ယင်းမာပင်မြို့နယ်တွင် ကင်းထောက်ရန် ထွက်လာသည့် စစ်သား ၁ ဦးကို ပစ်ခတ် ဖမ်းဆီးရာ သေဆုံး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်သူကျေးရွာအနီးရှိ သစ်ကွင်းမှ ကင်းထောက်ရန် ထွက်ခွာလာ သော စစ်သား ၁ ဦးကို ပစ်ခတ် ဖမ်းဆီးရာ သေဆုံးသွားကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး -ULF မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီခန့်က စည်သူသစ်ကွင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ ကင်းထောက်ရန် ထွက်လာသော စစ်သားတစ်ဦးကို
ပြည်သူ့ကာကွယ်ရေး ကင်းထောက်အဖွဲ့မှ တွေ့ရှိပြီး မေးမြန်းရန် ဖမ်းဆီးစဉ် ထွက်ပြေးသွားသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွား ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးမှုကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULF ၊ ComradeColumn အဖွဲ့ဝင် ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုနှင့် မဟာမိတ် Peacock Brother Local PDF တို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်
ယင္းမာပင္ၿမိဳ႕နယ္တြင္ ကင္းေထာက္ရန္ ထြက္လာသည့္ စစ္သား ၁ ဦးကို ပစ္ခတ္ ဖမ္းဆီးရာ ေသဆုံး
စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္၊ စည္သူေက်းရြာအနီးရွိ သစ္ကြင္းမွ ကင္းေထာက္ရန္ ထြက္ခြာလာ ေသာ စစ္သား ၁ ဦးကို ပစ္ခတ္ ဖမ္းဆီးရာ ေသဆုံးသြားေၾကာင္း ျပည္ေထာင္စုလြတ္ေျမာက္ေရးတပ္ဦး -ULF မွတာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
ယေန႔ စက္တင္ဘာလ ၁၁ ရက္ နံနက္ ၁၀ နာရီခန႔္က စည္သူသစ္ကြင္း၌ တပ္စြဲထားေသာ အၾကမ္းဖက္ စစ္တပ္မွ ကင္းေထာက္ရန္ ထြက္လာေသာ စစ္သားတစ္ဦးကို
ျပည္သူ႔ကာကြယ္ေရး ကင္းေထာက္အဖြဲ႕မွ ေတြ႕ရွိၿပီး ေမးျမန္းရန္ ဖမ္းဆီးစဥ္ ထြက္ေျပးသြားသျဖင့္ လိုက္လံပစ္ခတ္ဖမ္းဆီးရာ ေသဆုံးသြား ေၾကာင္း သိရသည္။
အဆိုပါဖမ္းဆီးမႈကို ျပည္ေထာင္စုလြတ္ေျမာက္ေရးတပ္ဦး – ULF ၊ ComradeColumn အဖြဲ႕ဝင္ ခ်ိဳမိုင္မိုင္ ေတာ္လွန္ေရးအင္အားစုႏွင့္ မဟာမိတ္ Peacock Brother Local PDF တို႔ ပူးေပါင္းကာ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္