မန်ချက်စတာယူနိုက်တက်အသင်းကတော့ ရာသီသစ်အတွက် ပထမဆုံး ကစားသမားခေါ်ယူမှု တစ်ခုကို ပြုလုပ်ခဲ့ပါပြီ။
နော်ဝေးလူမျိူး တိုက်စစ်မှုး တစ်ဦးဖြစ်ပြီး၊ အစ်ဆွစ်ပ်တောင်း အသင်းရဲ့ ကစားသမားအဖြစ်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကစားခဲ့သူပါ။
သူကတော့ အသက် ၁၄နှစ်အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှုး ဆေးလ်ဗား မက်ဆက် ဖြစ်ပြီး၊ ပင်ကိုယ်အရည်အသွေး ကြွယ်ဝသူအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ လူငယ်တွေကို ပျိုးထောင်မယ့် အစီစဥ်နဲ့အတူ ၁၄နှစ်အရွယ် မက်ဆက်ကို အနာဂတ် အသင်းအတွက် အရေးပါ အရာရောက် ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ် ခေါ်ယူခဲ့တာပါ။
ဒီကစားသမားဟာလည်း ပြီးခဲ့တဲ့ရာသီ အစ်ပ်ဆွစ်တောင်း ယူ၁၄ အသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်း ပြသခဲ့ပြီး၊ ပရိတ်သတ်တွေရဲ့ အထူး စောင့်ကြည့်ခြင်းကို ခံနေရသူလည်း ဖြစ်ပါတယ်။
ရာသီသစ်မှာ မက်ဆက်အနေနဲ့ ယူနိုက်တက်လူငယ်အသင်းနဲ့အတူ ဘယ်အတိုင်းအတာ အထိ စွမ်းဆောင်ပြ သွားမလည်းဆိုတာ စောင့်ကြည့် သွားရဖို့တော့ ရှိနေပါပြီ။