မိန်းကလေးတယောက်ရဲ့ မျက်နှာအလှကို ဖျက်ဆီးတဲ့ထဲမှာ မှဲ့ခြောက်ကိုလည်း ထည့်သင့်တယ်။
မှဲ့ခြောက်ဆိုတာ မျက်နှာအရေပြားပေါ်မှာ အညိုရောင်အပြောက်သေးသေးလေးတွေ ဖြစ်တာကို ခေါ်ပါတယ်။
အရွယ်အစားက မီးခြစ်ဆံခေါင်းလောက်ရှိတယ်။ အရေပြားမှာ မယ်လနင်ပိုထွက်လို့ဖြစ်ရတယ်။ အထူးသဖြင့် အသားအရေဖြူတဲ့သူတွေမှာဖြစ်ရင် ပိုသိသာတယ်
မှဲ့ခြောက်ဆိုတာ နေရာတိုင်းမှာ ထွက်နိုင်ပါတယ်။ အထူးသဖြင့် နေရောင်နဲ့ တိုက်ရိုက် ထိတဲ့နေရာတွေမှာ ပိုထွက်လေ့ရှိတယ်။
ရွှေဝါရောင် ဆံပင်ရှိတဲ့အမျိုးသမီးတွေ၊ အသားဖြူတဲ့သူတွေဟာ မှဲ့ခြောက်ထွက်နိုင်ခြေပိုများတယ်။
မှဲ့ခြောက်က မျိုးရိုး၊ဟော်မုန်းနဲ့ အရေပြားကြောင့် ဖြစ်တယ်။ မျိုးရိုးရှိရင် သတိထားပါ။ အမေမှာရှိရင် သမီးမှာလည်း ရှိနိုင်တယ်။
ဒါ့ကြောင့် အိမ်သူသက်ထားရွေးတော့မယ်ဆိုရင် အမေကိုကြည့်လို့ ပြောကြတယ်မလား။
နေပူထဲထွက်ရင် လူတိုင်းအသားမဲကြတယ်။ မယ်လနင်ထွက်လို့ဖြစ်ပါတယ်။
နေရောင်ထဲပါတဲ့ UV rays ( ခရမ်းလွန်ရောင်ခြည်)က အရေပြားအပြင်လွှာ epidermis ကို ထိခိုက်စေတာမို့ melanocytes ဆဲလ်တွေကို ပိုအလုပ်လုပ်ပြီး မှဲ့ခြောက်တွေ ပိုဆိုးလာတယ်။
ဒါ့ကြောင့် မှဲ့ခြောက်ထွက်သူတွေ ဘာရှောင်မလဲမေးရင် နေပူထဲသွားတာမျိုး ရှောင်သင့်တယ်။ မဖြစ်မနေသွားရရင်လည်း နေလောင်ကာလိမ်းဆေး spf 50 အထက်ပါတာ သုံးရမယ်။
မှဲ့ခြောက်ဟာ မျု်းရိုးကြောင့်ဖြစ်တာနဲ့ နေလောင်လို့ဖြစ်တာဆိုပြီး နှစ်မျိုးရှိတယ်။မျိုးရိုးကြောင့် ဖြစ်တဲ့မှဲ့ခြောက်တွေက size သေးတယ်။
အနားသတ်က ညီညာတယ်။ ဝိုင်းစက်နေတယ်။ နွေရာသီမှာ ပိုသိသာပြီး ဆောငိးရာသီမှာ အရောင်ဖျော့သွားတယ်။
နေလောင်လို့ဖြစ်တာကျတော့ အနားသတ်မညီညာဘူး။ အရောင်ပိုမဲတယ်။
မှဲ့ခြောက်ကုနည်း အမျိုးမျိုးရှိတယ်။ သိပ်မဆိုးရင် Microdermabrasion ၊အရေပြားလွှာအောက် နည်းနည်းရောက်ရင် dermabrasion ဆိုတဲ့နည်းတွေလည်း သုံးပါတယ်။
cosmatic camouflage ဆိုတာမျက်မနှာအမဲစက်တွေကို မသိသာအောင် ဖုံးပေးတဲ့လိမ်းဆေးဖြစ်တယ်။
ခရုသင်းမှာလည်း သုံးသေးတယ်။ တကယ်က အသားအရောင်ညီညာအောင် ဆေးဆိုးတာပဲ။လေဆာပြစ်တာလည်း ကောင်းပါတယ်။
တချို့ ပြန်ဖြစ်ပြီး တချို့မှာမှဲ့ခြောက်ထွက်တာ ပိုဆိုးလာတတ်တယ်။ ပြောရတော့ခက်တယ်။
