အေထြအေထြဗဟုသုတ

မကြာခဏ ဆေးကြောသန့်စင်ခြင်း မပြုလုပ်သင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း( ၆) နေရာ…

ခႏၶာကိုယ္ရဲ႕ တခ်ိဳ႕အစိတ္အပိုင္း ေနရာေတြက မၾကာခဏ ေဆးေၾကာ သန္႔စင္ေပးဖို႔ မသင့္ေတာ္ပါဘူး။ ျဖစ္နိုင္မယ္ဆိုရင္ အဲ့ဒိေနရာေတြကို လံုးဝ (သို႔မဟုတ္) အၾကိမ္ေရအနည္းဆံုးသာ ေဆးေၾကာေပးပါ။

၁။ နား

အမွန္တကယ္ အားျဖင့္ နားအတြင္းမွာရွိတဲ့ နဖားေခ်းေတြက အညစ္အေၾကးနွင့္ အပ်က္အစီးမ်ားကို သန္႔စင္ဖယ္ရွား ေပးေနတာပါ။ ဒါ့ေၾကာင့္ ဒီနဖားေခ်းေတြကို ဖယ္ယူ ရွင္းလင္းလိုက္တဲ့အခါ နားကို အကာအကြယ္ မေပးနုိင္ေတာ့သလို ျဖစ္သြားေစပါတယ္။

နားလည္တတ္ကြ်မ္းတဲ့ ဆရာဝန္မ်ားကလည္း အတတ္နိုင္ဆံုး နားကိုသန္႔ရွင္းျခင္း၊ ကေလာ္ျခင္းမ်ား မျပဳလုပ္ဖုိ႔ တိုက္တြန္းထားပါတယ္။

၂။ ဆဲလ္ေသမ်ား

ပံုမွန္အားျဖင့္ တစ္ေန႔လွွ်င္ မ်က္နွာကို ၂ၾကိမ္သစ္ေလ့ ရွိၾကပါတယ္။ သို႔ေသာ္ ေန႔စဥ္ ၾကမ္းၾကမ္းတမ္းတမ္း မ်က္နွာကို ပြတ္တိုက္ ေဆးေၾကာျခင္းမ်ိဳးေတြကို မလုပ္သင့္ဘူးလို႔ ဆိုပါတယ္။ ဥပမာ ဆဲလ္ေသမ်ားကို ဖယ္ရွားျပီး မ်က္နွာျဖဴေအာင္ မၾကာခဏ ေဆးေၾကာသန္႔စင္ျခင္း၊ လြဲမွားတဲ့ ထုတ္ကုန္မ်ား အသံုးျပဳမိျခင္းေတြက သင့္မ်က္နွာ အေရျပားအတြက္ အႏၱရာယ္ ရွိေစပါတယ္။

၃။ အူ

ခႏၶာကိုယ္မွာရွိတဲ့ အစိတ္အပိုင္း ေတာ္ေတာ္မ်ားမ်ား အသည္း၊ အူ၊ ေက်ာက္ကပ္ စသည္တို႔ဟာ သဘာဝအတိုင္း သူ႔ဟာသူ သန္႔စင္တဲ့ အစြမး္သတိၱေတြ ရွိၾကပါတယ္။ သို႔ေသာ္ လူအခ်ိဳ႕ဟာ ဒီလို အစိတ္အပိုင္းေတြကို ေဆးေၾကာရန္ အခ်ိန္နွင့္ ေငြကုန္ေၾကးက်မ်ား မ်ားစြာ ခံေနၾကပါတယ္။

ဒီလို ေဆးေၾကာျခင္းဟာ အူလမ္းေၾကာင္းကို အေနွာင့္အယွက္ မ်ားစြာ ျဖစ္ေစပါတယ္။ အူလမ္းေၾကာင္းကို သဘာဝအတိုင္း အေကာင္းဆံုး သန္႔စင္လိုလွ်င္ေတာ့ အမွ်င္ဓါတ္ၾကြယ္ဝတဲ့ အစားအစာမ်ားကိုသာ မ်ားမ်ား စားသံုးေပးျခင္းျဖင့္ ေဆးေၾကာဖို႔ အၾကံျပဳလိုပါတယ္။

