တပ္က ေျမေကာ္စက္မ်ားျဖင့္ အိမ္ေရာ၊ ဆိုင္ပါ ၿဖိဳခ် ဖ်က္ဆီးခဲ့ေၾကာင္း သိရွိရသည္။