ဈေးကွက်မှာ မှဲ့ခြောက်ပျောက်လိမ်းဆေးတွေ ရှိတယ်။ ဆရာဝန်တွေကတော့ အရောင်ချွတ်ဆေးတွေဖြစ်တဲ့ hydroquinone နဲ့ oxybenzoneကို သုံးကြတယ်။
ဝက်ခြံမှာသုံးတဲ့ retinol cream, adapalene, tazarotene စတာတွေလည်း သုံးကြတယ်။ အရေပြားခြောက်တာ၊ယားတာ၊ မတဲ့တာ ရှိနိုင်တယ်။ တချို့က branded တွေသုံးတယ်။
ဒီထဲမှာ Illuminatural 6i ကတော့ အကောင်းဆုံးပဲ။ ဒါပေမယ့် မြန်မာပြည်မှာ ဝယ်ရခက်တယ်။
အရေပြားဆရာဝန်တွေကတော့ chemical peeling နည်းနဲ့ အပေါ်ယံအရေပြား ကွာစေတဲ့နည်းကို သုံးတယ်။ superficial peelsဆိုတာ အပေါ်ယံအရေပြားကွာစေတဲ့နည်း။
သိပ်မပြင်းဘူး။ alpha hydroxy acids သို့ beta hydroxy acids သုံးတယ်။ ရှောက်သီး၊ သံပုရာသီးရည်မှာ ပါတယ်။
medium peels ကတော့ အောက်ဖက်အရေပြားထိ ရောက်တယ်။ trichloroacetic acid ကိုသုံးတယ်။ deep peels ဆိုတာ ပြင်းအားပိုများတဲ့ trichloroacetic acid သို့ phenol ကို သုံးပြီး အရေပြားကွာစေတာ။
chemical peeling လုပ်ပြီးရင် နဂိုအနေအထားပြန်ရောက်ဖို့ ၃-၄ရက်စောင့်ရတယ်။ ဒါ့ကြောင့် ဒီနည်းကို ခဏခဏလုပ်လို့မရဘူး။ အရေပြားပါးလာတတ်တယ်။ တပတ် တကြိမ် အလွန်ဆုံး နှစ်ကြိမ်သာ လုပ်သင့်တယ်။
တချို့က အိမ်သုံးနည်းတွေသုံးကြတယ်။ အသီးနှစ်မျိုးကို ရောပြီး မျက်နှာကို လိမ်းပေးတာမျိုးဖြစ်တယ်။
စတော်ဘယ်ရီအနည်းငယ်နဲ့ ကီဝီသီး အချို့ကိုရောပြီး ညက်နေအောင် ချေပြီး မှဲ့ခြောက်ထွက်တဲ့ နေရာတွေမှာ ကပ်ပေးပါ။ ခြောက်အောင်ထားပါ။
မိနစ်နှစ်ဆယ် နာရီဝက်ကြာနိုင်တယ်။ ပြီးရင် မျက်နှာသစ်ပြစ်ပါ။ ကီဝီသီးနေရာမှာ သခွားသီး၊ တရုတ်ဇီးသီး ပြောင်းသုံးနိုင်တယ်။ လုပ်နည်းကတော့ အတူတူပါပဲ။
ကြားထဲမှာ ရံဖန်ရံခါ ရှားစောင်းလက်ပပ်လည်း လိမ်းပေးသင့်တယ်။ နေလောင်ခြင်းအတွက်သာမက မျက်နှာ အစိုဓာတ်ကို ထိန်းပေးနေမယ်။
အလွယ်ဆုံး မှဲ့ခြောက်ပျောက်နည်းတခု မှဲ့ခြောက်အတွက် အလွယ်ဆုံးနည်းကတော့ နွားနို့သုံးတာဖြစိပါတယ်။ နွားနို့ထဲမှာ lactic acid ဆိုတာ ပါတယ်။
အာနိသင်က အပေါ်ယံအရေပြားကို ကွာစေတယ်။ အရောင်ချွတ်ပြစ်တယ်။ မှဲ့ခြောက်တွေ တဖြည်းဖြည်းနဲ့ မှေးမှိန်သွားတယ်။ နွားနို့မရှိရင် ဒိန်ချဉ် သုံးလို့လည်းရတယ်။
သုံးနည်းက လွယ်ပါတယ်။ သံပုရာသီးတလုံးကို ထက်ခြမ်းခြမ်းပါ။ သံပုရာသီးခြမ်းပေါ်ကို ဒိန်ချဉ်တဇွန်း လောင်းပါ။ပြီးရင် သကြား ဇွန်းတဝက်စာ ဖြူးထည့်ပါ။
