စင္တာတစ္ခုလုံး ၿငိမ္သက္ၿပီး က်စ္ရစ္ခဲ့တယ္။ အခုအခ်ိန္အထိ မနားရေသးတာက ေဗာ္လန္တီယာေတြနဲ႔ က်န္းမာေရး ဝန္ထမ္းေတြပဲ။ မ်က္ႏွာေတြလည္း မေကာင္းၾကဘူး က်ဴဝင္သူ ရာနဲ႔ခ်ီၿ ပီး Positive ေတြ႕လို႔ စိတ္ထဲမေကာင္းဘူးလို႔ေျပာတယ္ ။
ဒီညေတာ့သန႔္ရွင္းေရးလုပ္ၿပီးရင္ မနက္ျဖန္ညေနအထိသူတို႔ေတြခဏေလးနားပါမယ္ ။ နားေနတဲ့အထိ ေနာက္ဝင္မဲ့သူေတြက လည္းတန္းစီၿပီး ေစာင့္ေနတယ္ ။ ေဆး႐ုံႀကီးကလည္းဖုန္းေတြ ဝ င္ေ နတယ္ ေနာက္လာမဲ့လူေတြေဆး႐ုံႀကီးမွာထား ဖို႔ေနရာအခက္အခဲရွိတဲ့အေၾကာင္းေပါ့ ။
ဒီကာလဟာအားလုံး ႀကိဳၿပီးမသိ၊မျမင္ႏိုင္တဲ့အခ်ိန္ ရထားႀကီးေပၚမွာ ကိုဗစ္က က်ေနာ္တို႔အားလုံး ကို တင္ၿပီး ေရွ႕ကိုေမာင္းႏွင္ေနတယ္။
ဒီေန႔အတြက္ရင္ထဲအေတာ္ထိရွတဲ့ က်ဴဝင္သူအဖိုးနဲ႔အဖြားအေၾကာင္းေျပာျပခ်င္တယ္ ။ အဖိုးနဲ႔အဖြားက အသက္ရ၀ေက်ာ္ၿပီ ျဖစ္တဲ့ ငယ္လင္ငယ္မယားေတြပါ ။ ဇနီးေမာင္ႏွံ ႏွစ္ေယာက္လုံး အနံ႔မ ရေတာ့လို႔ ဒီကိုေရာက္လာတာ။ အဖြားကေတာ့ က်န္းမာေရးေကာင္းပါရဲ႕ ။ အဖိုးကေတာ့ မ်က္စိႏွစ္ကြင္းလုံး အလင္းမရေတာ့သလို လမ္းလည္းေကာင္းေကာင္း မေလွ်ာက္ႏိုင္ပါဘူး။
က်ဴဝင္သူေတြကို က်ား၊မ ခြဲၿပီး ထားရေပမဲ့ အဖြားနဲ႔အဖိုးကိုေတာ့ တစ္ခန္းတည္းပဲ ထားေပးပါတယ္။ အဖိုးရဲ႕ စားတာေသာက္တာ အိမ္သာသြားတာကအစ အဖြားရဲ႕ အကူအညီ မပါလို႔ မရသလို အဖြားကလည္း တစ္ျခားသူလက္နဲ႔ သူ႔လင္သားကိုျပဳစုတာ ကိုစိတၼခ္ဘူး ။
မ်ကိႏွ စ္ကြင္း အလင္းမရ တဲ့အဖိုးဟာ အဖြားကို အေတာ္ႀကီး အားကိုးယုံၾကည္ပုံရပါတယ္ ။ကေလး တစ္ေယာက္က မိခင္ကိုတြယ္တာၿပီး အားကိုးတဲ့ ပုံမ်ိဳးနဲ႔ ေျပာေန ဆိုေနတာေတြ ကိုေ တြ႕ ရ တတ္ပါ တယ္ ။ ၾကင္ၾကင္နာနာ ယုယုယယရွိလြန္းတဲ့ သူတို႔ လင္းမယားၾကား က်ေနာ္တို႔ မသိမျမင္ႏိုင္တဲ့ ေကာင္းတူဆိုးဘက္ ေန႔ေတြ ပ်ိဳႏုစဥ္အ႐ြယ္တုန္းက ဘယ္ေ လာက္မ်ား မ်ား ရွိခဲ့ၿပီး ၿပီလဲ ။
