သတင္း

အမျိုးဘာသာစောင့်ရှောက်နေတာ တပ်မတော်ကြီး လာခဲ့အဝီစိ

အင်းတော်မှာ လေယာဥ်နဲ့ ပစ်ခတ်ခဲ့လို့ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်၊ ကပ္ပိယ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၅ ရက် ည ၈ နာရီကျော်မှာ ရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းထိုင်ဘုန်းတော်ကြီး ၁ ပါး ပျံလွန်ပြီး ကပ္ပိယအမျိုးသား ၁ ဦးလည်းသေဆုံးခဲ့တယ်လို့ Indaw Revolution-IRက ပြောပါတယ်

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ခရမ်းစပ်ကုန်းရွာရဲ့ ဘုန်းတော်ကြီးကျောင်းကို တံတားဦးလေတပ်ကနေ ထွက်လာတဲ့ ရဟတ်ယာဥ် ၁ စီးက ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို အင်းတော်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကုန်းစခန်းကလည်း ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်

“တိုက်ပွဲမဖြစ်ဘဲ ဘာကြောင့်ဗုံးကြဲတိုက်ခိုက်လဲ မသိဘူးဗျ။ ဆရာတော်နဲ့ ကပ္ပိယကတော့ ပွဲချင်းပြီး ပျံသွားတာ။ ရွာသားတွေတော့ အထိအခိုက် မရှိခဲ့ဘူး။ ဘုန်းကြီးကျောင်းကိုပဲ ကြဲသွားတာဖြစ်လို့” လို့ Indaw Revolution-IR မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရဟတ်ယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် သက်တော် ၇၇ နှစ်ရှိတဲ့ ဆရာတော် အရှင်ရာဇိန္ဒ ပျံလွန်ခဲ့ပြီး ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ ကပ္ပိယအမျိုးသားလည် သေဆုံးခဲ့တာပါ

လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ပရဝုဏ်အတွင်းက ဇရပ်ဆောင် ၁ ဆောင်နဲ့ ကျောင်းမကြီးတို့ ပျက်စီးခဲ့သလို လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်တလုံးလည်းပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါ တယ်

၂၀၂၂ – ၂၀၂၃ အတွင်း စစ်ကောင်စီတပ်က အင်းတော်မြို့နယ်ကို အခုတိုက်မှုအပါအဝင် လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်အထိပြုလုပ်ခဲ့ရာမှာ ဂဟဲကျေးရွာကို ၁ ကြိမ်၊ နန့်သာကျေးရွာ ၄ ကြိမ်၊ ကျွန်းတောကျေးရွာ ၁ ကြိမ်၊ မော်တိတ်ကျေးရွာ ၁ကြိမ်၊ အလယ်ဆိပ်ကျေးရွာ ၁ ကြိမ်တို့ဖြစ်ကြတယ်လို့သိရပါတယ်

အင္းေတာ္မွာ ေလယာဥ္နဲ႔ ပစ္ခတ္ခဲ့လို႔ ေက်ာင္းထိုင္ဘုန္းႀကီး ပ်ံလြန္၊ ကပၸိယ ၁ ဦးေသဆုံး

စစ္ကိုင္းတိုင္း၊ အင္းေတာ္ၿမိဳ႕နယ္၊ ခရမ္းစပ္ကုန္းေက်းရြာကို စစ္ေကာင္စီတပ္က စက္တင္ဘာ ၁၅ ရက္ ည ၈ နာရီေက်ာ္မွာ ရဟတ္ယာဥ္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာေၾကာင့္ ေက်ာင္းထိုင္ဘုန္းေတာ္ႀကီး ၁ ပါး ပ်ံလြန္ၿပီး ကပၸိယအမ်ိဳးသား ၁ ဦးလည္းေသဆုံးခဲ့တယ္လို႔ Indaw Revolution-IRက ေျပာပါတယ္

တိုက္ပြဲျဖစ္ပြားတာမရွိဘဲ ခရမ္းစပ္ကုန္းရြာရဲ့ ဘုန္းေတာ္ႀကီးေက်ာင္းကို တံတားဦးေလတပ္ကေန ထြက္လာတဲ့ ရဟတ္ယာဥ္ ၁ စီးက ဗုံး ၂ လုံးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့သလို အင္းေတာ္ၿမိဳ႕ေပၚမွာရွိတဲ့စစ္ေကာင္စီတပ္ရဲ့ လက္နက္ႀကီးကုန္းစခန္းကလည္း ၁၂၀ မမ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တယ္လို႔ဆိုပါတယ္

“တိုက္ပြဲမျဖစ္ဘဲ ဘာေၾကာင့္ဗုံးၾကဲတိုက္ခိုက္လဲ မသိဘူးဗ်။ ဆရာေတာ္နဲ႔ ကပၸိယကေတာ့ ပြဲခ်င္းၿပီး ပ်ံသြားတာ။ ရြာသားေတြေတာ့ အထိအခိုက္ မရွိခဲ့ဘူး။ ဘုန္းႀကီးေက်ာင္းကိုပဲ ၾကဲသြားတာျဖစ္လို႔” လို႔ Indaw Revolution-IR မွ တာဝန္ရွိသူတဦးက ေျပာပါတယ္။

ရဟတ္ယာဥ္နဲ႔ ဗုံးၾကဲခဲ့တာေၾကာင့္ သက္ေတာ္ ၇၇ ႏွစ္ရွိတဲ့ ဆရာေတာ္ အရွင္ရာဇိႏၵ ပ်ံလြန္ခဲ့ၿပီး ဘုန္းႀကီးေက်ာင္းမွာ ေနထိုင္တဲ့ ကပၸိယအမ်ိဳးသားလည္ ေသဆုံးခဲ့တာပါ

ေလေၾကာင္းမွ တိုက္ခိုက္မႈေၾကာင့္ ဘုန္းႀကီးေက်ာင္း ပရဝုဏ္အတြင္းက ဇရပ္ေဆာင္ ၁ ေဆာင္နဲ႔ ေက်ာင္းမႀကီးတို႔ ပ်က္စီးခဲ့သလို လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ လူေနအိမ္တလုံးလည္းပ်က္စီးခဲ့တယ္လို႔ သူက ဆက္ေျပာပါ တယ္

၂၀၂၂ – ၂၀၂၃ အတြင္း စစ္ေကာင္စီတပ္က အင္းေတာ္ၿမိဳ႕နယ္ကို အခုတိုက္မႈအပါအဝင္ ေလေၾကာင္းတိုက္ခိုက္မႈ ၉ ႀကိမ္အထိျပဳလုပ္ခဲ့ရာမွာ ဂဟဲေက်းရြာကို ၁ ႀကိမ္၊ နန႔္သာေက်းရြာ ၄ ႀကိမ္၊ ကၽြန္းေတာေက်းရြာ ၁ ႀကိမ္၊ ေမာ္တိတ္ေက်းရြာ ၁ႀကိမ္၊ အလယ္ဆိပ္ေက်းရြာ ၁ ႀကိမ္တို႔ျဖစ္ၾကတယ္လို႔သိရပါတယ္