ခမရ ၂၄၇ တပ်မှ စစ်သား အများအပြား ကရင်နီတိုက်ပွဲတွင် သေဆုံး၊ ဒုက္ခတိ အတို အပြတ် ဘ၀ ရောက်ရှိခြင်းတို့ကြောင့် ရှေ့တန်း မသွားလို ကြတော့ သော် လည်း စစ်ကောင်စီက တိုက်ပွဲ ထဲသို့ ထပ်မံ စေလွှတ်ပြန်၊ မိသားစုဝင်များ ငိုယိုပူဆွေး ပွတ်လောရိုက်
ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့အခြေစိုက် ခမရ ၂၄၇ တပ်မှ စစ်သားနှင့်အရာရှိများ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများတွင် သေဆုံးခြင်းနှင့် ကျည်ထိမှန်ဒဏ်ရာ ရသဖြင့် အတိုအပြတ် ဒုက္ခတိ ဘ၀ရောက်ရှိနေခြင်းတို့ကြောင့် ရှေ့တန်းမထွက် လိုကြ တော့သော်လည်း စစ်ကောင်စီက ကရင်နီတိုက်ပွဲဧရိယာသို့ ထပ်မံ စေလွှတ်နေသဖြင့် တပ်သားများနှင့်မိသားစုဝင်များ စိတ်ဆင်းရဲနေကြကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။
လွန်ခဲ့သော လများအတွင်း ခမရ ၂၄၇ မှ တပ်သားများနှင့် အရာရှိများကို ကရင်နီပြည်နယ် ရှေ့တန်း စစ်မျက်နှာပြင်သို့ စေလွှတ်ခဲ့ကြောင်း၊ ထိုသို့ စေလွှတ်ခဲ့ရာတွင် တပ်သားအများအပြား သေဆုံးခဲ့ပြီး ဒုက္ခတိ ဘ၀ ရောက်ရှိသူ များလည်း အများအပြားရှိကြောင်း၊ တိုက်ပွဲကြောင့် ဒဏ်ရာရရှိသူများပင် ဆေးကုသ၍ မပြီးဆုံးသေးခင်မှာပင် ရှေ့တန်းသွားရန် ထပ်မံ စေလွှတ်လာ ခြင်းဖြစ်ကြောင်း သိရှိရသည်။
“နမ့်ဆန် ခမရ ၂၄၇ မှာ ကျတာက ၃၀ ကျော်တယ်။ ဒဏ်ရာရတာကလည်း ၅၀ လောက်ရှိတယ်။ အခု ဒုက္ခတိ အတိုအပြတ်တွေတောင် အောင်ပန်း ကုတင် ၇၀၀ ဆေးရုံမှာ ကုသလို့ မပြီးသေးဘူး။ အဲဒါကို ထပ်ပြီး ရှေ့တန်းကို ထပ်လွှတ် တယ်။ ရှိတဲ့လူတွေကို ရှေ့တန်း ထပ်ထွက်ခိုင်းတာ။ အဲဒီတော့ တပ်ထဲမှာ ပွတ်လောရိုက်ကုန်နေတယ်” ဟု တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြ သည်။
ရှေ့တန်းထွက်ရမည့် စစ်သားများနှင့်မိသားစုဝင်များကလည်း စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေကြပြီး ရှေ့တန်းတွင် သေမည် ဆိုသည့် စိတ် ဖြစ်နေကြကြောင်း၊ နယ်မြေမကျွမ်းကျင်သော ဒေသဖြစ်၍ ရှေ့တန်းတွင် အရှုံးသာလျှင် ရင်ဆိုင်ရ မည်ဟု မိသားစုဝင်များက ခံစားနေကြရကာ တချို့မှာလည်း ထွက်ပြေး တိမ်း ရှောင်လိုကြကြောင်း သိရှိရသည်။