အဖိုးေရာ အဖြားေရႏွစ္ေယာက္လုံးအေျဖက Positive ပါ ။ ကံေကာင္းလိုက္တာလို႔ က်ေနာ့စိတ္ထဲေတြးမိတယ္ ။ အဖြားတစ္ေယာက္တည္း Negative ထြက္တယ္ဆို က်ေနာ္တို႔ေတြ အဖိုးကိုဘယ္လိုမ်ိဳးေျပာရပါ့ ။ အဖိုးတစ္ေယာက္တည္း Positive ထြက္တယ္ဆို အဖြားကိုနားခ်ၿပီး ျပန္ပို႔ဖို႔ က်ေနာ္တို႔ေတြ ဘယ္လိုေတြလုပ္ရပါ့ ။
အခုေတာ့ႏွ စ္ေယာက္လုံး Positive ထြက္လို႔ေနရာ ေျပာင္းရပါေတာ့မယ္။ ကို႐ိုနာဗိုင္းရပ္က ဘာျဖစ္တယ္ ၊ ဘယ္လို ေၾကာက္စရာ ေကာင္းတယ္ဆိုတာေတြ အဖိုးေရာ ၊အဖြားေရာ ဘ ယ္ သိမွာလဲ ။သူတို႔ေတြဆီမွာ ဒီပိုးေတြ႕တယ္ဆိုတာထက္ ေနရာခြဲၿပီး ေနရမွာလားဆိုတဲ့ ေမးခြန္းတစ္ခုတည္းပဲ အဖြားက ေမးေနေတာ့တာပါပဲ ။
က်ေနာ္တို ႔ဘယ္လို ေျဖရပါ့ ။ အသက္အ႐ြယ္လည္း ႀကီးၿပီ ၊ ေရာဂါအခံ ေတြလည္းရွိၿပီ ႏွစ္ေယာက္ လုံးမွာလည္း Positive အေျဖဆိုတာကေသခ်ာၿပီ ။ ကားေပၚမတက္ခင္ အဖိုးကခ ဏေလးနားအုံးမယ္ ေျပာၿပီး အနားက ခုတင္ေလးေပၚ ေခြေခြေလးခဏ အိပ္ေနတယ္ ။
ေက်ာင္းတုန္းကဖတ္ခဲ့ဘူးတဲ့ ဘာသာျပန္ဝတၳဴေလးတစ္ပုဒ္စိတ္ထဲဝင္လာတယ္ ။ ဝတၳဳေလး နာမည္က ႏႈတ္ဆက္အနမ္းတဲ့ ။ ေရာဂါ သည္အဖိုးကို ျပဳစုေနရတဲ့အဖြားႀကီးလင္မယား အေၾ ကာင္းပါ ။
ေရာဂါသည္အဖိုးက အိပ္ယာဝင္ခ်ိန္ဆိုအဖြားကို နမ္းၿပီးမွအိပ္ယာဝင္ေလ့ရွိတယ္ ။ ငယ္ရည္းစား ဘဝ ၊ေနာက္ေတာ့အိမ္ေထာင္ရွင္ဘဝေရာက္တဲ့အထိ အၿမဲတမ္း နမ္းေလ့ရွိတဲ့ ျပဳၿမဲအေ လ့အ က်င္ တစ္ခုေပါ့ ။
ေနာက္ဆုံးနာမက်န္းျဖစ္လို႔ အိပ္ယာအေပၚလဲေနတဲ့အထိ ။ဒီလိုနဲ႔ ညေလးတစ္ညမွာ အဖိုးဟာ ေရာဂါ သည္းလာၿပီး အဖြားကိုတစ္ေယာက္တည္းထား သြားခဲ့တယ္ ။ အဖြားကသ တိရတို င္းေျ ပာေလ့ရွိတဲ့ အဖိုးနမ္းသြား တဲ့ ႏႈတ္ဆက္အနမ္းအေၾကာင္းေပါ့ ။
ဒီည အတြက္ေတာ့ ဒါပါပဲဗ်ာ ။ အဖြားနဲ႔အဖိုးအတြက္ ဆုေတာင္းပါတယ္ ။ က်ေနာ္တို႔ေတြ မသိ၊မျမင္ႏိုင္တဲ့ ခ်စ္ျခင္းေမတၱာေတြ ၊ သစၥာတရားေတြကို တိုင္တည္ရင္း ဒီညအတြက္ေတာ့ ဒါ ပါပဲဗ်ာ …။
Ko Zay Ko Ko
Unicode
