Uncategorized

ဂရင်းဝုဒ် နဲ့ ဂျာအိုဖီးလစ်ကို ဒဲ့လဲဖို့ ဆုံးဖြတ်လိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ လက်ရှိအချိန်မှာ ရာသီပိတ်သိမ်းသွားခဲ့ပြီ ဖြစ်တာကြောင့် ကစားသမား အဝင်အထွက် ကိစ္စတွေအတွက် ခြေဦးလှည့်လာခဲ့ပါပြီ။

တစ်ဆက်တည်းမှာပဲ အသင်းမှာ လိုအပ်နေတဲ့ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး၊ ခေါ်ယူမယ့် ကစားသမားတွေကိုတော့ အရင်လို ဈေးကြီးပေး ခေါ်တာတွေ လုပ်မှာ မဟုတ်ဘူးလို့ ဆိုထားတာပါ။

နောက်ဆုံး ထွက်ပေါ်လာတဲ့ အပြောင်းအရွေ့ သတင်းအရ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ တိုက်စစ်မှုး မေဆန်ဂရင်းဝုဒ်ကို ထိုက်တန်တဲ့ ပြောင်းရွေ့ကြေးနဲ့ ရောင်းထုတ်သွားဖို့ စီစဥ်ထားပါတယ်။

တစ်ဆက်တည်းမှာပဲ ဂရင်းဝုဒ်ကို လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး၊

ကမ်းလှမ်းမှုအဖြစ် သူတို့ရဲ့တိုက်စစ်မှုး ဂျာအိုဖီးလစ်ကို အပြောင်းအရွေ့ထဲမှာ ထည့်သွင်းသွားမယ်လို့ ဆိုထားတာပါ။

အေတီကိုအသင်းဘက်ကတော့ မေဆန်ဂရင်းဝုဒ်နဲ့ ဂျာအိုဖီးလစ်တို့ကို ကစားသမားချင်း ဒဲ့လဲဖို့ ယူနိုက်တက်အသင်းဆီ တရားဝင် ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။