၄။ ဆံပင္

မၾကာခဏ ေခါင္းေလွ်ာ္ျခင္းက ဦးေရျပားအဆီကို ေျခာက္ေသြ႕ေစျပီး ဆံသားကို မြဲေျခာက္ေစတယ္ဆိုတာ သိပါသလား။ မၾကာမၾကာ ေခါင္းေလွ်ာ္ရာမွ ဆံပင္ကြ်တ္ျပီး ထိပ္ေျပာင္၊ ထိပ္ကြက္ျခင္း ေတြကိုပါ ခံစားလာ ရေစနိုင္ပါတယ္။

၅။ နွာေခါင္း

လူတိုင္း နွပ္ခ်ီးဖတ္ နိႈက္ဖူးၾကမယ္ ထင္ပါတယ္။ ဒီလို လက္ေခ်ာင္းမ်ားျဖင့္ နွာေခါင္းနိႈက္ျခင္းက နွာေခါင္းအတြင္းမွာ ေသးငယ္တဲ့ အစင္းရာေတြကို ျဖစ္ေစျပီး နွာေခါင္းကို ယားယံေစကာ ပိုမို နိႈက္ခ်င္စိတ္ေတြ ျဖစ္ေစပါတယ္။

ဒါေၾကာင့္ နွာေခါင္းအတြင္းမွ အညစ္အေၾကးမ်ားကို သန္႔စင္လိုလွ်င္ လက္ျဖင့္မနိႈက္ဘဲ ညွစ္ထုတ္တဲ့ နည္းလမး္ကို အသံုးျပဳေပးဖို႔ တိုက္တြန္းထားပါတယ္။

၆။ မိန္းမကိုယ္

ဟုတ္ပါတယ္။ အမ်ိဳးသမီးမ်ားရဲ႔ မိန္းမကိုယ္ အစိတ္အပိုင္းဟာလည္း သဘာဝအတိုင္း သူ႔ဘာသာသူ သန္႔စင္ေစတဲ့ စြမ္းအင္ ရွိပါတယ္။

ဒါကို အနံ႔အသက္ထြက္လို႔ အေမႊးဆပ္ျပားမ်ားျဖင့္ ေဆးေၾကာ သန္႔စင္ျခင္းက မိန္းမကုိယ္ က်န္းမာေရးအတြက္ လြန္စြာ ထိခိုက္ေစပါတယ္။ ေဆးေၾကာရန္ လိုအပ္ပါကလည္း ေရသီးသန္႔ျဖင့္သာ ေဆးေၾကာေပးပါ။

Credit:မူရင္းေရးသားသူ

Unicode

ခန္ဓာကိုယ်ရဲ့ တချို့အစိတ်အပိုင်း နေရာတွေက မကြာခဏ ဆေးကြော သန့်စင်ပေးဖို့ မသင့်တော်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် အဲ့ဒိနေရာတွေကို လုံးဝ (သို့မဟုတ်) အကြိမ်ရေအနည်းဆုံးသာ ဆေးကြောပေးပါ။

၁။ နား

အမှန်တကယ် အားဖြင့် နားအတွင်းမှာရှိတဲ့ နဖားချေးတွေက အညစ်အကြေးနှင့် အပျက်အစီးများကို သန့်စင်ဖယ်ရှား ပေးနေတာပါ။ ဒါ့ကြောင့် ဒီနဖားချေးတွေကို ဖယ်ယူ ရှင်းလင်းလိုက်တဲ့အခါ နားကို အကာအကွယ် မပေးနိုင်တော့သလို ဖြစ်သွားစေပါတယ်။

နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များကလည်း အတတ်နိုင်ဆုံး နားကိုသန့်ရှင်းခြင်း၊ ကလော်ခြင်းများ မပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်

