သတင္း

၅/ တို့ ပွဲကနေပီ

အရာတော်၊ နောင်ကြီးအိုင်ရွာ အနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ

စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် နောင်ကြီးအိုင်ရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ် ပစ်ကူများဖြင့် ကျေးရွာပတ်ပတ်လည်လည်ကို ပစ်ခတ် လျက်ရှိကြောင်း သိရသည်

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က အရာတော်-နောင်ကြီးအိုင် လမ်းပိုင်းကို ပိတ်ထားကြောင်း၊ နောင်ကြီးအိုင်ရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်

” အရာတော်နယ်က နောင်ကြီးအိုင်ရွာ အနီးမှာ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက ရဟတ်ယာဥ်နဲ့ လာပစ်တယ်လို့သိရတယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး။ ထိခိုက်မှု အခြေအနေတွေလည်း မသိရသေးဘူး။

အခု စစ်ခွေးတွေက အရာတော် – နောင်ကြီးအိုင် လမ်းပိုင်းကို ပိတ်ထားလိုက်ပြီ ပြည်သူတွေလည်း ဘေးလွတ်ရာ ပြေးနေရတယ်လို့ သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

အရာေတာ္၊ ေနာင္ႀကီးအိုင္ရြာ အနီး တိုက္ပြဲျဖစ္ပြားၿပီးေနာက္ စစ္တပ္က ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္ေန

စက္တင္ဘာ ၁၅

စစ္ကိုင္းတိုင္း၊ အရာေတာ္ၿမိဳ႕နယ္၊ ေနာင္ႀကီးအိုင္ရြာအနီး တိုက္ပြဲျဖစ္ပြားၿပီးေနာက္ အၾကမ္းဖက္ စစ္တပ္က ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္ေနေၾကာင္း ေရဦးအေျချပဳ People’s Defense Comrade ျပန္ၾကားေရးတာဝန္ခံ ထူးခန္႔ေဇာ္ (အေမ့သား) က ေျပာဆိုသည္။

ယေန႔ နံနက္ပိုင္းတြင္ ေနာင္ႀကီးအိုင္ရြာအနီး အၾကမ္းဖက္ စစ္တပ္ႏွင့္ ေတာ္လွန္ေရး တပ္ဖြဲ႕မ်ား တိုက္ပြဲျဖစ္ပြားၿပီးေနာက္ အၾကမ္းဖက္ စစ္တပ္က ရဟတ္ယာဥ္ ပစ္ကူမ်ားျဖင့္ ေက်းရြာပတ္ပတ္လည္လည္ကို ပစ္ခတ္ လ်က္ရွိေၾကာင္း သိရသည္

လက္ရွိခ်ိန္တြင္ အၾကမ္းဖက္ စစ္တပ္က အရာေတာ္-ေနာင္ႀကီးအိုင္ လမ္းပိုင္းကို ပိတ္ထားေၾကာင္း၊ ေနာင္ႀကီးအိုင္ရြာႏွင့္ အနီးအနားရွိ ေက်းရြာမ်ားမွ ျပည္သူမ်ားလည္း ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ ေနရေၾကာင္း သိရွိရသည္

” အရာေတာ္နယ္က ေနာင္ႀကီးအိုင္ရြာ အနီးမွာ တိုက္ပြဲျဖစ္ၿပီး စစ္ေခြးေတြက ရဟတ္ယာဥ္နဲ႔ လာပစ္တယ္လို႔သိရတယ္။ အေျခအေန အေသးစိတ္ေတာ့ မသိရေသးဘူး။ ထိခိုက္မႈ အေျခအေနေတြလည္း မသိရေသးဘူး။

အခု စစ္ေခြးေတြက အရာေတာ္ – ေနာင္ႀကီးအိုင္ လမ္းပိုင္းကို ပိတ္ထားလိုက္ၿပီ ျပည္သူေတြလည္း ေဘးလြတ္ရာ ေျပးေနရတယ္လို႔ သိရတယ္” ဟု ေရဦးအေျချပဳ People’s Defense Comrade ျပန္ၾကားေရးတာဝန္ခံ ထူးခန္႔ေဇာ္ (အေမ့သား) က ေျပာဆိုသည္။