စင်တာတစ်ခုလုံး ငြိမ်သက်ပြီး ကျစ်ရစ်ခဲ့တယ်။ အခုအချိန်အထိ မနားရသေးတာက ဗော်လန်တီယာတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေပဲ။ မျက်နှာတွေလည်း မကောင်းကြဘူး ကျူဝင်သူ ရာနဲ့ချီြ ပီး Positive တွေ့လို့ စိတ်ထဲမကောင်းဘူးလို့ပြောတယ် ။
ဒီညတော့သန့်ရှင်းရေးလုပ်ပြီးရင် မနက်ဖြန်ညနေအထိသူတို့တွေခဏလေးနားပါမယ် ။ နားနေတဲ့အထိ နောက်ဝင်မဲ့သူတွေက လည်းတန်းစီပြီး စောင့်နေတယ် ။ ဆေးရုံကြီးကလည်းဖုန်းတွေ ဝ င်ေ နတယ် နောက်လာမဲ့လူတွေဆေးရုံကြီးမှာထား ဖို့နေရာအခက်အခဲရှိတဲ့အကြောင်းပေါ့ ။
ဒီကာလဟာအားလုံး ကြိုပြီးမသိ၊မမြင်နိုင်တဲ့အချိန် ရထားကြီးပေါ်မှာ ကိုဗစ်က ကျနော်တို့အားလုံး ကို တင်ပြီး ရှေ့ကိုမောင်းနှင်နေတယ်။
ဒီနေ့အတွက်ရင်ထဲအတော်ထိရှတဲ့ ကျူဝင်သူအဖိုးနဲ့အဖွားအကြောင်းပြောပြချင်တယ် ။ အဖိုးနဲ့အဖွားက အသက်ရဝကျော်ပြီ ဖြစ်တဲ့ ငယ်လင်ငယ်မယားတွေပါ ။ ဇနီးမောင်နှံ နှစ်ယောက်လုံး အနံ့မ ရတော့လို့ ဒီကိုရောက်လာတာ။ အဖွားကတော့ ကျန်းမာရေးကောင်းပါရဲ့ ။ အဖိုးကတော့ မျက်စိနှစ်ကွင်းလုံး အလင်းမရတော့သလို လမ်းလည်းကောင်းကောင်း မလျှောက်နိုင်ပါဘူး။
ကျူဝင်သူတွေကို ကျား၊မ ခွဲပြီး ထားရပေမဲ့ အဖွားနဲ့အဖိုးကိုတော့ တစ်ခန်းတည်းပဲ ထားပေးပါတယ်။ အဖိုးရဲ့ စားတာသောက်တာ အိမ်သာသွားတာကအစ အဖွားရဲ့ အကူအညီ မပါလို့ မရသလို အဖွားကလည်း တစ်ခြားသူလက်နဲ့ သူ့လင်သားကိုပြုစုတာ ကိုစိတ္မခ်ဘူး ။
မျကိနှ စ်ကွင်း အလင်းမရ တဲ့အဖိုးဟာ အဖွားကို အတော်ကြီး အားကိုးယုံကြည်ပုံရပါတယ် ။ကလေး တစ်ယောက်က မိခင်ကိုတွယ်တာပြီး အားကိုးတဲ့ ပုံမျိုးနဲ့ ပြောနေ ဆိုနေတာတွေ ကိုေ တွ့ ရ တတ်ပါ တယ် ။ ကြင်ကြင်နာနာ ယုယုယယရှိလွန်းတဲ့ သူတို့ လင်းမယားကြား ကျနော်တို့ မသိမမြင်နိုင်တဲ့ ကောင်းတူဆိုးဘက် နေ့တွေ ပျိုနုစဉ်အရွယ်တုန်းက ဘယ်ေ လာက်များ များ ရှိခဲ့ပြီး ပြီလဲ ။
