ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ကုန်းရွာနှင့် ညောင်ပင်အိုင်ရွာ အကြားတွင် လမ်းသွား လမ်းလာ ပြည်သူများကို စစ်ဆေးနေသည့် အင်အား ၅၀ ခန့်ပါ
အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Dragon Brothers (GBK-PDF) မှ လက်လုပ် ၄၀ မမဖြင့် သွားရောက် ပစ်ခတ်ခဲ့ပြီး ကင်းပုန်းဝပ်နေသော စစ်သားများနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်
တိုက်ခိုက်မှု အတွင်း စစ်သား ၃ ဦး သေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ သေဆုံးသွားသော စစ်သား အလောင်းများကို နာရေးကား ၃ စီးဖြင့် သယ်ဆောင်သွားကြောင်း သိရှိရသည်
” စစ်ခွေး ၃ ကောင်သေတာကတော့ အတည်ပြုနိုင်တယ်။ စစ်ခွေး အလောင်းတွေကို နာရေးကားနဲ့ သယ်သွားတယ်လို့ သိရတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုန်းရွာဘုန်းကြီးကျောင်းတွင် အထိုင်ချနေပြီး ကွင်းချောင်းအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင်လည်း စစ်သား တချို့ကို တပ်ဖြန့်ထားကြောင်း၊ အာဏာရှင်ကျဆုံးရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးပန်းတိုင်သည် အချိန်နှင့်အမျှ နီးကပ်လာသည်နှင့် အညီ
တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ဒေါက်တိုင်များ၊ ခြေကုပ်စခန်းများနှင့် စစ်ကြောင်းများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Dragon Brothers (GBK-PDF) က ထုတ်ပြန်ထားသည်။
ႀကိဳ႕ပင္ေကာက္တြင္ စစ္တပ္ စစ္ေၾကာင္းကို လက္နက္ႀကီးျဖင့္ ပစ္ခတ္ၿပီး ကင္းပုန္းကို ဝင္ေရာက္ တိုက္ခိုက္မႈ စစ္သား ၃ ဦးေသဆုံး
ပဲခူးတိုင္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းကို လက္နက္ႀကီးျဖင့္ ပစ္ခတ္ၿပီး ကင္းပုန္းကို ဝင္ေရာက္ တိုက္ခိုက္ရာ စစ္သား ၃ ဦးေသဆုံးခဲ့ေၾကာင္း သာယာဝတီခရိုင္ PDF မွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
မြန္းလြဲ ၁ နာရီ ဝန္းက်င္ခန္႔တြင္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္၊ ကုန္းရြာႏွင့္ ေညာင္ပင္အိုင္ရြာ အၾကားတြင္ လမ္းသြား လမ္းလာ ျပည္သူမ်ားကို စစ္ေဆးေနသည့္ အင္အား ၅၀ ခန္႔ပါ
အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းကို Dragon Brothers (GBK-PDF) မွ လက္လုပ္ ၄၀ မမျဖင့္ သြားေရာက္ ပစ္ခတ္ခဲ့ၿပီး ကင္းပုန္းဝပ္ေနေသာ စစ္သားမ်ားႏွင့္ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္
တိုက္ခိုက္မႈ အတြင္း စစ္သား ၃ ဦး ေသဆုံးကာ ၅ ဦး ထိခိုက္ ဒဏ္ရာ ရရွိကာ ေသဆုံးသြားေသာ စစ္သား အေလာင္းမ်ားကို နာေရးကား ၃ စီးျဖင့္ သယ္ေဆာင္သြားေၾကာင္း သိရွိရသည္
” စစ္ေခြး ၃ ေကာင္ေသတာကေတာ့ အတည္ျပဳနိုင္တယ္။ စစ္ေခြး အေလာင္းေတြကို နာေရးကားနဲ႔ သယ္သြားတယ္လို႔ သိရတယ္” ဟု သာယာဝတီခရိုင္ PDF မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္
အဆိုပါ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းသည္ ကုန္းရြာဘုန္းႀကီးေက်ာင္းတြင္ အထိုင္ခ်ေနၿပီး ကြင္းေခ်ာင္းအုပ္ခ်ဳပ္ေရးမႉး၏ ေနအိမ္တြင္လည္း စစ္သား တခ်ိဳ႕ကို တပ္ျဖန္႔ထားေၾကာင္း၊ အာဏာရွင္က်ဆုံးေရးႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ တည္ေဆာက္ေရးပန္းတိုင္သည္ အခ်ိန္ႏွင့္အမၽွ နီးကပ္လာသည္ႏွင့္ အညီ
ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားအေနျဖင့္ အၾကမ္းဖက္ စစ္တပ္၏ ေဒါက္တိုင္မ်ား၊ ေျခကုပ္စခန္းမ်ားႏွင့္ စစ္ေၾကာင္းမ်ားကို တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း Dragon Brothers (GBK-PDF) က ထုတ္ျပန္ထားသည္။