အထွေအထွေဗဟုသုတ

အဲဒီလို ဘဝမျိုးတွေ အများကြီးပါ

အဲဒီလို ဘဝမျိုးတွေ အများကြီးပါ

မြဝတီဖက်မှာ ဖာခေါ်ချတုန်းက ဖာသည်မလေး ၁၈ ၁၉လောက်ပဲ ရှိအုန်းမယ် ကောင်လေးတ ယောက်က ဆိုင်ကယ်လေးနဲ့ လာပို့သွားတာ ဘော်ဒါ ၂ ယောက်က တယောက် တလှည့်ဆီ ဗျင်းရင်းနဲ့ စကားပြောဘာပြောပေါ့ နဲနဲကြာသွားတယ်

ခဏ နေတော့ ဆိုင်ကယ်နဲ့ ကောင်လေးက အိမ်ရှေ့မှာ တီတီတီနဲ့ ဆိုင်ကယ် ဟွန်းလာတီးတယ်။ ကိုတွေက ဘာအထာလဲပေါ့ ဆော်လေးက ခဏလေးအကို ဆိုပြီးအောက်ဆင်းသွားတယ် ကိုတွေ က ပိုက်ဆံလဲ မပေးရသေးတော့ ပြန်ရင်လဲ ပြန်ပစေပေါ့ စောင့်နေတာ

 

၅ မိနစ်လောက်နေတော့ ဆော်လေးက ပြန်တက်လာတယ်။ အကိုတို့ ညီမ သားလေး နို့အရမ်း ဆာနေလို့ ကလေးကို အပေါ်ခေါပြီး နို့ခဏတိုက်ချင်လို့ ခွင့်ပြုပါနော် ဆိုပြီး ခွင့်တောင်းတော့ ကိုတွေလဲ ခေါ်လာလိုက်ပေါ့။

ဆိုင်ကယ် မောင်းပို့ပေးတဲ့ ကောင်လေးပါ တခါထဲ ခေါ်လာပြီး ခဏ နားခိုင်းဆိုပြီးခေါ်ခိုင်းလိုက် တယ်။ ဆော်လေးက ကောင်လေးကော ကလေးကောအပေါ်ခေါ်လာပြီး ကလေးကို နို့တိုက် တယ်။

ကိုတွေက အားနေတာ နဲ့ ဆိုင်ကယ်မောင်းတဲ့ ကောင်လေးကို စပ်စုကြည့်မှ အခု ဖာလာခံတဲ့ ကောင်မလေးနဲ့ ဆိုင်ကယ်နဲ့ လာပို့ပေးတဲ့ ကောင်လေးက လင်မယားတွေတဲ့ အခု နို့တိုက်နေတာ သူတို့ သားလေးတဲ့။

ရင်ထဲ မကောင်းဘူးဖြစ်သွားတယ် မိန်းမ ဖာခံဖို့ ယောကျာင်္းက ဆိုင်ကယ်လေးနဲ့ လာပို့ပြီးတော့ ဖာခံနေတဲ့ အမေဆီကနေ နို့လာဆို့ရတဲ့ ကလေးလေး သူတို့ မိသားစုအကြောင်း ဆပ်စပ်တွေးပြီး တော်တော် စိတ်မကောင်းဖြစ်သွားမိခဲ့တယ်

ကောင်လေးက ခြေထောက်တဖက် မရှိဘူး အတုတပ်ထားရတာ ကောင်မလေးနဲ့ မတိမ်းမယိမ်းပဲ မင်းဘာအလုပ်လုပ်လဲဆိုတော့ ဆိုင်ကယ်ကယ်ရီဆွဲတယ် ဒီလိုဖာခေါင်းအလုပ်လုပ်လဲလုပ်ပါ တယ်တဲ့ သူ့မိန်းမက ဒါလုပ်စားတာ မဟုတ်ပါဘူးတဲ့

ကလေးမွေးပြီး ၃ ၄ လလောက်အတွင်း ပိုက်ဆံလဲမရှိ အလုပ်ကလဲ မဖြစ်တော့ အကိုတို့ ပေးတဲ့ ဈေးကလဲ များပြီး လူကြီးလူကောင်း ပုံလဲပေါက်လို့ ပထမဆုံး အနေနဲ့ လင်မယား ၂ယောက်တိုင် ပင်ပြီး လုပ်ရတာပါတဲ့။

ကလေးလေးကို လှမ်းကြည့်တော့ သူ့အမေနို့စို့ရင်း အမေနဲ့ သား စ,နေကြ ရယ်မောနေကြ တာကို မြင်ပြီး ရင်ထဲ တင်းကြပ်သွားတယ်။ ဘဝတွေ ဘဝတွေ ခါးတယ် ဆိုတာ လက်တွေ့ မျက်မြင် မြင်လိုက်ရတယ်

အဲ့မြင်ကွင်းလေးမှာတင် ရှိနေတဲ့ တဏှာစိတ်တွေပျောက်ပြီး သဒ္ဒါစိတ်တွေပေါက်ပြီးတော့ ဘာမှဆက်မလုပ်တော့ပဲ သူတို့ မိသားစုကို ၁သိန်းခွဲ ပေးလိုက်ပီး ပြန်လွှတ်လိုက်တယ်။

လင်မယား ၂ယောက်လုံး အတင်း ကန်တော့မယ်လုပ်တာ မရဘူးဆိုတာကို မရဘူးဗျာ အတင်းခြေထောက်ကို လက်နဲကိုင်ပြီး ထိုင်ကန်တော့သွားကျတယ်။

လွန်ခဲ့တဲ့ ၅နှစ်ကျော်လောက်က အခြေအနေလေး တခုပေါ့။ ဒီလိုဘဝတွေဟာ နေရာတိုင်းမှာ ရှိနေတယ် အဓိကက ကိုယ်ချင်းစာတရားရှိဖို့ပါပဲ။ Credit