“နောက်တန်းကျန်တဲ့ ဒဏ်ရာရ ဒုက္ခိတတွေအတွက် မိသားစုဝင်တွေက အောင် ပန်း ဆေးရုံမှာ လူနာစောင့်သွားနေရတယ်။ ကောင်းနေတဲ့ လူတွေကျ တော့လည်း ရှေ့တန်းထွက်ရရင် ပြန်လမ်းမရှိတော့ဘူးဆိုပြီး မိသားစုဝင် ငိုကြ ယိုကြဖြစ်နေကြတယ်။ တပ်က ပြေးချင်ကြပေမယ့် မိသားစုလိုက်ကြီး ပြေးဖို့က လည်း မလွယ်တော့ မိသားစုကို ငဲ့ပြီး ပြေးမရကြပြန်ဘူး” ဟု တပ်တွင်း သတင်း ရင်းမြစ်က ဆိုသည်။
ကရင်နီပြည်နယ်တွင် စစ်တပ် အင်အားအလုံးအရင်း တိုးချဲ့၍ ဆုံးရှုံးသွားသော တပ်စခန်းများ ပြန်လည် ရရှိရေး၊ နယ်မြေစိုးမိုးရေး အတွက် ကြိုးပမ်းနေသော် လည်း သေဆုံးသူများပြားကာ စစ်တပ် ရှေ့တန်းတွင် အရှုံးနှင့်ရင်ဆိုင်နေ ရ ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကရင်နီပြည်နယ်တိုက်ပွဲတွင် ယခုရက်ပိုင်းအတွင်း သေဆုံးသွားသော စစ်အရာရှိတစ်ဦး၏ နာရေး ပြင်ဆင်ထားမှု။
ခမရ ၂၄၇ တပ္မွ စစ္သား အမ်ားအျပား ကရင္နီတိုက္ပြဲတြင္ ေသဆုံး၊ ဒုကၡတိ အတို အျပတ္ ဘ၀ ေရာက္ရွိျခင္းတို႔ေၾကာင့္ ေရွ႕တန္း မသြားလို ၾကေတာ့ ေသာ္ လည္း စစ္ေကာင္စီက တိုက္ပြဲ ထဲသို႔ ထပ္မံ ေစလႊတ္ျပန္၊ မိသားစုဝင္မ်ား ငိုယိုပူေဆြး ပြတ္ေလာရိုက္
ရွမ္းျပည္နယ္၊ နမ့္ဆန္ၿမိဳ႕အေျခစိုက္ ခမရ ၂၄၇ တပ္မွ စစ္သားႏွင့္အရာရွိမ်ား ကရင္နီျပည္နယ္အတြင္း တိုက္ပြဲမ်ားတြင္ ေသဆုံးျခင္းႏွင့္ က်ည္ထိမွန္ဒဏ္ရာ ရသျဖင့္ အတိုအျပတ္ ဒုကၡတိ ဘ၀ေရာက္ရွိေနျခင္းတို႔ေၾကာင့္ ေရွ႕တန္းမထြက္ လိုၾက ေတာ့ေသာ္လည္း စစ္ေကာင္စီက ကရင္နီတိုက္ပြဲဧရိယာသို႔ ထပ္မံ ေစလႊတ္ေနသျဖင့္ တပ္သားမ်ားႏွင့္မိသားစုဝင္မ်ား စိတ္ဆင္းရဲေနၾကေၾကာင္း တပ္တြင္းသတင္းရင္းျမစ္က ေျပာဆိုသည္။