အဖိုးရော အဖွားရေနှစ်ယောက်လုံးအဖြေက Positive ပါ ။ ကံကောင်းလိုက်တာလို့ ကျနော့စိတ်ထဲတွေးမိတယ် ။ အဖွားတစ်ယောက်တည်း Negative ထွက်တယ်ဆို ကျနော်တို့တွေ အဖိုးကိုဘယ်လိုမျိုးပြောရပါ့ ။ အဖိုးတစ်ယောက်တည်း Positive ထွက်တယ်ဆို အဖွားကိုနားချပြီး ပြန်ပို့ဖို့ ကျနော်တို့တွေ ဘယ်လိုတွေလုပ်ရပါ့ ။
အခုတော့နှ စ်ယောက်လုံး Positive ထွက်လို့နေရာ ပြောင်းရပါတော့မယ်။ ကိုရိုနာဗိုင်းရပ်က ဘာဖြစ်တယ် ၊ ဘယ်လို ကြောက်စရာ ကောင်းတယ်ဆိုတာတွေ အဖိုးရော ၊အဖွားရော ဘ ယ် သိမှာလဲ ။သူတို့တွေဆီမှာ ဒီပိုးတွေ့တယ်ဆိုတာထက် နေရာခွဲပြီး နေရမှာလားဆိုတဲ့ မေးခွန်းတစ်ခုတည်းပဲ အဖွားက မေးနေတော့တာပါပဲ ။
ကျနော်တို့ဘယ်လို ဖြေရပါ့ ။ အသက်အရွယ်လည်း ကြီးပြီ ၊ ရောဂါအခံ တွေလည်းရှိပြီ နှစ်ယောက် လုံးမှာလည်း Positive အဖြေဆိုတာကသေချာပြီ ။ ကားပေါ်မတက်ခင် အဖိုးကခ ဏလေးနားအုံးမယ် ပြောပြီး အနားက ခုတင်လေးပေါ် ခွေခွေလေးခဏ အိပ်နေတယ် ။
ကျောင်းတုန်းကဖတ်ခဲ့ဘူးတဲ့ ဘာသာပြန်ဝတ္ထူလေးတစ်ပုဒ်စိတ်ထဲဝင်လာတယ် ။ ဝတ္ထုလေး နာမည်က နှုတ်ဆက်အနမ်းတဲ့ ။ ရောဂါ သည်အဖိုးကို ပြုစုနေရတဲ့အဖွားကြီးလင်မယား အြေ ကာင်းပါ ။
ရောဂါသည်အဖိုးက အိပ်ယာဝင်ချိန်ဆိုအဖွားကို နမ်းပြီးမှအိပ်ယာဝင်လေ့ရှိတယ် ။ ငယ်ရည်းစား ဘဝ ၊နောက်တော့အိမ်ထောင်ရှင်ဘဝရောက်တဲ့အထိ အမြဲတမ်း နမ်းလေ့ရှိတဲ့ ပြုမြဲအေ လ့အ ကျင် တစ်ခုပေါ့ ။
နောက်ဆုံးနာမကျန်းဖြစ်လို့ အိပ်ယာအပေါ်လဲနေတဲ့အထိ ။ဒီလိုနဲ့ ညလေးတစ်ညမှာ အဖိုးဟာ ရောဂါ သည်းလာပြီး အဖွားကိုတစ်ယောက်တည်းထား သွားခဲ့တယ် ။ အဖွားကသ တိရတို င်းေြ ပာလေ့ရှိတဲ့ အဖိုးနမ်းသွား တဲ့ နှုတ်ဆက်အနမ်းအကြောင်းပေါ့ ။
ဒီည အတွက်တော့ ဒါပါပဲဗျာ ။ အဖွားနဲ့အဖိုးအတွက် ဆုတောင်းပါတယ် ။ ကျနော်တို့တွေ မသိ၊မမြင်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ ၊ သစ္စာတရားတွေကို တိုင်တည်ရင်း ဒီညအတွက်တော့ ဒါ ပါပဲဗျာ …။
Ko Zay Ko Ko