မျက်နှာမှဲ့ခြောက်ထွက်တဲ့နေရာမှာ လိမ်းပြီး ဆယ်မိနစ်ထားပါ။ ပြီးရင် ရေအေးနဲ့ ပြန်သစ်ပါ။ ညတိုင်းပြုလုပ်ပေးရုံနဲ့ မှဲ့ခြောက်တွေတဖြည်းဖြည်း မှေးမှိန်ပြီး ပျောက်ကွယ်သွား တာတွေ့ရပါလိမ့်မယ်။
Unicode
မှဲ့ခြောက် ပျောက်ဖို့မေးမေး လာတဲ့ အမျိုးတို့အတွက်…
မိန်းကလေးတယောက်ရဲ့ မျက်နှာအလှကို ဖျက်ဆီးတဲ့ထဲမှာ မှဲ့ခြောက်ကိုလည်း ထည့်သင့်တယ်။
မှဲ့ခြောက်ဆိုတာ မျက်နှာအရေပြားပေါ်မှာ အညိုရောင်အပြောက်သေးသေးလေးတွေ ဖြစ်တာကို ခေါ်ပါတယ်
အရွယ်အစားက မီးခြစ်ဆံခေါင်းလောက်ရှိတယ်။ အရေပြားမှာ မယ်လနင်ပိုထွက်လို့ဖြစ်ရတယ်။ အထူးသဖြင့် အသားအရေဖြူတဲ့သူတွေမှာဖြစ်ရင် ပိုသိသာတယ်။
မှဲ့ခြောက်ဆိုတာ နေရာတိုင်းမှာ ထွက်နိုင်ပါတယ်။ အထူးသဖြင့် နေရောင်နဲ့ တိုက်ရိုက် ထိတဲ့နေရာတွေမှာ ပိုထွက်လေ့ရှိတယ်။
ရွှေဝါရောင် ဆံပင်ရှိတဲ့အမျိုးသမီးတွေ၊ အသားဖြူတဲ့သူတွေဟာ မှဲ့ခြောက်ထွက်နိုင်ခြေပိုများတယ်။
မှဲ့ခြောက်က မျိုးရိုး၊ဟော်မုန်းနဲ့ အရေပြားကြောင့် ဖြစ်တယ်။ မျိုးရိုးရှိရင် သတိထားပါ။ အမေမှာရှိရင် သမီးမှာလည်း ရှိနိုင်တယ်။
ဒါ့ကြောင့် အိမ်သူသက်ထားရွေးတော့မယ်ဆိုရင် အမေကိုကြည့်လို့ ပြောကြတယ်မလား။
နေပူထဲထွက်ရင် လူတိုင်းအသားမဲကြတယ်။ မယ်လနင်ထွက်လို့ဖြစ်ပါတယ်။
နေရောင်ထဲပါတဲ့ UV rays ( ခရမ်းလွန်ရောင်ခြည်)က အရေပြားအပြင်လွှာ epidermis ကို ထိခိုက်စေတာမို့ melanocytes ဆဲလ်တွေကို ပိုအလုပ်လုပ်ပြီး မှဲ့ခြောက်တွေ ပိုဆိုးလာတယ်။
ဒါ့ကြောင့် မှဲ့ခြောက်ထွက်သူတွေ ဘာရှောင်မလဲမေးရင် နေပူထဲသွားတာမျိုး ရှောင်သင့်တယ်။ မဖြစ်မနေသွားရရင်လည်း နေလောင်ကာလိမ်းဆေး spf 50 အထက်ပါတာ သုံးရမယ်။
မှဲ့ခြောက်ဟာ မျု်းရိုးကြောင့်ဖြစ်တာနဲ့ နေလောင်လို့ဖြစ်တာဆိုပြီး နှစ်မျိုးရှိတယ်။မျိုးရိုးကြောင့် ဖြစ်တဲ့မှဲ့ခြောက်တွေက size သေးတယ်။
အနားသတ်က ညီညာတယ်။ ဝိုင်းစက်နေတယ်။ နွေရာသီမှာ ပိုသိသာပြီး ဆောငိးရာသီမှာ အရောင်ဖျော့သွားတယ်။
နေလောင်လို့ဖြစ်တာကျတော့ အနားသတ်မညီညာဘူး။ အရောင်ပိုမဲတယ်
မှဲ့ခြောက်ကုနည်း အမျိုးမျိုးရှိတယ်။ သိပ်မဆိုးရင် Microdermabrasion ၊အရေပြားလွှာအောက် နည်းနည်းရောက်ရင် dermabrasion ဆိုတဲ့နည်းတွေလည်း သုံးပါတယ်။