လြန္ခဲ့ေသာ လမ်ားအတြင္း ခမရ ၂၄၇ မွ တပ္သားမ်ားႏွင့္ အရာရွိမ်ားကို ကရင္နီျပည္နယ္ ေရွ႕တန္း စစ္မ်က္ႏွာျပင္သို႔ ေစလႊတ္ခဲ့ေၾကာင္း၊ ထိုသို႔ ေစလႊတ္ခဲ့ရာတြင္ တပ္သားအမ်ားအျပား ေသဆုံးခဲ့ၿပီး ဒုကၡတိ ဘ၀ ေရာက္ရွိသူ မ်ားလည္း အမ်ားအျပားရွိေၾကာင္း၊ တိုက္ပြဲေၾကာင့္ ဒဏ္ရာရရွိသူမ်ားပင္ ေဆးကုသ၍ မၿပီးဆုံးေသးခင္မွာပင္ ေရွ႕တန္းသြားရန္ ထပ္မံ ေစလႊတ္လာ ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“နမ့္ဆန္ ခမရ ၂၄၇ မွာ က်တာက ၃၀ ေက်ာ္တယ္။ ဒဏ္ရာရတာကလည္း ၅၀ ေလာက္ရွိတယ္။ အခု ဒုကၡတိ အတိုအျပတ္ေတြေတာင္ ေအာင္ပန္း ကုတင္ ၇၀၀ ေဆး႐ုံမွာ ကုသလို႔ မၿပီးေသးဘူး။ အဲဒါကို ထပ္ၿပီး ေရွ႕တန္းကို ထပ္လႊတ္ တယ္။ ရွိတဲ့လူေတြကို ေရွ႕တန္း ထပ္ထြက္ခိုင္းတာ။ အဲဒီေတာ့ တပ္ထဲမွာ ပြတ္ေလာရိုက္ကုန္ေနတယ္” ဟု တပ္ႏွင့္နီးစပ္ေသာ သတင္းရင္းျမစ္က ရွင္းၿပ သည္။
ေရွ႕တန္းထြက္ရမည့္ စစ္သားမ်ားႏွင့္မိသားစုဝင္မ်ားကလည္း စိုးရိမ္ထိတ္လန႔္ ေၾကာက္ရြံ့ေနၾကၿပီး ေရွ႕တန္းတြင္ ေသမည္ ဆိုသည့္ စိတ္ ျဖစ္ေနၾကေၾကာင္း၊ နယ္ေျမမကၽြမ္းက်င္ေသာ ေဒသျဖစ္၍ ေရွ႕တန္းတြင္ အရႈံးသာလၽွင္ ရင္ဆိုင္ရ မည္ဟု မိသားစုဝင္မ်ားက ခံစားေနၾကရကာ တခ်ိဳ႕မွာလည္း ထြက္ေျပး တိမ္း ေရွာင္လိုၾကေၾကာင္း သိရွိရသည္။
“ေနာက္တန္းက်န္တဲ့ ဒဏ္ရာရ ဒုကၡိတေတြအတြက္ မိသားစုဝင္ေတြက ေအာင္ ပန္း ေဆး႐ုံမွာ လူနာေစာင့္သြားေနရတယ္။ ေကာင္းေနတဲ့ လူေတြက် ေတာ့လည္း ေရွ႕တန္းထြက္ရရင္ ျပန္လမ္းမရွိေတာ့ဘူးဆိုၿပီး မိသားစုဝင္ ငိုၾက ယိုၾကျဖစ္ေနၾကတယ္။ တပ္က ေျပးခ်င္ၾကေပမယ့္ မိသားစုလိုက္ႀကီး ေျပးဖို႔က လည္း မလြယ္ေတာ့ မိသားစုကို ငဲ့ၿပီး ေျပးမရၾကျပန္ဘူး” ဟု တပ္တြင္း သတင္း ရင္းျမစ္က ဆိုသည္။
ကရင္နီျပည္နယ္တြင္ စစ္တပ္ အင္အားအလုံးအရင္း တိုးခ်ဲ႕၍ ဆုံးရႈံးသြားေသာ တပ္စခန္းမ်ား ျပန္လည္ ရရွိေရး၊ နယ္ေျမစိုးမိုးေရး အတြက္ ႀကိဳးပမ္းေနေသာ္ လည္း ေသဆုံးသူမ်ားျပားကာ စစ္တပ္ ေရွ႕တန္းတြင္ အရႈံးႏွင့္ရင္ဆိုင္ေန ရ ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ကရင္နီျပည္နယ္တိုက္ပြဲတြင္ ယခုရက္ပိုင္းအတြင္း ေသဆုံးသြားေသာ စစ္အရာရွိတစ္ဦး၏ နာေရး ျပင္ဆင္ထားမႈ။