၂။ ဆဲလ်သေများ

ပုံမှန်အားဖြင့် တစ်နေ့လျှှင် မျက်နှာကို ၂ကြိမ်သစ်လေ့ ရှိကြပါတယ်။ သို့သော် နေ့စဉ် ကြမ်းကြမ်းတမ်းတမ်း မျက်နှာကို ပွတ်တိုက် ဆေးကြောခြင်းမျိုးတွေကို မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဥပမာ ဆဲလ်သေများကို ဖယ်ရှားပြီး မျက်နှာဖြူအောင် မကြာခဏ ဆေးကြောသန့်စင်ခြင်း၊ လွဲမှားတဲ့ ထုတ်ကုန်များ အသုံးပြုမိခြင်းတွေက သင့်မျက်နှာ အရေပြားအတွက် အန္တရာယ် ရှိစေပါတယ်။

၃။ အူ

ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်း တော်တော်များများ အသည်း၊ အူ၊ ကျောက်ကပ် စသည်တို့ဟာ သဘာဝအတိုင်း သူ့ဟာသူ သန့်စင်တဲ့ အစွမး်သတ္တိတွေ ရှိကြပါတယ်။ သို့သော် လူအချို့ဟာ ဒီလို အစိတ်အပိုင်းတွေကို ဆေးကြောရန် အချိန်နှင့် ငွေကုန်ကြေးကျများ များစွာ ခံနေကြပါတယ်။

ဒီလို ဆေးကြောခြင်းဟာ အူလမ်းကြောင်းကို အနှောင့်အယှက် များစွာ ဖြစ်စေပါတယ်။ အူလမ်းကြောင်းကို သဘာဝအတိုင်း အကောင်းဆုံး သန့်စင်လိုလျှင်တော့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာများကိုသာ များများ စားသုံးပေးခြင်းဖြင့် ဆေးကြောဖို့ အကြံပြုလိုပါတယ်။

၄။ ဆံပင်

မကြာခဏ ခေါင်းလျှော်ခြင်းက ဦးရေပြားအဆီကို ခြောက်သွေ့စေပြီး ဆံသားကို မွဲခြောက်စေတယ်ဆိုတာ သိပါသလား။ မကြာမကြာ ခေါင်းလျှော်ရာမှ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်၊ ထိပ်ကွက်ခြင်း တွေကိုပါ ခံစားလာ ရစေနိုင်ပါတယ်။

၅။ နှာခေါင်း

လူတိုင်း နှပ်ချီးဖတ် နှိုက်ဖူးကြမယ် ထင်ပါတယ်။ ဒီလို လက်ချောင်းများဖြင့် နှာခေါင်းနှိုက်ခြင်းက နှာခေါင်းအတွင်းမှာ သေးငယ်တဲ့ အစင်းရာတွေကို ဖြစ်စေပြီး နှာခေါင်းကို ယားယံစေကာ ပိုမို နှိုက်ချင်စိတ်တွေ ဖြစ်စေပါတယ်။

ဒါကြောင့် နှာခေါင်းအတွင်းမှ အညစ်အကြေးများကို သန့်စင်လိုလျှင် လက်ဖြင့်မနှိုက်ဘဲ ညှစ်ထုတ်တဲ့ နည်းလမး်ကို အသုံးပြုပေးဖို့ တိုက်တွန်းထားပါတယ်

၆။ မိန်းမကိုယ်

ဟုတ်ပါတယ်။ အမျိုးသမီးများရဲ့ မိန်းမကိုယ် အစိတ်အပိုင်းဟာလည်း သဘာဝအတိုင်း သူ့ဘာသာသူ သန့်စင်စေတဲ့ စွမ်းအင် ရှိပါတယ်။

ဒါကို အနံ့အသက်ထွက်လို့ အမွှေးဆပ်ပြားများဖြင့် ဆေးကြော သန့်စင်ခြင်းက မိန်းမကိုယ် ကျန်းမာရေးအတွက် လွန်စွာ ထိခိုက်စေပါတယ်။ ဆေးကြောရန် လိုအပ်ပါကလည်း ရေသီးသန့်ဖြင့်သာ ဆေးကြောပေးပါ။

Credit:မူရင်းရေးသားသူ