cosmatic camouflage ဆိုတာမျက်မနှာအမဲစက်တွေကို မသိသာအောင် ဖုံးပေးတဲ့လိမ်းဆေးဖြစ်တယ်။
ခရုသင်းမှာလည်း သုံးသေးတယ်။ တကယ်က အသားအရောင်ညီညာအောင် ဆေးဆိုးတာပဲ။လေဆာပြစ်တာလည်း ကောင်းပါတယ်။
တချို့ ပြန်ဖြစ်ပြီး တချို့မှာမှဲ့ခြောက်ထွက်တာ ပိုဆိုးလာတတ်တယ်။ ပြောရတော့ခက်တယ်။
ဈေးကွက်မှာ မှဲ့ခြောက်ပျောက်လိမ်းဆေးတွေ ရှိတယ်။ ဆရာဝန်တွေကတော့ အရောင်ချွတ်ဆေးတွေဖြစ်တဲ့ hydroquinone နဲ့ oxybenzoneကို သုံးကြတယ်။
ဝက်ခြံမှာသုံးတဲ့ retinol cream, adapalene, tazarotene စတာတွေလည်း သုံးကြတယ်။ အရေပြားခြောက်တာ၊ယားတာ၊ မတဲ့တာ ရှိနိုင်တယ်။ တချို့က branded တွေသုံးတယ်။
ဒီထဲမှာ Illuminatural 6i ကတော့ အကောင်းဆုံးပဲ။ ဒါပေမယ့် မြန်မာပြည်မှာ ဝယ်ရခက်တယ်။
အရေပြားဆရာဝန်တွေကတော့ chemical peeling နည်းနဲ့ အပေါ်ယံအရေပြား ကွာစေတဲ့နည်းကို သုံးတယ်။ superficial peelsဆိုတာ အပေါ်ယံအရေပြားကွာစေတဲ့နည်း။
သိပ်မပြင်းဘူး။ alpha hydroxy acids သို့ beta hydroxy acids သုံးတယ်။ ရှောက်သီး၊ သံပုရာသီးရည်မှာ ပါတယ်။
medium peels ကတော့ အောက်ဖက်အရေပြားထိ ရောက်တယ်။ trichloroacetic acid ကိုသုံးတယ်။ deep peels ဆိုတာ ပြင်းအားပိုများတဲ့ trichloroacetic acid သို့ phenol ကို သုံးပြီး အရေပြားကွာစေတာ။
chemical peeling လုပ်ပြီးရင် နဂိုအနေအထားပြန်ရောက်ဖို့ ၃-၄ရက်စောင့်ရတယ်။ ဒါ့ကြောင့် ဒီနည်းကို ခဏခဏလုပ်လို့မရဘူး။ အရေပြားပါးလာတတ်တယ်။ တပတ် တကြိမ် အလွန်ဆုံး နှစ်ကြိမ်သာ လုပ်သင့်တယ်။
တချို့က အိမ်သုံးနည်းတွေသုံးကြတယ်။ အသီးနှစ်မျိုးကို ရောပြီး မျက်နှာကို လိမ်းပေးတာမျိုးဖြစ်တယ်။
စတော်ဘယ်ရီအနည်းငယ်နဲ့ ကီဝီသီး အချို့ကိုရောပြီး ညက်နေအောင် ချေပြီး မှဲ့ခြောက်ထွက်တဲ့ နေရာတွေမှာ ကပ်ပေးပါ။ ခြောက်အောင်ထားပါ
မိနစ်နှစ်ဆယ် နာရီဝက်ကြာနိုင်တယ်။ ပြီးရင် မျက်နှာသစ်ပြစ်ပါ။ ကီဝီသီးနေရာမှာ သခွားသီး၊ တရုတ်ဇီးသီး ပြောင်းသုံးနိုင်တယ်။ လုပ်နည်းကတော့ အတူတူပါပဲ။
ကြားထဲမှာ ရံဖန်ရံခါ ရှားစောင်းလက်ပပ်လည်း လိမ်းပေးသင့်တယ်။ နေလောင်ခြင်းအတွက်သာမက မျက်နှာ အစိုဓာတ်ကို ထိန်းပေးနေမယ်။
အလွယ်ဆုံး မှဲ့ခြောက်ပျောက်နည်းတခု မှဲ့ခြောက်အတွက် အလွယ်ဆုံးနည်းကတော့ နွားနို့သုံးတာဖြစိပါတယ်။ နွားနို့ထဲမှာ lactic acid ဆိုတာ ပါတယ်